"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, April 14, 2024

သင်္ကြန်အတာအိုး

 

















မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံနှင့်အညီ သင်္ကြန်အိုး ခေါ် အတာအိုးကိုပြင်သည့်အခါ နေ့(၇)နေ့ကို

ကိုယ်စားပြုတဲ့ ၇ နေ့နံပန်းနဲ့အရွက်များ ပါဝင်ကြရပါတယ်။ 












စင်ကာပူမှာ အဲဒီလို ၇ နေ့နံပန်းနဲ့အရွက်တွေရဖို့ ခက်ခဲပါတယ်။

ဒါပေမယ့် ဒီမှာမြန်မာဆိုင်တွေရှိနေတာဖြစ်လို့ အတာအိုးအတွက်မြန်မာပြည်ကအသင့်လာတဲ့ပန်းနဲ့အ

ရွက်တွေဝယ်ဖို့ ပြီးခဲ့တဲ့သောကြာနေ့က စစ်တီးဟောကမြန်မာရွာကြီးကို ရောက်သွားခဲ့ပါတယ်။


ဒါကြောင့် မိမိတို့အတာအိုးမှာ ဇီးရွက်၊ တမာရွက်၊ သပြေ၊ ရွက်လှ၊ ရေတမာ၊ အုန်းရွက်၊ ဒန်းရွက်၊ မြေ

ဇာရွက်၊ နှင်းဆီပန်းနှင့် ခရေပန်းများနှင့်ပြင်ဆင်နိုင်ခဲ့ပါတယ်။



















Saturday, April 13, 2024

စိတ်ကျရောဂါနှင့်စိုးရိမ်လွန်မှုကို ကျော်လွှားလိုသော် - ၁

 


        


ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့က စာကြည့်တိုက်နောက်ကျကြေးသွားပေးရင်း စာအုပ် ၂ အုပ်ငှားလာ

ဖြစ်တဲ့အကြောင်းကို 'စာကြည့်တိုက်အကြွေး'ခေါင်းစဉ်နဲ့  ဒီဘလောက်မှာရေးတင်ရင်း  The Feeling 

Good Handbook စာအုပ်ပုံနဲ့အတူ အောက်ပါအတိုင်း မိတ်ဆက်ပေးခဲ့ပါတယ်။။

ဒီစာအုပ်ကို အဓိကစိတ်ဝင်စားမိတာက စာအုပ်ဝေဖန်သူတဦးပြောပြထားသည့်စာအုပ်နဲ့ပတ်သက်တဲ့

သူရဲ့ ကိုယ်တွေ့ခံစားမှုပါ။


လိုရင်းကိုချုပ်ပြီးပြောရရင် "ဒီစာအုပ်က ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ကြမ္မာကို 

ကိုယ်ဖန်တီးနိုင်တဲ့နည်းလမ်းတွေကို တဆင့်ပြီးတဆင့်ကိုယ်တိုင်ကိုယ်ကျပြော

ပြ(သင်ပြ)ပေးနေသလိုပါပဲ"ဆိုထားလို့ဖြစ်တယ်။ 

"ငါ ဘာဖြစ်လို့ အခု့လိုတွေးမိနေတာလဲ။ ဒီလိုမျိုးကြီးဖြစ်နေရတာပါလဲ။ 

ဒါတွေကို ဘယ်လိုနည်းနဲ့ကျော်လွှားပြီး ငါ့ကိုယ်ကိုကောင်းအောင်နေနိုင်လဲဆိုတာ

တွေကို နားလည်သဘောပေါက်ခဲ့ရပါတယ်" တဲ့။ 














မိမိကိုယ်တိုင်က ယခုအခါ စိတ်ကျန်းမာရေး(Mental health)နယ်ပယ်မှာ Physiotherapy ပညာရပ်

ဖြင့် အလုပ်လုပ်တာဝန်ထမ်းဆောင်နေတာကြောင့် ဒီစာအုပ်ကိုများစွာစိတ်ဝင်တစားဖြစ်မိပါတယ်။


မြန်မာလူမျိုးအတော်များများက စိတ်ကျန်းရေးမကောင်းဘူး(Mental illness)လို့ပြောလိုက်ရင် ရူးသွပ်

