"ဘေလာ့လုပ္ၿပီး စာေတြ ေရးစမ္းပါဗ်ာလို႔" တိုက္တြန္းသူေတြက တိုက္တြန္း ခဲ့ၾကတာ ၾကာခဲ့ပါၿပီ။ တိုက္တြန္းၾကတဲ့ အရင္းႏွီးဆံုးမိတ္ေဆြမ်ားထဲက တစ္ဦးကေတာ့ အေမရိကန္မွာေရာက္ေနတဲ့ ေဒါက္တာေသာင္းတင္ (စာေရးဆရာ လူမ်ိဳးေနာ္)ပါ။ ဇနီးျဖစ္သူက အနီးကပ္ အားေပးတိုက္တြန္းခဲ့ သလို သမီးျဖစ္သူကေတာ့ ယခုဘေလာ့ကို အစမွအဆံုး လုပ္ေပးခဲ့တာ ျဖစ္ တယ္။ ေရးမယ္ ေရးမယ္နဲ႔ အခုမွပဲ ေရးျဖစ္ပါေတာ့တယ္။ ကမာၻမွာ အရည္ အေသြး အေကာင္းဆံုးကၽြန္းထြက္ရွိတဲ့ အမိျမန္မာျပည္နဲ႔ ကၽြန္းပင္ေတြ ၀န္း ရံထားေလ့ရွိခဲ့တဲ့ ေမြးဇာတိ ကန္႔ဘလူၿမိဳ႔ကို အမွတ္တရ ဂုဏ္ျပဳ႔လ်က္ ဒီဘေလာ့၏အမည္ကို 'ကၽြန္းသာယာ'လို႔ ေပးလိုက္ပါသည္။

Saturday, October 14, 2023

ရန္ကုန္တကၠသိုလ္ အလြမ္း - ၁

 


သူတို႔ေတြလည္း

ကိုယ့္လိုပဲလြမ္းေနၾကသည္။ ဒီတကၠသိုလ္ႀကီးကိုပါ။


အခုရက္ပိုင္းမ်ားတြင္ ေဖ့စ္ဘြတ္စာမ်က္ႏွာေတြေပၚမွာ ရန္ကုန္တကၠသိုလ္ထဲက ဓာတ္ပံုေလးေတြ

ကို မၾကာမၾကာျမင္ေတြ႔ေနရေတာ့ အမိတကၠသိုလ္ႀကီးကို သတိမရပဲ မလြမ္းမတသပဲ မေနနိုင္ျဖစ္

ရပါတယ္။


ဓာတ္ပံုထဲမွာပါသည့္ ဟိုတခ်ိန္တုန္းက ငယ္ရြယ္ပ်ိဳျမစ္အရြယ္ေက်ာင္းသူေက်ာင္းသားေလးမ်ားကို

ျမင္ရတဲ့အခါ အဲဒီအခ်ိန္ကာလတုန္းက မိမိကိုယ္ကိုလဲ ျပန္ၿပီးျမင္မိေတာ့တာပါပဲေလ။


ကဲ ေအာက္ကပံုေလးေတြကို ၾကည့္ပါ။

တခ်ိန္တခါတုန္းက က်ေနာ္တို႔အမိတကၠသိုလ္ႀကီးရဲ ႔ေက်ာင္းသူေက်ာင္းသားေတြ ဘယ္ေလာက္

ခ်စ္စရာေကာင္းၾကပါသလဲဆိုတာ။ 





ဟိုတေခတ္တခါတုန္းက ျမကၽြန္းညိဳညိဳတကၠသိုလ္ႀကီး၏ရင္ခြင္ထဲက

က်က္သေရလဲရွိ ခ်စ္စရာလဲေကာင္းသည့္

ေက်ာင္းသူေက်ာင္းသားေလးမ်ား




























မိမိတို႔ေရႊဘိုေဆာင္ႏွင့္ေမာင္ႏွမေဆာင္
သီရိေဆာင္










    

Sunday, October 8, 2023

စပ္မိစပ္ရာမ်ား (၆) - ဒူးနာျခင္းႏွင့္လႈပ္ရွားေလ့က်င့္ကုသမႈ - ၂

 



အမွတ္ (၁) မွာတုန္းက OA knee ဆိုတဲ့ဒူးနာျခင္းအမ်ိဳးအစားမွာ အေၾကာအဆစ္ဆိုင္ရာလႈပ္ရွား

ေလ့က်င့္ကုသမႈ(Therapeutic exercises)သည္ မပါမျဖစ္၊မလုပ္မျဖစ္ကိုအေရးႀကီးတဲ့အေၾကာင္း

