"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, December 9, 2023

ခရီးယာယီ (၃)

 




ခရီးယာယီက ပထမတော့ ၃.. ၄.. ၅ ရက်လောက်ပဲလို့ထင်ထားပြီး လာခဲ့မိတာ။ 

ဒါပေမယ့် သားက သူ့အရင်အလုပ်ကနေ ပူပူနွေးနွေးထွက်ထားပြီး သူ့ကိုယ်ပိုင်အလုပ်သစ်ကို ဒီဝန်း
ကျင်တ၀ိုက်မှာ အစပျိုးလုပ်ကိုင်နေတာကြောင့် မိမိတို့ကို ဒီဟိုတယ်မှာပဲအနားယူရင်းဆက်ပြီးနေစေ
ချင်သေးလို့ နေနေရပြန်ပါတယ်။

ခရီးယာယီ(၁)မှာ ယခုလက်ရှိနေနေတဲ့ဟိုတယ် Studio Mရဲ့ တည်နေရာမြေပုံလေးထည့်သွင်းထား

ပြီး ခရီးယာယီ(၂)မှာတော့ တရက်တာတည်းခိုခဲ့တဲ့ Hotel Mi တည်နေရာကို မြန်မာရွာကြီးနဲ့ဆက်

စပ်ပြီး တင်ထားပေးခဲ့ပါတယ်။

ဒီတော့ ဒီနေရာဝန်းကျင်လေးအကြောင်း စူးစမ်းမိ လေ့လာကြည့်မိတာလေးတွေကို မျှဝေပြောပြလို

ပါတယ်။

တကယ်က မိမိတို့သည် စင်ကာပူနိုင်ငံကနေ တခြားတနေရာရာကိုခရီးသွားတာမဟုတ်ပေမယ့် ယ

ခင်က တခါမှမကြာဖူး မရောက်ဖူးခဲ့တဲ့နေရာကိုရောက်နေတာဖြစ်လို့ စိတ်ဝင်စားစရာကောင်းတာက

အမှန်ပါ။












အရပ်ဒေသအသစ်ဖြစ်တယ်။

အဆောက်အဦတွေက မိမိတို့နေထိုင်ရာပတ်ဝန်းကျင်များမှာ များသောအားဖြင့် တွေ့မြင်နေကြရ

တာတွေနဲ့မတူဘူး။ 

ဟိုတယ်နဲ့အနီးတ၀ိုက်မှာ HDB လူနေတိုက်တွေ(HDB flats) မရှိဘူး။

ဈေးမတွေ့ရဘူး။ ဟော်ကာဆိုင်(hawker) မတွေ့ရဘူး။

ဘားတွေနဲ့အနောက်တိုင်းအစားအသောက်ဆိုင်(Bar and Restaurant) တွေချည်းပဲ ရှိကြတာ

(အောက်ပုံ)။ 

နောက်ပြီး HDB တိုက်တွေအောက်က ကော်ဖီရှော့(ပ) (coffee shop)လို အစားအသောက်မျိုးစုံ

ရောင်းတဲ့ဆိုင်တွေလဲ မရှိဘူး။

ကံအားလျော်စွာပဲ 7-Eleven ဆိုင် ၂ ဆိုင် ၃ ဆိုင်လောက်တော့တွေ့ရတယ်။










 






အထက်မှာတွေ့ရသည့် ဘားနဲ့စားသောက်ဆိုင်မြင်ကွင်းလေးတွေက မိမိတို့နှစ်ဦး တရုတ်တန်း

(China Town) ကို ညနေစာသွားစားပြီးပြန်လာတုန်းကရိုက်ခဲ့တာပါ။ အဲဒီကိုသွားဖြစ်တာကိုလဲ

ပြောပြရဦးမယ်။

အမှန်က အဖိုးကြီးနဲ့အဖွားကြီး ဒီနေ့အပြင်မထွက်တော့ဘူးဆိုပြီး ဟိုတယ်မှာပဲနေနေကြတာ။ 


ဟိုတယ်မှာနေတယ်ဆိုပေမယ့် အိမ်မှာကလို များများစားစားလုပ်စရာတွေမရှိပေမယ့် အဖွား

ကြီးက နဲနဲပါးပါးတော့ဆေးကြောသိမ်းဆည်းရတာပေါ့လေ။ 

နားနားနေနေနဲ့ တရားမှတ်ချိန် ပုတီးစိပ်ချိန်ပိုရတယ်။ 

အဖိုးကြီးကတော့ သတင်းစာဖတ်လိုက် ကွန်ပြူတာကိုင်လိုက်နဲ့၊ သူ့ခမျာလဲ အားရပါဘူးရယ်။

















































ဒီစာမျက်နှာ၏အစမှာ 'ဟိုတယ်နဲ့အလုပ်သွား အလုပ်ပြန်ခရီး'ဆိုတဲ့ပုံစာနဲ့ မိမိနေထိုင်သည့်ဟို

