"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, February 22, 2020

ကြော်ငြာတစ်ခု အတွေးတစ်စ




                                                                  thebodyclinic ရဲ့ လက်ကမ်းစာစောင်


မနေ့ညနေက ဆေးရုံကပြန်လာပြီး အမ်အာတီဘူတာတစ်ခုကိုရောက်တဲ့အခါ လက်ကမ်းကြော်ငြာဝေနေသူတစ်ဦးက ခရီးသွားတွေကို စာစောင်လေးတစ်ခုစီ ကမ်းပေးနေတာကို တွေ့ရပါတယ်။

မိမိရှေ့ က ခရီးသွား ၂ ဦး ၃ ဦးကတော့ မယူပဲ ရှောင်ထွက်သွားကြတယ်။

မိမိက ယူလိုက်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ဒူးနာ ခါးနာ လည်ပင်းနာ ပခုံးဆစ်နာတဲ့ပုံလေးတွေကို စာစောင်မှာမြင်မိလို့ပါ။

အကြောအဆစ်ကုပညာရှင်ဆိုတော့ ဒါမျိုးလေးတွေကို စိတ်ဝင်စားတယ်ပေါ့လေ။









ဘယ်လိုဆေးပညာရှင်မျိုးက ဘယ်လို ကုသပေးတာများပါလိမ့်။

- တရုတ်တိုင်းရင်းဆေးပညာရပ် (Traditional Chinese Medicine) နဲ့လား

- အနှိပ်ပညာရပ် (Masseur) နဲ့လား

- ခါးရိုး ကျောရိုး အစရှိတဲ့အဆစ်တွေကို အထူးပြုကုပေးတဲ့ ခိုင်းရိုပရက်တာ (Chiropractor) ပညာရပ်နဲ့လား

- ဖိအားနဲ့လှုပ်ရှားမှုများကိုအသုံးပြုပြီး အရိုးနဲ့ကြွက်သားဒဏ်ရာဖြစ်မှုတွေကိုကုသပေးတဲ့ အော်စတီအိုပတ် (Osteopath) ပညာရပ်နဲ့လား

- အကြောအဆစ်ကုပညာရပ် (Physiotherapy) နဲ့လား








အိမ်ကိုရောက်လို့ ရေမိုးချိုး ထမင်းစားပြီးတဲ့အခါမှာ ယူလာခဲ့တဲ့လက်ကမ်းစာစောင်လေးကို ကြည့်မိတဲ့အခါ စောစောက မိမိထင်မှတ်ထားတာတွေ တစ်ခုမှမဟုတ်တာကို မျှော်လင့်မထားပဲတွေ့လိုက်ရပါတယ်။

ဒါနဲ့ thebodyclinic အကြောင်း လိုက်ရှာဖတ်ရပါတော့တယ်။

သူတို့ရဲ့ နေရာ (site) ကို ရှာဖတ်ကြည့်တဲ့အခါမှာ ဘာမှရေရေရာရာ မသိရပါဘူး။

အထက်ကပြောခဲ့တဲ့ ပညာရပ် ၅ မျိုးလို ပညာရပ်အလိုက်စိစစ်ပြီး လုပ်ပိုင်ခွင့်လိုင်စင်မှတ်ပုံတင်ထားရတဲ့အဖွဲ့အစည်း (Professional Regulatory Body) မျိုးလဲရှိဟန်မတူဘူး။

ဒီဆေးခန်းမှာလုပ်နေကြတဲ့ Therapist ဆိုသူတွေက ဘယ်ဆေးကျောင်း/ကောလိပ် ဘယ်ဆေးတက္ကသိုလ်များကနေ ဘွဲ့ ရခဲ့တယ်ဆိုတာလဲ ဖော်ပြထားတာမတွေ့ရဘူး။ တစ်ခါဘူးမျှမကြားဘူးတဲ့ The Body Clinic's Academy က ကျောင်းဆင်းခဲ့ ဘွဲ့ ရခဲ့ကြတာပါတဲ့။

အဲဒီ အကယ်ဒမီက ဘယ်နိုင်ငံ ဘယ်မြို့ မှာဆိုတာ လုံးဝပြောမထားပြန်ပါဘူး။

About Us - Our Team စာမျက်နှာမှာတော့ သူတို့ကိုယ်ကိုသူတို့ professional Pain Management Therapist လို အမည်တပ်ထားတာလေး တွေ့ရပါတယ်။ 

သူတို့တတွေဟာ ခန္ဓာဗေဒ (Human anatomy) နဲ့ ဇီဝက္မဗေဒ (Physiology) ဘာသာရပ်တွေကို အထူးတလှယ် ကျွမ်းကျွမ်းကျင်ကျင်ကြီးတတ်မြောက်ထားကြကြောင်းလဲ ပြောထားပါသေးတယ်။

ဒါနဲ့ စင်ကာပူမှာရောက်နေတဲ့ နိုင်ငံခြားတွေများ သိကြလေမလားဆိုတဲ့အတွေးနဲ့ သူတို့ရဲ့  Forum စာမျက် တွေမှာ ရှာကြည့်မိပါတယ်။

တစ်ဦးက ဘာပြောထားလဲဆိုတော့  ....

လည်ပင်းနဲ့ပခုံးတွေနာတာကို ရေရှည်ခံစားနေရလို့ တစ်နေ့မှာ သဘော်ဒီကလင်းနစ်ဆေးခန်းကိုရောက်သွားပါသတဲ့။ ဆေးခန်းက ဆရာက သူခံစားနေရတဲ့ဝေဒနာအကြောင်းပြောပြတာ ဟုတ်သယောင်ယောင်ရှိပေမယ့် ဆရာက ထပ်တလဲလဲပြောပြောနေတာကတော့ အခုချက်ချင်းကုသမှုခံယူဖို့အရေးကြီးတဲ့အကြောင်း ဒီလိုမှမဟုတ်ရင် 'စကိုလီအိုးစစ်' (scoliosis) ခေါ်တဲ့ ခါးရိုးစောင်းဝေဒနာခံစားမမယ့်အကြောင်းတွေပဲဖြစ်ပါသတဲ့လေ။  
နောက်ပြီးကုသမှုကတော့ physiotherapy မဟုတ်ပေမယ့် သူနားလည်မိတာက တကယ်တော့ အဲဒီလိုမျိုးပါပဲ။
ဆေးဖိုးဝါးခက အကြိမ် ၈၀ ကုသမှု (80 treatments) အတွက်၊ တစ်ကြိမ်ကို ဒေါ်လာ ၇၀ နှုန်းနဲ့ စုစုပေါင်း ဒေါ်လာ ၅,၆၀၀ ပေးရမယ်ပြောပါတယ်။

ဒီတော့ သူက စဉ်းစားတယ်တဲ့။
ဘာမှန်းသေသေချာချာ ရေရေရာရာမသိရတဲ့ဟာတစ်ခုအတွက် ဒီလောက်များတဲ့ငွေကိုသုံးဖို့ ၀န်လေးမိတဲ့အကြောင်းရေးထားတာဖတ်ရပါတယ်။

သူ့စာကိုဖတ်ရတဲ့ နောက်နိုင်ငံခြားသားတစ်ဦးကတော့ အခုလိုထောက်ပြဝေဖန်ထားတာတွေ့ရပါသေးတယ်။

... အကြိမ် ၈၀ ကြီးများတောင် ကုသရမယ် ဟုတ်လား။ အခုချက်ချင်း ကုရင်ကု၊ မကုလို့ကတော့ ဆိုးဆိုးဝါးဝါးဝေဒနာခံစားပြီး အသေဆိုးနဲ့သေရမယ် (suffer and die a painful death) လို့ ဆိုလိုတဲ့ပုံပဲ။ နောက်ပြီး ကုသမှုက ဘယ်လိုရှိပြီး ဘာကြောင့်သက်သာလာမယ် ကောင်းလာမယ်ဆိုတာလဲ လုံးဝရှင်းပြထားတာ မရှိဘူး။ (No explanation of how the treatment is going to work.)


