
"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။
Wednesday, February 1, 2023
ကျွန်းသာယာသတင်းစဉ် (၆၇)

နောက်ဆုံးရသတင်း (၂-၂-၂၃)
Saturday, January 28, 2023
အကြောအဆစ်ကုပညာရပ်ဆိုင်ရာ ကမ္ဘာ့ညီလာခံ ဒူဘိုင်းလား တိုကျိုလား (၂)
ဇန်န၀ါရီလ၂၅ ရက်နေ့ကလည်း အကြောအဆစ်ကုပညာရပ်ဆိုင်ရာကမ္ဘာ့အဖွဲ့အစည်း(WP - World Physiotherapy) ထံမှ အီးမေးတစ်စောင်ကို ထပ်ပြီးရရှိခဲ့သည်။
အီးမေးပို့ရသည့်အကြောင်းအရာမှာ ပေးပို့ရန်နောက်ကျနေသည့်သုတေသနစာတမ်းအနှစ်ချုပ်ကိုလက်
ခံနေပါပြီဟု အသိပေးထားခြင်းဖြစ်သည်။
အဆိုပါနောက်ကျပြီးတင်သွင်းသည့်သုတေသနစာတမ်းအနှစ်ချုပ်ကို လာမည့်ဖေဖော်ဝါရီလ ၃ ရက်
နေ့အထိသာလက်ခံပေးမည်ဖြစ်ပြီး ညီလာခံအစီအစဉ်၏သီးသန့်တင်သွင်းမှုအခန်း (Specific late-
breaking abstract sessions) တွင် ဖတ်ကြားခွင့်ရရှိမည်ဖြစ်သည်။
ယခင်ကညီလာခံများသို့ မိမိတင်သွင်းခဲ့သည့်သုတေသနစာတမ်းများကို ညီလာခံ၏အဓိကအခန်း
ကဏ္ဍဖြစ်သော ဖိုးကပ်စ်ဆင်ပိုစီယမ်အခန်း (Focused Symposium)တွင် အများနည်းတူဖတ်ကြား
ခဲ့ရပါသည်။
ဖိုးကပ်စ်ဆင်ပိုစီယမ်တွင် မိမိတို့ကဲ့သို့မထင်မရှားစာတမ်းရှင်များအပါအ၀င် နိုင်ငံတကာမှထင်ရှား
ကျော်ကြားသည့်သုတေသီပညာရှင်ကြီးများ (High Profile Speakers) ဖတ်ကြားတင်သွင်းကြလေ့
ရှိရာ ညီလာခံကိုယ်စားလှယ်အများဆုံး (အချို့ နေရာများတွင် ထိုင်စရာနေရာမရသည်အထိ ကြိတ်
ကြိတ်တိုး ခန်းလုံးပြည့်) တက်ရောက်နားထောင်ကြသည်ကို ကြုံတွေ့ခဲ့ရသည်။။
သို့ဖြစ်ရာ အထက်ကဆိုခဲ့သည့် သီးသန့်တင်သွင်းမှုအခန်းမှာ ယခုညီလာခံတွင်မှ ဒူဘိုင်းညီလာခံ
ကျင်းပရေးအစီအစဉ်ကော်မတီ (The Congress Programme Committee - CPC) က ပထမ
ဆုံးအကြိမ် စတင်စီစဉ်ထည့်သွင်းပေးခြင်းဖြစ်လေသည်။
ဆက်ပြီးရေးပါဦးမည်။






































