"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Monday, May 9, 2022

၃ နှစ်ကြာပြီး ပထမဆုံးနေ့လည်စာ

 




ပြီးခဲ့သည့်အပတ် ကြာသပတေးနေ့က ပွန်ဂိုးဆက်တဲလ်မဲန့်(Punggol Settlement)မှာရှိသည့် 

တန်ဒူးလောင့်ဂ်ျစားသောက်ဆိုင်ကို မိမိတို့ဆေးရုံမှ လုပ်ဖော်ကိုင်ဖက်အချို့ နှင့်ရောက်သွားခဲ့

သည်။

အကြောအဆစ်ဌာနက ဌာနမှူးနှင့်အကြောအဆစ်ကုပညာရှင်များဖြစ်ကြပြီး တစ်ဦးကတော့

အကြောအဆစ်ကုလက်ထောက် (Therapy Assistant) ဖြစ်သည်။


ဤမည်သောလူ့ ကမ္ဘာတွင် ကိုဗစ်-၁၉ ကပ်ကြီးမကျရောက်မီ လွန်ခဲ့သည့် ၃ နှစ်ခန့်က မိမိ

တို့သည် တခါတခါ နေ့လည်စာကို ယခုကဲ့သို့အပြင်ထွက်စားတတ်ကြပါသည်။ 

မြို့ လယ်ရှိ စင်ကာပူမြစ်ကမ်းနားလမ်း (Boat Quay) က အိန္ဒိယစာသောက်ဆိုင်ကိုရောက်
သည်။ 

စင်ကာပူနိုင်ငံ၏နာမည်ကျော် အိန္ဒိယရပ်ဝန်း (မြန်မာအခေါ် ကုလားတန်းရပ် Little India) မှ 
Syed Alwi လမ်းက Sankranti အိန္ဒိယစားသောက်ဆိုင်ကိုလည်း သွားတတ်ကြသေးသည်။ 

ကမ္ဘာကျော် ချန်ဂီလေဆိပ် Terminal 3 က ၄ ထပ်ရှိ Bikanervala စားသောက်ဆိုင်ကိုသွား
စားကြသည်။

ယခုတစ်ခါ ကိုဗစ်ကာလ ၃ နှစ်အကြာမှာတော့ Tandoor Lunge ကို ပထမဆုံးထွက်စားဖြစ်
ကြ၏။

မိမိအနေဖြင့် ဒီစားသောက်ဆိုင်သို့ ဒုတိယအကြိမ်ရောက်ခြင်းဖြစ်၏။

မနက်ပိုင်းအလုပ်အပြီးမှာ နေ့လည်စာလာစားကြခြင်းဖြစ်သည်။

ဌာနမှူး၏ကားဖြင့် မိမိတို့ဆေးရုံကနေ မိနစ် ၂၀ ကျော်ကျော်လေးမောင်းရသည်။

နေ့ခင်းဖြစ်သောကြောင့် ဆိုင်မှာလူရှင်းနေပြီး တိတ်တိတ်ဆိတ်ဆိတ်ရှိလှ၏။ 

ညနေပိုင်းကနေ ညဥ့်နက်ပိုင်းအထိ လူစည်သည့်ဆိုင်မျိုးဖြစ်ဟန်တူပါသည်။


ယခုဆိုင်သည် ဒုတိယထပ်မှာရှိပြီး စင်ကာပူနိုင်ငံနှင့်မလေးရှားနိုင်ငံတို့အားပိုင်းခြားထား

သည့်နာမည်ကျော် 'မလက်ကားရေလက်ကြား' ကို မျက်နှာမူကာ ကမ်းစပ်နှင့်ကပ်လျက်

ရှိ၏။ 


မလက်ကားရေလက်ကြားသည် အန်ဒမန်ဆီး ခေါ် အိန္ဒိယသမုဒ္ဒရာနှင့်တောင်တရုတ်

ပင်လယ် ခေါ် ပစိဖစ်သမုဒ္ဒရာတို့ကို ဆက်သွယ်ထားသည့်ရေလမ်းကြောင်းဖြစ်သည်။

ဆိုင်မှာထိုင်ပြီးစားသေက်ရင်း ရေလက်ကြားကိုကျော်ကာ ဟိုအဝေးဆီက မလေးရှား

နိုင်ငံ၏တောင်ပိုင်းကမ်းခြေဖက်ကို ထန်းပင်များ သစ်ပင်များကြားမှ လှမ်းမြင်နေရသည်။

ထိုနေ့က အချို့ က ထမင်းနှင့်ဟင်းစားကြပြီး အချို့ က နံပြားနှင့်ဟင်းစားကြပါသည်။

ဟင်းက ဆိတ်သားဟင်းနှင့်ကြက်သားဟင်း ၂ မျိုး။

ပြီးတော့ ဆယ်မိုင်သောက်သူသောက် အချိုမုန့်စားသူစားကြလျက် နေ့လည်စာပြီးလေ

သည်။

































No comments:

Post a Comment