ယခုအပတ်တွင် စနေ၊ တနင်္ဂနွေ၊ တနင်္လာနှင့် အင်္ဂါနေ့ (၄) ရက် ဆက်တိုက်အလုပ်ပိတ်သည်။
အလုပ်သမားနေ့ဖြစ်သော မေလ ၁ ရက် (တနင်္ဂနွေ)သည် မိမိတို့အဖို့အလုပ်နားရက်ဖြစ်သဖြင့်
ယင်းနေ့အစား မေလ ၂ ရက် (တနင်္လာနေ့) ကို အလုပ်ပိတ်ရက်အဖြစ်ပြန်ပေးပါသည်။
မေလ ၃ ရက် (အင်္ဂါနေ့) သည် အစ္စလာမ်ဘာသာဝင်များ၏ဥပုသ်လအပြီးဘာသာရေးဆိုင်ရာအ
လုပ်ပိတ်ရက်ဖြစ်သည်။
ဒါ့အပြင် ပြီးခဲ့သည့်သောကြာနေ့ကို မိမိက အနား (၁) ရက်ယူလိုက်သဖြင့် စုစုပေါင်း (၅) ရက် အ
လုပ်မသွားရတော့ပေ။
မိမိတွင် အစိုးရကပေးသည့် အနားရက် (off-in-leiu) ၂ ရက်ရှိသည်။ ယင်းမှာ ခွင့်အမျိုးအစား
(leave) မဟုတ်ပေ။
ယင်း ၂ ရက်ထဲက ၁ ရက်ကို ပြီးခဲ့သည့်သောကြာနေ့ (ဧပြီ ၂၉) က သုံးလိုက်ပါသည်။
ထိုနေ့မနက်မှာ ဂျူရောင်းဝက်စ်ဈေးကို နံနက်စာသွားစားကာ ခရီးမသွားခဲ့ကြပေ။
ဧပြီ ၃၀ ရက်က မိမိတို့အဖိုးကြီးအဖွားကြီး ၂ ယောက် မရောက်တာကြာပြီဖြစ်သော အောချတ်လမ်း
ကိုသွားခဲ့ကြသည်။
မိမိတို့အိမ်မှ အမှတ်(၅၀၂)အမြန်ဘတ်စ်ကားစီးပြီး Suntec Cityကုန်တိုက်ကြီးသို့သွားတိုင်း အော
ချတ်လမ်းကို မကြာခဏဖြတ်သွားနေရသော်လည်း အောက်ကိုဆင်းပြီးလမ်းမလျှောက်ဖြစ်သည်
မှာကြာခဲ့ပြီဖြစ်သည်။
ထိုကြောင့် အိမ်ကနေ လိတ်ဆိုက်ဘူတာကို ဘတ်စ်ကားစီး၊ အဲဒီကမှ MRT ရထားစီးပြီး အောချတ်
ဘူတာတွင်ဆင်းခဲ့ကြသည်။
(SOURCE: Photo Facebook)
လိတ်ဆိုက်ဘူတာသည် အရှေ့ အနောက်ရထားလိုင်း (East West Line) ပေါ်တွင်ရှိပြီး အောချတ်
ဘူတာသည် တောင်မြောက်ရထားလိုင်း (North South Line) ပေါ်မှာရှိနေသဖြင့် ထိုရထားလိုင်း
နှစ်ခု၏လမ်းဆုံဘူတာ(interchange station)ဖြစ်သည့်ရတ်ဖယ်စ်ပလေ့စ်ဘူတာ(Raffles Place)
၌ ရထားပြောင်း
၍စီးကြရသည်။
နောက်ထပ် ၃ ဘူတာသာရှိပြီး ၈ မိနစ်ကြာစီးရ၏။
အိုင်းယွန်းကုန်တိုက် (ION) သည် မြေအောက်ဘူတာဖြစ်သည့်အောချတ်ဘူတာနှင့်တဆက်တည်း
ရှိနေသဖြင့် အထွေအထူးသွားနေရန်မလိုပါချေ။
ဤကုန်တိုက်ကြီးတွင် မြေပေါ် ၄ ထပ်နှင့် မြေအောက် ၄ ထပ် စုစုပေါင်း ၈ ထပ်ရှိသည်။
ပစ္စည်းမျိုးစုံရောင်ချသည့် လျှပ်စစ်မီးရောင် ဖိတ်ဖိတ်တောက်နေသောဆိုင်ခန်းများ အပြည့်အကျပ်
ရှိလေရာ စေ့စေ့စုံစုံကြည့်နိုင်ရန် အချိန်များစွာပေးရပေမည်။
ဆက်ပြီးရေးပါဦးမည်။