တယ်ကနေ အလုပ်ကိုသွားဖို့အတွက် အနီးဆုံးဘတ်(စ)ကားမှတ်တိုင်သွားရတာလေးပြထားပါ

တယ်။ 

ဒါက ခရီးအစပဲရှိပါသေးတယ်။

ဟိုတယ်ကနေ မှတ်တိုင်အထိ ကားလမ်းအတိုင်းဖြောင့်ဖြောင့်သွားမယ်ဆိုရင် ဟိုတယ်ရှေ့ ရှိ'မို

ဟာမက် စူလ်တန်'လမ်း(MS Road)ကနေ ယူနတီလမ်း(Unity Street)ရဲ့ လက်ယာဖက်ထဲ ချိုး

ဝင်ရပါမယ်။ အဲဒီလမ်းဆုံးတော့ လက်ဝဲဘက်ကွေ့တာနဲ့ ဘတ်(စ)ကားမှတ်တိုင်ကိုတွေ့ရပါပြီ။

ခြေ ၁၅ လှမ်းလောက်ပဲလျှောက်ရတော့တာ။

မိမိက ကားလမ်းအတိုင်းမသွားပဲ ပုံမှာမျှားပြထားသလို တိုက်တွေအောက်က စားသောက်ဆိုင် 

တွေရှေ့ ကဖြတ်လျှောက်ရင် လမ်းကတိုပါတယ်။ ၉  မိနစ် ၁၀ မိနစ်ကြာသွားရပါတယ်။


ဒီမှတ်တိုင်မှာ ၆၄၊ ၁၂၃နဲ့ ၁၄၃ ဘတ်(စ)ကား ၃ စီးလာပါတယ်။ ကံကောင်းတာက ၃ စီးလုံးအော်

ချတ်(Orchard)လမ်းကိုရောက်လို့(ခရီးကြာချိန် ၅ မိနစ်) ကားရပ်တဲ့မှတ်တိုင်နဲ့နီးတဲ့ Somerset

ဒါမှမဟုတ် Dhoby Ghaut ဘူတာတခုခုကနေ Buangkok ဘူတာကိုစီးသွားရုံပါပဲ(ခရီးကြာချိန် ၂၀

မိနစ်)။ အဲဒီကမှ ဘတ်(စ)ကား ၃ မှတ်တိုင်စီးပြီး အလုပ်ကိုရောက်တော့တာ။
















ဒါနဲ့ မနေ့ကတော့ အလုပ်သွားဖို့ နောက်လမ်းကြောင်းတခုကို မထင်မှတ်ပဲတွေ့ခဲ့ရပါတယ်။ 

မိမိ မနက်တိုင်းစီးတဲ့ဘတ်(စ)ကားမှတ်တိုင်နားမှာ Fort Canning မြေအောက်ဘူတာရှိတာသိရ

လို့ပါ။

ဒါကြောင့် မနေ့က အဖိုးကြီးနဲ့အဖွားကြီး အပြင်မထွက်တော့ဘူးဆိုပြီးကာမှ အဲဒီလမ်းကြောင်းအ

သစ်ကိုတွေ့လို့ အစမ်းသွားကြည့်ဖို့ ညနေမှာ မမျှော်လင့်ထားပဲ အပြင်ထွက်ဖြစ်ခဲ့ကြတော့တာ။


အထက်ကပုံမှာပြထားတဲ့အတိုင်း ဟိုတယ်ကနေလမ်းလျှောက်ပြီး Fort Canning မြေအောက်

ဘူတာကိုသွားတယ်။ အဲဒီကမှ တရုတ်တန်း(China Town)ကို တဘူတာစီးပြီး ခရမ်းရောင်လိုင်း

(Purple Line - North East MRT line)နဲ့ Buangkok ဘူတာကိုသွားလို့ရလားဆိုတာသွားကြည့်

တာအဆင်ပြေလို့ ၀မ်းသာရတယ်။

ဟုတ်တာပေါ့နော်။

'ရှာဖွေလေ တွေ့ရှိလေ' ဆိုတာ။















Thursday, December 7, 2023

မျှော်တလင့်လင့် ကိုဗစ်-၁၉ စွမ်းဆောင်ဆု(၃)

