ပြင်သစ်လူမျိုး စာရေးဆရာကြီး ‘မီလန် ကွန်ဒဲရား’ က -
“ခွေးများသည် ကျွန်တော်တို့အား နိဗ္ဗာန်နှင့် ပေါင်းကူးပေးထားသူများ ဖြစ်ကြသည်။ သူတို့တွင် မကောင်းမှု အကုသိုလ်များ မရှိကြ။ မနာလို ၀န်တိုတတ်သည့် မစ္ဆရိယစိတ်များ မရှိကြ။ မတင်းတိမ် မရောင့်ရဲခြင်းများ မ ရှိကြ။ အလွန်လှပသည့် ညနေခင်းလေးမှာ ခွေးကလေးတစ်ကောင်နှင့်အတူ တောင်ခါးပန်းမှာ ထိုင်နေလိုက်ရ ရင် အေဒင်ဥယျာဉ်ကြီးထဲသို့ ပြန်ရောက်သွားသလို ပျင်းရိငြီးငွေ့ခြင်းကင်းသော ငြိမ်းအေးချမ်းမြေ့ မှုကို ခံစား ရမည်” ဟု ရေးခဲ့ဖူးပါသည်။
ထိုစကားမှန်သည်ဟု မိမိ ယုံကြည်ပါသည်။
လပ်ကီးလေးက မိမိတို့အား -
သန့်စင်သော ချစ်ခြင်းမေတ္တာကို သင်ပြပေးခဲ့ပါသည်။
ဂရုဏာထား စာနာတတ်ရန် သင်ပြပေးခဲ့ပါသည်။
သည်းညင်းခံပြီး ကြင်နာ သနားတတ်ရန် သင်ပြပေးခဲ့ပါသည်။
သည့်အပြင် သူ ဘ၀၏နောက်ဆုံး လပိုင်း ရက်ပိုင်းများ၌ ‘ဇရာပိ ဒုက္ခာ’၏သဘောကို ပျက် ပျက်ထင်ထင် ပြ သွားခဲ့ပါသေးသည်။
‘ဂျက်ရပ်ဆဲတယ်ရီယာ’တို့၏ သက်တမ်းသည် ပျမ်းမျှ အားဖြင့် ၁၂ နှစ်မှ ၁၅ နှစ်အထိသာ ရှိတတ်ကြလေရာ လပ်ကီးသည် မိမိတို့ အပြုစုကောင်းသဖြင့် သူ့ဘ၀ကို ၁၆ နှစ်ကျော်ခန့် နေသွားခဲ့သဖြင့် ဇရာ၏လက္ခဏာများ ကို ကြုံတွေ့ရင်ဆိုင် ခံစားသွားရလေသည်။
လွန်ခဲ့သည့် ၃ နှစ်လောက်က သူ၏ သွားများကြဲလာပြီး နား တွဲ့လာခဲ့သည်။ လွန်ခဲ့သည့် ၁ နှစ်ခွဲလောက်ကမူ သူ၏မျက်စေ့အမြင်စွမ်းအားကျဆင်းလာခဲ့သည်။ ယခုနှစ်လည်ပိုင်းမှစပြီး ကြွက်သားများ အားအင်ဆုတ်ယုတ် မှု သိသိသာသာကြီး ရှိလာခဲ့သည်။ သူ ခုန်တက်နေကြဖြစ်သည့် ဧည့်ခန်းက ဆိုဖာအပေါ်သို့ ယခင်ကလို စွေ့ ကနဲ မခုန်တက်နိုင်လေတော့။ လှေကားကိုလည်း ယခင်ကလို သူ့ဖာသာ မတက်နိုင်တော့သဖြင့် ချီတင်ပေးရ သည်။ လှေခါးကို သူ့ဖာသာ ဆင်းနိုင်သေးသည်ဟု ဆိုနိုင်သော်လည်း အမှန်တကယ်မူ အိနြေ္ဒရရလေး မဆင်း နိုင်လေတော့။ မြေဆွဲအား၏ဆွဲချမှုကြောင့် သူ့ကိုယ်ကို မထိန်းနိုင်ရှာပဲ လှေကားထစ်များပေါ်က ဒရောသော ပါး လှိမ့်ပြေးဆင်းသဖြင့် သူ့အဖြစ်ကိုကြည့်ကာ မိမိတို့က သနားလည်းသနား ရယ်လည်းရယ်မိကြသေး၏။
 |
မဆုံးခင် ၂ ပတ်ကျော်လောက်က ဖျာပေါ်မှာဝပ်ရင်း မှိန်းနေခဲ့သည့် လပ်ကီးလေး။ (နိုဝင်ဘာ ၁၁ ရက်၊ ၂၀၁၂) |
I'm so sad for the loss of good doggie "Lucky".
ReplyDeleteMay he/she rest in peace!!!
Generally, Dogs are better than Cats in Loyality.
So, if you have a chance, have and adopt another dog again, please! :-)))))
LMN
May You Rest In Peace Completely, Lovely Lucky Doggie!!!!
ReplyDeleteWe will miss you, Always and Forever!!!!