Saturday, July 30, 2011

အတင်းအဖျင်း

In ancient Greece (469 - 399 BC), Socrates was widely lauded for his wisdom.


တစ်နေ့မှာ ဂရိလူမျိုး ဒဿနိကဗေဒအတွေးအခေါ်ပညာရှင်ကြီး ဆိုကရေးတီးဟာ သူ့အသိတစ်ဦးနှင့် အမှတ်မထင်တွေ့ပါသတဲ့။

အဲဒီလူက သူ့ထံကို အပြေးလေးလာတဲ့ပြီး " ဆိုကရေးတီး၊ ခင်ဗျားရဲ့တပည့်တစ်ယောက်အကြောင်း ကျနော် အခုလေးတင်ပဲကြားလာလို့ပါ။ ဒါနဲ့ ခင်ဗျားကော ကြားပြီးပြီလား။"လို့ မေးပါတယ်။ ဒီအခါမှာ ဆိုကရေးတီးက "ခဏနေဦး၊ ခင်ဗျား မပြောခင် ခင်ဗျားကို စစ်မေးစရာလေးတစ်ခု လုပ်ချင်တယ်။ စ ကာတင်မေးခွန်းလေးသုံးခု(Triple Filter Test)ပေါ့။ 
"ဘယ်လိုဗျ စကာတင်မေးခွန်းတဲ့လား"   
"ဟုတ်ပဗျာ" လို့ ဆိုကရေးတီးက ပြန်ဖြေလိုက်သတဲ့။ "ဒီလိုပါ ကျနော့်တပည့်အကြောင်း မပြောခင်မှာ ခင်ဗျားပြောမယ့်စကားနဲ့ပတ်သက်လို့ ကျနော်အနေနဲ့ နားထောင်သင့် မထောင်သင့်ဆိုတာ စစ်ကြည့် တဲ့သဘောပါ။"လို့ ဆက်ပြောလိုက်တယ်။    

"ပထမမေးခွန်းက မှန်ကန်ခြင်း(Truth)ပေါ့။ ခင်ဗျားပြောမယ့်စကားဟာ တကယ်ကိုမှန်ကန်တယ်ဆိုတာ ကံသေကံမ သေချာရဲ့လား" 
ဒီအမေးနဲ့ပတ်သက်လို့ အဲဒီလူက "ကံသေကံမတော့ မသေချာဘူး။ အခုလေးတင် ကျနော် ကြားလာခဲ့ တာပဲ။"လို့ ဖြေသတဲ့။ 

"ကောင်းပြီ။ ဒါဆို ခင်ဗျားပြောမယ့်စကား မှန်တယ် မမှန်ဘူးဆိုတာ ခင်ဗျားအနေနဲ့ လုံးဝသေချာ မသိ ဘူးပေါ့။
ထားပါတော၊့ နောက်မေးခွန်းတစ်ခုဖြစ်တဲ့ ကောင်းမွန်ခြင်း(Goodness)ဆိုတာကို ကြည့်ကြရအောင်။ ခင်ဗျားပြောမယ့် ကျနော့်တပည့်ရဲ့အကြောင်းကကော ကောင်းသတင်းများလေလား။"
ဒီအမေးနဲ့ပတ်သက်လို့ ဆိုကရေးတီးရဲ့အသိက"ဘယ်ကလာ ကောင်းသတင်းဟုတ်ရမှာလဲ။ ဆန့်ကျင် ဖက်ကြီးရယ်ပါ။"လို့ ပြန်ဖြေသတဲ့။   

"ဒီလိုဆို ခင်ဗျားအနေနဲ့ မှန်မမှန်လုံးဝမသေချာပဲနဲ့ ကျနော့်တပည့်ရဲ့ဆိုးသတင်းကို ပြောချင်တယ်ဆိုပါ တော့။"လို့ ပြန်မေးလိုက်တာကြောင့် ပြောမယ့်လူခမျာ ရှက်ကိုးရှက်ကန်းလေးဖြစ်သွားခဲ့ရတယ်။

"ဒါပေမယ့် တတိယမေးခွန်းဖြစ်တဲ့ အသုံးဝင်ခြင်း(Usefulness)ဆိုတာကိုဖြေနိုင်ခဲ့ရင်လဲ ဒီစစ်မေးမှုကို အောင်မြင်နိုင်ပါသေးတယ်။ နေပါဦး ..ခင်ဗျားပြောချင်တဲ့ ကျနော့်တပည့်ရဲ့သတင်းက ကျနော့်အတွက် အသုံးများဝင်နိုင်မှာမို့လား"
"ဟင့်အင်း၊ လုံးဝမဟုတ်ဘူးဗျ။"   
"အင်း ဒါဆို ခင်ဗျားပြောမယ့်စကားက မှန်လဲ မမှန်ဘူး၊ ကောင်းတဲ့သတင်းလဲ မဟုတ်ဘူး၊ အသုံးလဲ မ၀င်ဘူးဆိုပါလျက်နဲ့ ဘာ့ကြောင့်များ ဒီလိုအခြေအမြစ်မရှိတဲ့သတင်းကို ပြောပြချင်ရပါလိမ့်။"လို့ ဆို ကရေးတီးက ပြန်မေးလိုက်တာကြောင့် အသိခမျာ ဘာမှပြန်မပြောနိုင်တော့ပဲ ရှက်သွားရပါသတဲ့။  

ဟုတ်ပါတယ်။
ဒါ့ကြောင့် ဆိုကရေးတီးဟာ ဒဿနိကဗေဒဆိုင်ရာ မဟာအတွေးအခေါ်ပညာရှင်ကြီးဖြစ်ခဲ့ပြီး အများရဲ့ ရိုသေလေးစားမြတ်နိုးမှုကို ခံခဲ့ရတာဖြစ်ပါတယ်။

ပြီးတော့ ဒီအကြောင်းကြောင့်လည်းပဲ သူ့မိန်းမနဲ့ သူ့တပည့်'ပလေတို'(Plato)တို့ သူ့နောက်ကွယ်မှာ ရှူပ်နေကြတယ်ဆိုတာကို ဆိုကရေးတီးခမျာ သေတဲ့အထိ သိမသွားခဲ့ရရှာတာပါတဲ့။  ။

သင်ခန်းစာ။ ။ တစ်ခါတစ်ရံတော့လည်း သူများတွေရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေအကြောင်းပြောတာ ကောင်းလို့ပဲ။    
Moral: It's good to gossip sometimes!!

မိတ်ဆွေတစ်ဦးမှ တစ်ဆင့်ပို့ပေးလိုက်တဲ့အီးမေးGossip...Good or Bad ?ကို မြန်မာလိုဆီလျော်အောင် ပြန်ဆိုဖော်ပြလိုက်တာပါ။

No comments:

Post a Comment