အထက္ကအတိုင္းေျပာခဲ့ပါတယ္။ 

တကယ္က ဒူးနာတာမွတင္ မဟုတ္ပါဘူး။ 

အျခားေသာအေၾကာအဆစ္၊ အရိုးနဲ႔အာရံုေၾကာဆိုင္ရာေရာဂါေ၀ဒနာမ်ားမွာလဲပဲ ဒီလိုလႈပ္ရွား

ေလ့က်င့္ကုသမႈမ်ိဳးေတြလိုအပ္ေလ့ရွိပါတယ္။   

ဒီေတာ့ Therapeutic exercise လို႔ေခၚသည့္ အေၾကာအဆစ္ဆိုင္ရာလႈပ္ရွားေလ့က်င့္ကုသမႈအ

ေၾကာင္းေျပာျပဖို႔လိုအပ္လာပါတယ္။


အေၾကာအဆစ္ကုပညာရွင္ (physiotherapist) က လူနာတဦးကို ၾကည့္ရႈစမ္းသပ္ၿပီးတဲ့အခါတိုင္း

ေတြ႔ရွိခ်က္ေတြအေပၚအေျခခံၿပီး ကုသမႈစီမံခ်က္(Physiotherapy Treatment Plan)ထဲမွာ ဘယ္လို

ကုသမႈအမ်ိဳးအစားေတြျပဳလုပ္မယ္ဆိုတာ ေရးမွတ္ရပါတယ္။ 

အဲဒီမွာ လူနာျပဳလုပ္ရမယ့္လႈပ္ရွားေလ့က်င့္မႈေတြပါရွိပါတယ္။ 

အဲဒီလႈပ္ရွားေလ့က်င့္မႈေတြရဲ ႔အဓိကရည္ရြယ္ခ်က္ ၂ ခုကေတာ့၊ 

၁) လူနာရဲ ႔ခၽြတ္ယြင္းခ်က္ အားနည္ခ်က္ကို ျပဳျပင္တည့္မတ္ေပးဖို႔နဲ႔

၂) အေၾကာနဲ႔အရိုးအဆစ္ေတြရဲ ႔မူလလုပ္ငန္းမ်ားကို ျပန္လည္ရရွိဖို႔ ဒါမွမဟုတ္ ေလာေလာဆယ္

က်န္ရွိေနေသးတဲ့လုပ္နိုင္ကိုင္နိုင္တာေလးမ်ားကို ဆက္ၿပီးေလ်ာ့နည္းက်ဆင္းမသြားရေလေအာင္

ထိန္းထားေပးဖို႔ အတြက္ပါ။ 
























တနည္းေျပာရမယ္ဆိုရင္ ထိခိုက္ဒဏ္ရာရမႈမ်ားကို ကာကြယ္ေပး၊ကုသေပးနိုင္တဲ့ကိုယ္လက္လႈပ္

ရွားေလ့က်င့္ခန္းအမ်ိဳးအစား (Physical activity) ေတြပဲျဖစ္ပါတယ္။  

ဒီေနရာမွာသိထားဖို႔လိုတာက ေျခ၊ လက္၊ ေခါင္း၊ ခါးလႈပ္တိုင္း ေလ့က်င့္ခန္း (exercise) မဟုတ္သ

လို ကုသမႈ(therapy)လဲ မေျမာက္ပါဘူး။ 

ဒါနဲ႔ပတ္သက္ၿပီး အရိုးခြဲစိတ္ဆရာ၀န္ႀကီး ေဒါက္တာဦးေက်ာ္ျမင့္နိုင္က သူ႔ကိုယ္ေတြ႔ေလးေျပာျပ

