"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Tuesday, March 7, 2023

ကျွန်းသာယာသတင်းစဉ် (၆၉)



 နောက်ဆုံးရသတင်း (၇-၃-၂၃) 



 









သံတမန်ရေးရာအခင်းအကျင်းမှာတော့ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှာ ဒါတွေဟာ မြန်မာစစ်ကောင်
စီအတွက် အနုတ်လက္ခဏာဆောင်တဲ့အချက်တွေလို့ ကျနော်တို့သုံးသပ်လို့ရပါတယ်။ 
 
စစ်ကောင်စီကတော့ ၂၀၂၃ မှာ ကျနော်တို့ဗေဒင်မေးစရာမလိုဘဲနဲ့ ကျနော်တို့ခန့်မှန်းလို့ရတာက
တော့ ပိုပြီးတော့အထီးကျန်သွားနိုင်တယ်။



 






















               


***

































Sunday, March 5, 2023

စာအုပ်များနှင့်စာဖတ်သူတွေ



တစ်နေ့က ဖေ့စ်ဘွတ်စာမျက်နှာမှာ စာရေးဆရာမြေမှုန်လွင်တင်ထားသည့် စာအုပ် ဈေးနှုန်းနှင့်စာ

ဖတ်သူများအကြောင်း သူ့အမြင် သူ့အတွေးလေးကိုဖတ်လိုက်ရသည်။

သူရဲ့ စာကို၊ 

"စာအုပ်ဖတ်တဲ့ လူတန်းစားဟာ 

လက်တစ်ဆုပ်စာဆိုတာထက်တောင် 

နည်းပါသေးတယ်

လို့ စထားပြီး၊

"စာအုပ်တွေနဲ့ လူတွေနဲ့ဝေးလေလေ

 အမှောင်ထုဟာ

နက်သထက်နက်လေလေ

လို့ မှတ်ချက်ချအဆုံးသတ်ထားပါသည်။


ဒါနဲ့ပတ်သက်ပြီး စာရေးဆရာမြေမှုန်လွင်က 

၁) "ချမ်းသာတဲ့သူတွေက စာမဖတ်ကြဘူး။ 

၂) ဆင်းရဲလွန်းသူတွေကလည်း (စာ)မဖတ်နိုင်ရှာကြဘူး။

၃) လူငယ်ကျောင်းသားအများစုနဲ့လူလတ်တန်းစားတွေလောက်ပဲ စာဖတ်ကြတာ"ဟုလက်ရှိစာအုပ်

ဈေးနှုန်း၊ စာအုပ်ဝယ်သူများ၏၀င်ငွေနှင့်စာဖတ်ကြမှုပမာဏကို WE Distribution ၏စာရင်းကောက်

ယူမှုစစ်တမ်းကိုအခြေခံပြီး သုံးသပ်ထားသည်ကိုတွေ့ရသည်။



















သူ၏သုံးသပ်မှုကို မိမိ ဆင့်ပွားတွေးကြည့်မိသည်။

ချမ်းသာသည့်သူများသာမဟုတ် အာဏာကြီးကြီးရှိသူနှင့်ဌာနဆိုင်ရာထိပ်ပိုင်းကသူများလည်း စာမဖတ်

ကြပါချေ။ 

ယခင်ကလည်း စာဖတ်ရကောင်းမှန်မသိခဲ့သလို ယခုလည်း စာဖတ်ရန် စိုးစိလေးမျှပင် စိတ်မ၀င်စားကြ