နောက်နိုင်ငံခြားသားတစ်ဦးကတော့ သူ့ဇနီးခါးနာတာကို Physiotherapy ဆေးခန်းကိုသွားပြတာ အကြောအဆစ်ကုပညာရှင် (Physiotherapist) က သဘော်ဒီကလင်းနစ်ဆေးခန်းလို ဘယ်နှစ်ကြိမ်အတွက် ဘယ်လောက်ပေးရမယ်ဆိုပြီး ပုတ်ပြတ် (Package) တောင်းတာမျိုးမရှိကြောင်း၊ ခါးနာဝေဒနာကလဲ နောက်တစ်ခါထပ်မသွားရအောင်ကို သက်သာပျာက်ကင်းသွားတဲ့အကြောင်းရေးထားတာဖတ်ရပါတယ်။ 

ဒါကြောင့် ခရီးသွားရင်းရလာခဲ့တဲ့ လက်ကမ်းဆေးခန်းကြော်ငြာတစ်ရွက်ကြောင့် မိမိမှာ အတွေးတစ်စ ရှည်သွားမိခဲ့ရကြောင်းပါ။ 
 



  




























Saturday, February 15, 2020

ကျန်းမာရေးဝန်ထမ်းများကို ၀န်းရံကြ (၂)




'ကျန်းမာရေးဝန်ထမ်းများကို ၀န်းရံကြ' အမှတ် (၁) ၏နောက်ဆုံးစာပိုဒ်တွင် အောက်ပါအတိုင်း မိမိရေးသားခဲ့ပါသည်။

          " မိမိ၏ကိုယ်အပူချိန်ကို စစ်ဆေးကြည့်နေသည့်အနေဖြင့် အလုပ်ပိတ်ရက်များတွင်လည်း 
             တိုင်းတာရန်လိုအပ်သော်လည်း ဆေးရုံသို့သတင်းပေးပို့ရန်မလိုအပ်ပေ။ "

သို့ရာတွင် ယနေ့မနက် ၉  နာရီကျော်ကျော်လေးမှာ မိမိတို့၏ဌာနမှူးထံမှ အကြောင်းကြာစာတိုလေးအသစ်ကို ရရှိခဲ့သည်။

စင်ကာပူနိုင်ငံအစိုးရမှပို့ပေးသည့်အမိန့်စာ (Form SG) ကို မိမိတို့အားလုံးထံသို့ ထပ်ဆင့်ပေးပို့အကြောင်းကြားခြင်းဖြစ်လေသည်။

ယင်းစာပါညွှန်ကြားချက်အရ 
၁။ Temperature Declaration
၂။ Travel Declaration
၃။ Sickness Declaration

တို့ပြုလုပ်ကြရမည်ဖြစ်သည်။

နံပတ် (၂) နှင့် (၃) တို့ကို မိမိနှင့်မသက်ဆိုင်သဖြင့် ရေးဖြည့်အကြောင်းပြန်ခြင်းမပြုဘဲ နံပတ် (၁) ကိုသာ ရေးဖြည့်လျက် အကြောင်းပြန်လိုက်ပြီးဖြစ်ပါသည်။




Thursday, February 13, 2020

ကျန်းမာရေးဝန်ထမ်းများကို ၀န်းရံကြ (၁)





ယနေ့နံနက်က ဘတ်(စ)ကားစီးပြီး ဆေးရုံသို့အလုပ်သွားရင်း  စင်ကာပူနိုင်ငံသမတနှင့်ကျန်းမာရေးဝန်ကြီးတို့၏စကားများကို The New Paper သတင်းစာတွင်ဖတ်ရသဖြင့် များစွာအားတက်ဝမ်းမြောက်မိပါသည်။

စင်ကာပူနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်ချက်များနှင့်အညီ မိမိတို့ဆေးရုံမှဆောင်ရွက်နေသည့် တင်းကျပ်သောရောဂါကာကွယ်ရေးအစီအမံလုပ်ငန်းများတွင် မိမိသည် ကျရာတာဝန်များကို တိတိကျကျလိုက်နာလုပ်ကိုင်နေရသောကြောင့်ဖြစ်သည်။

ထိုအကြောင်းတို့ကို နောက်မှ ရေးပြပါဦးမည်။

ဝူဟန်ဗိုင်းရပ်(စ) ခေါ် ကိုရိုနာဗိုင်းရပ်(စ)ကူးစက်မှုများပြားလာခြင်းသတင်းနှင့်အတူ လူတို့တွင်စိုးရိမ်ကြောက်လန့်ပူပန်စိတ်များ အရှိန်မြင့်လာခဲ့သည်။

ရောဂါကာကွယ်ရေးအတွက် အလွန်အမင်းဂရုစိုက်သူများ ရှိလာသည်။

ယင်းသို့ဖြစ်ရခြင်းကြောင့် လူ့အဖွဲ့ အစည်းတွင် မထင်မှတ်သည့်အကျိုးဆက်များဖြစ်လာတော့သည်။

ထိုအကျိုးဆက်များထဲမှတစ်ခုမှာ လူနာများ ဆေးရုံများနှင့်ထိတွေ့ ဆက်ဆံနေကြရသော ဆရာဝန်၊ သူနာပြုဆရာဆရာမများ၊ ဆေးဘက်ဆိုင်ရာပညာရှင်များနှင့်အရေးပေါ်ဌာနမှဝန်ထမ်းများကို လူအချို့ တို့က ရောဂါကူးစက်ခံရမည်စိုးသဖြင့် ရှောင်ဖယ်ဖယ်လုပ်လာကြခြင်းပင်ဖြစ်သည်။

ထိုကြောင့် စင်ကာပူနိုင်ငံ ကျန်းမာရေးဝန်ကြီး မစ္စတာဂန်ကင်ယန်းက၊

"ကျန်းမာရေးဝန်ထမ်းတွေနဲ့သူတို့ရဲ့ အလုပ်တွေကို 
ကျနော်တို့အားလုံး အတူတကွ အားပေးကြရအောင်ပါ။ 
ဒါမှ လူနာများနဲ့မိသားစုများကို သူတို့က ဆက်လက်ပြုစု 
စောင့်ရှောက်နိုင်ကြမှာဖြစ်ပါတယ်" လို့ တိုက်တွန်းပြောကြားခဲ့တာဖြစ်တယ်။  

