ခင်လေးရယ် ရက်စက်ပါပေ့ကွယ်
နိုင်ငံက ဘယ်လ်ဂျီယံမှာပါ။
ဒီယောကျာင်္းနဲ့ ဒီမိန်းမတို့ နဖူးစာရွာလည်လို့ နှစ်ပါး ဂဟေဆက်ခဲ့ကြတာ
နှစ်ကာလအားဖြင့် ၁၉ နှစ်ကြီးများတောင် ရှိခဲ့ကြပြီပဲတဲ့ဗျ။
အဲ .. အဲဒီလို အနှစ် ၂၀ နီးပါးလောက် အိုးမကွာအိမ်မကွာ
ပေါင်းသင်းလာခဲ့ကြပြီးပါမှ ဗြုံးစား ကြီး ကောက်ကာငင်ကာ စိမ်းစိမ်းကားကားကြီးကို ကွဲကြပြဲကြ
ပြတ်စဲကြရမယ့် အဖြစ်ရယ်က ကြားသိကြရသူတိုင်းအဖို့ ငိုအားထက် ရယ်အားသန် ဖြစ်ကြရလိမ့်မယ်
ထင်ပါတယ်လေ။
အဖြစ်က ဒီလိုပါဗျ။
ခင်ပွန်းဖြစ်သူကိုယ်တိုင်က ပြောပြတဲ့စကားအရ
ချောပေ့လှပေ့ဆိုတဲ့ အင်ဒိုနီးရှားသူ မိန်းမပျိုလေးကို ယူထားတဲ့
ဘယ်လ်ဂျီယံနိုင်ငံသားက တစ်နေ့မှာ သူ့မိန်မရဲ့ ဝမ်းကွဲတော်သူတစ်ဦးနဲ့
စကားစမြည်ပြောကြရင်းက ၀မ်းကွဲတော်သူရဲ့  မတော်တဆ အာချောင်လျှာချောင်စကား ကြောင့်
သူ့မိန်မဟာ မွေးလာခဲ့စဉ်တုန်းက မိန်ကလေးမဟုတ်ပဲ ယောကျာင်္းကလေးဖြစ်ခဲ့တယ် ဆိုတာကို
သိသွားခဲ့ရပါတော့သတဲ့။
ဒီအခါမှာ အဖြစ်မှန်ကို မမျှော်လင့် မထင်မှတ်ထားပဲ
ယုတ်တရက် ကြားသိလိုက်ရတဲ့ အသက် ၆၄ နှစ်ရှိပြီဖြစ်တဲ့ ယောကျာင်္းဖြစ်သူခမျာ
အတော်ကြီးကို တုန်လှုပ်ခြောက်ခြားသွားခဲ့ရတယ် ဆိုပဲ။
ဒါနဲ့ သူ့မိန်းမကို ဟုတ်မဟုတ် တေ့တေ့ဆိုင်ဆိုင်မေးတော့
သူ့မိန်းမက တော်တော်နဲ့ ၀န်မခံခဲ့ ဘူးဆိုပဲဗျ။ နောက်ဆုံး ဘယ်လိုမှ
ဖုန်းကွယ်ထားလို့မရမှန်းသိတော့ သူမဟာ မွေးလာတုန်းက ယောကျာင်္းဖြစ်ပြီး နောက်မှ ခွဲစိတ်ပြုပြင်ပြီး
မိန်မဘ၀ကို ပြောင်းလဲရလာခဲ့ရကြောင်းအဖြစ်မှန် ဘ၀မှန်ကို ဖွင့်ဟ၀န်ခံပါတော့သတဲ့။
သူတို့ရဲ့ အချစ်ဇာတ်လမ်းကလေးအစကလည်း
ချောချောမွေ့မွေ့ကြီးတော့ မဟုတ်ခဲ့ဘူး။ အ ခက်အခဲများစွာကို
ရင်ဆိုင်ဖြတ်ကျော်ပြီးမှ အိမ်ထောင်သည်ဘ၀ကို ရလာခဲ့ကြရတာ။
၁၉၉၃ ခုနှစ်ထဲမှာ ဘယ်လ်ဂျီယံနိုင်ငံသား ဂျဲန်းက
အင်ဒိုနီးရှားနိုင်ငံကနေ ဘယ်လ်ဂျီယံနိုင်ငံ အန့်ဝတ်(ပ)မြို့ ကို ရောက်လာတဲ့
မော်နီကာကို စတွေ့ခဲ့ပါသတဲ့။ အဲဒီတုန်းက မော်နီကာနဲ့ ဂျဲန်းရဲ့ ညီမဖြစ်သူတို့က
သူနာပြုဆရာမ လုပ်ဖော်ကိုင်ဖက်တွေ။ အဲဒီအချိန်က ဂျဲန်းကိုယ်တိုင် ကလည်း သူရဲ
့ဒုတိယအိမ်ထောင်နဲ့ အတော်ကလေးကို အဆင်မပြေဖြစ်နေကြတာမို့ မော်နီ ကာလေးကို
မြင်မြင်ချင်း ချစ်ကြိုက်သွားမိပြီး သူ့မိန်မနဲ့ ကွာပြဲပစ်လိုက်တယ်။
သူ့မိန်မနဲ့ ကွာရှင်းပြီး မော်နီကာကိုတရားဝင်
ပေါင်းသင်းရဖို့ ဂျဲန်းခမျာ ဥပဒေကြောင်းအရ အတော်လေးကို အခက်အခဲတွေနဲ့
ကြုံတွေ့ခဲ့ရသလို တစ်ဖက်ကလည်း ဘယ်လ်ဂျီယံနိုင်ငံ လူဝင်မှုကြီးကြပ်ရေးက
အရာရှိများနဲ့လည်း ခက်ခက်ခဲခဲ ပြောခဲ့ဆိုခဲ့ရသေးတာ။
အခုတစ်ခါမယ်တော့ ယောကျာင်္းဘ၀က မိန်မဘ၀တဖြစ်လဲ
သူ့ဇနီးမော်နီကာနဲ့ ကွာရှင်းပြတ် စဲဖို့ တရားရုံးက ခွင့်မပြုတာကြောင့် ဂျဲန်းဟာ လောလောဆယ် မော်နီကာနဲ့ တစ်အိမ်ထဲမှာပဲ အတူတူ နေနေရပါသတဲ့။
မော်နီကာနဲ့
ပေါင်းသင်းလာခဲ့တဲ့ ၁၉ နှစ်တာလုံးလုံး သူ့မိန်မရဲ့  ကျား-မဖြစ်ရပ်ဇာတိသရုပ်ကို သူ့အနေနဲ့
လုံးဝ ဥဿုန်ကြီးကို ယုံမှားသံသရ မဖြစ်မိဘူးလို့ ပြောပါတယ်။
(လိင်အင်္ဂါ ခွဲစိတ်ပြုပြင်ပေးတဲ့ဆရာဝန်တွေများ တော်လိုက်ကြပုံကဗျာ။)
ဒါပေမယ့် လူဝင်မှုကြီးကြပ်ရေးက အရာရှိများကတော့
မော်နီကာရဲ့  မွေးစာရင်းကို ကနဦးကတည်းကိုက ယုံမှားသံသရ
ရှိခဲ့ကြတာပါတဲ့။
သတင်းကိုးကား။ ။ Pravda.Ru 27-11-2012: Belgian
man discovers his wife of 19 years was born as a man.
:-)))))))))))
ReplyDeleteLMN