"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။
Saturday, April 18, 2020
မြန်မာနှစ်သစ်ကူး နှစ်ဆန်း ၁ ရက်နေ့ (၁)
                                 ဆရာတော်ကြီးများက ရတနသုတ်ပရိတ်တရားတော်ကို ရွတ်ဖတ်နေကြစဉ်။
ယခု ဤစာကိုရေးနေချိန်မှာ မိမိနေထိုင်ရာ စင်ကာပူနိုင်ငံတွင် ဧပြီလ ၁၈ ရက် စနေနေ့ နံနက် ၁ နာရီနှင့် ၁၅ မိနစ် aရှိနေပြီဖြစ်သည်။
သို့သော် မိမိ၏မွေးဇာတိဖြစ်သည့် အမိမြန်မာနိုင်ငံတွင် မြန်မာက္ကရာဇ် ၁၃၈၂ ခုနှစ် နှစ်ဆန်း ၁ ရက်သောကြာနေ့ညပင် ရှိနေပါသေးသည်။
အင်္ဂလိပ်က္ကရာဇ်အရ ၂၀၂၀ ခုနှစ် ဧပြီလ ၁၇ ရက်နေ့ဖြစ်သည်။   
မြန်မာနှစ်ဆန်း ၁ ရက်နေ့ကား မကုန်လွန်သေး။
သို့ဖြစ်ပေရာ မိမိအနေဖြင့် မြန်မာနိုင်ငံ၏ပြင်ပသို့ရောက်ရှိနေငြားသော်လည်း မြန်မာနှစ်ဆန်းတစ်ရက်နေ့ကို အမှတ်တရအဖြစ် ခံစားရေးဖြစ်နေသည်။ 
ဇနီးဖြစ်သူ တရားနာနေလျက်။
နှစ်ဆန်းတစ်ရက်နေ့သည် မိမိတို့မြန်မာလူမျိုးများအားလုံး အစဉ်အမြဲ အမြတ်တနိုးအလေးအမြတ်ထားကြသည့် မင်္ဂလာအခါတော်နေ့ထူးနေ့မြတ်ကြီးဖြစ်သည်။
ဤနေ့တွင် ရှေးအစဉ်အလာရှိခဲ့သည့်အတိုင်း ရတနာသုံးပါးနှင့်တကွ သမ္မာဒေ၀နတ်အပေါင်းတို့အား လှူဖွယ်ဝတ္တုပစ္စည်းအမျိုးမျိုး ကပ်လှူပူဇော်ကြသည်။   
ရတနာသုံးပါးဟုဆိုရာတွင် လောကီရတနာနှင့်လောကုတ္တရာရတနာဟု နှစ်မျိုးရှိလေရာဤနေရာတွင် ဒုတိ ယအမျိုးအစားဖြစ်သော လောကုတ္တရာရတနာကိုသာ ရည်ရွယ်ပါသည်။
လောကုတ္တရာရတနာသုံးပါးကား၊
၁) ဘုရားရတနာ
၂) တရားရတနာ
၃) သံဃာရတနာ တို့ဖြစ်ကြ၏။
လောကီရတနာများထက် လောကုတ္တရာရတနာများက အကောင်းဆုံးနှင့်အမြင့်ဆုံးဖြစ်ရုံမက အမြတ်ဆုံးလည်းဖြစ်ကြလေသည်။  
အမြိမန်မာပြည်နှင့်ဝေးနေပင်ဝေးနေငြားသော်လည်း မိမိတို့သည် မြန်မာနှစ်သစ်ကူးနေ့ဖြစ်သော နှစ်ဆန်း ၁ ရက်နေ့ကိုရောက်တိုင်း ရှင်တော်မြတ်ဘုရားအား ရှိခိုးပူဇော်ခြင်းနှင့် သံဃာများဟောကြားသည့်တရားတော်များကို နာကြားခြင်းများ နှစ်စဉ်နှစ်တိုင်း ၀တ်မပျက်ပြုလုပ်ကြပါသည်။ 
ယခုနှစ်တွင် မိမိတို့ဇနီးမောင်နှံသည် မြန်မာရုပ်သံအစီအစဉ်များကို တီဗွီမှာ နေ့စဉ်ကြည့်ဖြစ်နေသဖြင့် နှစ်ဆန်း ၁ ရက်နေ့တွင် မြန်မာ့ရုပ်မြင်သံကြား MRTV နှင့် မြန်မာ့အသံရေဒီယိုအစီအစဉ်တို့မှ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများက အန္တရာယ်ကင်း ပရိတ်တရားတော်ကို ထုတ်လွှင့်ပေးမည့်အကြောင်းကို ကြိုတင်သိထားကြသည်။  
ထုတ်လွှင့်မည့်အချိန်မှာလည်း မိမိ နေ့တစ်ဝက်အလုပ်မှပြန်လာပြီးချိန်နှင့်အဆင်ပြေသဖြင့် မိမိတို့အိမ်မှာပင် အတူတကွနာကြားနိုင်ခဲ့ပါသည်။ 
ယခင်အခါကမူ မြန်မာပြည်မှတိုက်ရိုက်ထုတ်လွှင့်သည့်တရားတော်များကို ကွန်ပြူတာလေးဖြင့်သာ ကြားနာခဲ့ရသည်။ 
အသက်ကြီးသူများဖြစ်ကြသဖြင့် တီဗွီမှာဆိုတော့ ရုပ်ပုံများနှင့်စာများကို ကြီးကြီးတွေ့ မြင်ဖတ်ရှုနိုင်သည်။
          ဘုရားစဉ်ကိုအသပ္ပာယ်ဆုံးပြင်ဆင်ကြည်ညိုပူဇော်ခြင်း
                                             အိမ်မှာရှိသောဆင်းတုတော်များကို ရေသွန်းလောင်းသန့်စင်ပူဇော်ခြင်း
သင်္ကြန်အဆို သင်္ကြန်အက နားထောင်မ၀ ကြည့်မဝ
ဟန်ချက်ညီညီယိမ်းအလှ  
ထားဝယ်ရိုးရာရေအိုးရွက်အက
                                                  နှစ်ဆန်း ၁ ရက်နေ့ မကုန်ဆုံးခင်အချိန်လေးမှာ ...