နောက်ပြီး ၀န်ကြီးက "အဲဒီလိုမျိုးတော့ မဖြစ်စေချင်ပါဘူး" ဟုလည်း ဆက်ပြောပါသေးသည်။

စင်ကာပူနိုင်ငံ သမတ ဟာလီမာယာကွတ်ကလည်း၊

"ကိုရိုနာဗိုင်းရပ်(စ)ကို မကြောက်မရွ့ံရဲရဲရင်ဆိုင်ပြီး
အလုပ်လုပ်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို 
သူတို့အလုပ်အတွက်ချီးကျူးရမယ့်အစား
လူတွေက 
ဘတ်(စ)ကားတွေ ရထားတွေနဲ့ ဓာတ်လှေကားတွေမှာ 
တွေ့ရင်တောင် အဆက်အဆံ မလုပ်ကြဘူးဆိုလို့ 
အလွန်ကို စိတ်မချမ်းမသာကြီးဖြစ်ရပါတယ်။" ဟု သူ၏ဖေ့စ်ဘွတ်စာမျက်နှာတွင် ထောက်ပြရေးထားခဲ့သည်။

မိမိ၏ပြောင်းလဲသွားသည့်လုပ်ငန်းအတွေ့ အကြုံလေးကို အကျဉ်းမျှဝေပါရစေ။


ကိုယ်တိုင်ပါဝင်ခွင့်အတွေ့ အကြုံ


စင်ကာပူနိုင်ငံ၏ရောဂါဖြစ်ပွားတုံ့ပြန်မှုအခြေအနေ (DORSCON) အား အ၀ါရောင်အဆင့်မှ လိမ် မော်ရောင်အဆင့်သို့ ပြီးခဲ့သည့်သောကြာနေ့ကမြှင့်တင်လိုက်ပြီးနောက် ဆေးရုံ၏လုပ်ငန်းများကို အစီအစဉ်သစ်ဖြင့်ပြောင်းလဲလုပ်ဆောင်မှုရှိလာသည်။

ဆေးရုံတွင် လူနာဆောင်ကြီး (Block) ပေါင်း ၉ ဆောင်ရှိလေသည်။

ယခင်က မိမိသည် လူနာဆောင်ကြီး (Block) ၃ ဆောင်ရှိ လူနာများကို သွားကြည့်ပေးခဲ့ရသည်။

ပထမအဆောင်ကြီးရှိ လူနာဆောင် (Ward)  ၄ ဆောင်မှ လူနာများအား ကြည့်ပေးရသည်။
ဒုတိယအဆောင်ကြီးတွင်လည်း လူနာဆောင် (Ward)  ၄ ဆောင်မှ လူနာများအား ကြည့်ပေး ရသည်။
တတိယအဆောင်ကြီးတွင်မူ လူနာဆောင် (Ward) ၁ ဆောင်မှ လူနာများကိုသာ ကြည့်ပေးရပါ သည်။

အခြားသော အကြောအဆစ်ကုပညာရှင် (Physiotherapist) များသည်လည်း မိမိကဲ့သို့ ပင် တာ ၀န်ကျရာလူနာဆောင်အသီးသီးသို့သွားလျက် လူနာကြည့်ပေးကြရပါသည်။

သို့သော် စင်ကာပူနိုင်ငံ၏ရောဂါဖြစ်ပွားတုံ့ပြန်မှုအခြေအနေအား အ၀ါရောင်အဆင့်မှ လိမ်မော်  ရောင်အဆင့်သို့ပြောင်းလိုက်သည့်အချိန်မှစပြီး မိမိသည် စည်းကမ်းအတင်းကျပ်ဆုံးသော လူနာ ဆောင်ကြီးတစ်ခုတည်းကိုသာ သွားရပါတော့သည်။

အခြားသောအဆောင်ကြီးများရှိ လူနာဆောင်များကို လုံးဝမသွားရတော့ပါ။ ထိုအဆောင်များမှ လူနာများကိုလည်း သွားမကြည့်ရတော့ပါ။

ထို့အပြင် မိမိသည် အိမ်မှလာပြီး ဆေးရုံဝင်းထဲသို့ရောက်သောအခါတွင်လည်း မိမိ၏အကြောအ ဆစ်ကုဌာန (Physiotherapy Department) ကိုပင် သွားလာခွင့်မရှိတော့ပေ။ 

အခါတိုင်းလို ဆေးရုံကစားသောက်ဆိုင်မှာထိုင်ပြီး စားသောက်ခြင်းလည်း မပြုလုပ်ရတော့ပေ။ အစားအစာကိုတော့ ၀ယ်သွားလို့ရသည်။ မိမိတာဝန်ကျသော လူနာဆောင်အတွင်းမှာသာ စားခွင့်ရှိပါသည်။

ဆိုလိုသည်မှာ မိမိတို့၏သီးသန့်သတ်မှတ်အဆောင်ကြီးမှာတာဝန်ကျနေကြသော ၀န်ထမ်းအားလုံး (အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ သူနာပြုများ) ကို ဆေးရုံ၏အခြားသောနေရာများ၊ ၀န် ထမ်းများနှင့် လုံးဝအဆက်ဖြတ်ထားခြင်းဖြစ်သည်။

 သီးသန့်သတ်မှတ်အဆောင်ကြီးကိုရောက်ပြီးသည်နှင့် အလုပ်ပြီး၍ အိမ်ကိုမပြန်မချင်း အပြင်သွား ခွင့်လုံးဝမရှိပါချေ။  

အိမ်ကနေ ဆေးရုံကိုရောက်သည်နှင့် သီးသန့်သတ်မှတ်အဆောင်ကြီးသို့ တိုက်ရိုက်သွားရမည်။ ဆေးရုံ၏မည်သည့်နေရာကိုမှ လုံးဝမသွားရ။

ညနေအလုပ်ပြီးကလည်း ဆေးရုံ၏မည်သည့်နေရာကိုမှ သွားခွင့်မရှိပါ။ အလုပ်မှ အိမ်သို့ပြန်ကြရ သည်။
မိမိတို့တာဝန်ကျရာအဆောင်မှာ နေ့လည်စာကို အပြင်ကမှာကျွေးပါသည်။ 

ဆေးရုံဝန်ထမ်းအားလုံးအနေဖြင့်ကား အောက်ပါတို့ကို တိတိကျကျလိုက်နာကြရသည်။

ကိုယ်အပူချိန်ကို တစ်နေ့လျင် ၂ ကြိမ်တိုင်းပြီး ဆေးရုံအင်ထရာနက် (Intranet) မှတဆင့် နေ့စဉ်  သတင်းပို့ပေးရသည်။

ယင်းသို့ပြုလုပ်နိုင်ရန် ၀န်ထမ်းတိုင်းကို ကိုယ်အပူချိန်တိုင်း သာမိုမီတာ ၁ ခုစီ ကြိုပေးထားသည်။

နေထိုင်မကောင်းဖြစ်က သို့မဟုတ် ကိုယ်အပူချိန် ၃၈ ဒီဂရီဝန်းကျင်ရှိပါက ဆေးရုံသို့ လုံးဝမလာရ ပေ။ ဆရာဝန်ဆေးလက်မှတ်ဖြင့် ဆေးခွင့် (Medical Leave) ယူကြရမည်။

မိမိ၏ကိုယ်အပူချိန်ကို စစ်ဆေးကြည့်နေသည့်အနေဖြင့် အလုပ်ပိတ်ရက်များတွင်လည်း တိုင်းတာ ရန်လိုအပ်သော်လည်း ဆေးရုံသို့သတင်းပို့ရန်မလိုအပ်ပေ။










Sunday, February 9, 2020

လမင်းသာစွ တပို့ တွဲလပြည့်ည


မနေ့ည (၁) နာရီကျော်လောက်က
အိပ်ရာမ၀င်ခင်လေးမှာ
ဧည့်ခန်းဝရန်တာတခါးပိတ်တော့
ကောင်းကင်မှာ
လမင်းကြီးထိန်ထိန်သာနေတာကို
အမှတ်မထင် တွေ့ လိုက်ရပါတယ်။

ဒါနဲ့ အိမ်ရှေ့ ဘက်ကမီးတွေအားလုံးကို
အမှောင်ချပြီး
ဝရန်တာက ပန်းခြံလေးထဲကနေ
ဓာတ်ပုံလေးတစ်ပုံ ရိုက်ခဲ့ပါတယ်။

စိုက်ထားတဲ့ ၀ါးရုံပင်က
အခက်အရွက်လေးတွေဟာ
လရောင်အောက်မှာ
အိပ်မောကျလို့နေကြလေရဲ့ ။





အမှောင်ကင်းတဲ့
လောကသည်
အရာအားလုံးနဲ့အတူ
သာယာလှပလို့နေပါတယ်။





Saturday, February 8, 2020

သန့်မြင့်ဦး၏စာအုပ်အသစ်



ယနေ့မနက်ခင်းက မိမိနှင့်ဇနီးတို့သည် ဘွန်လေးဘူတာအနီးရှိ ဂျူရောင်းပွိုင့် (Jurong Point) ကုန်တိုက်ကြီးသို့  ဈေးဝယ်သွားခဲ့ကြသည်။

မိမိတို့ တစ်ပတ်တစ်ခါဈေးဝယ်နေကျ အဲင်တီယူးစီ (NTUC) ဆိုင်သို့ရောက်သောအခါ အခါတိုင်းနေ့များကဲ့သို့ ဈေးဝယ်သူများ ကြိတ်ကြိတ်တိုးနေသည်ကို မတွေ့ ရပါချေ။

ခြောက်ကပ်ကပ်ကြီးဖြစ်နေသလို ခံစားမိလိုက်သည်။

သို့သော် ဆိုင်အတွင်းက လက်တွန်းလှည်းများထားသည့်နေရာမှာတော့ လှည်းတစ်စီးမှမတွေ့ရသည်မှာ ထူး ခြားလို့နေပါသည်။

လူတွေလည်း များများစားစားမတွေ့ ရပါဘဲလျက် လှည်းတွေက ဘယ်ဆီကိုရောက်ကုန်ကြပါလိမ့်ဟု ပဟေဠိဖြစ်ရပြန်ပါသည်။


          








သန့်မြင့်ဦးကို ကမ္ဘာ့ကုလသမဂ္ဂ 
အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း 
ဦးသန့်၏မြေးအဖြစ်သိရှိပြီး စိတ်ဝင်စား
ခဲ့သည်မှာကြာခဲ့ပြီဖြစ်သည်။      

သတင်းစာ ဂျာနယ်နှင့် စာစောင်များတွင် 
သူ့အကြောင်းကို မကြာခဏဖတ်ရသည်။









သူ့အကြောင်းစိတ်ဝင်စားမိသည်များတွင် စာရေးခြင်းနှင့်စာအုပ်ရေးသားပြုစုခြင်းတို့ကို မိမိ ပိုပြီးစိတ်ဝင်စားမိသည်အမှန်ဖြစ်သည်။

သို့တစေ သူ့စာအုပ်တစ်အုပ်တလေကိုမှ မိမိမဖတ်ဖူးခဲ့ပါချေ။
သူ့စာအုပ်များအကြောင်း ဝေဖန်ချက်အချို့ ကိုမူ ဖတ်ဖူးခဲ့ပါသည်။

  


မိမိသိရသ သူသည် စာအုပ် (၅) အုပ်ကို ရေးသားထုတ်ဝေပြီးဖြစ်သည်။

၁။ The Hidden History of Burma: Race, Capitalism, and the Crisis of Democracy in the 21st Century (November 2019)
၂။ Where China Meets India: Burma and the New Crossroads of Asia (2018)
၃။ The River of Lost Footsteps: A Personal History of Burma (2008)
၎။ The UN Secretariat: A Brief History (2007)
၅။ The Making of Modern Burma (2001)


မြန်မာသမိုင်းပညာရှင် (Burmese historian) ဖြစ်သည့်အားလျှော်စွာ သမိုင်းအခြေခံအတွေးအမြင်နှင့်သုံးသပ်ဆန်းစစ်မှုစာအုပ်များ အရေးများလေသည်။




















Thursday, February 6, 2020

ကမ ၻာ့အေၾကာအဆစ္ကုပညာရပ္ညီလာခံ ဂ်နီဗာခရီး (WCPT Congress 2019) - ၁၉



ဒဗလျှူအိုင်ပီအို ခြေကျိုးကုလားထိုင်နှင့်ကုလသမဂ္ဂဥရောပရုံးချုပ်



                               ပန်းခြံထဲမှမြင်နေရသော ဒဗလျှူအိုင်ပီအို (WIPO) အဆောက်အဦကြီး


ကိုတင်လှိုင်စိုးနှင့်မိမိတို့သည် ဟိုတယ်ဝန်ထမ်းလမ်းညွှန်လိုက်သည့်အတိုင်း အမှတ် ၅ ဘတ်(စ)ကားစီးးလာကာ ဒဗလျှူအိုင်ပီအို (WIPO) အဆောက်အဦကြီးအလွန်နားက နေးရှင်း(စ) (Nations) မှတ်တိုင်တွင် ဘတ် (စ)ကားပေါ်မှဆင်းကြပါသည်။

မှတ်တိုင်ကနေ အနောက်ဘက်ကိုအနည်းငယ်မျှပြန်လျှောက်သောအခါ လူနှစ်ရပ်ခန့်အမြင့်ရှိသော အပင်လေးများစီတန်းစိုက်ထားသောပန်းခြံလေးကိုရောက်သွားသည်။

ပန်းခြံသည် ဒဗလျှူအိုင်ပီအိုအဆောက်အဦကြီးနှင့် ကားလမ်းတစ်ခုသာခြားသဖြင့် ခန့်ငြားလှပပြီး မြင့်မြင့်မားမားရှိသော ကြယ်ပြာရောင်ယင်းအဆောက်အဦကြီးကိုနောက်ခံထားလျက် ဓာတ်ပုံများရိုက်ကြသည်။

ပန်းခြံတစ်နေရာတွင် ရှေးခေတ်ကအမြောက်ဟောင်းတစ်လက်ရှိသဖြင့် အမြောက်ကြီးနှင့်လည်း အမှတ်တရဓာတ်ပုံရိုက်ခဲ့သေး၏။

