"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, July 7, 2024

Physiotherapist ၏ ပျောက်စေလက် - ၁








အထက်ကလက်ဖ၀ါးနဲ့လက်ချောင်း Japan Fancy လေးကို မိမိ၏ပညာ မိမိ၏အလုပ်သင်္ကေတပစ္စည်း  

တခုအဖြစ် မြတ်မြတ်နိုးနိုးဝယ်ယူပြီး အိမ်ကကွန်ပြူတာစားပွဲပေါ်မှာ ထားထားခဲ့တာ။ 


သိကြတဲ့အတိုင်းပဲလေ မြန်မားစကား'သင်္ကေတ'ဆိုတာ တခုခု ဒါမှမဟုတ် တစုံတရာသော သက်ရှိ

သက်မဲ့တွေရယ် ဒြပ်ရှိ ဒြပ်မဲ့တွေရယ်ကို ရည်ညွှန်းပြီးကိုယ်စားပြုတာကိုပြောတာ။

ဒါကြောင့် အဓိပ္ပာယ်ရှိပြီး လေးနက်မှုရှိတာလဲဖြစ်တယ်။ 


မိမိတို့အကြောအဆစ်ကုပညာရှင်(Physiotherapist-PT)များသည် လူနာများကို ကြည့်ရှုစမ်းသပ်စစ်

ဆေးရာမှာရော ကုသမှုပေးတဲ့နေရာတွေမှာပါ လက်ကိုအမြဲသုံးကြရတာဖြစ်တယ်။ 

'လေ'လေးနဲ့ကုတဲ့ပညာမဟုတ်သလို အဲဒီလိုပညာရပ်အတန်းအစားမျိုးထဲမှာလဲ မပါဘူး။


ဒိတော့ လက်ကိုကျွမ်းကျွမ်းကျင်ကျင်အသုံးပြုနေကြရသည့် မိမိတို့အကြောအဆစ်ကုပညာရှင်များ

အနေနဲ့ လူနာကိုတကယ်တမ်းထိထိရောက်ရောက်ကုသပေးနိုင်ဖို့ ပညာစွမ်းရှိသည့်ပျောက်စေလက်

မျိုး(The Power of Human Touch) ပိုင်ဆိုင်ထားကြရမှာဖြစ်တယ်။


ဒီလက်ကိုအကျွမ်းကျင်ဆုံးအသုံးပြုပြီး 'သူများတွေမတတ်တဲ့ပညာ ကိုယ်တတ်ထားတယ်'ဆိုတာကို 

လက်တွေ့ပြနိုင်ရမယ်။

အဲဒါကို ရှင်းရှင်းလင်းလင်းပြောချင်တာ။

 








အခုပြောခဲ့တာတွေက ပညာစွမ်းနဲ့လက်ရဲ့ ကျွမ်းကျင်မှု(clinical techniques) ကို အခြေခံအားဖြင့်ပဲ

ပြောခဲ့တာ။

နောက်တဆင့်ဖြစ်တဲ့ အရေးကြီးတဲ့ကုမှုရလဒ်၏အကျိုးကျေးဇူး(significance of of human touch)

များရှိနေပါသေးတယ်။

- ရောဂါဝေဒနာသက်သာပျောက်ကင်းခြင်း တနည်း ပြန်လည်ကျန်းမာလာခြင်း (healing)

- သက်သောင့်သက်သာဖြစ်ခြင်း (comfort)

-  ဆရာနှင့်လူနာအကြား ခိုင်မာသည့်ဆက်သွယ်မှု (connection)ရှိခြင်း


ဒါကြောင့် ပညာစွမ်းနဲ့လက်ရဲ့ ကျွမ်းကျင်မှုတွေရဲ့ နောက်ကွယ်က နွေးထွေးမှု(warmth)နဲ့ PT ၏လက်

ဖြင့် တချက်ထိကိုင်လိုက်တိုင်း လူနာများ၏ဘ၀အစိတ်အပိုင်းတချို့ ပြောင်းလဲသွားနိုင်သည့်ရည်ရွယ်

ချက်တွေ(intent behind each touch) ကို သတိပြုသိထားကြဖို့ အရေးကြီးပါတယ်။    


အဲဒီတော့မှ မိမိတို့အကြောအဆစ်ကုပညာရှင်အနေဖြင့် တကယ့်'ပျောက်စေလက်ပိုင်ရှင်'များဖြစ်လာ

ကြမှာ။















ဆက်ပြီးရေးပါဦးမည်။





No comments:

Post a Comment