ဆက်ရေးပါဦးမည်။
Saturday, April 11, 2020
ခြောက်သွေ့ သွေ့  စင်ကာပူ
                                                         လူရှင်းနေသော WestGate Mall (ဂျူရောင်းအိစ်) 
ပြီးခဲ့သောအပတ်တနင်္လာနေ့က အလုပ်ကိုသွားတော့ ဆေးရုံအ၀င်လမ်းမှာ ၀န်ထမ်းတွေအသွားအလာရှင်း နေတာတွေ့ ခဲ့ရသည်။
ထိုနေ့ နေ့ခင်း ၂ နာရီက စီအီအို (CEO) နှင့် ဌာနမှူးများ (Heads of Department-HODs) အစည်းအဝေးရှိခဲ့သည်။
ယင်းအစည်းအဝေးဆုံးဖြတ်ချက်အရ ဆေးရုံတွင် လူကိုယ်တိုင်မရှိမဖြစ်ရှိနေရန်မလိုသောအလုပ်ဌာနများ (Non-essential workplaces) မှဝန်ထမ်းများအနေဖြင့် အိမ်ကနေအလုပ်လုပ်ကြရမည်ဖြစ်ကြောင်း သိရသည်။
မိမိ ဆေးရုံမှတ်တိုင်ကိုရောက်ပြီး ဘတ်စ်ကားပေါ်ကဆင်းလိုက်သည့်အခါ ဆေးရုံအ၀င်လမ်းတလျှောက်တွင် အခါတိုင်းနှင့်မတူပဲ လူရှင်းလွန်းနေသဖြင့် ကိုယ့်မျက်စေ့ကိုပင်ကိုယ် မယုံကြည်နိုင်အောင်ဖြစ်မိပါသည်။
ဘတ်စ်ကားမှတ်တိုင်မှ ဆေးရုံအ၀င်ပေါက်သို့သွားသည့်လမ်းတွင်လည်းကောင်း၊ ဆေးရုံအရှေ့ ဘက်က မီးပွိုင့်လမ်းဆုံတွင်လည်းကောင်း၊ တစ်ခါ ဆေးရုံအ၀င်ပေါက်မှဆေးရုံအဆောက်အဦများဆီသို့သွားရာလမ်းများတွင်လည်းကောင်း လူများ မယုံနိုင်လောက်အောင်ပင် နည်းပါးလျက်ရှိသည်ကိုတွေ့ရသဖြင့် 'ဒီလောက် တောင်အထိများလား' ဟု ကိုယ့်ကိုယ်ကိုမေးမိသေးသည်။
ယခင်ကနှင့်ထူးထူးခြားခြားကြီး မတူပဲမြင်နေရသောမြင်ကွင်းကြောင့် စိတ်ထဲမှာ ခြောက်ခြားသလိုပင် ခံစားမိသည်။
ဆေးရုံဝင်းထဲကအဆောက်အဦများအတွင်းကိုရောက်တော့လည်း ယခင်ကလို လူအများ ဥဒဟိုသွားလာနေ ကြသည်ကို မတွေ့ ရပေ။
နေ့ ခင်းအလုပ်မှအပြန် ဘတ်စ်ကားမှတ်တိုင်တွင်လည်း လူများများစားစား မတွေ့ မြင်ရ။
မိမိအပါအ၀င် လူ တစ်ဦး နှစ်ဦးသာရှိသည်။
ကျောင်းများမပိတ်ခင် တနင်္လာနေ့နှင့်အင်္ဂါ ၂ ရက်မှာ အပြန်ဘတ်စ်ကားပေါ်တွင် ကျောင်းသူကျောင်းသားများကိုတွေ့လိုက်ရပြီး ယခုအခါ ဘတ်စ်ကားနှင့်ရထားများမှာ ခရီးသွားတွေ ရှင်းကုန်ကြတော့သည်။
တစ်နေ့ အလုပ်ကအပြန် ဂျူရောင်းအိစ်ဘူတာက WestGate ကုန်တိုက်ကြီးမှာ အိမ်အတွက်နေ့လည်စာဝင် ၀ယ်ပါသည်။
ဘူတာကနေ ကုန်တိုက်အတွင်းသို့ဝင်လိုက်သောအခါ အခါတိုင်းလို လူများနှင့်စည်စည်ကားကားမရှိပဲ လူသူရှင်းကာ ခြောက်သွေ့ သွေ့ ရှိသည်ကိုမြင်ရပြီး စိတ်ထဲမှာ တမျိုးတမည်ခံစားမိသေး၏။
                       ဘူတာဘက်မှ WestGate Mall သို့အ၀င်
ဆိုင်အတော်များများ ပိတ်ထားကြသည်။
ဖွင့်ထားသည့်ဆိုင်များမှာလည်း ဈေးဝယ်သူ မရှိသလောက်ပင်ဖြစ်သည်။
နေ့လည်စာဝယ်ရန် မြေအောက်ထပ်ရှိ စားသောက်ဆိုင်များသို့ဆင်းသွားသောအခါ ဆိုင်တွင်ထိုင်စားနေကြသူ တစ်ဦးတယောက်မှမတွေ့ ရ။ ဥပဒေဖြင့်တားမြစ်ထားသောကြောင့်ဖြစ်သည်။
ထိုင်ခုံအားလုံး ထပ်လျက်သိမ်းထားသည်ကိုတွေ့ ရသည်။
ရွေ့ မရသည့်ထိုင်ခုံများကို လူ မထိုင်စေရန် အနီရောင် အ၀ါရောင်တိတ်ကြိုးပြားကြီးများဖြင့် ကြက်ခြေခတ်ကပ်ထားကြ၏။
မိမိ ထမင်းကြော်ဝယ်သောဆိုင်တွင် ဈေးရောင်းသူက ဘောလ်ပင်တစ်ချောင်းနှင့် စာရင်းထိုင်လုပ်နေသည်။
ဈေးဝယ်သူ တစ်ဦးမှမရှိ။
ယခင် မိမိလာခဲ့စဉ်အခါများက ဆိုင်တွင် အနည်းဆုံး လူ ၃ ဦး လက်မလည်အောင်အလုပ်ရှုပ်နေတတ်သည်။
တစ်ဦးက ဈေးဝယ်သူမှာသည့်အစားအစာကို စာရွက်လေးမှာရေးပြီး ချက်ပြုတ်နေသူ ၂ ဦးကိုပေးသည်။
ချက်ပြုတ်သူ ၂ ဦးက ချက်ပြီးအစားအစာတို့ကို ကောင်တာထိုင်သူထံ လာပို့ပေးသည်။