ဒဗလျှူအိုင်ပီအိုအဆောက်အဦကြီးသည် အမေရိကန်နိုင်ငံ နယူးယောက်မြို့ ရှိကုလသမဂ္ဂရုံးချုပ်အဆောက်အဦကြီးနှင့်ဆင်တူသည်ဟုထင်မိပါသည်။ 

ကွာခြားသည်မှာ ကုလသမဂ္ဂရုံးချုပ်အဆောက်အဦကြီး၏မျက်နှာစာက ပြန့်ပြန့်ပြူးပြူးရှိပြီး ဒဗလျှူအိုင်ပီအိုအဆောက်အဦကြီး၏မျက်နှာစာက အတွင်းသို့ဟိုက်ဝင်ညွှတ်ကွေးနေပုံဖြစ်သည်။

ဤနေရာတစ်ဝိုက်တွင် ကမ္ဘာ့အဖွဲ့ အစည်းကြီးများဖြစ်ကြသော ယူနီဆက် (Unicef)၊ ဒဗလျှူအိပ်ခ်ျအို (WHO) ၊ဒဗလျှူတီအို (WTO)၊  ကြက်ခြေနီ (Red Cross) တို့၏ရုံးချုပ်များ (Headquarters) ရှိကြသဖြင့် ဂျနီဗာမြို့ ၏အပြည်ပြည်ဆိုင်ရာ အချက်အချာကျသောနေရာ (International district) တစ်ခုဖြစ်လေသည်။

ပန်းခြံထဲတွင်ဓာတ်ပုံရိုက်ပြီးသောအခါ Avenue de France လမ်းမကြီးကိုဖြတ်ကူးလိုက်သည်နှင့်ခြေကျိုးကု လားထိုင်ရုပ်တုကြီးကိုတွေ့ ရသည်။


 ခြေတစ်ချောင်းကျိုးကုလားထိုင် (Broken Chair)


  ခြေတစ်ချောင်းကျိုးကုလားထိုင် 


ခြေကျိုးကုလားထိုင်ရုပ်တုကြီးကို မသန်စွမ်းမှုဆိုင်ရာ ကမ္ဘာ့ NGO အဖွဲ့ အစည်းတစ်ခုဖြစ်သော Handicap International အတွက်  အလေးချိန် ၅ ဒသမ ၅ တန်ရှိသောသစ်သားများဖြင့် ၁၉၉၇ ခုနှစ်က Place des Nations ရင်ပြင်အတွင်းတွင် ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။

အမြင့်အားဖြင့် ၃၉.၃၇ ပေ (၁၂ မီတာ) ရှိပြီး ထင်ရှားသောအနုပညာလက်ရာတစ်ခုဖြစ်သည်။

ခြေထောက်တစ်ချောင်းကျိုးနေခြင်းသည် နင်းမိုင်းကြောင့်ခြေပြတ် လက်ပြတ် သေဆုံးကြရသူများ (victims of landmines) ကို သတိတရရှိနေကြစေရန်နှင့် နင်းမိုင်းအန္တရာယ်မှတားဆီးပေးအောင် (ban on landmines) မိမိတို့၏အစိုးရများကို ပြည်သူများက တိုက်တွန်းကြရန်ရည်ရွယ်ကြောင်းသိရပါသည်။

မိမိတို့နှစ်ယောက်သည် ဤကုလားထိုင်ကြီးနှင့်လည်း အမှတ်တရဓာတ်ပုံများ ရိုက်ခဲ့ကြပါသေး၏။ 

တခြားသောခရီးသွားဧည့်သည်များလည်း တစ်ယောက်စ နှစ်ယောက်စဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ တပျော်တပါးနေရာယူကာ ရိုက်လျက်ရှိနေကြသည်။

တစ်နေ့က သီတဂူဆရာတော်ဘုရားကြီး အရှင်ဉာဏိဿရ၏ ‘မျက်မှောက်လောကအပေါ် သုံးသပ်ချက်’ တရား တော်တွင် ခြေထောက်တစ်ချောင်းကျိုးကုလားထိုင်အကြောင်းထည့်သွင်းဟောကြားသွားသည်ကို ကြားနာလိုက်ရပါသည်။ 

ဆရာတော်ဘုရားကြီးသည် အမေရိကန်နိုင်ငံ နယူးယောက်မြို့ ရှိ ကုလသမဂ္ဂရုံးချုပ်အဆောက်အဦကြီးကိုရောက်ခဲ့စဉ်က ရုံးချုပ်အဆောက်အဦရှေ့ ရှိ ကားများကွေ့ ပတ်မောင်းရသည့်မြက်ခင်းပြင်အ၀ိုင်းကြီး၏တိုင်မှာ ယင်းကုလားထိုင်မျိုးတစ်ခု ချိပ်ဆွဲထားသည်ကို တွေ့ ခဲ့ရသည်ဟု မိန့်တော်မူပါသည်။

ထိုခြေတစ်ချောင်းကျိုးကုလားထိုင်ကြီး၏မျက်နှာမူရာဘက်တွင် ကမ္ဘာ့နိုင်ငံအသီးသီး၏အလံများကို တလူလူလွှင့်ထူထားသော Place des des Nations ခေါ် 'နိုင်ငံများနန်းတော်'အဆောက်အဦကိုတွေ့ ရသည်။




နိုင်ငံများနန်းတော် (Place des des Nations)

















    လမ်းဘက်ကတွေ့ မြင်ရသော'နိုင်ငံများနန်းတော်' 








မိမိနှင့်ကိုတင်လှိုင်စိုးတို့သည် အချိန်မရသဖြင့် နိုင်ငံများနန်းတော်အတွင်းသို့ သွားရောက်လည်ပတ်ကြည့်ရှုလေ့လာနိုင်ခြင်းမရှိခဲ့ပေ။







Saturday, February 1, 2020

လမ်းမှာတွေ့ ခဲ့ရသော လူတစ်ယောက်



မိမိအလုပ်သွားသည့်နံနက်တိုင်းလိုလိုမှာ ဆေးရုံဝင်းအတွင်းလမ်းတစ်နေရာတွင် လူတစ်ယောက်ကို မှတ်မှတ်သားသားကြီး သတိပြုနေခဲ့မိပါသည်။

အသက်မှာ ၅၀ ကျော်လေးခန့်ရှိလိမ့်မည်ဟု ခန့်မှန်းရသည်။






ထိုလူသည် လူသွားကွန်ကရစ်လမ်းပေါ်တွင် ခြေလှမ်းများကို ခပ်စိပ်စိပ်နှင့်ခပ်မြန်မြန်လေး ဒရွတ်တိုက်ဆွဲကာ လျှောက်နေတတ်သည်။

လမ်းလျှောက်သောအခါမှာတွေ့ ရတတ်သော သဘာဝအတိုင်းလက်များလွှဲရမ်းခြင်း (arm swing) ကိုလည်း မတွေ့ ရပေ။

လူတို့၏ပုံမှန်ခြေတစ်လှမ်းစာကို ၃ လှမ်း ၄ လှမ်းစသဖြင့် ခပ်စိပ်စိပ်လေးပွတ်ဆွဲလျှောက်နေရသဖြင့် လိုအပ်သည့်အင်အားထက် များစွာပိုမိုသုံးစွဲနေရသည်။

