Thursday, December 29, 2011
ကဗျာဆရာကြီး ညွန့်ဝေ(ကသာ) ကွယ်လွန်
ကဗျာဆရာကြီး ညွန့်ဝေ (ကသာ)။ ဓါတ်ပုံ - Eleven Media Group/
အမျိုးသားစာပေဆုနဲ့ပခုက္ကူဦးအုန်းဖေတစ်သက်တာစာပေဆုများရရှိခဲ့တဲ့ကဗျာဆရာညွန့်ဝေ(ကသာ)
သည် ယခုလ ၂၅ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်တွင် ကင်ဆာရောဂါဖြင့် ရန်ကုန် ဗဟိုစည် အထူးကု
ဆေးရုံကြီးမှာကွယ်လွန်သွားကြောင်းကြားသိရပါတယ်။ စာရေးသူက ဆရာဝန်ကဗျာဆရာကြီးညွန့်ဝေ (ကသာ)ကို လူချင်းမတွေ့ဖူးပါဘူး။ သူ့ကဗျာတွေကိုတော့ ငယ်ငယ်ကတည်းက ငွေတာရီ၊မြ၀တီ၊ရှုမဝ
မဂ္ဂဇင်းများမှာဖတ်ခဲ့ရပါတယ်။ သူနဲ့ မနှစ်ကဆုံးသွားခဲ့တဲ့ ဆရာဝန်စာရေးဆရာကြီး ကမ္ဘောဇခင်လှိုင်
တို့ဟာ ရင်နှီးတဲ့မိတ်ဆွေများဖြစ်ကြသလို မလေးရှားမှာရောက်နေတဲ့ဆရာဝန်စာရေးဆရာကြီးဒေါက်
တာမောင်မောင်ညိုနဲ့လည်း ရင်းနှီးကြတာဖြစ်တယ်။ ဆရာကြီးကမ္ဘောဇခင်လှိုင် ကျန်းမာရေးစစ်ဆေး
ဖို့ စင်ကာပူကိုရောက်နေစဉ်က သူတည်းခိုတဲ့ဟိုတယ်မှာ စာရေးသူနဲ့ စာရေးဆရာများအကြောင်းပြော
ဖြစ်ကြတော့ သူရန်ကုန်ကထွက်မလာခင် ဆရာကြီးညွန့်ဝေ(ကသာ)က သူ့အားလာတွေ့သေးကြောင်း
ပြောပါတယ်။ ဒီကပြန်သွားပြီး ၂ ပတ်ကျော်လောက်အကြာမှာ ဆရာကြီးကမ္ဘောဇခင်လှိုင်ဆုံးသွားခဲ့
ပါ
တယ်။
ယခုတော့ ဆရာကြီးညွန့်ဝေ(ကသာ)သည် ဆရာကြီးကမ္ဘောဇခင်လှိုင်ဆုံးပြီး တစ်နှစ်ကျော်ခန့်အကြာ
မှာ ဆုံးပါးခဲ့ပါတယ်။ နာမည်ရင်းမှာဒေါက်တာဦးသိန်းညွန့်ဖြစ်ပြီး ဖခင်တောအုပ်ကြီးဦးလေးမောင်၊အ
မိဒေါ်အိမ်တို့မှတောင်တွင်းကြီးမြို့ မှာမွေးဖွာခဲ့ပေမယ့် ကလောင်အမည်တွင် သူပညာသင်ကြားခဲ့တဲ့
‘ကသာ‘မြို့ ကိုထည့်ထားခဲ့ပါတယ်။ “
စိတ်ပြတင်းကဗျာများ” စာအုပ်ဖြင့် အမျိုးသားစာပေဆု(ကဗျာ)
ကို ၁၉၉၂ ခုနှစ်အတွက်ရရှိခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ပခုက္ကူဦးအုန်းဖေ တစ်သက်တာစာပေဆု ချီးမြှင့်
ခြင်းခံခဲ့ရပါတယ်။
စာရေးဆရာကြီးဒေါက်တာမောင်မောင်ညိုက ဆရာကြီးညွန့်ဝေ(ကသာ)ကို အောက်ပါအတိုင်းရေး
သားခဲ့ဖူးပါတယ်။
Dr. Thein Nyunt wrote poetry since 1949 following the examples of
Saya Minthuwun and Saya Zawgyi.Hence his poems are well rhymed. His choice of
words is also good, using clear and powerful Burmese words for the meaning he im-
plies.He states that the
following criteria are to be met in a good poem: inborn desire
to compose, industry and perseverance in learning and composing poetics,following
the poetic rules, rhythms and rhymes, well intentions and strong feelings.
၁၉၅၈ ခုနှစ်မှာ ရန်ကုန်ဆေး
တက္ကသိုလ်မှ
M.B.,B.S ဘွဲ့ရရှိပြီး ဆိုဗီယက်
ရုရှားနိုင်ငံမော်စကိုဆေးပ
ညာတက္ကသိုလ်မှ Plastic Surgery ပါရဂူဘွဲ့ကိုလည်း ရရှိခဲ့ပါသေးတယ်။
ကဗျာဆရာကြီးညွန့်ဝေ(ကသာ) ကွယ်လွန်ချိန်တွင် အသက် ၈၀ နှစ်ရှိပြီဖြစ်ပြီး လုံးချင်းစာအုပ် ငါး
အုပ်နဲ့ကဗျာပုဒ်ရေ ၁၀၀ ကျော်ရေးသားခဲ့ပြီးဖြစ်ကာ သားနှစ်ဦးနဲ့ မြေးတစ်ဦးတို့ ကျန်ရစ်ခဲ့ကြောင်း
သိရပါတယ်။
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment