"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, May 22, 2022

ဟိုတစ်ချိန်က အမှတ်တရလေးများ (၂)

 


အထက်ကပုံလေးကို ၂၀၁၇ ခုနှစ် ဂျူလိုင်လက တောင်အာဖရိကနိုင်ငံ ကိတ်(ပ)တောင်းမြို့ မှာ 

ကျင်းပတဲ့ အကြောအဆစ်ကုပညာရပ်ဆိုင်ရာကမ္ဘာ့ညီလာခံ (World Confederation for 

Physical Therapy Congress 2017) သွားတက်ရင်း အမှတ်တရရိုက်ခဲ့တာပါ။ 


နေရာကို အတိအကျပြောရမယ်ဆိုရင် V&A Waterfront အမည်ရှိ ကမ္ဘာလှည့်ခရီးသည်တွေ 

အလည်အပတ်များလေ့ရှိတဲ့ ဆိပ်ကမ်းသာနေရာလေးဖြစ်တယ်။

မိမိတည်းခိုခဲ့တဲ့ Southern Sun The Cullinan ဟိုတယ်ကနေ ဟိုတယ်ကြိုပို့ကားနဲ့ဖြစ်ဖြစ် လမ်း

လျှောက်သွားလို့ဖြစ်ဖြစ် သွားရတာအဆင်ပြေပါတယ်။

ဟိုတယ်နဲ့ဘေးချင်းကပ်နေတဲ့ Walter Sisulu Avenue လမ်းကနေလမ်းလျှောက်သွားရင် ၁၅ မိ

နစ်လောက်ပဲကြာတာပါ။




African Trading Port ဆိုင်ရဲ့ ရှေ့ မှာ တိရစ္ဆာန်များ၏သက်ရှိအရွယ်အစားအတိုင်းထုဆစ်ထား 

တဲ့ဆင်၊ မြင်း၊ ခြင်္သေ့အစရှိတဲ့လက်ရာမြောက်ရုပ်လုံးကြွပန်းပုရုပ်ကြီးတွေကိုတွေ့မြင်ရပါတယ်။ 

အထက်ကပုံမှာတွေ့ကြရတဲ့အတိုင်းပဲ တိရစ္ဆာန်ပန်းပုရုပ်ကြီးတွေဟာ တကယ်ကို အသက်ဝင်

လှတာဖြစ်တယ်။

ဆိုင်အတွင်းကိုဝင်လိုက်ရင်တော့ အာဖရိကလူမျိုးများရဲ့  အသုံးအဆောင်ပစ္စည်းအမျိုးမျိုး၊ အ

ထိမ်းအမှတ်ပစ္စည်းအမျိုးမျိုး၊ အနုပညာနှင့်ယဉ်ကျေးမှုဆိုင်ရာပစ္စည်းအမျိုးမျိုး၊ အမှတ်တရ

လက်ဆောင်ပစ္စည်းအမျိုးမျိုးတို့ကို ကြည့်မ၀ ရှုမ၀ လေ့လာမဆုံး တသီတတန်းကြီးတွေ့ရ

တာပါ။

အိမ်ကဇနီးကိုမျက်နှာလုပ်ဖို့ ရချင်တာ လိုချင်တာ ၀ယ်ချင်တာတွေကလဲများလွန်းလို့ သုံးနိုင်

တဲ့ငွေနဲ့ချင့်တွက်ရတာ ဦးနှောက်လဲစား စိတ်လဲမသက်မသာပဲလေ။ 

အဲဒီအချိန်က စင်ကာပူ ၁ ဒေါ်လာကို တောင်အာဖရိကငွေနဲ့ ၁၅ ရဲန်(ဒ)လောက်ရှိတယ်ထင်

ပါတယ်။ သေသေချာချာတော့ မမှတ်မိတော့ပါဘူး။



























V&A Waterfront ဆိပ်ကမ်းသာ (Photo-Internet Cape Town)


အာဖရိကနိုင်ငံအသီးသီးက လက်မှုအနုပညာပစ္စည်းအမျိုးမျိုး (African works of art) ရောင်း

ချနေတဲ့ African Trading Port ဆိုင်ရှိတဲ့ အေအဲန်ဗွီဝါတာဖရန့်(V&A Waterfront) ဆိပ်ကမ်း

