မန္တလေး၊ နေပြည်တော်၊ ပြင်ဦးလွင် စတဲ့မြို့ကြီးများမှာ ဇွန်လ ၂၄ ရက်နေ့က ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ တဲ့ နောက်ပိုင်း မန္တလေးမြို့က လူစည်ကားရာနေရာတွေဖြစ်တဲ့ ဈေးချိုတော်၊ ရုပ်ရှင်ရုံများ၊ စူပါမားကက် များနဲ့ တယ်လီဖုန်းအရောင်းဆိုင် စတာတွေကို ယခင်ကထက် လုံခြုံရေး ပိုမိုဆောင်ရွက်လာကြကြောင်း သိရပါတယ်။
ပေါက်ကွဲမှုတွေ မဖြစ်ခင်ကတည်းက လုံခြုံရေးကို ပုံမှန်ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ ပေါက်ကွဲမှု တွေ ဖြစ်ပြီးနောက်ပိုင်းမှာတော့ ဈေးချိုတော်မှာ ဈေးလာဝယ်တဲ့သူတွေကို လုံခြုံဘေးကင်းကြရအောင် နယ်မြေခံရဲတပ်ဖွဲ့၊စည်ပင်သာယာရဲတပ်ဖွဲ့၊စည်ပင်ဈေးစည်းကမ်းထိန်းသိမ်းရေးအဖွဲ့၊ ဈေးအကျိုးတော် ဆောင်အဖွဲ့တွေ ပေါင်းစည်းပြီး မသင်္ကာသူတွေကို စစ်ဆေးမေးမြန်းတာတို့ မိုင်းရှာဖွေရေးစက်တွေနဲ့ ရှာဖွေတာတို့ တိုးမြှင့်ဆောင်ရွက်နေတယ်လို့ ကြားသိရပါတယ်။
သတင်းကိုးကား။ ။ မြန်မာတိုင်း(မ်) အတွဲ ၂၇ ၊ အမှတ် ၅၂၅ ( ၈ - ၁၄ ဇူလိုင် ၂၀၁၁)။
No comments:
Post a Comment