တာ အရူးအနှမ်းဖြစ်တာ(Insanity)လို့ပဲ ထင်တတ်ပြောတတ်ကြလေ့ရှိတာ။ 

အဲဒီလို ထင်မှတ်တာ ပြောဆိုသမုတ်တာဟာ မမှန်ကန်ပါဘူး။ လုံးဝ မှားနေပါတယ်။

 ရူးသွပ်တာ အရူးအနှမ်းဖြစ်တာမျိုးသည် စိတ်ကျန်းမာရေးနယ်ပယ်တွင် တစိတ်တပိုင်းအကျုံးဝင်မှုရှိပင်

ရှိနေငြားသော်လည်း စိတ်ကျန်းရေးပြသနာရှိသူတိုင်း မကောင်းသူတိုင်း မရူးသွပ်ကြသည်မှာ သေချာ

လေသည်။

တကယ်က စိတ်ကျန်းရေးဆိုတာကျယ်ဝန်းနက်ရှိုင်းမှုရှိပါတယ်။




သြစတေးလျှနိုင်ငံကhealthdirect ၏အဆိုအရ ..

  • နိုင်ငံ၏လူဦးရေတ၀က်ခန့်သည် စိတ်မကျန်းမာခြင်း(mental health disorder)အတွေ့အကြုံအား 
သူတို့ဘ၀သက်တမ်းတလျှောက်တွင် တချိန်မဟုတ်တချိန်ကြုံဖူးကြရသည်။

  • စိတ်ကျန်းရေးမကောင်းခြင်း(Mental illness)တွင် အမျိုးအစားများစွာရှိပြီး တမျိုးစီမှာလည်း မတူ
ညီသည့်လက္ခဏာသွင်ပြင်များ သီးသန့်ရှိနေကြသည် (a different set of symptoms)။ 

  • အကယ်၍ သင့်မှာ စိတ်မကျန်းမာခြင်းဖြစ်နေသည်ဟု သံသယ သို့မဟုတ် စိုးရိမ်မှုရှိက ဆရာဝန်
နှင့်တွေ့ဆုံတိုင်ပင်ပါ။ 

ထိုသို့ဆရာဝန်နှင့်ပြသတိုင်ပင်ခြင်းသည် လိုအပ်သည့်ကုသမှုရရှိရေးနှင့်ပုံမှန်ကျန်းမာသောစိတ်အခြေ
အနေသို့ပြန်လည်ရောက်ရှိရေးတို့အတွက် အဓိကပထမခြေလှမ်းဖြစ်သည်။


စိတ်ကျန်းရေးမကောင်းခြင်းဟူသည် ရုပ်ပိုင်းကျန်းမာရေးမကောင်းခြင်းကဲ့သို့နှယ် အခြေခံအားဖြင့်လူတို့
၏ကျန်းမာရေးပြသနာ(health issue) တခုပင်ဖြစ်သည်။ 
 
စိတ်ကျန်းရေးမကောင်းခြင်းကြောင့် လူတို့၏
- အတွေးများ(thoughts)၊ 
- စိတ်အခြေအနေသွင်ပြင်(mood)နှင့်
- အပြုအမူများး(behaviour)ကို ထိခိုက်စေနိုင်လေသည်။ 

ထို့အပြင် မိမိတို့၏မြင် ကြား ထိတွေ့ ခံစားမှုအာရုံများမှရရှိလာသည့်သတင်းအရပ်ရပ်တို့အား လက်ခံနား
လည်ခြင်း(the way we interpret the world us)တို့အပေါ်တွင်လည်း ကြီးစွာသောသက်ရောက်မှုရှိနိုင်ပေ
သေး၏။



SOURCE:  








Friday, April 12, 2024

စပ်မိစပ်ရာများ(၁၈) - Forum မှာ ပထမဆုံးရေးခဲ့တဲ့စာ - ၂

 



အက်(ဘ)(စ)'Abs'ဆိုတာ ကိုယ်လက်လေ့ကျင့်ခန်း(Exercise)လုပ်တာနဲ့ပတ်သက်ပြီး 'ဗိုက်ကြွက်သား' (Abdominal muscles)ကို အတိုကောက်ခေါ်ဝေါ်သုံးစွဲလေ့ရှိတာပါ။ 