ဝယ်ူများက တန်းစီပြီးစောင့်ကြရသည်။
ဆိုင်ရှေ့ ကကြမ်းပြင်ပေါ်တွင် ဈေးဝယ်များ တစ်ဦနှင့်တစ်ဦး ခွာပြီးရပ်ကြရန် အ၀ါရောင်တိတ်ကြိုးပြားကြီးများဖြင့် အမှတ်အသားစည်း တားပေးထားသည်။
                                                                              လူမရှိသလောက်ရှင်းနေသော WestGate  မှ စားသောက်ဆိုင်များ
ထိုင်ခုံအားလုံး သိမ်းထားသည်။
Sunday, April 5, 2020
ကမ ၻာ့အေၾကာအဆစ္ကုပညာရပ္ညီလာခံ ဂ်နီဗာခရီး (WCPT Congress 2019) - ၂၀
အကြောအဆစ်ကုပညာရပ်နှင့်ကင်ဆာရောဂါ
ပြီးခဲ့သောနှစ်ကုန်ပိုင်းလောက်ကဖြစ်သည်။
ကင်ဆာရောဂါကြောင့် ဆေးရုံမှာခွဲစိတ်ကုသမှုခံပြီး အိမ်ကိုပြန်ရောက်နေသောမိတ်ဆွေလူနာတစ်ဦးအား ဇနီးနှင့်အတူ လူမမာသွားမေးခဲ့သည်။
လူနာကအိပ်ရာပေါ်မှာလှဲနေပြီး စိတ်ဓာတ်ကျနေပုံရသည်။
သူ့ရောဂါအကြောင်းပြောပြရင်း တစ်ခါတခါမျက်ရည်များဝဲလာသည်ကို စိတ်မကောင်းစွာတွေ့ ခဲ့ရသည်။
သူ၏ဇနီးက ခင်ပွန်းဖြစ်သူ ရောဂါဖြစ်ကြောင်းစတင်သိခဲ့ရသည့်နေ့မှ စင်ကာပူကဆေးရုံတွင် ခွဲစိတ်ကုသမှုခံယူခဲ့ရသည်များကို ပြောပြပါသည်။
လူနာ၏ဇနီးဖြစ်သူသည် မိမိနှင့်ကျောင်းနေဖက် ငယ်သူငယ်ချင်းဖြစ်ခဲ့သလို ခင်ပွန်းဖြစ်သူမှာလည်း သူငယ်ချင်းနှင့်အကြောင်းပါချိန်မှစပြီး ရင်းရင်းနှီးနှီးရှိခဲ့သူဖြစ်သဖြင့် ဆေးကုသမှုကုန်ကျစရိတ်များအတွက် စင်ကာပူနိုင်ငံတွင် အလုပ်လုပ်လျက်ရှိနေကြသည့်သားသမီးများက မည်သို့ကူညီထောက်ပံ့ခဲ့ကြောင်းနှင့်ဂရုတစိုက်ရှိကြကြောင်းသိရသဖြင့် ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်မိပါသည်။
သူတို့ကလည်း မြန်မာပြည်တွင် သူတို့စုဆောင်းထားရှိသည့်များအခိုင်အမာပစ္စည်းအချို့ ကို သားသမီးတို့ အားပြန်လည်ဖြည့်ဆည်းပေးကြောင်းလည်းသိခဲ့ရသည်။
မိဖနှင့်သားသမီးတို့၏ အစုန်အဆန်ဖြည့်ဆည်းပေးမှုများအား ပီတိဖြစ်မိပါသည်။
မိတ်ဆွေ၏ပြောပြချက်အရ ခွဲစိတ်ကုဆရာဝန်ကြီးက ကင်ဆာဖြစ်နေသောအစိတ်အပိုင်းတို့ကို အတတ်နိုင်ဆုံးကုန်စင်အောင် ဖြတ်ထုတ်ဖယ်ရှားခဲ့ကြောင်း၊ ကျန်သည့်အပိုင်းကိုမူ အိမ်မှာနားနားနေနေနေလျက် ဆေးစားရင်း စောင့်ကြည့်ရမည်ဖြစ်ကြောင်း သိရသည်။
နေထိုင်ကောင်းစဉ်က ဦးနှောက်ကော ကိုယ်ခန္ဓာပါ အနားယူလေ့မရှိတတ်သောမိတ်ဆွေသည် ယခုအခါ အိပ်ရာပေါ်တွင်သာ တစ်ချိန်လုံးလှဲလျောင်းနေရရှာသည်။ 
သူသည် ငယ်စဉ်ကတည်း စာဖတ်ဝါသနာပါသည့်အလျောက် စာများအမြဲဖတ်လေ့ရှိသလို စာများလည်းရေးခဲ့သည်။
ကင်ဆာဝေဒနာရှင်များအား အကြောအဆစ်ကုပညာရပ်ဆိုင်ရာပြန်လည်ထူထောင်ပေးရေးသုတေသနစာတမ်းများ
ဆေးရုံရှိ မိမိ၏အကြောအဆစ်လူနာများအထဲတွင် ကင်ဆာရောဂါဝေဒနာရှင်အချို့ ပါရှိနေကြသည်။
အကြောအဆစ်ကုပညာရပ် (Physiotherapy) သည် ကင်ဆာရောဂါကိုတိုက်ရိုက်ကုသပေးသောပညာရပ်မဟုတ်ပါချေ။
ဆက်ရေးပါဦးမည်။
Saturday, April 4, 2020
ဒုတိယအကြိမ် ၀န်ထမ်းဘ၀ (၃)
As a physiotherapist working in a hospital I need to stay up to date with the latest information on the COVID-19 through WHO updates, local public health authority (Ministry of Health, Singapore) and our professional board (The Allied Health Professions Council - AHPC, Singapore).
At the same time I have been receiving e-updates about COVID-19 from WCPT on my email. 
