"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, May 25, 2024

ပြန်ခဲ့တုန်းက အလွမ်းတွေ - ၁

 




မကြာသေးမီကမှ ယခုဘလော့စာမျက်နှာမှာ 'ပြန်မနိုင်အလွမ်း'ဆိုတဲ့ခေါင်းစဉ်နဲ့ မြန်မာပြည်နဲ့သက်

ဆိုင်လို့ မိမိသတိရမိ ခံစားမိ လွမ်းမိသည်များကို ကိုယ်ရေးအတ္တုပ္ပတ္တိဝတ္တုပုံစံဖြင့်စပြီးရေးပါတယ်။


အဲဒီမှာ တခုပြောခဲ့တာက "မိမိ မပြန်နိုင်တော့မည့် အမိမြေ" လို့ပါ။ 

ဟုတ်ပါတယ်။

မိမိအနေဖြင့် အခွင့်သာလို့မြန်မာပြည်ကိုပြန်နိုင်သည်ဖြစ်စေ အကြောင်းမညီညွတ်လို့မပြန်နိုင်သည်

ဖြစ်စေ မပြန်ဖြစ်ဖို့ကများတာကြောင့် ချစ်တဲ့အမိမြေကို သတိရဖို့ လွမ်းဖို့ကလွဲလို့ ဘာမှမရှိနိုင်ပါ။ 


ကံကောင်းတာတခုက အမိမြေနဲ့ပတ်သက်ပြီး မိမိမှာ သတိတရဖြစ်စရာတွေ အများကြီးရယ်။

ဓာတ်ပုံတွေရှိတယ်။ ဗွီဒီယိုတွေရှိတယ်။

ရေးထားတဲ့စာတွေရှိတယ်။

နောက်ပြီး စကားပြောချင်လား စာပို့ချင်လား ဒီခေတ်မှာဆက်သွယ်ရေးနည်းလမ်းတွေကလဲ အဆင်

သင့်မှအဆင်သင့်ပဲလေ။

အခုပဲကြည့်ပါ။

လွန်ခဲတဲ့ ၂၉ နှစ်လောက်က မိမိ၏မြန်မာပြည်အလည်ပြန်ခရီးသွားဆောင်းပါးလေး ဒီကနေ့မှာပြန်

ပေါ်လာတော့ အဲဒီတုန်းကအတွေ့အကြုံတွေကို မနေ့တနေ့ကလိုပဲ အသစ်တခါပြန်လည်ခံစားမိကာ 

လွမ်းလိုက်ရတာများရယ်။

အဲဒီအချိန်ကာလကိုမမီလိုက်တဲ့မျိုးဆက်သစ်များအတွက် အောက်မှထပ်ဆင့်မျှဝေပေးလိုက်ရပါ

တယ်။







































No comments:

Post a Comment