ပေ။ 

သူတို့အားလုံး အာဏာနှင့်ငွေနောက်ကိုသာ အာသာငန်းငန်းလိုက်နေကြသည်။ 

တခြား မည်သည့်အရာနှင့်ကိစ္စများကိုမှ စိတ်ဝင်စားခြင်းလုံးဝမရှိကြလေတော့။ 

အာဏာရူးရန်နှင့်ငွေရရန်အတွက်ဆို 'မလုပ်ရဲတာ ဘာမှမရှိ'သည်အထိ ပါးစပ်ကပြောထွက်ရဲသည်

အထိ မျက်နှာပြောင်နိုင်ပါဘိ၏။

ဘယ်သူတွေ ဘယ်လိုသေကြသေကြ ငတေမာရင်ပြီးရောထဲကပင်။ 

အရှက်နှင့်ဂုဏ်သိက္ခာမဲ့လွန်းလှပေစွ။ 














ဆက်ပြီးရေးပါဦးမည်။



Tuesday, February 28, 2023

ဂုဏ်ယူပါတယ် မမ

 


စာရေးသူတို့ငယ်ငယ် သုံး လေး ငါးတန်းအရွယ်တွေတုန်းက အတန်းတိုင်းအတန်းတိုင်းမှာ ဆရာ

ဆရာမများက ရွေးချယ်တာဝန်ပေးထားသည့်ကျောင်းသား ဒါမှမဟုတ်ကျောင်းသူတစ်ဦးရှိပါတယ်။


သူ့ကို အင်္ဂလိပ်စာလုံး Monitorရဲ့ မူရင်းအသံထွက်အတိုင်း မြန်မာလို အတန်း'မော်နီတာ'လို့ခေါ်ကြ

ပါတယ်။

မြန်မာစကားစစ်စစ်နဲ့ဆိုရင် 'အတန်းခေါင်းဆောင်'ပေါ့။ 

ဒါပေမယ့် အားလုံးက မော်နီတာလို့ပဲခေါ်လေ့ရှိခဲ့ကြပါတယ်။

မော်နီတာဆိုတာ တနည်းပြောရရင် ဆရာ ဆရာမရဲ့ တောက်တိုမယ်ရအလုပ်တွေကို ကူညီလုပ်

ကိုင်ပေးရတဲ့ကျောင်းသားကျောင်းသူပါ။ 

ဥပမာ ဆရာ ဆရာမ မအားရင် ကျောင်းစာမှတ်စုခေါ်ပေးရတယ်။ မော်နီတာကခေါ်ပေးတဲ့စာကို 

ကျန်တဲ့ကျောင်းသားတွေက လိုက်ရေးကြရတာ။

တခါတလေမှာ ပထ၀ီက မြေပုံတို့၊ သိပ္ပံစာအုပ်ထဲက အပင်နဲ့တိရစ္ဆာန်ပုံလေးတွေကို ဆရာမစာမ

သင်မီ မော်နီတာက အတန်းရှေ့ မှာရှိတဲ့ သစ်သားသင်ပုန်းမဲမဲကြီးမှာ မြေဖြူနဲ့ကြိုတင်ရေးဆွဲပေး

ထားရတယ်။   

ကိုယ့်အတန်းကပဲဖြစ်ဖြစ် တခြားအတန်းငယ်က ကျောင်းသူကျောင်းသားများပဲဖြစ်ဖြစ် အကူအညီ

လိုအပ်တာရှိရင် အကူအညီပေးရတယ်။

နောက်ပြီး စည်းကမ်းမလိုက်တဲ့ကျောင်းသူကျောင်းသားတွေကိုလဲ ဆရာမကို တိုးတိုးတိတ်တိတ်

သတင်းပေး(တိုင်တန်း)ရသေးတာ။ 

အခုခေတ်စကားနဲ့ ရယ်စရာပြောရရင် အတန်းဒလန်ပေါ့နော်။



မြေးအငယ်က သူ့အမ အတန်းခေါင်းဆောင်အရွေးခံရလို့ လည်စီးတိုင်မှာတပ်ထားသည့် 
Prefect တံဆိပ်ကိုကိုင်ကြည့်ပြီး ဂုဏ်ယူပီတိဖြစ်နေရှာတာ။





တို့မမက သိပ်တော်လို့ ညီမလေးက ၀မ်းသာအားကျနေတာ။







စာရေးသူတို့နေထိုင်တဲ့စင်ကာပူနိုင်ငံမှာတော့ အတန်းခေါင်းဆောင်ကို မြန်မာပြည်မှာလို မော်နီ

