"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Tuesday, July 9, 2024

အိမ်အနောက်ရောက် တန်ဂမြို့ သစ်ရထားလမ်း

 



တန်ဂမြို့ သစ်ရှိ အစိုးရအိမ်ရာနှင့်ပုဂ္ဂလိကအိမ်ရာ၊ 
ဘူတာရုံ၊ လမ်း၊ ကျောင်းနှင့်ကုန်တိုက်များ  


မိမိတို့အိမ်နားမှာ တန်ဂမြို့ သစ်ဆောက်ရေး၏တစိတ်တပိုင်းတွေကို မီးဖိုချောင်၊ အိပ်ခန်းနဲ့ ပန်းခြံ

လေးလုပ်ထားသည့်လသာဆောင်(balcony)တွေကနေ မြင်တွေ့နေရတာ အနည်းဆုံး ၂ နှစ်ခန့်

ရှိနေခဲ့ပါပြီ။

ထုနှက်သံ ရိုက်သံ ပြောင်းရွေ့ သံတွေကို မိုးမချုပ်မချင်း ဆူဆူညံညံကြားနေရလွန်းလို့ သတိ

တောင်မပြုမိသလောက်ဖြစ်နေပြီ။









မိမိတို့အိပ်ခန်းနဲ့မီးဖိုချောင်မှ မြင်တွေ့နေရတာတွေ




ဒီတန်ဂမြို့ သစ်နေရာသည် ယခင်မိမိတို့အိမ်ကနေမြင်နေရတဲ့ တမျှော်တခေါ်တောကြီး(forested 

area) ပါ။ 


ဒီတောကြီး ဘယ်လောက်ကြီး ဘယ်လောက်ကျယ်သလဲဆိုလို့ရှိရင် လက်ရှိဂျူရောင်းအိစ်(Jurong 

East)၊ ချွာချူးကန်(Choa Chu Kang) နဲ့ ဘူးကစ်ဘာတော့(Bukit Batok) မြို့ ၃မြို့ များကို ထိစပ်နေ

တာပဲကြည့်ပါတော့။


ဒါကြောင့် တန်ဂမြို့ သစ်ကို 'တောဂနိုင်'မြို့ (Forest Town) လို့တောင် တင်စားအမည်ပေးထားသေး

တာ။ 

မြို့ အကျယ်အ၀န်းအားဖြင့် ဘီရှန်း(Bishan)မြို့ လောက်ရှိတယ်လို့သိရပါတယ်။





လျှပ်စစ်မီး တထိန်ထိန်ညီးလျက်ရှိသော 

ညပိုင်းဆောက်လုပ်ရေးမြင်ကွင်း (ညာဖက်ထိပ်အပေါ်ပိုင်း)













အထပ် ၅ ထပ်ရှိတဲ့ ပလန်တေးရှင်းပလာဇာကုန်တိုက်(အပေါ်ပုံ)ကို ပြီးခဲ့သည့်ဇွန်လ ၂၈ ရက်နေ့က
ဖွင့်လှစ်ခဲ့ပါတယ်။ 
























တန်ဂမြို့ ၏ပထမဦးဆုံးဘတ်(စ)ကားဂိတ် (bus interchange) ကို မကြာခင်မှာဖွင့်လှစ်တော့မှာပါ။

လောလောဆယ်မှာ တန်ဂမြို့ ကိုသွားသည့် ဘတ်(စ)ကားလိုင်း ၂ လိုင်းရှိပါတယ်။

ပထမလိုင်းဖြစ်တဲ့ အမှတ် ၉၉၂ က ဘူးကစ်ဘာတော့ MRTဘူတာနဲ့  ဘတ်(စ)ကားဂိတ်ကိုရောက်
ပါတယ်။

ဒုတိယလိုင်းဖြစ်တဲ့ အမှတ် ၈၇၀ က ဂျူရောင်းတောင်းဟောဘတ်(စ)ကားဂိတ် (Jurong Town Hall
bus interchange) ကိုရောက်ပါတယ်။






အခုအချိန်မှာတော့ မိမိတို့အနေနဲ့က 'အမြင်နီး ခရီးဝေးသည့်တောင်' ဆိုသည့်မြန်မာစကားထာအ
တိုင်း ရှိနေပါသေးတယ်။

အပေါ်ဆုံးကပုံမှာတွေ့ရတဲ့အတိုင်း မိမိတို့အိမ်နေရာနဲ့ တန်ဂမြို့ သစ်၏ဒီမှာဖက်အပိုင်းက စင်ကာပူ
နိုင်ငံရဲ့ သက်တန်းအရှည်ဆုံးလဲဖြစ်ပြီး အရှည်လျားဆုံးလဲဖြစ်တဲ့အမြန်လမ်း(Pan Island Express-
way-PIE) လမ်းပဲခြားတာပါ။ လမ်းကိုကျော်လိုက်တာနဲ့ တန်ဂမြို့ သစ်ကိုရောက်ပြီလေ။

ဒါပေမယ့် အဲဒီလိုသွားနိုင်ဖို့က လမ်းကျော်တံတားရော မြေအောက်လူကူးလမ်းရော မရှိသေးဘူး။ 

ဒီတော့ အခုနေ သွားချင်သပဆိုရင် ဂျူရောင်းတောင်းဟောဘတ်(စ)ကားဂိတ်ကိုသွားပြီး အမှတ် 
၈၇၀ ဘတ်(စ)ကားစီးရမှာ။

စောစောကပြောခဲ့သလို ရထားလမ်းပြီးစီးလို့ လမ်းကျော်တံတား ဒါမှမဟုတ် မြေအောက်လူကူးလမ်း
ရှိလာတဲ့အခါမှာတော့ မိမိတို့ဂျူရောင်းဝက်(စ) ၄၂ လမ်းမှာနေတဲ့သူတွေအဖို့ တောင်-မြောက်ရထား
လိုင်း (North South line)ကိုဖြတ်လမ်းကသွားနိုင်ပြီဖြစ်တာကြောင့် အလွန့်အလွန်ကြီးကို အဆင်ပြေ
လှပေါ့။

အဲ နောက်တခု တိတ်တခိုးလေးမျှော်လင့်မိတာက မိမိတို့အိမ်ဈေးလေးများ တက်သွားလိုတက်သွား
ငြားပါ။













No comments:

Post a Comment