သုံး လေး ငါးဆအထိ။ မတန်တဆပင်။

သို့အတွက် ပင်ပန်းလွယ်သည်။ နွမ်းလျလွယ်သည်။

သူ့ ခန္ဓာကိုယ်မှာ မ၀သဖြင့်တော်ပေသေးတော့၏။  

ဆေးပညာအရ ရှပ်တိုက်လျှောက်ခြင်း (shuffling gait) ဟုခေါ်ဝေါ်လေ့ရှိပါသည်။

ထိုကြောင့် နံနက်ခင်းစောစောတွင်ပင် သူ့တစ်ကိုယ်လုံး (အထူးသဖြင့်ကျောတပြင်လုံး) မှာ ချွေးများရွဲနစ်နေသည်ကို တွေ့မြင်ရသည်။

သူ့ကိုကြည့်ရသည်မှာ လမ်းလျှောက်ပုံချွတ်ယွင်းသည်မှလွဲလျှင် ကျန်းမာပုံရသည်။

မည်သည့်လက်ကိုင်အထောက်အကူပစ္စည်းမှ မသုံးရဘဲ သွားလာနိုင်သည်။  

ဆေးရုံကိုနေ့စဉ်လာပြီး အလုပ်လုပ်နေသည်ဟုခန့်မှန်းကြည့်မိသည်။

ယခုကဲ့သို့သော သွားလာမှုခက်ခဲသော်လည်း သူ့အားသူကိုးလျက် ကြိုးစားပမ်းစားသွားလာနေသောသူ့ကို တွေ့ မြင်ရသည့်နေ့ကစပြီး ချီးကျူးလေးစားမိပါသည်။


လမ်းလျှောက်ပုံဟန်ပန်ချွတ်ယွင်းခြင်း

ပုံမှန်လမ်းလျှောက်ပုံလမ်းလျှောက်နည်းအတိုင်းမဟုတ်ဘဲ လမ်းလျှောက်ပုံဟန်ပန်ချို့ ယွင်းခြင်း (gait 
abnormality) ဖြစ်နေသောလူနာများကို မိမိတို့အကြောအဆစ်ကုပညာရှင် (physiotherapist) များ မကြာခဏတွေ့ ရတတ်သည်။ ကုသပေးနေကြရသည်။

လမ်းလျှောက်ပုံချို့ ယွင်းခြင်းကို အများစုက ခြေထောက်မကောင်းသောကြောင့်သာဟု အပေါ်ယံအားဖြင့်ထင်ထားတတ်ကြသည်။

ဆေးပညာရှင်များကမူ ယင်းသို့ဖြစ်ရခြင်းတွင် အကြောင်းပေါင်းများစွာရှိကြောင်းသိထားကြသည်။ 

အကျဉ်းချုပ်ဆိုရသော် ဦးနှောက် အာရုံကြောစနစ် (nervous system) နှင့် အရိုးအကြောကြွက်သားစနစ် (musculoskeletal system) တို့ကြောင့်ဖြစ်နိုင်လေသည်။

မိမိ ယခုအလုပ်လုပ်နေသည့်ဆေးရုံရှိအသက်ကြီးလူနာအချို့ ၌ လမ်းလျှောက်ပုံချို့ ယွင်းခြင်းရှိသဖြင့် အကြောအဆစ်ကုဌာန (Physiotherapy Department) သို့လွှဲပေးလေ့ရှိသည်။ 

ယင်းသက်ကြီးလူနာများအထဲတွင် ဒီမဲန်ရှား (dementia)ခေါ်မှတ်ဥာဏ်နှင့်တွေးတောစဉ်စားနိုင်စွမ်းလျှော့နည်းကျဆင်းကြသူများလည်း ပါရှိကြသည်။

ဒီမဲန်ရှားကို မြန်မာလို 'သူငယ်ပြန်ရောဂါ'ဟု ခေါ်ပြီး ဦးနှောက်အတွင်းရှိ အာရုံကြောဆဲလ်များချို့ ယွင်းပျက်စီးကာ သက်ဆိုင်ရာလုပ်ငန်းများ မူမမှန်သို့မဟုတ် မဆောင်ရွက်နိုင်သဖြင့် တွေးခေါ်မှု၊ မှတ်ဥာဏ်နှင့် ပေါင်းသင်းဆက်ဆံရေးပြောင်းလဲလာမှုဖြစ်ကြောင်း အနက်ဖွင့်ဆိုထားသည်ကိုတွေ့ ရသည်။

လမ်းလျှောက်ပုံချို့ ယွင်းခြင်းကို ထည့်သွင်းဖော်ပြထားမှုမရှိပါချေ။

သို့တစေ 'သူငယ်ပြန်ရောဂါ'ရှင်များတွင် လမ်းလျှောက်ပုံချို့ ယွင်းခြင်းသည်အဖြစ်များတတ်ကြောင်းကို သတိပြုသင့်လေသည်။

အဘယ်ကြောင့်ဆိုသော် ယင်းသည် အသက်အရွယ်အိုမင်းလာခြင်း၏ဇီဝက္မဖြစ်စဉ် (physiological aging process) ဆိုင်ရာ တစ်စိတ်တဒေသဖြစ်သဖြင့်ဖြစ်ရပါသည်။ 

သို့ဖြစ်ရာ သူငယ်ပြန်ရောဂါ ရှိသည်ဖြစ်စေ မရှိသည်ဘဲဖြစ်စေ အသက်အရွယ်အိုမင်းသူ ၃၀% တို့သည် လမ်းလျှောက်ပုံချို့ ယွင်းခြင်းကြုံတွေ့ ခံစားရတတ်ကြကြောင်းကို သုတေသနလေ့လာမှုများအရ သိရှိပြီးဖြစ်သည်။











Monday, January 27, 2020

ကမ ၻာ့အေၾကာအဆစ္ကုပညာရပ္ညီလာခံ ဂ်နီဗာခရီး (WCPT Congress 2019) - ၁၈



ခရီးသွားတို့လည်ပတ်ရာ မွန်ဘလော့တောင်

 မွန်ဘလော့တောင်ထိပ်


မွန်ဘလော့တံတားကြီး၏အမည်သည် ဥရောပတိုက်မှ ကမ္ဘာကျော်အယ့်(ပ)(စ)တောင်တန်းကြီး (Alps Mountain Range) ရှိ အမြင့်ဆုံးတောင်ဖြစ်သော မွန်ဘလော့တောင် (Mont Blanc Mountain) ကိုအစွဲပြုလျက် မှည့်ခေါ်ထားခြင်း ဖြစ်သည်။ 

ပင်လယ်ရေပြင်အထက် ၄၈၀၈ မီတာ (၁၅,၇၇၄ ပေ) အမြင့်ရှိလေသည်။




မွန်ဘလော့တောင်သည် ဆွစ်ဇာလန်၊ 
ပြင်သစ်နှင့်အီတလီ ၃ နိုင်ငံ၏နယ်စပ်
များကို ဖြန့်ကြက်အုပ်မိုးထား၏။

ထိုကြောင့် မွန်ဘလော့တောင်ကိုဥရော
ပတိုက်၏အမိုး (Roof of Europe) ဟု 
တင်စားခေါ်ဝေါ်လေ့ရှိသည်ဆို၏။

