Sunday, April 24, 2011

အိမ်မှာကျတဲ့ သင်္ကြန်

စာရေးသူ စင်ကာပူကို စပြီးရောက်ကတည်းက မြန်မာ့ယဉ်ကျေးမှုအလေ့အထလေးတွေနဲ့ မြန်မာ့အစားအစာ များကို မိမိရဲ့လုပ်ဖော်ကိုင်ဖက် ဒီနိုင်ငံသားများအား အခွင့်သင့်သလို မိတ်ဆက်ပေးလေ့ရှိပါတယ်။

အဲဒါ သင်္ကြန်လဲ အပါအ၀င်ဖြစ်တယ်။

မြန်မာ့သင်္ကြန့်ပွဲကျင်းပတဲ့ မြန်မာဘုန်းတော်ကြီးကျောင်းကိုခေါ်သွားပြီး ပြပေးတာတို့၊ ကိုယ့်အိမ်ကိုဖိတ်ပြီး မြန်မာအစားအစာတွေကျွေးပြီး မြန်မာအကနဲ့ဖျော်ဖြေတာတို့ မြန်မာ့နှစ်သစ်ကူးကျင်းပတာတို့ လုပ်ခဲ့ပါတယ်။

၁၉၉၂ ခုနှစ် ဧပြီလက စာရေးသူ၏အိမ်မှာ ကျင်းပခဲ့တဲ့ မြန်မာ့ရိုးရာသင်္ကြန်။ 
လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်တဲ့ ရုံးဝန်ထမ်း '၀င်နီချန်း'က စာရေးသူအား သင်္ကြန်ရေ ဖျန်းပက်ကစားနေတာပါ။

အဖေနဲ့သမီးတို့က ရွာစားကျော် 'စိန်ကက်ဆက်'ဆိုင်းဝိုင်းကြီးဖြင့် "တူးပို့  တူးပို့" သင်္ကြန်တေးသီချင်းအက ကပြခဲ့ကြတယ်။

သူ ရေပက်တုန်းက စာရေးသူ အပြုံးမပျက်ခဲ့ပေမယ့် သူ့ကိုပက်တဲ့အခါမယ်တော့ ...။
ဒီလိုနဲ့ အားလုံးပျော်ပျော်ပါးပါး စားကြ သောက်ကြ ရယ်ကြမောကြနဲ့ ရေပက်ကစားကြရင်း မြန်မာ့သင်္ကြန်ကို အိမ်မှာ ကျင်းပခဲ့ရတာ မှတ်မှတ်ရရကြီးပဲ။

No comments:

Post a Comment