ပါတယ္။

အေတာ္ေလးေကာင္းတဲ့ ဥပမာေလးတခုလို႔ေျပာရမွာပါ။ 

အရိုးခြဲစိတ္ပညာရပ္ဆိုင္ရာမဟာသိပၸံ(MSc)တန္းတက္ေနစဥ္က အေတြ႔အႀကံဳလို႔ေျပာပါတယ္။

ထိုအခ်ိန္တုန္းက သူ႔ဆရာႀကီး၏အမည္ကိုေတာ့ မေျပာလိုပါဘူးတဲ့။

ဟိုတခ်ိန္တုန္းက ဆရာ၀န္ႀကီးအခ်ိဳ ႔သည္ လူနာမ်ားအေပၚမွာ အေျပာအဆိုၾကမ္းတတ္တယ္ဆို

ပါတယ္။

တေန႔မွာ ဆရာႀကီးက သူ႔လူနာအမ်ိဳးသမီးႀကီးတဦးကို သူသင္ေပးထားတဲ့လက္ေလ့က်င့္ခန္းကို

လုပ္ျပခိုင္းပါတယ္။

ဒီအခါမွာ လူနာက လက္ေခ်ာင္းေလးေတြကို တဆတ္ဆတ္လႈပ္ခါျပပါတယ္။

ဒါကိုျမင္တဲ့အခါ ဆရာႀကီးေျပာလိုက္တဲ့စကားေၾကာင့္ လူနာခမ်ာမ်က္လံုးအျပဴးသားနဲ႔အထိတ္

တလန္႔ျဖစ္သြားရွာပါသတဲ့။ 

















ဆရာႀကီးေျပာလိုက္တာက၊ 

"ငါက နင့္ကို ေလ့က်င့္ခန္းလုပ္ခိုင္းတာ။ ေခြးၿမီးန႔႔ံခိုင္းတာမဟုတ္ဘူး" ဟူသတတ္။

 ေဒါက္တာဦးေက်ာ္ျမင့္နိုင္က ဒီအေတြ႔အႀကံဳေလးကိုျပန္လည္ေဖာက္သည္ခ်ရင္း လူနာခမ်ာ

သနားစရာလဲေကာင္းပါတယ္'လို႔ ဂရူဏာသက္စြာေျပာၿပီးၿပံဳးပါတယ္။


မိမိသည္ အေၾကာအဆစ္ကုပညာရွင္တဦးျဖစ္လို႔ လူနာမ်ားကို လႈပ္ရွားေလ့က်င့္မႈသင္ေပး၊ျပ

ေပးတဲ့အခါေတြမွာ အထက္ကေျပာတဲ့အေတြ႔အႀကံဳမ်ိဳးမ်ား မၾကာခဏဆိုသလိုႀကံဳေတြ႔ရဖူးပါ

တယ္။

ဒါေၾကာင့္ လူနာကို ေသခ်ာရွင္းလင္းေျပာျပတာ၊ လက္ေတြ႔လုပ္ျပတာ၊ လုပ္ျပရင္း အဆင့္ဆင့္
ထပ္ၿပီးရွင္းျပတာ၊ လူနာကိုယ္တိုင္လုပ္တတ္သြား(သေဘာေပါက္သြားတဲ့အထိ) အႀကိမ္ႀကိမ္
သင္ျပေပးတာေတြ စိတ္ရွည္လက္ရွည္လုပ္ေလ့ရွိပါတယ္။ 

ဘာေၾကာင့္လဲဆိုေတာ့ ေစာေစာေလးတင္ကေျပာခဲ့ၿပီးျဖစ္တဲ့အတိုင္း လႈပ္ရွားတိုင္း ေလ့က်င့္
ကုသမႈ မဟုတ္သလို ကုသမႈ(therapy)လဲ မျဖစ္ေစနိုင္လို႔ပါ။  


လက္ေခ်ာင္းေလ့က်င့္ခန္းအဆင့္ဆင့္










ကၽြန္းသာယာသတင္းစဥ္ (၇၉)

 


ဤပံုကိုၾကည့္ပါ
အေ၀းကပင္ျမင္နိုင္ပါသည္။



ျမန္မာတနိုင္ငံလံုး၏
ရင္ႏွင့္မဆံ့ေအာင္
ခါးသီးလွတဲ့ဘ၀ေတြမ်ားရယ္ ...

SOURCE: Facebook (7/10/23)


ဒါပဲေလ။



***




တင္ေအာင္ခိုင္ ။  ။ စစ္ေကာင္စီကေနၿပီးေတာ့ NCA စာခ်ဳပ္ခ်ဳပ္ဆိုျခင္း (၈) ႏွစ္ျပည့္ ၿငိမ္းခ်မ္း
ေရးညီလာခံကို လာမည့္တနဂၤေႏြေန႔မွာ ေနျပည္ေတာ္မွာက်င္းပဖို႔စီစဥ္ေနပါတယ္။