 





ဒီကနေနေ့ခင်းမှာ ကျန်းမာရေးဝန်ကြီးဌာန အတွင်းဝန်ရုံး (MOHH NA Secretariat) မှ အီးမေး

ရရှိခဲ့ပါတယ်။

 ကိုဗစ်-၁၉ စွမ်းဆောင်ရည်ဆုတံဆိပ်(Covid-19 Resillience Medal) ပေးအပ်သည့်အခမ်းအ

နားကိုလာရောက်ပြီး ဆုလက်ခံရယူဖို့အတွက် လိုအပ်တဲ့သတင်းများ အကြောင်းကြားပေးပို့

တာပါ။

ဒီတနေ့ 

မိမိ ရင်ခုံစွာမျှော်လင့်စောင့်စားနေခဲ့ရသည့် ၀မ်းမြောက်ဂုဏ်ယူစရာနေ့ရက်လေးတရက်ကို 

ရောက်လာခဲ့ပါပြီ။











Sunday, December 3, 2023

ခရီးယာယီ (၂)




'ခရီးယာယီ'လို့ အမည်ပေးထားတဲ့အတိုင်း အိမ်ကထွက်လာတဲ့နေ့က တညတာနေခဲ့သည့် 

Studio Mဟိုတယ်မှာ တည်းခိုရက်ထပ်တိုးတာ(hotel room extension)မရတာကြောင့် ဒုတိ

ယနေ့ နေ့လယ်မှာ နောက်ဟိုတယ်တခုဖြစ်တဲ့ Hotel Mi (အပေါ်ပုံ) ကို ယာယီပြောင်းခဲ့ရပြန်

ပါတယ်။ 

ဒါပေမယ့် အဲဒီဟိုတယ်မှာတရက်နေပြီး နောက်တကျော့အနေနဲ့ Studio Mဟိုတယ်မှာရက်အ

နည်းငယ်ပြန်လာတည်းဖို့ရာအတွက်တော့ ကြိုတင်ဘွတ်ကင်လုပ်ထားခဲ့တာဖြစ်လို့ Studio M 

Hotel ကို မနေ့နေ့လည်ကပြန်ရောက်နေခဲ့ပါပြီ။ 

Hotel Mi က Bencoolen လမ်းထဲမှာရှိတာကြောင့် ပဲန်နင်းစူးလားပလာစာနဲ့နီးနီးလေးပါ။

ဟိုတယ်နဲ့မျက်စောင်းထိုးမှာရှိတဲ့ ဘတ်စ်ကားမှတ်တိုင်ကနေ အမှတ် ၁၆၆ ဘတ်စ်ကးစီးရင် ၂ 

မှတ်တိုင်လောက်ပဲစီးရတာပါ။ (အောက်ပုံ)












ယခင်က ဒီလမ်းကြားထဲကို ဘတ်စ်ကား ၁၄၇နဲ့၁၆၆ စီးလာတိုင်းဖြတ်သွားနေကျဖြစ်လို့ ရင်းနှီး

နေပြီးသားလို့ပြောနိုင်ပါတယ်။


မှတ်မှတ်ရရဆိုရင် မိမိ၏ငယ်သူငယ်ချင်း ကိုခင်မောင်မြင့် (စာရေးဆရာမာန်မြင့်-ကန့်ဘလူ)

ကျန်းမာရေးမကောင်းလို့ စင်ကာပူအမျိုးသားတက္ကသိုလ်ဆေးရုံ(National University Hospi-

tal, NUH)မှာ ဆေးလာကုစဉ်က သူ့မိသားစုတည်းခိုသွားတဲ့ 'ဆိပ်ကမ်းသာဟိုတယ်'(Strand 

Hotel)က ဒီလမ်းထဲမှာပဲရှိနေတာပါ။




















နောက်မှတ်မှတ်ရရရှိတာတခုကတော့ လွန်ခဲ့တဲ့ ၇ နှစ် ၈နှစ်လောက်က Bencoolen လမ်းနဲ့ 


ရော်(န)ဒေဗူ (Rendezvous) ချိပ်ဆက်ခြင်း ပေါင်းစီးခြင်း       အာကာသယာဉ် ၂ စီး

အတဲန်းရှာ (attention)

အိတ်ဇာဇိ (exercice)


Friday, December 1, 2023

အကြောအဆစ်ကုပညာရပ်ဆိုင်ရာကမ္ဘာ့ညီလာခံ ဒူဘိုင်းလား တိုကျိုလား (၇)

 




