"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Thursday, July 4, 2024

တခွန်းတော့တခွန်းထဲပဲ ဒါပေမယ့်သိပ်ကြိုက် (၁)

 




ရှင့်စိတ်ကို ကျေနပ်ပျော်ရွှင်စေတဲ့အရာတွေကိုပဲ

လုပ်ဖြစ်ဖို့ ရှင်အာရုံစိုက်ရနေရမှာပဲလေ။

ဘာဖြစ်လို့လဲဆိုရင် ..

နောက်ဆုံးတနေ့ကျတော့

ရှင်တစ်ယောက်ပဲ ရှင်နဲ့အတူရှိနေမှာမို့ပါ။

မှန်ထဲမှာတွေ့နေရတဲ့ ရှင်ဆိုတဲ့ရှင့်အတွက် ရှင်ဂုဏ်ယူတတ်ဖို့လိုတာပေါ့နော်။


SOURCE: Facebook



အခြားသောသူများ၏မှတ်သားထိုက်သည့် 'တခွန်းစကားများ'ကို 

ဆက်ပြီးမျှဝေသွားပါဦးမည်။







No comments:

Post a Comment