Thursday, April 28, 2011

ကျွန်းသာယာဘလော့နှင့်ပတ်သက်၍...

ယခုနှစ်ဇန်န၀ါရီလက စတင်မွေးဖွားခဲ့တဲ့ ကျွန်းသာယာဘလော့ဟာ ယခုဧပြီလကုန်ရင် လေးလသားအရွယ် ရှိပါမယ်။ 

ကလေးငယ်တစ်ယောက်ရဲ့  ကြီးထွားဖွံ့ဖြိုးမှုစံနူန်း (Developmental Milestones) အရပြောရရင် မိမိဖာသာ     မတ်တတ်ရပ်ဖို့နေနေသာသာ ထိုင်ပင်မထိုင်တတ်သေးဘူး။ သူ့အနားမှာရှိတဲ့ပတ်ဝန်းကျင်ကို ခြေကားယား လက်ကားယားလေးနဲ့ စိတ်ဝင်တစား စူးစမ်းလေ့လာကြည့်တုန်းပဲ ရှိသေးတာ။ 

ဒီလိုပါပဲ။ 
ကျွန်းသာယာဘလော့ဟာ အလွန်ကျယ်ပြောလှတဲ့ဘလော့လောကကြီးအလယ်မှာ မျက်စိသငယ်နားသငယ်
နဲ့ စမ်းတ၀ါးဝါး လျှောက်လှမ်းနေရတုန်းပါ။ ဒီတော့ မသေမသပ်ရှိဆဲ၊ မပြည့်မစုံရှိဆဲ၊ ကျိုးတိုးကျဲတဲရှိဆဲ ဖြစ်လို့ မို့ လေးစားစွာဖြင့် တောင်းပန်ရပါတယ်။

တကယ်တမ်းမိမိထားရှိတဲ့စေတနာရဲ့အတိုင်းအတာအထိ မိမိပေးနိုင်တဲ့အချိန်နဲ့မိမိမှာရှိတဲ့ကျွမ်းကျင်မှုတွေက မဖြည့်စွမ်းနိုင်သေးပဲ ရှိနေပါသေးတယ်။ ဒီအတွက် စာရေးသူမှ ဆက်လက်အားထုတ်ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။      

No comments:

Post a Comment