အကြောအဆစ်ကုပညာရပ်ဆိုင်ရာ ကမ္ဘာအဖွဲ့ အစည်းကြီး (World Confederation for Physical Therapy - WCPT) ၏လမ်းညွှန်ချက်များနှင့်နောက်တိုးအကြံပြုသတင်းများ။
ဆေးရုံတွင် အဆုတ်ရောဂါရှိနေကြသူများကို သမားတော်ကြီး၊ အတိုင်ပင်ခံဆရာဝန်များ၊ လက်ထောက်ဆရာဝန်များ၊ သူနာပြုဆရာဆရာမများက ကြပ်ကြပ်မတ်မတ်ကုသပေးနေခြင်းနှင့် physiotherapist က chest physiotherapy ကုသနည်းဖြင့် လူနာများအား တစ်ဖက်တစ်လမ်းမှ ကုသပေးနေရကြောင်း မိမိက MPA ဥက္ကဋ္ဌအား ဖုန်းထဲမှပြောပြလိုက်သည်။
စင်ကာပူနိုင်ငံ၏ရောဂါဖြစ်ပွားတုံ့ပြန်မှုအခြေအနေ (DORSCON) အား အ၀ါရောင်အဆင့်မှ လိမ်မော်ရောင်အဆင့်သို့ မြှင့်တင်လိုက်ချိန်ကစပြီး Medical Ward နှင့် Isolation Ward တို့၏ပြုစုကုသရေးလုပ်ငန်းဆောင်တာများကိုပူးပေါင်းလျက် အစီအစဉ်အသစ်တစ်ရပ်အနေဖြင့် စတင်ပြောင်းလဲအသက်ဝင်လှုပ်ရှားခဲ့ကြောင်း နှင့် ဆေးရုံတစ်ခုလုံးရှိလူနာဆောင်ပေါင်း ၄၀ ကျော်တို့မှ အဆုတ်ရောဂါဆိုးဝါးစွာခံစားကြရသူများကို သီးသန့်လူနာဆောင်ထားရှိကာ ကုသပေးနေကြောင်းတို့ကိုလည်း ပြောပြခဲ့သည်။ 
ယင်းအဆောင်အသီးသီးရှိ Chest Physiotherapy လိုအပ်သည့်လူနာများအား သူတို့၏အဆုတ်နှင့်လေပြွန်လမ်းကြောင်းတို့မှ သလိပ်၊ အကျိအချွဲအစရှိသည်တို့ကို ဖယ်ရှားပေးကာ အဆုတ်၏လုပ်ငန်းဆောင်တာများ ပုံမှန်ပြန်လည် ကောင်းမွန်လာစေရန် Chest shaking and vibration၊ Chest percussion၊ Deep breathing၊ Coughing and huffing အစရှိသည့်နည်းများအသုံးပြုလျက် မိမိက လေ့ကျင့်ကုသပေးနေရသည်။
အစပိုင်းက လူနာဆောင် ၄ ဆောင်တွင် Chest Physiotherapy ကို မိမိတစ်ဦးတည်းပြုလုပ်နေခဲ့ရာက ပြီးခဲ့သောအပတ်ကစပြီး မိမိအားကူညီရန် MSTA ခေါ် Multi-Skilled Therapy Assistant တစ်ဦးရရှိခဲ့သည်။
သူမက မိမိတာဝန်ကျနေသော လူနာဆောင် ၄ ဆောင်ထဲက တစ်ဆောင်မှာ မူလကတည်းက အလုပ်လုပ်နေသူဖြစ်သည်။
MSTA နှင့် Therapy Assistant (TA) များသည် Physiotherapist များ၏စီမံညွှန်ကြားမှု (supervision) ဖြင့် ကုသမှုပေးနေကြသူများဖြစ်ကြသည်။
အဆုတ်ရောဂါဟုဆိုရာတွင် အများစုမှာ ရောဂါပိုးတစ်မျိုးမျိုးကြောင့်ဖြစ်သော နျူမိုးနီးယား (pneumonia) အဆုတ်ရောင်ရောဂါခံစားကြရသူများဖြစ်သည်။
ထို့အပြင် Bronchiectasis ခေါ် အဆုတ်လေပြွန် (brinchial tubes) ပျက်စီးခြင်းနှင့် နာတာရှည်အဆုတ်ရောင် ရောဂါတစ်မျိုးဖြစ်သော (chronic obstructive pulmonary disease -COPD) တို့ အနည်းအပါးပါရှိကြပါသည်။
သာမန်အရပ်သူအရပ်သားများကိုမဆိုထားနှင့် ဆေးပညာနယ်ပယ်မှဝန်ထမ်းအများစုပင်လျှင် အကြောအဆစ်ကုပညာရှင်ပညာရှင် (Physiotherapist) များသည် အဆုတ်ရောဂါ လူနာများကို အထူးကုဆရာဝန်များ အထွေထွေရောကုဆရာဝန်များနှင့်အတူ တွဲဖက်လုပ်ကိုင်နိုင်ကြောင်း မသိကြပေ။ 
Chest physiotherapy ဟူသောစကားလုံးကိုပင် လုံးဝကြားဖူးနားဝရှိထားကြဟန်မတူပါချေ။ 
မိမိကိုယ်တိုင်ကလည်း ဆေးဘက်ပညာသိပ္ပံကျောင်း (Institute of Para-Medical Sciences) မှာတက်နေစဉ် တတိယနှစ်ကိုရောက်သောအခါမှသာ ဒီအကြောင်းကို ပထမဦးဆုံး ကြားသိခဲ့ဖူးခြင်းဖြစ်သည်။  
Physiotherapy နှင့် COVID-19 ခေါ် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတို့၏သက်ဆိုင်မှုအကြောင်းကိုသိဖို့နေနေသာသာ Physiotherapy က Cardiorespiratory endurance/fitness၊ Cardio-pulmonary hygiene တို့ မည်ကဲ့သို့ထိရောက်စွာအကျိုးပြုပေးနိုင်ကြောင်းကို ဆေးပညာသဘောအရ မသိထားကြသည်က များလေသည်။
Friday, April 3, 2020
ဒုတိယအကြိမ် ၀န်ထမ်းဘ၀ (၂)
Cardiorespiratory physiotherapy is an area of physiotherapy that specialises in the prevention, rehabilitation, and compensation of clients with diseases and injuries in the heart and lungs.
Cardiopulmonary physiotherapists use physical modalities to treat people. 
This may involve using manual techniques to clear infected mucus from a person's chest, or using noninvasive ventilation to help a person breathe, or prescribing exercises to improve a patient's functional exercise capacity.