"ကျမမှာ ပုရိသယောက်ျားတွကို တရှိုက်မက်မက် ခရေးဇီးဖြစ်စေနိုင်တဲ့ တင်းတင်းရင်းရင်းပြားပြားချပ်

ချပ်ဝမ်းဗိုက်သားတွေရှိပါတယ်' လို့ 'ဟိုက်ဒီ' ကပြောခဲ့ပါတယ်။  

ဟုတ်ပါတယ်။ 

မိမိကိုယ်တိုင်ကလဲ လွန်ခဲ့တဲ့အနှစ် ၃၀ ခန့် ထိုစဉ်က The Sunday Timesသတင်းစာမှာမြင်တွေ့ခဲ့ရတဲ့

'ဟိုက်ဒီ'၏ကျစ်လစ်တဲ့ ဗိုက်သားနဲ့တင်းရင်းတဲ့ပေါင်တံအလှကို နှစ်ခြိုက်စွာကြည့်ခဲ့ဖူးပါတယ်။

 

လွန်ခဲ့တဲ့အနှစ် ၃၀ ဆိုတော့ မိမိအသက်က ၄၀ ကျော်လေးရယ်ပါ။ အခုလို မအိုမရွဲသေးဘူးလေ။


ဒါ့ထက် 'ဟိုက်ဒီ'၏ဗိုက်သားအလှနဲ့ပတ်သက်ပြီး ပုရိသယောက်ျားနှစ်ဦးအကြား အငြင်းပွားပြီးအချင်း

များဖြစ်ခဲ့ရတာကို ပြောချင်တာပါ။


ဒီလိုရယ်လေ။

ဝမ်းဗိုက်သားလေးက လှတာလား။

နံကြားကြွက်သားလေးတွေကပဲ လှနေတာလေလား။

အကြောင်းအရာက Are abs sexy on a woman? ပါ။

















အပေါ်ဆုံးပုံ၏ညာဖက်အောက်ထောင့်က အပြာရောင်အကွက်ကလေးကို စာဖတ်သူများဖတ်ရှုနိုင်စေ

ရန်အတွက် အောက်တွင်ပုံကြီးချဲ့ ပေးထားပါတယ်။

ဘာ့ကြောင့်လဲဆိုတော့ ၁၉၉၄ ခုနှစ် ဇန်န၀ါရီ ၂၈ ရက်နေ့က The Straits Times သတင်းစာမှာ မိမိပေး

စာရေးဖြစ်တာက အနီလိုင်းဆွဲပြထားသည့် ဟိုက်ဒီ၏လေ့ကျင့်နည်းပြဆရာ(Coach)ရဲ့ စကားကြောင့်ဖြစ်

နေလို့ပါ။ 

ဒီနေရာမှာ လေ့ကျင့်နည်းပြဆရာ Mr Moses Liew က ဟိုက်ဒီ၏ဗိုက်ကြွက်သားအမည်ကိုမှားယွင်းပြော

ထားတာတွေ့ရပါတယ်။ ဒါကြောင့်မိမိက ပေးစာရေးပြီးထေက်ပြခဲ့တာဖြစ်ပါတယ်။ 

ခန္ဓာဗေဒ(Anatomy)နဲ့နီးစပ်မှုမရှိသူများအနေဖြင့် ရှင်းရှင်းလင်းလင်းသဘောပေါက်နိုင်စေရန် ခန္ဓာဗေဒ

ပုံလေးကိုပါ ပူးတွဲထည့်သွင်းပေးပို့လိုက်ရတာပါ။


ဒီတော့မှ ကာယအလှရှင်'ဟိုက်ဒီ'ကိုယ်တိုင် ဂုဏ်ယူပြောတဲ့ဗိုက်ကြွက်သား'Obliques'နဲ့ နည်းပြဆရာ

က မှားပြောတဲ့ကြွက်သား'Intercostals'တို့ဟာ တနေရာစီမှာရှိနေကြတာဖြစ်ပြီး အဓိကလုပ်ငန်းသဘာ

