"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, July 14, 2024

Physiotherapist ၏ ပျောက်စေလက် - ၂

 

လူနာ၏ညာဖက်ပခုံးဆစ်နာတာကို PT က စမ်းသပ်စစ်ဆေးနေတာ။



Physiotherapist၏ပျောက်စေလက်-အမှတ်(၁)ကို စိတ်ဝင်တစားရှိကြတာသိရတာကြောင့် အဲဒီတုန်း

က PTတဦး၏ပညာစွမ်းနဲ့လက်ရဲ့ ကျွမ်းကျင်မှု(clinical techniques)ကို အခြေခံအားဖြင့်ပဲဆွေးနွေးခဲ့

တာဖြစ်လို့ အကြောအဆစ်ကုပညာရှင်၏လက်က မည်သို့ခံစားထိတွေ့ ပြီး ပညာစွမ်းရှိသည့်ပျောက်

စေလက်မျိုး (The Power of Human Touch)ဖြစ်တယ်ဆိုတာကိုသဘောပေါက်နိုင်ဖို့ အထက်ပုံလေး

ကိုနမူနာယူပြီး တဆင့်ပြီးတဆင့် ကြိုးစားပြီးရှင်းပြပေးပါ့မယ်။


မူလပုံမှာက အခု မိမိရှင်းပြတာတွေ မပါပါဘူး။ 

မိမိ၏ဆေးကုသမှုအတွေ့အကြုံများကိုအခြေခံပြီး Physiotherapy၏Therapeutic Exercise ပညာနဲ့မနီး 

စပ်သူများ ပိုမိုနားလည်သဘောပေါက်စေရန် မိမိ အတတ်နိုင်ဆုံးလွယ်ကူအောင်မျှဝေပေးသွားပါ့မယ်။ 


အထက်ကပုံကိုကြည့်ရင် ညာဖက်ပခုံးနာတဲ့လူနာလို့ သိနိုင်ပါတယ်။

လောလောဆယ်နာနေတာကြောင့်ပဲဖြစ်ဖြစ်(acute pain) နာတာရှည်ဖြစ်လို့ပဲဖြစ်ဖြစ်(chronic pain)

နာတဲ့ဝေဒနာအပြင် ပခုံးဆစ်၏လှုပ်ရှားနိုင်မှုကလဲအကန့်အသတ်ရှိနေတာ(limitation of the range 

of joint movement)ကို တွေ့ရပြန်ပါတယ်။ 

ပုံမှာတွေ့ရသည့် Shoulder abduction က ပုံမှန်လို (၉၀) ဒီဂရီမှာရှိမနေဘဲ (၆၅-၇၀) ဒီဂရီလောက်ပဲ ရှိ

မယ်လို့ ခန့်မှန်းကြည့်နိုင်ပါတယ်။


ပခုံးဝေဒနာနဲ့သက်ဆိုင်သည့်သတင်းအချက်အလက်အချို့ ကို လူနာဆီကမေးမြန်းရယူပြီးတဲ့ချိန်က

စပြီး PT၏ခေါင်းထဲမှာ ရောဂါဖြစ်နိုင်ခြေတွေကို သို့လောသို့လော ဖြန့်ကျက်စဉ်းစားနေမည်မှာ အ

သေအချာပါ။

ဥပမာ၊ 

- ပခုံးဆစ်ခိုင်ခံ့မှုအတွက်အဓိကတာဝန်ယူထားတဲ့ Rotator cuff ထိခိုက်အနာတရဖြစ်တာများလား၊ 

- ပခုံးဆစ်ကပ်ချင်နေတာများလား (frozen shoulder/adhesive capsulitis) အစရှိသဖြင့်ပေါ့။




PT က ဒီကြိုတင်တွေးဆမှုကို သူ့ခေါင်းထဲမှာ ပဏာမသဘောထည့်ထားပြီး လက်တွေ့စမ်းသပ်မှုကို

ဆက်လုပ်ကြလေ့ရှိတာ။ 


အထက်ကပုံကို ဥပမာယူပြီး ထပ်ပြောကြည့်ကြရအောင်ပါ။

ဒီတော့ အကြောအဆစ်ကုပညာရှင်(Physiotherapist - PT) က .. 

