ပညာလို အိုသည်မရှိ
မနေ့ကနဲ့ ဒီကနေ့ သင်တန်း ၂ ရက်တက်ရတယ်။
မိမိတို့အလုပ်မှ မကြာသေးခင်က၀ယ်ထားတဲ့ iPad၊ SMART Board နဲ့ SMART Table တွေကို အ သုံးပြုပုံပြုနည်းသင်တန်းပေးတာဖြစ်တယ်။ ကိုယ့်မှာက ဇနီးနဲ့သားသမီးတွေ အတင်းတိုက်တွန်းလို့ iPhone လေးဝယ်ပြီးသုံးနေတာ ကိုးလလောက်ရှိပေမယ့် ဖုန်းပြောတာ၊ အီးမေးပို့တာ,ဖတ်တာ၊ အင် တာနက်အနည်းအပါးသုံးတာ၊ ဓါတ်ပုံရိုက်တာ စတဲ့အခြေခံလို အပ်ချက်ပဲသုံးဖြစ်တာပါ။ သူများတွေလို များများစားစား သုံးတတ်တာ၊ သုံးနေတာမဟုတ်ဘူး။ အခုဒီသင်တန်းတက်တော့မှ (အလိုလေးဗျာ..) မိမိဖာသာ လုပ်ချင်ချင်မလုပ်ချင်ချင် တတ်အောင်လည်းသင် လုပ်ဖို့လိုတာတွေလည်း လုပ်ကိုလုပ်တတ် ရတော့မှာ။ သင်တန်းဆရာတွေက သုံးနိုင်တဲ့နည်းအမျိုးမျိုးကို လက်ချောင်းလေးနဲ့တစ်သွယ်၊ လက်ဖ၀ါး နဲ့တစ်မျိုး၊ စာရေးကရိယာနဲ့တတန် ရွေ့ တာ၊ ကြီးအောင်သေးအောင်လုပ်တာ၊ ကူးယူတာ၊ပြောင်းလဲတာ၊ တွက်ချက်တာ၊ ကစားတာ၊ ရှာဖွေတာ စတဲ့သုံးစွဲမှုအဖုံဖုံကို မျက်လှည့်လက်လှည့်ပြသလို သရုပ်ပြသင် ကြားပေးတာ အံ့စရာကြီးပါ။ တကယ်ကို မယုံကြည်နိုင်လောက်အောင်ရယ်ပါ။
လုပ်ပြတာတွေကိုကြည့်ပြီး မိမိက ရင်သပ်ရှုမောသာဖြစ်ရတာ၊ ကိုယ့်အသက်ကကြီးနေပြီဆိုတော့ ကိုယ့် အသက်ရဲ့ ထက်ဝက်လောက်ပဲရှိကြတဲ့လုပ်ဖော်ကိုင်ဖက်လူငယ်တွေလိုတော့ ဘယ်နှယ့်မြန်မြန်ဆန်ဆန် တတ်ပါ့မလဲလေ။ ဒီမှာက သင်တန်းတွေ ဘာတက်ရသလဲမမေးနဲ့။ တစ်နှစ်ကို နာရီပေါင်းဘယ်လောက်ရှိ ရမယ်ဆိုပြီး မပြည့်,ပြည့်အောင်ကို တက်နေရတာ။
ပြီးခဲ့တဲ့နိုဝင်ဘာလကုန်နဲ့ဒီဇင်ဘာလဆန်းကလည်း မြန်မာပြည်ကိုမပြန်ခင်လေးမှာ ကျန်းမာရေးဝန်ကြီး ဋ္ဌာနက အမေရိကန်မှစိတ်ရောဂါအထူးကုပါရဂူတစ်ဦးအား ဖိတ်ကြားပြီး စိတ်ရောဂါ အထူးကုဆေးရုံကြီး မှာ ပြုလုပ်တဲ့သင်တန်းတွေကို သုံးလေးရက်အပြေးအလွားတက်လိုက်ရသေးတယ်။
“ပညာလို အိုသည်မရှိ”ဆိုတဲ့စကားလေးကို ငယ်ငယ်တုန်းက အတော်လေးနှစ်ခြိုက်ခဲ့တာမှန်ပေမယ့် အ ခုအသက်ကလေးရလာတော့ တွေ့ကရာပညာတိုင်းကို မိမိစိတ်မပါလှပဲ လိုက်ပြီးသင်မနေချင်တော့ဘူး လေ။
No comments:
Post a Comment