ဝ(Functions)ချင်းလဲ မတူညီကြတဲ့အကြောင်းကို မိမိကထောက်ပြရှင်းခဲ့တာဖြစ်သည်။ 































ဆက်ပြီးဆွေးနွေးသွားပါဦးမယ်။





Wednesday, April 10, 2024

စပ်မိစပ်ရာများ(၁၈) - Forum မှာရေးခဲ့တဲ့စာတစောင်- ၁

 



ကြာတော့လဲကြာခဲ့ပါပြီ။

၁၉၉၄-၉၅ ခုနှစ်များလောက်က စင်ကာပူနိုင်ငံမှအင်္ဂလိပ်ဘာသာဖြင့်ထုတ်သည့် The Straits Times နေ့
စဉ်သတင်းစာ၏ FORUM စာမျက်နှာတွင် မိမိ၏ပေးစာ ၄-၅-၆ ပုဒ်ခန့်ဖော်ပြပေးခဲ့ပါသည်။

တနေ့က မိမိစင်ကာပူမှာအမြဲနေထိုင်ခွင့်(PR)လျှောက်တာနဲ့သက်ဆိုင်သည့်စာရွက်များရှာရင်း အထက်
ကသတင်းစာဖြတ်ပိုင်းလေးကို တွေ့မိပါတယ်။ 

အဲဒီသတင်းစာဖြတ်ပိုင်းလေးနဲ့အတူ The Straits Times သတင်းစာတိုက်က FORUMအယ်ဒီတာထံပေး
ပို့တဲ့ မိမိ၏ပေးစာလေးကိုပါ တွေ့ခဲ့ရတာပါ (အောက်ပုံ)။  
 


















ပေးစာရေးဖြစ်သည့်အကြောင်းကတော့ ကမ္ဘာကျော်ဖက်ရှင်ဘရဲန်းဖြစ်သည့်'အင်ဝဲယား မာတိနစ်'၏
ကြော်ငြာပုံကြောင့်ဖြစ်ပါတယ် (အပေါ်ဆုံးပုံ)။ 

နံပတ်တစ်ကမ္ဘာလုံးရှိဗုဒ္ဓဘာသာဝင်များ အလေးအမြတ်ကိုးကွယ်ကြသည့်ဗုဒ္ဓမြတ်စွာဘုရားရှင်၏
ဆင်းတုတော်ကို ရေချိုးခန်းလိုနေရာမျိုးမှာ မဖွယ်မရာ မသင့်မလျှော်ထားရှိတာ။

နံပတ်နှစ် ဘုရားဆင်းတုတော်ရှေ့  သို့မဟုတ် အနီးအနားမှာ ယောင်္ကျားနှင့်မိန်မတို့ ကာဣနြေ္ဒမဲ့စွာပြုမူ
ဆက်ဆံနေကြတာ
   

အဲဒီအကြောင်းပြချက်နှစ်ခုကိုအဓိကထားပြီး မိမိ၏အထက်ကပေးစာကို FORUMအယ်ဒီတာထံပို့လိုက်

ပါတယ်။ ပုံမှန်ကတော့ မိမိ၏ပေးစာကို သတင်းစာမှာဖော်ပြလေ့ရှိပေမယ့် ယခုတခါမှာတော့ မဖော်ပြခဲ့

ပါဘူး။

ဒါပေမယ့် ထူးခြာတာတခုကိုတော့ တွေ့ရပါတယ်။

အဲဒါကဘာလဲဆိုတော့ အထက်ကကြော်ငြာပုံကို နောက်တခါ သတင်းစာမှာ လုံးဝထပ်ပြီးမတွေ့ရတော့

တာပါ။ အဲဒီကြော်ငြာအစား နောက်ကြော်ငြာတခုပြောင်းပြီးထည့်လာတာကို ၃-၄ ရက်အတွင်းတွေ့ရပါ

တယ်။ 

မော်ဒယ်အမျိုးသားနဲ့အမျိုးသမီးကတော့ သူတို့နှစ်ယောက်ပါပဲ။

အခုတခါပုံမှာက ရေထဲကလှေကလေးပေါ်မှာ နှစ်ဦးသားထီးဆောင်းပြီး ချစ်ကြည်နူးစွာထိုင်နေကြတဲ့ပုံ

ရယ်ပါ။

ဘာပဲဖြစ်ဖြစ် မိမိအနေနဲ့သတင်းစာတိုက်ကိုစာရေးပို့ရကျိုးနပ်တယ်ဆိုပြီး စာရေးသူတဦးအနေဖြင့် ကိုယ့်

ကိုယ်ကို ပီတိဖြစ်ရတာ အမှန်ပါနော်။






ဒီတော့ ..