နိုဝင်ဘာ ၃၀ ရက်ကြာသပတေးနေ့စွဲဖြင့် အကြောအဆစ်ကုပညာရပ်ဆိုင်ရာကမ္ဘာ့အဖွဲ့အစည်း

(World Physiotherapy - WP)ကပေးပို့သည့်အီးမေး(World Physiotherapy eNews)မှာ ၂၀၂၅ 

ခုနှစ် မေလ၂၉ ရက်နေ့တွင်ဂျပန်နိုင်ငံ၊တိုကျိုမြို့ ကျင်းပမည့်World Physiotherapy Congress 

၏အရေးကြီးသတင်းများအား အတော်လေးစုံစုံလင်လင်ဖော်ပြလာသည်ကို သတိပြုမိသည်။


အထူးသဖြင့် ယင်းညီလာခံကိုသွားတက်ကြမည့်ကိုယ်စားလှယ်များအနေဖြင့် ကြိုတင်သိရှိထား

ရန်လိုအပ်သည်များနှင့်ကြိုတင်စီစဉ်လုပ်ဆောင်ရမည်များကို နေ့ရက်အတိအကျချပြလာခြင်း

ဖြစ်သည်။ 

ဥပမာ၊

- Focused symposia ခေါ် ခေါင်းစဉ်တမျိုး သို့မဟုတ် အကြောင်းအရာတခု (the same topic)

အောက်တွင် စာတမ်းတင်သွင်းသူ တဦးစီ သို့မဟုတ် တဖွဲ့စီများက သူတို့၏အတွေးအမြင်နှင့်

တွေ့ရှိချက်စာတမ်းများကို ဖတ်ကြားဆွေးနွေးကြရန်အတွက် စာတမ်းများခေါ်ယူခြင်း[ဖေဖော်

ဝါရီလ ၂၀၂၄]

- Focused symposia အတွက် သုတေသနစာတမ်းများနောက်ဆုံးပေးပို့ကြရမည့်ရက် [ဧပြီလ

 ၂၀၂၄]

- သုတေသနစာတမ်းအနှစ်ချုပ်များ(Abstracts) စတင်လက်ခံသည့်ရက် [ဇွန်လ ၂၀၂၄]

- ညီလာခံမှတ်ပုံတင်ကြေး (Registration) စတင်ပေးသွင်နိုင်သည့်ရက် [ဂျူလိုင်လ ၂၀၂၄]

- သုတေသနစာတမ်းအနှစ်ချုပ်များ တင်သွင်းခြင်းနောက်ဆုံရက် [အောက်တိုဘာလ ၂၀၂၄]
































ခရီးယာယီ (၁)

 


'စတူဒီယို အမ်'ဟိုတယ်က ဓာတ်လှေကားမှာ အပေါ်မတက်ခင် အမှတ်တရလေး။


ခရီးယာယီဆိုရင် အနည်းဆုံးတော့ မိမိနေတဲ့မြို့ ရွာကနေ တခြားမြို့  တခြားရွာကို ကား ရထား ရေ

ယာဉ် လေယာဉ် တမျိုးမျိုးနဲ့သွားရတာမဟုတ်လား။

နေ့ချင်းပြန်ခရီး(day trip)ဖြစ်ဖြစ်၊ ၁ ရက် ၂ ရက်ကနေ ၅ ရက် ၁ ပတ်ခရီးဖြစ်ဖြစ် အဝေးတနေရာ

ရာကိုသွားရတာလေ။

ကဲ အခုတော့ ..

ဒီကနေ့နေ့လည်မှာ မိမိနှင့်ဇနီးတို့ အိမ်မှာတီဗွီကြည့်နေတုန်း သားကအပြင်ကနေပြန်ရောက်လာ

ပြီး မိမိတို့အနားယူကြရန်အတွက် ဟိုတယ်ဘွတ်ကင်လုပ်ခဲ့ကြောင်း ဆိုင်းမဆင့်ဗုံမဆင့်ကြီးပြော

ပါတယ်။

အဖေနဲ့အမေ တခါမှမရောက်ဖူးသေးတဲ့ စင်ကာပူမြို့ ထဲက တနေရာကိုပါတဲ့။




ဒါနဲ့ ဘုမသိဘမသိပဲ ၃-၄ ရက်စာအ၀တ်အစားတွေထည့်ပြီ နေ့ခင်း ၁ နာရီခွဲလောက်မှာ တက္ကစီ

နဲ့ Studio M ဟိုတယ်ကိုထွက်လာခဲ့ကြပါတော့တယ်။  

ဟိုတယ်မရောက်ခင် လမ်းတ၀က်လောက်မှာ မိုးစရွာပြီး မြို့ ထဲကိုရောက်တဲ့အခါမှာတော့ မိုးကသဲ

