"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, June 13, 2015

ဆရာမကြီးဒေါ်လှရီအား နှုတ်ဆက်ကန်တော့ခြင်း


၁၃၇၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်၊ သောကြာနေ့၊



FB

With Sayamagyi Daw Hla Yee.







မနေ့ညနေ ၅ နာရီခွဲလောက်မှာ ဆရာမကြီးဒေါ်လှရီအိမ်ကို လေဆိပ်ကနေသွားလိုက်ပါ တယ်။ ဆရာမကြီး၏ခင်ပွန်း ဦးဝင်းကြည်(ဦးဆောင်ညွှန်ကြားရေးမှူးး - ငြိမ်း)ကိုလည်း တွေ့ခဲ့ပြီး ဆရာမကြီးနှင့်အတူ ကန်တော့ခဲ့ပါတယ်။ 

ဖြိုးသန့်မော်ကိုလည်း ဖုန်းဆက်ခေါ်ထားတာဖြစ်လို့ ရောက်လာပြီး ဆရာမကြီးကို ကန်တော့ခဲ့ပါတယ်။

ဆရာမကြီး၏ကျန်းမာရေးကြောင့် ဆရာမကြီးနှင့် ခဏတစ်ဖြုတ်ပဲ စကားပြောရန် မူလက ရည်ရွယ်ထားပေမယ့် ဆရာမကြီးက ရှေးဟောင်းနှောင်းဖြစ်တွေပြောပြီး စိတ်ပျော်ရွှင်နေတာ သိရတဲ့အတွက် အနည်းဆုံး ၁ နာရီလောက်ကြသွားခဲ့ပါတယ်။

အခုလိုရှေးဟောင်းနှောင်းဖြစ်တွေကို အမှတ်တရ ရယ်ရယ်မောမောပြောရတာ ရောဂါတစ် ၀က်သက်သာသွားတယ်လို့  ဆရာမကြီးကပြောသဖြင့် မိမိတို့မှာလည်း စိတ်ချမ်းသာကြရပါ တယ်။ 

ဆရာမကြီး ကျန်းကျန်းမာမာဖြင့် အသက်ရာကျော်ရှည်ပါစေကြောင်း လေးစားစွာ ဆုမွန်ကောင်းတောင်းရပါတယ်။


Tin Tin Win, Myo Myint, Naing Lin Aung and 62 others like this.




No comments:

Post a Comment