မိမိအနေဖြင့် ဇာခန်းဆီးနောက်ကွယ်က မမြင်ရသည့်ခြေလှမ်းများကို မှန်းဆကြည့်မိပါတယ်။

ဘာ့ကြောင့် မိမိ၏ပေးစာကို ပုံမနှိပ်ရတာပါလဲ။

ဘာကြောင့် ငွေကြေးအကုန်အကျခံပြီးရိုက်ထားရတဲ့ ကြော်ငြာကို တခါလေးပဲသုံးပြီး နောက်ထပ်အ

ချိန်နဲ့ငွေသုံးပြီး ကြော်ငြာအသစ်ရိုက်ကာ ပြောင်းထည့်ရတာလဲ။ 

ပေးစာကို သတင်းစာမှာ ပုံနှိပ်ဖော်ပြလိုက်ရင် မူလကထက် လူအများကပိုပြီးသတိပြုသိရှိလာကြမယ်။

ဒီအထဲက ဗုဒ္ဓဘာသာဝင်အချို့ ရဲ့ ဝေဖန်ထောက်ပြပြောဆိုမှုတွေ ပိုပြီးကျယ်လောင်ဆူညံလာနိုင်စရာ

ရှိတယ်။ ဒါဟာလိုလားစရာမဟုတ်ဘူး။

အရေးကြီးတာက ဘာသာရေးနဲ့ပတ်သက်ပြီး မသင့်တော်ရိုးမှန်ရင် တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဖြေရှင်း

လို့ရနိုင်တာပဲ မဟုတ်လား။ ဘာသာရေးနဲ့ပတ်သက်ပြီးပွဲဆူလာရင် ငြိမ်အောင်ဖြေရှင်းရတာခက်ခဲ

လေ့ရှိတတ်ပါတယ်။

ပြသနာက အခန့်မသင့်ရင် ကြီးထွားရှုပ်ထွေးလာနိုင်တာကြောင့် စင်ကာပူအစိုးရအနေနဲ့က အဲဒါမျိုး 

လုံးဝအဖြစ်ခံမယ်မဟုတ်တာသေချာပါတယ်။

ဒီတော့ သတင်းစာတိုက်က ကြော်ငြာထည့်သည့်ကုမ္ပဏီကို ဒီလို ဒီလိုဖြစ်တဲ့အကြောင်းကို အသိပေး

ကြောင်းကြားပြီး သင့်တော်တဲ့အရေးယူမှုလုပ်ဖို့တိုက်တွန်တာမျိုးဖြစ်နိုင်ပါတယ်။

ဒါက မိမိ တွေးကြည့်မိတာလေးပါ။















အဲဒီအချိန်က The Straits Times သတင်းစာ၏ FORUM စာမျက်နှာတွင် ဖော်ပြပေးခဲ့သည့် မိမိ၏ပေး

စာလေးတွေကို ရှာတွေ့လို့ရှိရင် ရေးဖြစ်ရတဲ့အကြောင်းအကျိုးလေးတွေပြောရင်း တင်ပေးပါဦးမယ်ဗျ။





ဒီကနေ့ထုတ် The Straits Times သတင်းစာ၏ FORUM စာမျက်နှာ နမူနာလေးပါ





မနက်ဖန်မှာ The Straits Times သတင်းစာ၏FORUMစာမျက်နှာတွင် မိမိပထမဦးဆုံးရေးပြီး 

ဖော်ပြခံခဲ့ရသည့် အငြင်းပွားဖွယ်ပေးစာလေးအကြောင်းကို တင်ပြဆွေးနွေပေးပါ့မယ်။ 


မျှော် ...