မိမိတို့သည် ညီလာခံခန်းမအတွင်းရှိ
ခရီးသွားလမ်းညွှန်ဌာနကိုသွားရောက်
စုံစမ်းတိုင်း မွန်ဘလော့တောင်အ
လည်အပတ်ခရီးကို အကျယ်တ၀င့်
ရှင်းပြပြီး တိုက်တွန်းလေ့ရှိပါသည်။


ခရီးသွားဌာနမှပြောပြသောမွန်ဘလော့အလည်အပတ်ခရီးမှာကောင်းမွန်သော်လည်း တစ်နေ့တာအချိန်ဖြုံးရန်လိုအပ်သဖြင့် မိမိတို့မသွားနိုင်ခဲ့ပေ။ ဂျနီဗာမှသွားမည်ဆိုက အနည်းဆုံး ၉ နာရီ ၊၁၀ နာရီကြာမည့်ခရီးဖြစ်နေသည်။ ပထမ ပြင်သစ်ဘက်နယ်စပ်ရှိ ရှားမိုညီ (Shamonix) တောင်ခြေအနားယူစခန်းသို့ ဘတ်(စ) ကား သို့မဟုတ် ရထားစီးသွားကြရမည်။ 
ထိုနေရာကနေမှ ကေဘယ်ကား (cable car) ဖြင့် တောင်ပေါ်ကို တက်ကြရဦးမည်။ 

ထိုကြောင့် မိမိနှင့်ကိုတင်လှိုင်စိုးတို့သည် နေ့တစ်ဝက် ဂျနီဗာမြို့ တွင်းအလည်အပတ်ခရီးအတွက် WCPT Congress ခန်းမအတွင်းရှိ ခရီးသွားလမ်းညွှန်ဌာနကို သွားရောက်စုံစမ်းခဲ့ကြ၏။

တဖန် သွားမည့်နေ့နေ့ခင်းကလည်း မိမိ၏ဟိုတယ်တွင်နေ့လည်စာစားပြီးနောက် ၀န်ထမ်းတစ်ဦးအား ထပ်မံမေးမြန်းခဲ့ကြသေးသည်။











မိမိတို့နှစ်ဦးသည် Geneva - Amazing Experiences ဆိုသည့် ခရီးသွားလမ်းညွှန်လက်ကမ်းစာစောင်လေးကို အားကိုးအားထားပြုလျက် ညီလာခံခန်းမအရှေ့ တွင်ရပ်သည့် အမှတ် ၅ ဘတ်(စ)ကားဖြင့် ဂျနီဗာမြို့ တွင်းအလည်အပတ်ခရီးကို စတင်လိုက်ကြတော့သည်။






Sunday, January 26, 2020

တရုတ်နှစ်သစ်ကူး ပိတ်ရက်ရှည်






အခုတပတ်က စင်ကာပူနိုင်ငံမှာ အလုပ် ၃ ရက်ခွဲဆက်တိုက်ပိတ်ပါတယ်။

သောကြာနေ့က တရုတ်နှစ်သစ်ကူးအကြိုနေ့ဖြစ်လို့ နေ့တစ်ဝက်။

စနေ၊ တနင်္ဂနွေနဲ့ တနင်္လာနေ့တွေက တရုတ်နှစ်သစ်ကူးနေ့တွေဖြစ်လို့ ပိတ်ရက် ၃ ရက်။

မိမိအဖို့က စနေနေ့မှာအလုပ်မလုပ်ရတာကြောင့် ထူးခြားမှုမရှိပါဘူး။
နေ့တစ်ဝက်လုပ်ရတဲ့သူတွေပဲ ရကြတာရယ်ပါ။

ဘာပဲပြောပြော ၃ ရက်ခွဲ ဆက်တိုက်အနားရခဲ့ပါတယ်။

ဒါကြောင့် သောကြာနေ့ နေ့တစ်ဝက်အလုပ်ပြီးတဲ့အခါ ဇနီးနဲ့အတူ မြန်မာရွာကြီးဖြစ်တဲ့ ပင်နင်ဇူးလားကုန်တိုက်ကြီးကိုသွားပြီး လက်ဆောင်ပစ္စည်းဝယ်ရင်း အင်းလေးစားသောက်ဆိုင်မှာ နေ့လည်စာသွားကြတယ်။

အိမ်ရှင်က သူ့အကြိုက် ဆီချက်ခေါက်ဆွဲ။
မိမိက အင်းလေးထမင်းကျော်။ 
အင်းလေးထမင်းကျော်လို့ အမည်တပ်ပြီးပြောရတာက နောက်ထမင်းကျော်တစ်မျိုးရှိနေသေးလို့ပါ။





နောက်ပြီး အိမ်မှာကောင်းကောင်းအနားရသလို အစားကောငးတွေလဲစားဖြစ်ခဲ့ပါတယ်။

ထူးခြားတာက တရုတ်နှစ်သစ်ကူးကာလမှာ အိန္ဒိယနိုင်ငံသားလုပ်ဖော်ကိုင်ဘက် မိတ်ဆွေမိသားစုက မိမိတို့မိသားစုကို နေ့လည်စာဖိတ်ကျွေးတာဖြစ်ပါတယ်။


                          
                            ကြက်သားဆီပျံဟင်း                                အိန္ဒိယပေါ်ဆန်းမွှေးထမင်း


                                                                             ဒါး(လ)ပဲဟင်း




















Sunday, January 19, 2020

ကမ ၻာ့အေၾကာအဆစ္ကုပညာရပ္ညီလာခံ ဂ်နီဗာခရီး (WCPT Congress 2019) - ၁၇



World Confederation for Physical Therapy (WCPT) Congress 2019 - An unforgettable trip to Geneva (17)

Although WCPT Congress was a very busy congress, we managed to find time to visit one of the famous attractions in Geneva, namely 'Mont Blanc Bridge'. 



မြန္ဘေလာ့တံတားႀကီး (Mont Blanc Bridge) 


                                                                       မြန္ဘေလာ့တံတားႀကီး

   မွန်ဘလော့တံတားကြီးပေါ်မှာအမှတ်တရ





နံနက် ၈ နာရီခွဲကနေ ညနေ ၅ နာရီခွဲအထိ ညီလာခံထဲတွင်သာ တစ်နေ့လုံးအချိန်ကုန်နေရသဖြင့် ဂျနီဗာမြို့  ထဲသို့ လျှောက်လည်ရန်အချိန်မပေးနိုင်သလောက်ဖြစ်ခဲ့သည်။

သို့သော် တစ်နေ့မှာ ကိုတင်လှိုင်စိုး (အကြောအဆစ်ကုပညာရှင် ဦးတင်လှိုင်စိုး) က ပြောလာသည်။

ဆရာရေ နေ့ခင်းတစ်ရက်မှာ မြို့ ထဲသွားကြရအောင်ဗျာ။ နောက်တစ်ခေါက်ရောက်ဖို့ဆိုတာကလဲ မလွယ်ဘူး မဟုတ်လား။

မှန်ပါသည်။

ကိုတင်လှိုင်စိုးက မြန်မာနိုင်ငံအကြောအဆစ်ကုပညာရှင်အသင်း (Myanmar Physiotherapy Association - MPA) ၏ဥက္ကဋ္ဌအဖြစ် နိုင်ငံနှင့်အသင်းတို့အား ကိုယ်စားပြုပြီး ညီလာခံကိုလာတက်ရသဖြင့် ညီလာခံ၏အစည်းအဝေးများကိုလည်း တက်ရသေးသည်။