သာကို ၂၀၀၈ ခုနှစ်ကတည်းက မိမိရောက်ဖူးခဲ့တာ။

အဲဒီတုန်းက ကိတ်(ပ)တောင်းမြို့ မှာကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာဥာဏ်ရည်မသန်စွမ်းမှုညီ

လာခံ (13th IASSID World Congress) ကို လာတက်ရင်း ရောက်ခဲ့တာဖြစ်တယ်။ မိမိတို့အ

ဖွဲ့အစည်း MINDS (Movement for the Intellectually Disabled of Singapore) မှ CEO ဦး

ဆောင်ပြီး စင်ကာပူနိုင်ငံကိုကိုယ်စားပြုပြီးလာရောက်ခဲ့တာပါ။ 



မိမိတို့ကိုယ်စားလှယ်အဖွဲ့  စင်ကာပူကနေ ကိတ်(ပ)တောင်းမြို့ ကိုရောက်တဲ့နေ့မှာပဲ ဟိုတယ်

အခန်းတွေအဆင်သင့်မဖြစ်သေးတာနဲ့ ပစ္စည်းတွေအပ်ပြီး အေအဲန်ဗွီဝါတာဖရန့်ကို Walter 

Sisulu Avenue ပလက်ဖောင်းအတိုင်း လမ်းလျှောက်လာခဲ့ကြတာကို ဒီကနေ့အထိအမှတ်ရ

မြင်ယောင်နေမိပါသေးတယ်။ 


22 August 2008 Cape Town 







အခုတစ်ခေါက်ကတော့ ကိတ်(ပ)တောင်းမြို့ ကို ၉ နှစ်အကြာမှာ ဒုတိယအကြိမ်ရောက်

ခဲတာပါ။

ကိတ်(ပ)တောင်းမြို့ ကို မိမိရောက်တဲ့လက ဂျူလိုင်လဖြစ်လို့ ရာသီဥတုကအေးပါတယ်။ 

တစ်နေ့လုံး အနွေးထည်ဝတ်ထားရပါတယ်။ 

ပျမ်းမျှအပူချိန်က ၁၃ ဒီဂရီစင်တီဂရိတ်လောက်ပဲရှိတတ်တာ။






V&A Waterfront ဆိပ်ကမ်းသာ အမည်လေးဖြစ်လာပုံက စိတ်ဝင်စားစရာပါ။

ဒီဆိပ်ကမ်းကို ဂရိတ်ဗြိတိန်နိုင်ငံက တော်ဝင်မင်းသား Prince Alfred နဲ့ သူရဲ့ မယ်တော်ဖြစ်
သူ ဘုရင်မကြီး Queen Victoria တို့က ၁၈၆၀ ခုနှစ်က တည်ဆောက်ခဲ့တာဖြစ်တယ်။

အေအဲန်ဗွီဝါတာဖရန့်ဆိပ်ကမ်းသာကို ကမ္ဘာလှည့်ခရီးသည်တွေလာရောက်မှုများတာက

တော့ဒီနေရာမှာ Chavonnes Battery Museum လို တောင်အာဖရိကနိုင်ငံရဲ့ အထင်ကရ

ထင်ရှားတဲ့အဆောက်အဦနဲ့အမှတ်အသား (Landmarks) ၂၂ ခု ရှိလို့နေတာကြောင့်ဖြစ်

တယ်။ 








မိမိက စင်ကာပူနိုင်ငံက သွားတာဖြစ်ပြီး မြန်မာနိုင်ငံကလည်း ICRC(International Committee 
of the Red Cross)က ၂ ဦးနဲ့မြန်မာနိုင်ငံအကြောအဆစ်ကုပညာရပ်အသင်း(Myanmar Physio-
therapy Association - MPA) က ၁ ဦးတို့တက်ရောက်ခဲ့ကြပါတယ်။



မြန်မာ ICRC မှ ဒေါ်နန်းကော်ကေး ဒေါ်နန်းမေနှင်းစုတို့နှင့်အမှတ်တရ။


  




Tuesday, May 17, 2022

ကျွန်းသာယာသတင်းစဉ် (၅၄)


























 







***













Aung San Su Kyi is seen by so many protesters 
as the only person
who can still save them from military rule. 
(Hannah Ellis-Petersen, Asia Correspondent, Guardian News 
Feb 13, 2021)



***