မိမိ မြန်မာပြည်ကဆေးရုံများတွင် အလုပ်လုပ်ခဲ့စဉ်အခါက Chest Physiotherapy ခေါ် အဆုတ်လေ့ကျင့်ကုသမှုကို တစ်ခါတရံမှာ လုပ်ရတတ်ပါသည်။
သို့သော် ဆေးရုံအတော်များများတွင် မကြာမကြာလုပ်ခဲ့ရခြင်းမျိုးတော့ မဟုတ်ပေ။
Chest Physiotherapy ခေါ်ကုသမှုမျိုးကို မွန်ပြည်နယ်ဆေးရုံကြီးတွင်သာ အများဆုံးလုပ်ခဲ့ဖူးပါသည်။
ထိုစဉ်က ပူပူနွေးနွေးအင်္ဂလန်ပြန်သမားတော်ကြီး ဒေါက်တာဦးစိန်ဦးက မိမိတို့အကြောအဆစ်ကုပညာရှင်များကို ယုံကြည်အားကိုးလျက် အဆုတ်ရောဂါလူနာများပေးသောကြောင့်ဖြစ်သည်။
နောက်ပိုင်း စင်ကာပူနိုင်ငံသို့ရောက်ရှိအလုပ်လုပ်သောအခါတွင်လည်း အကြောအဆစ်ကုပညာရပ်၏အထူးဘာသာရပ်တစ်ခုဖြစ်သည့် Chest Physiotherapy ကို အသုံးမပြုခဲ့ရပါချေ။
အကြောင်းမှာ ထိုစဉ်ကမိမိ၏လုပ်ငန်းခွင်တွင် Chest Physiotherapy ပညာကိုအသုံးပြုပြီးကုသပေးရမည့် လူ နာအမျိုးအစား မရှိသောကြောင့်ဖြစ်သည်။
ယခု ဆေးရုံတွင် ဒုတိယအကြိမ်ဝန်ထမ်းလုပ်သောအခါတွင်မှ ယင်းပညာကို ပြန်လည်အသုံးပြုခွင့်ရပါတော့သည်။
ထိုကြောင့် Cardiopulmonary physiotherapy ခေါ် လူနာ၏အဆုတ်နှင့်လေပြွန်လမ်းကြောင်းတို့ရှိသလိပ်နှင့် အကျိအချွဲတို့ကိုဖယ်ရှားပေးလျက် အဆုတ်၏လုပ်ငန်းဆောင်တာများပြန်လည်ကောင်းမွန်စေနိုင်သော အဆုတ်လေ့ကျင့်ကုသမှုဆိုင်ရာစာများ ပြန်လည်ဖတ်ရှုလေ့လာရသည်။
မိမိတို့ အကြောအဆစ်ကုပညာရပ်၏ကမ္ဘာအဖွဲ့ အစည်းကြီးဖြစ်သော World Confederation for Physical Therapy - WCPT ၏လမ်းညွှန်ချက်များနှင့် နောက်တိုးအကြံပြုသတင်းများကို မျက်ခြည်မပြတ် ဖတ်ရှုလေ့လာနေရသည်။    
ပြီးခဲ့သောအပတ် နံနက်ပိုင်းက မိမိ ဆေးရုံမှာအလုပ်လုပ်နေစဉ် တယ်လီဖုန်းဝင်လာခဲ့သည်။
ဖုန်းကိုကြည့်သောအခါ မြန်မာပြည်က မိတ်ဆွေတစ်ဦးဆီကဟု သိလိုက်ရသည်။
သို့သော် လူနာကို အဆုတ်လေ့ကျင့်ကုသမှု (Chest Physiotherapy) ပြုလုပ်ပေးနေရသဖြင့် ချက်ချင်းပိတ်ပြီး အလုပ်ဆက်လုပ်သည်။
အိမ်ပြန်ရောက်ပြီး ညပိုင်းတွင်မှ မိတ်ဆွေထံ ဖုန်းပြန်ခေါ်ဖြစ်ပါသည်။
သူက မြန်မာနိုင်ငံအကြောအဆစ်ကုပညာရှင်အသင်း (Myanmar Physiotherapy Association - MPA) ၏ ဥက္ကဋ္ဌဖြစ်သည်။
မိမိထံ တစ်ခါတရံ ထိုသို့ဖုန်းဆက်တတ်သည်။ MPA အလုပ်ကိစ္စများအကြောင်း စကားစမြည်ပြောဖြစ်ကြ သည်။   
ထိုနေ့က ယခုအခါ ကမ္ဘာတစ်လွှားကို အကြီးအကျယ်ဒုက္ခပေးလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါနှင့် ဖီဇီအိုသဲရာပီကုသမှု (Physiotherapy) အကြောင်းဖြစ်သည်။   
ဖီဇီအိုသဲရာပီကုသမှုမှာ အထက်ကမိမိပြောခဲ့သောအဆုတ်လေ့ကျင့်ကုသမှု(Chest Physiotherapy) ဖြစ်ပင် ဖြစ်သည်။
Saturday, March 28, 2020
စင်ကာပူနိုင်ငံမှ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါဆိုင်ရာ ဆက်နွယ်သတင်းများ (၂)
လူချင်းချဲ လူစုခွဲစနစ် ကျင့်သုံးပြီ
           "လူချင်းချဲ လူစုခွဲစနစ်"ကို နောက်လ ဧပြီလကုန်အထိကျင့်သုံးမည်။ လိုအပ်က ရက်ထပ်တိုးဦးမည်။
ယခုအပတ် ဗုဒ္ဓဟူးနေ့က သား အလုပ်မှပြန်လာသောအခါ "မနက်ဖန်ကစပြီး အိမ်ကနေပဲ အလုပ်တွေလုပ်ရတော့မယ်။ အလုပ်ကိုသွားစရာမလိုတော့ဘူး" ဟု ခရီးရောက်မဆိုက် ပြောပါသည်။
မိမိ၏သားမက်ဖြစ်သူမှာ လွန်ခဲ့သောလကတည်းကပင် တစ်ပတ်ကို ၃ ရက်အိမ်မှအလုပ်လုပ်ပေးရပြီး ကျန် ၂ ရက်ကို အလုပ်မှာသွားလုပ်ရသည်။
သူတို့၏ကုမ္ပဏီတွင်ရှိသောဝန်ထမ်းများကို အုပ်စု ၂ ဖွဲ့ ခွဲထားပြီး အိမ်နှင့်အလုပ် တစ်လှည့်စီပြောင်းကာ အလုပ်လုပ်နေကြရသည်။
ယင်းမှာ လုပ်ငန်းခွင်တွင် ၀န်ထမ်းအချင်းချင်းထိတွေ့ ဆက်ဆံကြရင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအလွယ်တကူမပျံ့ နိုင်စေရန် စင်ကာပူအစိုးရက လမ်းညွှန်အကြံပေးထားခြင်းဖြစ်သည်။
အလားတူပင် မိမိ အလုပ်လုပ်နေသောဆေးရုံရှိ အကြောအဆစ်ကုဌာနကိုလည်း အဖွဲ့ လေး ၂ ဖွဲ့ ခွဲထုတ်လျက် အလုပ်ဌာန ၂ နေရာထားပြီး အလုပ်လုပ်ကြရပါသည်။