အဲဒီျပင္ဆင္ေနတဲ့အခ်ိန္မွာပဲ စစ္ဆင္ေရးေတြလဲတိုးခ်ဲ ႔ၿပီးေဆာင္ရြက္ေနတာေတြ႔ရပါတယ္။

အဲဒါဘာ့ေၾကာင္လဲဆိုတာ ဒီကေန႔ေဆြးေႏြးသြားမွာျဖစ္ပါတယ္။


NCA (၈) ႏွစ္ျပည့္ခ်ိန္ ဘာေၾကာင့္ စစ္ရွိန္ျမွင့္ေနသလဲ












- စစ္တပ္က သူတို႔အခက္အခဲေပၚလာတိုင္း NCA အလံလႊင့္လႊင့္ၿပီး ထြက္ေပါက္ရွာတတ္တယ္။

- ရွစ္ေလးလံုးအေရးအခင္းမွာလဲ စစ္တပ္က ေက်ာင္းသားေတြကို ရက္ရက္စက္စက္ သတ္ခ်င္

တိုင္းသတ္ၿပီးေတာ့ ဒီၿငိမ္းခ်မ္းေရးအလံကိုကိုင္ခဲ့တာပဲ။

- ဒါက အခုမွမဟုတ္ဘူး။ ၁၉၆၂ ခုႏွစ္မွာ ဗိုလ္ေန၀င္းအာဏာသိမ္းၿပီး (တကၠသိုလ္)ေက်ာင္းသူ

ေက်ာင္းသားေတြကို ပိုးစိုးပက္စက္ပစ္သတ္ ေက်ာင္းသားသမဂၢအေဆာက္အဦႀကီးကို ဗံုးခြဲ

ဖ်က္စီးၿပီးေတာ့လဲ သူတို႔ပံုရိပ္ကိုအဖတ္ဆယ္ဖို႔ ျပည္တြင္းၿငိမ္းခ်မ္းေရးေစ့စပ္ေဆြးေႏြးပြဲဆိုၿပီး

ဟန္ျပလုပ္ခဲ့ၾကေသးတာပဲေလ။ 

- အခုလဲပဲ ဦးသိန္းစိန္ေခတ္ ေဒၚေအာင္ဆန္းစုၾကည္ေခတ္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြမွာ မင္း

ေအာင္လိႈင္၀င္ေျပာ(စြက္)လိုက္ရင္ ဘာေတြျဖစ္သြားတယ္ဆိုတာ အားလံုးအသိပဲ။

- ျပည္သူေတြသိထားရမွာက ဒီစစ္တပ္က နိုင္ငံေရးအာဏာနဲ႔စီးပြားေရးအာဏာေတြကို အေလ်ာ့

မေပးသမ ွ်ဘယ္ေတာ့မွ ၿငိမ္းခ်မ္းေရးရမွာမဟုတ္ဘူး။

မွတ္ခ်က္။  ။ နိုင္ငံေရးအာဏာနဲ႔စီးပြားေရးအာဏာဆိုတာတြဟာ စစ္တပ္အေနနဲ႔ မူးလို႔ေတာင္ 

ရွဴရမယ့္ဟာမ်ိဳးမဟုတ္ဘူး။ ဘာမွမဆိုင္ဘူး။ လံုး၀မပတ္သက္ဘူး။ 

























က်ေနာ္တို႔တိုင္းရင္းသားအဖြဲ႔အစည္းေတြက ဖက္ဒရယ္ဒီမိုကေရစီနိုင္ငံထူေထာင္ခ်င္တယ္။


၂၀၁၃ ခုႏွစ္က လိုင္ဇာမွာက်င္းပခဲ့တဲ့ညီလာခံကစၿပီး NCA အစ လိုင္ဇာကလို႔ေျပာနိုင္ပါတယ္။ 



***




(ေမး) သက္ေထြးနိုင္ ။  ။ စစ္ေကာင္စီက ျပည္ပမွာရွိတဲ့ျမန္မာနိုင္ငံသားေတြဆီက အခြန္ေကာက္
                                         မယ္လို႔သိရပါတယ္။ အခုႏွစ္ ေအာင္တိုဘာ ၁ ရက္ေန႔ စမယ္။ 
                                         ၁၀ ရာခိုင္ႏႈန္း ေကာက္မယ္။
                                         ၀င္ေငြရဲ ႔ ၂၅ ရာခိုင္ႏႈန္း ကိုလဲျမန္မာျပည္ကိုျပန္ပို႔ရမယ္။ ဒါနဲ႔ပတ္သက္
ၿပီး ဆရာရဲ ႔သံုးသပ္ခ်က္ကိုသိလိုပါတယ္။

                                        




ပြင့္ပြင့္လင္းလင္းေျပာရရင္ စစ္ေကာင္စီက ဓားျပျဖစ္ေနၿပီ။
အိမ္ေတြမွာ ေသနတ္ျပၿပီးေတာင္းေနတာနဲ႔ အတူတူပဲ
ဓားျပမွ ဓားျပပဲ။

ဒါက ရွင္းရွင္းေလးပဲ၊
သူတို႔မွာနိုင္ငံျခားေငြ အရမ္းလိုေနတယ္။

က်ပ္တည္းၿပီးေတာ့မွ ကိုယ့္ဘ၀ကို ရုန္းကန္ေနရတဲ့ျပည္သူေတြအေပၚမွာ 
၀န္ထုပ္၀န္ပိုးျဖစ္ေအာင္ မညွာမတာလုပ္ၿပီး အခြန္ေကာက္ယူေနတာ။

စကစ သတ္မွတ္ေစ်းနဲ႔ဆိုရင္ ၁ ေဒၚလာမွာ ၁၄၀၀ နာေနၿပီ။ အဲဒီ ၁၄၀၀ က အခြန္ေကာက္လိုက္တာပဲ။




***