တာလို့မခေါ်ဘဲ ပရီဖက် (Prefect) လို့ခေါ်ပါတယ်။ 

မြေးအကြီးက သူအခုပညာသင်ကြားနေတဲ့ရူလန်းမူလတန်းကျောင်း(Rulang Primary School)

ကိုရောက်တော့ ကျောင်းအထွေထွေရုံးခန်း(General Office)နံရံမှာရှိတဲ့ အနက်ရောင်အောက်

ခံသင်ပုန်းမှာ ရွှေရောင်စာလုံးနဲ့ အင်္ဂလိပ်လိုရေးထားတဲ့ ယခင်က Head Prefects ကျောင်းသား

အမည်တွေအထဲမှာ သူ့အန်ကယ်လေးရဲ့ နာမည်ကိုတွေ့ခဲ့တယ်လို့ပြောပါတယ်။ 

အမည်ရဲ့ လက်ယာဖက်နေရာမှာ Head Prefect ဖြစ်တဲ့ခုနှစ်ကိုလည်းဖော်ပြထားပါတယ်။ 

တစ်နှစ်ကို တစ်ဦးပါ။

သူတို့ညီအမနှစ်ယောက်ရဲ့ အန်ကယ်လေးဆိုတာ သူတို့အမေ၏မောင်ငယ် စိုးမောင်တင်ဖြစ်ပါ

တယ်။

စင်ကာပူလူမျိုးစုဖြစ်တဲ့ တရုတ်မျိုးနွယ် မလေးမျိုးနွယ် အိန္ဒိယမျိုးနွယ်နဲ့ ယူရေးရှန်း(Eurasian)

တွေကြားက ထူးထူးခြားခြားမြန်မာနာမည်တစ်ခုပါ။


Head Prefect သည် တစ်ကျောင်းလုံးမှာရှိတဲ့ အတန်းခေါင်းဆောင်အားလုံးထဲက တစ်ယောက်

ကိုသာ ရွေးချယ်တာဝန်ပေးခန့်ထားတာဖြစ်တယ်။ 

ဒါကြောင့် အတန်းခေါင်းဆောင်ဖြစ်လာပြီဖြစ်တဲ့မြေးအကြီးသည် သူ့အန်ကယ်လေး၏ခြေရာကို

လိုက်မီပြီး တစ်ကျောင်းလုံး၏တစ်ဦးတည်သော Head Prefect ဖြစ်ဖို့  အခုအချိန်ကစလို့ အားကျ

ကြိုးစားချင်စိတ်ရှိနေမှာ သေချာပါတယ်။




















ဆက်ပြီးရေးပါဦးမည်။


Monday, February 27, 2023

အကြောအဆစ်ကုပညာရပ်ဆိုင်ရာ ကမ္ဘာ့ညီလာခံ ဒူဘိုင်းလား တိုကျိုလား (၃)

 



ဖေဖော်ဝါရီ ၂၂ ရက်နေ့ကပေးပို့သည့်အကြောအဆစ်ကုပညာရပ်ဆိုင်ရာကမ္ဘာ့အဖွဲ့အစည်း(WP 
- World Physiotherapy)၏အီးမေးတွင် ညီလာခံကျင်းပရန်လက်ကျန်ရက်ရေတွက်မှု(countdown)
ကိုစတင်လိုက်ပြီဖြစ်ကြောင်း အထက်ပါအတိုင်းဖော်ပြထားသည်။

အဆိုပါလက်ကျန်ရက် ၁၀၀ ကာလတွင် ဒူဘိုင်းညီလာခံတက်ရောက်လိုသူများအား သိသင့်သိထိုက် 
လုပ်သင့်လုပ်ရမည့်ကိစ္စများကို သတိပေးထားသည်။  