ယခင်ကလို ၀န်ထမ်းအားလုံး ရုံးခန်းတစ်ခုတည်းမှာ အတူနေပြီး အလုပ်မလုပ်ကြရတော့ပေ။
ပိုပြီးဆိုးသည်မှာ တစ်ဖွဲ့ နှင့်တစ်ဖွဲ့ မတွေ့ ကြရခြင်းဖြစ်သည်။
အကယ် အရေးကြီးသောအကြာင်းတစ်ခုခုကြောင့် တစ်ဦးနှင့်တစ်ဦးတွေ့ ဆုံရန်လိုအပ်ပါက နှစ်ဦးလုံး နှာ ခေါင်းစည်းများတပ်ကာ တခဏလေးတွေ့ နိုင်လေသည်။ 
မိမိကမူ မည်သည့်အဖွဲ့ တွင်မှ မပါဝင်ရဘဲ ကံကွက်ကျားလျက် အထူးလူနာကုဌာန (Block) သို့ တစ်ဦးတည်း ရောက်သွားခဲ့သည်။ ယင်းလူနာကုဌာနတွင် လူနာဆောင်(Ward) ၄ ဆောင်ရှိပါသည်။ 
စင်ကာပူနိုင်ငံ၏ရောဂါဖြစ်ပွားတုံ့ပြန်မှုအခြေအနေ (DORSCON) အား အ၀ါရောင်အဆင့်မှ လိမ်မော်ရောင်အဆင့်သို့ မြှင့်တင်လိုက်ချိန်ကစပြီး အထူးလူနာကုဌာန၏လုပ်ငန်းများကို အစီအစဉ်အသစ်တစ်ရပ်ဖြင့် စတင်အသက်ဝင်လှုပ်ရှားလာခဲ့ခြင်းဖြစ်သည်။
ဆေးရုံတစ်ခုလုံးရှိလူနာဆောင် ၄၀ ကျော်တို့မှ အဆုတ်ရောဂါဆိုးဝါးစွာခံစားကြရသူများကို ဤအထူးကုလူနာဆောင်များသို့ ပို့ဆောင်လျက် ကုသပေးနေသည်။ 
ယင်းအထူးကုဌာနတွင်တာဝန်ကျနေသော အထူးကုသမားတော်ကြီးအပါအ၀င် အတိုင်ပင်ခံဆရာဝန်ကြီးများ၊ လက်ထောက်ဆရာဝန်များ၊ သူနာပြုဆရာဆရာမကြီးများ၊ အကြောအဆစ်ကုပညာရှင်နှင့် အကြောအဆစ်လက်ထောက်အားလုံးတို့ ဆေးရုံ၏မည်သည့်နေရာကိုမှ မသွားလာရပါချေ။
မနက်မှာ ဆေးရုံကအထူးလူနာကုဌာနကိုတိုက်ရိုက်သွားရသည်။ 
ညနေအလုပ်ပြီးသောအခါ ဆေးရုံအတွင်း မည်သည့်နေရာကိုမှ မသွားရဘဲ အိမ်ကိုတန်းပြန်ရသည်။ 
တစ်နေ့လုံး အထူးကုဌာနအတွင်းမှာ အားလုံးနေနေကြရသည်။ 
အလုပ်လုပ်ချိန်မှာ လူနာဆောင်တွေမှာ အလုပ်လုပ်ကြ။
နေ့လည်ထမင်းစားချိန်မှာ ထမင်းအတူစားကြ။
သို့အတွက် နေ့လည်ထမင်းကို အပြင်စားသောက်ဆိုင်များ(ဆေးရုံဆိုင်မဟုတ်)က နေ့စဉ် မှာဝယ်ကျွေးသည်။
ပြီးတော့ နေ့ခင်းနားချိန်မှာ မိမိသည် အထူးကုသမားတော်ကြီး၊ အတိုင်ပင်ခံဆရာဝန်ကြီးများ၊ လက်ထောက်ဆရာဝန်များနှင့်အတူ အစည်းဝေးခန်းမ (conference/meeting room) တွင် အတူနားကြရသည်။
စားစရာ မုန့်များ၊ သစ်သီးများနှင့် သောက်စရာ လက်ဘက်ရည်။ ကော်ဖီ၊ အအေးများ ပြည့်ပြည့်စုံစုံထားပေးသည်။
ဆက်ရေးပါဦးမည်။
Friday, March 20, 2020
စင်ကာပူနိုင်ငံမှ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါဆိုင်ရာ ဆက်နွယ်သတင်းများ
ပုံမှန်ကျောင်းပိတ်ရက် ၁ ပတ်အပြီး ကျောင်းများပြန်ဖွင့်ခဲ့ 
နှစ်စဉ် မတ်လမှာပိတ်နေကျအတိုင်း ကျောင်း ၁ ပတ်ပိတ်ပြီးနောက် ၂၃ ရက်နေ့က ကျောင်းအားလုံးပြန်ဖွင့်ခဲ့သည်။
ကျောင်းများ ပြန်ဖွင့်ပါမည်လော ဆက်ပြီးပိတ်ထားပါမည်လောဟူသောသံသယများ ပျောက်သွားကြ၏။
သို့သော် ကျောင်းသူကျောင်းသားနှင့်ဆရာဆရာမ ၁၀ ရာခိုင်နှုန်းခန့်ကမူ ကျောင်းသို့ပြန်မလာခဲ့ကြကြောင်းသိရသည်။
ကျောင်းများပြန်ဖွင့်ခဲ့သော်လည်း ကိုရိုနာဗားရပ်စ်ကူးစက်ခြင်းမှကာကွယ်ရန် အထူးအစီအစဉ်များပြုလုပ်ထားသည်။ ကျောင်းသူကျောင်းသားများအချင်းချင်း နီးနီးကပ်ကပ်ထိတွေ့ မှု ဆက်ဆံမှုမရှိကြစေရန် စာသင်ခန်းနှင့် စာမေးပွဲအခန်းများကို လုံခြုံစိတ်ချရသည့်အကွာအဝေးများ (safe distancing measures) ဆောင်ရွက်ထားရှိကြောင်း ပညာရေးဝန်ကြီး အွန်ယီကွန်းက ပြောခဲ့သည်။
စားသောက်ကုန်အသီးအရွက်တွေ မပြတ်လပ် ဈေးမတက်
                  Photo - မတ်လ ၁၈ ရက် စင်ကာပူနိုင်ငံထုတ် Lianhe Wanbao သတင်းစာမှပုံ။
ကိုရိုနာဗားရပ်စ်ထိန်းချုပ်ဖို့ မလေးရှာနိုင်ငံက နယ်စပ်ကန့်သတ်ပိတ်ဆို့မှုလုပ်လိုက်တာကြောင့် စင်ကာပူနိုင်ငံမှာ နေ့စဉ်စားသောက်ကုန်အသီးအရွက်တွေ (fresh food/groceries) ပြတ်လပ်မှာ ဈေးတက်မှာကို စိုးရိမ်စရာမလိုဘူးလို့ အသီးအရွက်သွင်းကုန်ပို့ကုန်အသင်း (Singapore Fruits and Vegetables Importers and Exporters Association) ဥက္ကဋ္ဌ Mr Tay Khiam Back ကပြောပါတယ်။ 