ကြီးမဲကြီးရယ်ပါ။















နေ့ ၂ နာရီမှာ ဟိုတယ်ကိုရောက်တော့လဲ မိုးကကောင်းနေတုန်းပဲ။

ဟိုတယ်တ၀ိုက်ကိုကြည့်တဲ့အခါ သားပြောတဲ့အတိုင်းပဲ ဒီနေရာကို မိမိတခါမှမရောက်ဖူးဘူး။

ဟိုတယ်ရှိတဲ့ နန်စန်းလမ်း(Nanson Road)ဆိုတာလဲ တခါလေးမှ မတော်တဆတောင် မကြား

ဖူးခဲ့တာ။

အခန်းထဲရောက်ပြန်တော့လဲ အပေါ်ထပ်အောက်ထပ်နဲ့ လှေကားနဲ့။ ဟုတ်နေပြန်ပါပြီ။

မိမိ ယခင်က တည်းခိုခဲ့ဖူးသမျှဟိုတယ်အခန်းတိုင်း တထပ်ခန်းတွေပါ။ တီဗွီ၊ အိပ်ရာ၊ ရေချိုး

ခန်း၊ အိမ်သာအားလုံး ဒီတခန်းထဲမှာပဲ အားလုံးရှိကြတာ။

အခုအခန်းက  အပေါ်ထပ်မှာအိပ်ရာနဲ့တီဗွီ ၂ မျိုးပဲရှိပြီး ကျန်တာတွေအားလုံး အောက်ထပ်မှာ

ရှိကြတယ်။

အဲ ဒါလဲအတွေ့အကြုံတမျိုးပေါ့လေ။ 

တောသားပီပီ အတွေ့အကြုံသစ်မြင်ရတိုင်း လေ့လာရ မှတ်သားရတာပေါ့နော်၊ မဟုတ်လား။







          


အခန်းထဲရောက်တော့ အိမ်ရှင်မနဲ့မိမိတို့က ပစ္စည်းတွေနေရာချနေတုန်း အိမ်ကယူလာတဲ့ကွန်
ပြူတာကို သားက စားပွဲပေါ်တင်ပေးပြီး အင်တာနက်သုံးနိုင်ဖို့ ဟိုတယ်ဝိုင်ဖိုင်နဲ့ချိတ်ဆက်ပေး
ပါတယ်။ 

နောက်ပြီး မိမိ၏ iPad နဲ့ သူ့အမေ၏မိုဘိုင်းဖုန်းများကိုလဲ တလက်စာတည်း ၀ိုင်ဖိုင်နဲ့ချိတ်ဆက်
ပေးရသေးတာ။

နေ့လည်စာကိုတော့ မြို့ ထဲဖက်ရောက်နေတဲ့အတူတူ ပဲန်နင်းစူးလားပလာစာကမြန်မာရွာကြီး
ကို တက္ကစီနဲ့သွားဖြစ်ကြတယ်။ စားနေကျဖြစ်တဲ့ အင်းလေးစားသောက်ဆိုင်မှာ မိမိအတွက်ထ
မင်းကြော်ရယ် အိမ်ရှင်မအတွက်ဆီချက်ခေါက်ဆွဲရယ် မှာစားကြပါတယ်။

စားနေကျဆိုတာက မိမိတို့ဇနီးမောင်နှံသည် ယခင်ကိုဗစ်မဖြစ်ခင်တုန်းအခါက မြန်မာရွာကြီးမှာ
နေ့လယ်စာကို ရနံ့သစ်ဆိုင်မှာပဲ စားကြတာများပါတယ်။ မြန်မာထမင်းကြော်နဲ့ဆီချက်ခေါက်ဆွဲ
စားပြီး ဖါလူဒါသောက်ချင်တဲ့အခါမှာတော့ အင်းလေးဆိုင်မှာစားလေ့ရှိကြတာ။

အဲဒီအချိန်တုန်းက မြန်မာဒန်ပေါက်နဲ့ဖာလူဒါကို စားချင်သောက်ချင်ပီဆိုရင်တော့ တရုတ်တန်း
အရပ်(China Town)မှာရှိတဲ့ မြန်မာအိန္ဒိယနွယ်ဖွား၏တာ့ဂ်ျစားသောက်ဆိုင်(Taj)ကို တကူးတ
ကကြီးကို သက်သက်သွားစားကြလေ့ရှိတာရယ်။