၁) ညီလာခံမှတ်ပုံတင် (registration) စာရင်းသွင်းပြီးပါပြီလား။ 

မှတ်ပုံတင်စာရင်းသွင်းရာတွင် မိမိသွားရောက်လေ့လာလိုသည့် ဆေးရုံ ဆေးခန်းနှင့်ကုသစောင့်ရှောက်
ရေးဌာနများ (clinical visits) အမည်နှင့် မိမိတက်ရောက်လိုသော ပညာရပ်ဆိုင်ရာသင်တန်းများ
(courses)ကို ထည့်သွင်းပြီးပါပြီလား။

၂) ခရီးသွားအစီအစဉ် (travel) လုပ်ပြီးပါပြီလား။ 
    ဥပမာ လေယာဉ်လက်မှတ်ဝယ်ယူခြင်း။

၃) နေထိုင်ရေးအတွက် (accommodation) စီစဉ်ထားပြီးပါပြီလား။ 
    ဥပမာ ဟိုတယ်အခန်းကြိုတင်ယူထားခြင်း။

၎) ဒူဘိုင်းကိုလာရောက်ရန် ပြည်ဝင်ခွင့်ဗီဇာ(visa)ကိစ္စ စုံစမ်းပြီးပါပြီလား။

၅) ညီလာခံအစီအစဉ် (congress programme) တွင်ပါရှိသည့် ပညာရပ်ဆိုင်ရာသုတေသနစာတမ်း
များကိုကြည့်ရှုလေ့လာပြီး မိမိစိတ်ကြိုက်နားထောင်လိုသည်များ(must-see sessions)ကို ရွေးချယ်ပြီး
ပါပြီလား။ 











 








အထက်ပါသတိပေးချက်များကိုဖတ်ရသောအခါ ညီလာခံတက်ရောက်ရန် ယခင်က မိမိကြိုတင်လုပ်

ကိုင်ခဲ့ရသည်များကို အမှတ်ရမိပါသည်။ 

ထိုသို့လုပ်ဆောင်ရာတွင် မြန်မာနိုင်ငံသားတဦးအနေဖြင့် အဓိကကြုံတွေ့ခဲ့ရသည်များတွင် ပြည်ဝင်

ခွင့်ဗီဇာရရှိရေးသည် ကြီးမားသောအခက်အခဲဖြစ်ခဲ့ပါသည်။ 

အထူးသဖြင့် ခရီးစဉ်တစ်ခုထဲမှာ တစ်နိုင်ငံမကသွားရောက်ရန်လိုအပ်သောအခါ ပြည်ဝင်ခွင့်ဗီဇာရရှိ

ရေးအတွက် သက်ဆိုင်ရာနိုင်ငံများ၏သံရုံးများတွင် နိုင်ငံကူးလက်မှတ်ကို တစ်ချိန်တည်းတပြိုင်တည်း

ပေးထားရန် အခက်အခဲတွေ့ခဲ့ဖူးသည်။

ဥပမာ ၁၉၉၆ ခုနှစ်က ဖင်လန်နိုင်ငံတွင်ကျင်းပခဲ့သည့် ဥာဏ်ရည်မသန်စွမ်းမှုဆိုင်ရာကမ ၻာ့ညီၤလာခံ

(International Association for the Scientific Study of Intellectual Disabilities - IASSID)ကို 

မိမိသွားရောက်စဉ်က ညီလာခံအစီအစဉ်ဖြင့် ရုရှားနိုင်ငံက စိန့်ပီတာစဘတ်(St. Petersburg)မြို့ သို့အ

လည်အပတ်သွားရန်ရှိပြီး ညီလာခံအပြီးမှာလည်း နယ်သာလန်နိုင်ငံ အမ်စတာဒန်(Amsterdam)မြို့ ကို 

ကိုယ့်အစီအစဉ်နဲ့ကိုယ်သွားရန်ရှိသဖြင့် အလုပ်ခရီးတစ်ခုတွင် ၃ နိုင်ငံ၏ပြည်ဝင်ခွင့်ဗီဇာဗီဇာများလိုခဲ့

ရသည်။  





















ဆက်ပြီးရေးပါဦးမည်။