နောက်ပြီး အက်စ်အက်ဖ်အေလို့ခေါ်တဲ့The Singapore Food Agency (SFA) ကလဲ ကြက်ဥအပါအ၀င် နေ့ စဉ်စားသောက်ကုန်အသီးအရွက်တွေကို စင်ကာပူနိုင်ငံက ကမ္ဘာ့နိုင်ငံပေါင်း ၁၇၀ ကျော်တို့ကတင်သွင်းနေတာကြောင့် ထိခိုက်စရာမရှိဘူးလို့ပြောပါသေးတယ်။   
Saturday, March 7, 2020
ဖြည့်ဆည်းပေးခြင်းဆိုတာ (၂)
                                          လိုချင်စဖွယ် ဖစ်ဘစ်နာရီလေးများ 
ဖစ်ဘစ်နာရီလေးက ဘာတွေလုပ်ပေးလဲဆိုတာနမူနာပြထားတာ
သားက သူ့အမေကို စမတ်တီဗွီဝယ်ပေးပြီးတဲ့နောက်မှာ သူ့အဖေအတွက်လဲ မမေ့ရှာပါဘူး။
ကျန်းမာရေးကိစ္စတွေကို မိမိက အထူးသဖြင့်စိတ်ဝင်စားတတ်တာရယ် ကိုယ်တိုင်လဲ အမြဲလိုလိုကျင့်ကြံနေထိုင်လေ့ရှိတတ်တာတွေရယ်ကို သိထားတဲ့သားက မိမိအတွက် ကျန်းမာရေးနဲ့ကြံ့ ခိုင်ရေးအတွက် သတင်းအချက်အလက်ပေးတဲ့ fitbit versa 2 ဆိုတဲ့ နောက်ဆုံးပေါ်နာရီလေးကို ၀ယ်ပေးပါတယ်။
အရင်အလုပ်ကအနားမယူခင်တုန်းကတော့ အခုလို fitbit နာရီ ၂ လုံးကို ၀ယ်သုံးခဲ့ဖူးပါတယ်။
အဲဒီတုန်းက စင်ကာပူဒေါ်လာ ၁၀၀ ကျော်လေးလောက်ပဲပေးရပါတယ်။
နှစ်တွေကြာလာတဲ့အခါ တစ်လုံးပြီးတစ်လုံးပျက်သွားတာကြောင့် မိမိကလဲ အလုပ်မလုပ်တော့တာဖြစ်လို့ ထပ်ပြီးဝယ်မသုံးဖြစ်ပါဘူး။
မေ့တေ့တေ့တောင်ရှိနေခဲ့ပါပြီ။
ဒါကလဲ မိမိ အခုသုံးနေတဲ့ samsung smartphone မှာ ကိုယ်လက်လှုပ်ရှားမှုတွေကိုအချိန်တိုင်းသူ့ဖာသာ တိုင်းတာမှတ်သားပေးနေတဲ့ Samaung Health ဆိုတာလေးပါတာကြောင့် အခြေခံအားဖြင့်လုံလောက်နေပါတယ်။
ဒါကြောင့် ငွေကုန်ကြေးကျများမယ့် fitbit health and fitness watch ကို မေ့ကိုထားလိုက်တော့တာ။
သို့ပေမယ့် မိမိအတွက် လိုအပ်မယ် အသုံးပိုကျမယ်ထင်လို့ သားက တကူးတက၀ယ်ပေးပြန်တော့လဲ ၀တ်ရချေသေး သုံးရချေသေးတော့ပေါ့ဗျာ။
                  နာရီဗူးလေးနဲ့နာရီ                 ကိုယ့်လက်မှာဝတ်ပြီးတဲ့အခါ
အလိုက်တသိ ၀ယ်ပေးတဲ့သားကို ကျေးဇူးတင်မဆုံးပါ။
မိဖတစ်ဦးအနေဖြင့် ၀မ်းမြောက်ဝမ်းသာလဲဖြစ်မိရပါတယ်။
Saturday, February 29, 2020
ဖြည့်ဆည်းပေးခြင်းဆိုတာ
It is universal truth that parents are responsible to provide their children with the necessary food, clothing, shelter, medical care, education and safe home insofar as they are able. 
On the other hand, the children  are also equally responsible to take care of their aging parents’ necessities of life, especially when the parents do not have the means to pay for them on their own.
But in my case I am still working part-time and making extra money in retirement.                                         
                                            သားက တီဗွီစမ်းသုံးနေတာကို အမေကကြည့်နေတာ။
တစ်နေ့ သားအလုပ်ကပြန်လာတော့ ဂျပ်ပုံးအရှည်ကြီးတစ်ခုဆွဲပြီးဝင်လာတာကို တွေ့ လိုက်ရတယ်။
ဘာမှကြိုပြီးပြောမထားလို့ ဘာများလဲလို့ကြည့်လိုက်မှ တီဗွီဖြစ်နေတာသိရတော့တာ။
ဒီတော့မှ တလောက သူပြောခဲ့တာကိုပြန်သတိရမိတယ်။
မြန်မာပြည်ကတိုက်ရိုက်လွှင့်ပေးတဲ့ ဆရာတော်များ၏တရားများကို သူ့အမေက နာကြားလေ့ရှိတာရယ်၊ မြန်မာတီဗွီအစီအစဉ်နဲ့ ရုပ်ရှင်ကားတွေကို ကြည့်လေ့ရှိတာရယ်ကြောင့် လက်ရှိတီဗွီအဟောင်းလို ပစ္စည်းတစ်ခုကြားခံသုံးစရာမလိုတဲ့ စမတ်တီဗွီ (Smart TV) ၀ယ်ပေးမယ့်အကြောင်းပြောထားခဲ့ဖူးတယ်။
ဘာ့ကြောင့်လဲဆိုတော့ ကြားခံဘောက်(စ)ပစ္စည်းလေးနဲ့က ကြည့်ရတာ ရတစ်ချက် မရတစ်ချက်လိုဖြစ်နေတတ်တာကြောင့် သူ့ အမေအဆင်မပြေတာကို သားကသိနေတာမို့ပါ။
ကြည့်နေရင်း ရပ်သွားတတ်တယ်။ ပြန်ရပြန်တော့လဲ ပါးစပ်လှုပ်တာနဲ့ စကားသံတွေက တခြားစီဖြစ်နေပြန်ကော။