ညီလာခံမတိုင်မီ ရက်အနည်းငယ်စောပြီး ဂျနီဗာကိုလာခဲ့ရရှာသည်။

သို့နှင့် ညီလာခံအစီအစဉ်တွင်ပါရှိသော သုတေသနစာတမ်းများကို အသေးစိတ်လေ့လာကြသည်။

မည်သည့်ရက် မည်သည့်အချိန်တွေမှာ မိမိတို့အတွက် လက်မလွှတ်သင့်သော သုတေသနစာတမ်းများ(ဘာ သာရပ်များ) ရှိနေပြီး မည်သည့်ရက် မည်သည့်အချိန်တွေမှာတော့ မိမိတို့အဖို့ တကယ်တမ်းလက်တွေ့အသုံးမ၀င်သော(၀ါ) အလှမ်းကွာသော အဆင့်မြင့်ပညာရပ်ဆိုင်ရာစာတမ်းများရှိကြသနည်း အစရှိသဖြင့် ခေါင်းချင်းဆိုင်ဆွေးနွေးကြရသည်။

ထိုနောက်တွင် မိမိတို့အတွက်သင့်တော်သည့် နေ့ခင်းပိုင်းတစ်ခုကိုရွေးပြီး ယင်းအချိန်တွင် အပြင်သွားရန်နှစ်ယောက်သားဆုံးဖြတ်ခဲ့ကြသည်။

ဤသို့ဖြင့် တစ်နေ့ခင်းမှာ နေ့လည်စာစားပြီးသည်နှင့် ဂျနီဗာမြို့ ထဲသို့ အလည်ထွက်ဖြစ်ခဲ့ပါသည်။


ဥရောပနိုင်ငံများရှိ ထင်ရှားသောတံတားများတွင် တစ်ခုအပါအ၀င်ဖြစ်သည့် မွန်ဘလော့ တံတားကြီး(Mont Blanc Bridge) ကို သွားကြည့်ခဲ့သည်။ 




ယင်းတံတားသည် ဂျနီဗာမြို့ သစ်အပိုင်း (newer part of Geneva) နှင့်မြို့ အဟောင်းပိုင်း (older part of Geneva) တို့ကို ခွဲခြားထားသည့်သင်္ကေတဖြစ်သည်ဟုဆို၏။ 

ဂျနီဗာကန်ကြီးဖြင့် နှစ်ပိုင်းခွဲခြားထားသကဲ့သို့ဖြစ်နေသည့်မြို့ ကို အရှေ့ ဘက်ကမ်းနှင့်အနောက်ဘက်ကမ်း တို့အား တံတားကြီးက ဆက်သွယ်ပေါင်းကူးပေးထားသည်။

တံတား၏တစ်ဘက်တစ်ချက်တွင် အလံအမျိုးမျိုးတို့အား ခပ်စိတ်စိတ်လေးလွှင့်ထူထားကြသည်ကို တွေ့ရသည်။

တံတားပေါ်တွင် ပုံမှန်အားဖြင့် ကားများဒရစပ်ဖြတ်သွားလေ့ရှိသောကြောင့် လမ်းလျှောက်သွားကြသူတို့၏ ခြေထောက်များအောက်တွင် တုန်ခါမှုခံစားသိရှိနေရသည်ဆိုသော ယင်းတံတားကြီးပေါ်မှာ ဓာတ်ပုံများရိုက်ခဲ့ဖြစ်သည်။

သို့သော် မိမိတို့သွားသည့်နေ့ခင်းက ယူနီဆက် ဂျနီဗာမာရသွန်အပြေးပြိုင်ပွဲ (Harmony Geneva Marathon for Unicef) ကျင်းပနေသဖြင့် လမ်းပိတ်ဆို့မှုအချို့ ရှိသောကြောင့် ကားသွားလာမှုနည်းပါးလေသည်။ 

ယူနီဆက် ဂျနီဗာမာရသွန်ပြိုင်ပွဲဝင်အပြေးသမားများသည် တံတားကိုဖြတ်ပြီးသောအခါ  တစ်ဖက်ရှိရေပန်းဂျက်နေရာတွင် ပန်းဝင်ကြရသည်။

ထိုကြောင့် ထိုနေ့က အသက်အရွယ်မျိုးစုံပြိုင်ပွဲဝင်ကြသူများ၊ လာရာက်အားပေးကြသူများ၊ ပုံမှန်ခရီးသွားတို့ဖြင့် တံတားတ၀ိုက်တွင် အထူးစည်ကားလျက်ရှိနေသည်ကို မိမိတို့ တိုက်တိုက်ဆိုင်ဆိုင်ကြီး ကြုံတွေ့ခဲ့ရပါသည်။

မိမိတို့ရောက်သွားချိန်က လေအတော်လေးတိုက်လျက်ရှိရာ နေရောင်ဖြင့် ငွေရောင်တဖိတ် ဖိတ်တောက်နေသော လှိုင်းကြက်ခွပ်ထနေသည့်ကန်ရေပြင်က မျက်စိပသာဒရှိလှပေစွ။ 

နောက်တစ်ခုမှာ ဂျနီဗာကန်ကြီး (Geneva Lake) ရေပြင်ကြီးကို နောက်ခံတောင်များဖြင့် ပန်းချီကားတစ်ချပ်ပမာ ဤတံတားကြီးပေါ်မှ ကောင်းစွာမြင်တွေ့ရခြင်းဖြစ်သည်။ 

မောင့်ဘလော့တံတားကြီးပေါ်မှတွေ့မြင်ရသည့် ကန်ရေပြင်နှင့်မိုးကောင်းကင်တို့၏နေ၀င် ချိန်ဆည်းဆာအလှမှာ ရင်သတ်ရှုမောစရာဟု ပြောစမတ်ပြုထားကြသည်။

တံတားကိုဖြတ်လိုက်သည်နှင့် ကန်ရေပြင်ထဲရှိ ရေပန်းဂျက် (Jet Fountain-Jet d’Eau) ကို အနီးကပ်တွေ့ရသည်။ ကမ္ဘာ့အမြင့်ဆုံးရေပန်းဂျက်ဖြစ်သည်။  

         
        


တစ်စက္ကန့်တိုင်းမှာ ရေကုဗမီတာတစ်ဝက်ခန့်ကို ၁၄၀ မီတာအမြင့်သို့ ပန်းထွက်ပေးလျက်ရှိသည်။ 

မိမိတို့က နေ့ခင်းမှာရောက်သွားသဖြင့် သဘာဝအဖြူရောင်ရေပန်းရေမွှားများကို သာတွေ့ခဲ့ရသည်။ 

ညအခါတွင်မူ မီးထွန်းထားပေးထားသဖြင့် တစ်မျိုးတဘာသာလှပပေလိမ့်မည်။ 

တံတား၏သည်မှာဘက်တွင် စားသောက်ဆိုင်များ၊ အိုက်စကရင်ဆိုင်များနှင့် ချောကလက် ဆိုင်များစွာကို မြင်တွေ့ရလေသည်။