Sunday, July 17, 2011

နိုင်ငံကူးလက်မှတ်ရရန် ၂၁ ရက်သာကြာမည်

နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် ကြာမြင့်ချိန်များနှင့် လုပ်ထုံးလုပ်နည်းအချို့ကို လျှော့ချပေးသွား ရန်ရှိရာ ဇူလိုင်လ ဒုတိယပတ်မှ စတင်ကာ နိုင်ငံကူးလက်မှတ်လျှောက်ထားမှုများအတွက် ကြာမြင့်ချိန်ကို ယခင်ရက် ၃၀ ၀န်းကျင်ကြာမြင့်ရာမှ ယခုအခါ ၂၁ ရက်ဝန်းကျင်သို့ လျှော့ချဆောင်ရွက်ပေးသွားရန် ရှိ ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

"အရင်တုန်းက နိုင်ငံကူးလက်မှတ်လျှောက်ထားရာမှာ အမှုတွဲဆိုင်ရာလျောက်လွှာ စုစုပေါင်း ၁၅ ရွက် လောက်ဖြည့်ရပါတယ်။ အခု ခုနှစ်ရွက်လောက်ပဲ ဖြည့်ရအောင် ဆောင်ရွက်ထားပါတယ်။ လျှောက်ထား ရာမှာ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းပဲ အဓိကလိုအပ်မှာဖြစ်ပါတယ်။ ဘွဲ့ရဖြစ်ရင် EC တွဲပေးဖို့လိုအပ်မှာ ဖြစ်ပါတယ်။  လျှောက်ထားသူက အဖွဲ့အစည်းကဖြစ်ရင် သက်ဆိုင်ရာအဖွဲ့အစည်းရဲ့ထောက်ခံချက်လိုမှာ ဖြစ်ပါတယ်။"ဟု ၄င်းက ဆက်လက်ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကို ရန်ကင်းမြို့နယ်သို့ ပြောင်းရွေ့ခဲ့သော်လည်း ပုံစံ ၁၉ ရုံးမှာ ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်း၌ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်သည်။

Weekly Eleven News, ၁၃ ဇူလိုင် ၂၀၁၁ မှ ကောက်နှုတ်ဖော်ပြပါတယ်။





No comments:

Post a Comment