- သူရဲ့ ဘယ်ဖက်လက်ဖ၀ါးနဲ့လက်ချောင်းလေးတွေကို လူနာ၏ညာဖက်ပခုံးထိပ်ပေါ်မှာ ညင်သာ

စွာတင်ထားတယ်။ 

ညင်သာစွာလို့ဆိုပေမယ့်  ထိထိမိမိရှိရမှာဖြစ်ပြီး လူနာအား မနာကျင်စေရပါ (firm but not hard)

- ဘယ်လက်ဖျံတခုလုံးကို ညာပခုံးနဲ့လည်ဂုတ်ပေါ် ခပ်တင်းတင်းလေးဖိပြီးတင်ထားသေးတယ် 

(stabilization)

- တချိန်ထဲမှာ PT ၏ညာဖက်လက်က လူနာရဲ့ တထောင်အောက်ကနေ ဘေးဖက်ကိုခပ်ဖြည်းဖြည်း

လေး မ,တင်(ကားတင်)နေတယ် (shoulder abduction)


အခုလိုစမ်းသပ်မှုမျိုးပြုလုပ်တဲ့အခါ လူနာအနေနဲ့ နာကျင်မှုဝေဒနာကိုခံစားရလိမ့်မယ်ဆိုတာ PT က

ကြိုတင်မျှာ်လင့်ထားပြီးသား သိထားပြီးသားဖြစ်ပါတယ်။

ဒါကို PTအမျိုးသမီး၏အကြင်နာမျက်လုံးနဲ့ ဂရုဏာသက်သည့်မျက်နှာလေး (အောက်ဖက်ပုံ)က အ

ထင်အရှားဖေါ်ပြနေတာကို တွေ့နိုင်ပါတယ်။ 

ကဲ လူနာဖြစ်ချင်စိတ်တောင် မပေါက်သွားကြပေဘူးလား။

















ဒါက ကြင်နာပြီး ဂရုဏာသက်တဲ့ လူသားအထိအတွေ့ဆိုတာရယ်ပါ


အကြောအဆစ်ကုပညာရှင်၏လက်ဖ၀ါး လက်ချောင်းလေးများရဲ့ အထိအတွေ့ သို့မဟုတ် ကိုင်တွယ်

ထိတွေ့မှု(touch)ကြောင့် ဆရာ၏အကြင်နာ၊ ဂရုဏာနဲ့ စိုးရိမ်မှု(compassion and concern)များ လူနာ

ထံကို တစိမ့်စိမ့် စီးဝင်ပျံ့ နှံ့သွားစေတာဖြစ်တယ်။


PT က လက်ချောင်း၊ လက်ဖ၀ါး၊ လက်ဖျံနဲ့ လက်မောင်းများကို လူနာ၏ဝေဒနာဖြစ်သည့်နေရာနဲ့သင့်

တော်အောင်ထားတတ်တာ(hand placement/position)ရယ် ဘယ်လောက်အတိုင်းအတာထိကိုင်အား

ဆုတ်အား ဖိအားတွေကို စနစ်တကျချိန်ဆအသုံးပြုတတ်တာတွေရယ်ဟာ PT၏လူသားဆန်သည့်အ

ထိအတွေ့ (human touch)ရဲ့ သော့ချက်လို့ပြောရမှာပါ။











မိမိတို့အကြောအဆစ်ကုပညာရပ်မှာ physical manipulation သို့မဟုတ် mobilization တို့ကို အောက်

ပါရည်ရွယ်ချက်များအတွက် လက်ကိုအသုံးပြုလေ့ရှိကြပါတယ်။

- လူနာစမ်းသပ်စစ်ဆေးရန် (evaluate)

- ရောဂါရှာဖွေဖော်ထုတ်ရန် (diagnose)

- အကြောအဆစ်ဝေဒနာများကို ကုသပေးရန် (treat soft tissue or joint injuries or conditions)










No comments:

Post a Comment