တစ်ခါတစ်ခါမှာ အမေဖြစ်သူက သားရဲ့  အိုင်းပက် (iPad) လေးနဲ့ကြည့်ပြန်တော့လဲ ပုံတွေ စာတွေကို သေးသေးလေးပဲမြင်ရတယ်။ 
ကြည့်ရတာ အားမရဘူး၊ မကောင်းလှဘူးပေါ့။
အိုင်းပက်အဖုံးက အမဲရောင်လေးမို့ မိမိတို့က 'ကျောက်သင်ပုံး'လို့ပဲ အလွယ်တကူခေါ်လေ့ရှိကြတယ်။
ဒါကြောင့်သားက သူ့ အမေကို စမတ်တီဗွီဝယ်ပေးလိုက်တာပါ။
နောက်ပြီး သူ့အမေကို တီဗွီဖွင့်ပိတ်တာကစပြီး ကြည့်ချင်တဲ့လိုင်း (channel) ရွေးနည်းကို ရီမုတ်ကွန်ထရိုးနဲ့ စိတ်ရှည်လက်ရှည် လက်ထပ်သင်ပေးတယ်။
                                       အိပ်ခန်းထဲကိုရောက်လာတဲ့ တီဗွီအဟောင်းရဲ့ နေရာအသစ်
ဒါကြောင့် တီဗွီအဟောင်းကြီးကို အောက်ထပ်ဧည့်ခန်းကနေ အပေါ်ထပ်က မိမိတို့အိပ်ခန်းထဲရွေ့ ထားပြီး တစ်ခါတခါမှာတော့ ကြည့်ဖြစ်နေပါသေးတယ်။
    တီဗွီသုံးဖို့ အသင့်ဖြစ်တော့ ရီမုတ်နဲ့ဘယ်လိုသုံးရတယ်ဆိုတာ အမေ့ကိုသင်ပေးနေတယ်။
သားက အလိုက်တသိဝယ်ပေးတယ်ဆိုတော့ အမေက အများကြီး အများကြီးကို ကျေနပ်ပီတိတွေဖြစ်ရတာ။ 
အဖေ့အတွက် ဆက်ရေးပါဦးမယ်။
Tuesday, February 25, 2020
ဒုတိယအကြိမ် ၀န်ထမ်းဘ၀ (၁)
More and more seniors are working into their 70s and 80s nowadays than they did in the past.
The purpose behind it may vary from one person to another.
Some say: "I want to keep myself busy. I don't need the money". 
But some need the money to survive after their retirement.
Other work to stay physically and mentally active.
To me, learning new professional knowledge and skills, contributing to society and earning some extra money are my motivation for work.
 အလုပ်ကအပြန် အိမ်မှာအမှတ်တရ။
မိမိသည် ၂၀၁၆ ခုနှစ်ကုန်ကစပြီး အလုပ်က လုံးဝအနားယူခဲ့သည်။
သို့သော် အလုပ်မထွက်မီကပေးခဲ့သောကတိအတိုင်း မိမိ၏ယခင်အလုပ် (Movement for the Intellectually Disabled of Singapore - MINDS) က အကူအညီတောင်းသည့်အခါတိုင်း ၁ လတန်သည် ၂ လတန်သည် အစရှိသဖြင့် သွားလုပ်ခဲ့ရသည်များတော့ရှိခဲ့ပါသည်။
သိပ်အများကြီး သိပ်အကြာကြီးတော့မဟုတ်ပါ။
ထိုနောက် ၂၀၁၈ နှစ်ကုန်လေက်ကစပြီး စင်ကာပူနိုင်ငံရှိဆေးရုံကြီးတစ်ခုတွင် အချိန်ပိုင်းငှားရမ်းပညာရှင်အဖြစ် မနက်ပိုင်းတစ်ပိုင်း သွားရောက်အလုပ်လုပ်ခဲ့ဖြစ်ပြန်သည်။
မကြာခဏ ၁ လတန်သည် ၂ လတန်သည်မှ သုံး လေးလအထိ လုပ်ရသည်များရှိခဲ့သည်။
ပြီးခဲ့သောနှစ် သြဂုတ်လကစပြီး မနက်ပိုင်း နေ့တစ်ဝက်အလုပ်လုပ်နေရာက ဆေးရုံ၏လိုအပ်ချက်အရ တစ်နေ့လုံး (full day) ပြောင်းလုပ်ခဲ့သည်မှာ မနေ့ကအထိဖြစ်သည်။
၆ လနီးပါးကြာခဲ့၏။
ယခုတစ်ခါ မိမိသည် ငှားရမ်းအကြောအဆစ်ကုပညာရှင် (Locum Physiotherapist) အလုပ်မှ ဆေးရုံဝန်ထမ်း (Senior Physiotherapist) အဖြစ်သို့ ယနေ့ကစပြီး ပြောင်းလဲခန့်အပ်ခံရပြန်ပါသည်။
သို့နှင့် မနက်ပိုင်းတစ်ပိုင်း အလုပ်လုပ်သည့် လခစားဝန်ထမ်း (part-time staff) ဖြစ်လာခဲ့ပါတော့သည်။
ငှားရမ်းအကြောအဆစ်ကုပညာရှင်လုပ်ခဲ့စဉ်က လစာကို အလုပ်လုပ်သည့်နာရီနှင့် ရက်နှင့်တွက်ပေးသည်။
အလုပ်လုပ်ကြသူများ ရလေ့ရထရှိသည့် စီပီအက်(ဖ) CPF၊ ဘောနပ်(စ) Bonus၊ ခွင့် (Leave)၊ ဖျားနာဆေးခွင့် MC တို့ လုံးဝခံစာခွင့်မရှိပေ။
အလုပ်မလုပ်သောရက် (ဥပမာ၊ အိမ်ကိစ္စ၊ နေထိုင်မကောင်းဖြစ်၊ အစိုးရရုံးပိတ်ရက်အစရှိသည်)များတွင် ငွေမရပါချေ။ 
နာရီပိုင်းနှင့်ပျက်ပါကလည်း ယင်းပျက်ကွက်အချိန်(နာရီ)အတွက် ငွေမရပါချေ။
သို့သော် အားလုံးကိုခြုံပြီးပြောရသော် ၀င်ငွေအတော်လေးကောင်းလေသည်။
လခစားဝန်ထမ်းအနေဖြင့်ကား စီပီအက်(ဖ) CPF၊ ဘောနပ်(စ) Bonus၊ ခွင့် (Leave)၊ ဖျားနာဆေးခွင့် MC အစရှိသောခံစာခွင့်များ ရရှိပါသည်။
အမှတ် (၂) ဆက်ပြီးရေးပါဦးမည်။