"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, May 18, 2024

မြန်မာနိုင်ငံ၏ပထမဆုံး Physiotherapist ဒေါ်လှရီ

 









မြန်မာနိုင်ငံ၏ပထမဦးဆုံးအကြောအဆစ်ကုပညာရှင်ဖြစ်သည့် ဆရာမကြီးဒေါ်လှရီအား လွန်ခဲ့သော 
၉ နှစ်က သမိုင်းလမ်းဆုံနားရှိ သူ့အိမ်မှာသွားရောက်ကန်တော့ခဲ့ဖြစ်ပါတယ်။ ပထမဆုံးအကြိမ်တော့
လဲမဟုတ်ပါဘူး။ မြန်မာပြည်ကိုပြန်လို့ ရန်ကုန်ကိုရောက်တိုင်း မိမိသွားရောက်ဂါရ၀ပြုနှုတ်ဆက်လေ့
ရှိပြီး ကန်တော့တတ်ပါတယ်။

မိမိအနေနဲ့က ဆရာမကြီးကိုအလုပ်ထဲမှာစတင်သိခဲ့ရတာဖြစ်ပေမယ့် မိမိ၏အမရင်းချာတဦးကဲ့သို့ 
ဖြစ်ခဲ့တာကြောင့်ပါ။ ဆရာမကြီးကို 'မမ' ဒါမှမဟုတ် 'မမဒေါ်လှရီ'လို့ပဲခေါ်လေ့ရှိခဲ့တာ။ ဆရာမကြီး
၏ခင်ပွန်းနဲ့လဲ သိကျွမ်းခင်မင်ခဲ့တာ။ 

ဆရာမကြီးတို့ဇနီးမောင်နှံ စင်ကာပူကိုအလည်ရောက်ရင် မိမိကိုအမြဲဖုန်းဆက်လေ့ရှိလို့ သွားတွေ့
တတ်ပါတယ်။ ထမင်းဟင်းလဲဖိတ်ကျွေးပါတယ်။ 

ဆရာမကြီး၏မိသားစုနှင့်မိမိ သိကျွမ်းခင်မင်ခဲ့တာဟာ ၁၉၇၃ ခုနှစ်ကတည်းကဖြစ်ပါတယ်။ ရန်ကုန်
ပြည်သူဆေးရုံကြီးမှာ အလုပ်သင် ၁ နှစ်ပြီးတော့ မိမိ သမိုင်းမသန်မစွမ်းလူနာများဆေးရုံကိုပြောင်း
ရွေ့ ခဲ့ရလို့ပါ။ ဆေးရုံရဲ့  Physiotherapy Department မှာ ဆရာမကြီးက တာဝန်ခံ(In-charge)ပါ။ 






















အဲဒီတုန်းက ဆရာမကြီး၏အုပ်ချုပ်မှုဖြင့် ဆရာဦးခင်မောင်လွင်၊ ဆရာဦးသာဇံ၊ ဆရာမဒေါ်သန်းသန်း
အေးနှင့်မိမိတို့က Physiotherapist များအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြပြီး အိန္ဒိယကနေ လေ့ကျင့်ကု
သပညာသင်ယူခဲ့သူ ဆရာဦးမဲကတော့ လက်ထောက်အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။  

ဆေးရုံမှာ မိမိက အသက်အငယ်ဆုံးဖြစ်လို့ အားလုံးဆီကပညာတွေကို လက်တွေ့လေ့လာသင်ယူခွင့်
ရခဲ့တာဖြစ်တယ်။ 

ဆရာမကြီးဆိုရင် မိမိကိုပညာတွေလဲသင်ပေးတယ်။ ဆုံးလဲဆုံးမတယ်။ 
နောက်ပြီး မောင်ငယ်တယောက်လိုသဘောထားကာ သူဆီကိုအလုပ်ကိစ္စနဲ့လာလေ့ရှိပြီး ခင်မင်ရင်း
နှီးမှုလဲရှိတဲ့အမျိုးသမီးငယ်နှစ်ယောက်နဲ့ မိမိကိုအမြဲလိုလို စတတ်သေးတာ။ 

ပြောရစေဦးတော့ သူ့မောင်လေးတယောက်လို မိန်းမကောင်းကောင်းရစေချင်တာရယ်လေ။ 

တယောက်က ဆေးရုံနဲ့ခြံစည်းရိုးပဲခြားတဲ့ လူမှုဝန်ထမ်းဌာနက နိုင်ငံခြားပြန်အရာရှိမလေး။ 
နောက်တယောက်က နာမည်ကျော်စာရေးဆရာမကြီးလဲဖြစ် အမျိုးသမီးမဂ္ဂဇင်းတာဝန်ခံအယ်ဒီတာ
တဦး၏ညီမ။ ဆေးရုံမှာအလုပ်လုပ်နေတာ။ 

ဒီပညာလေးပဲတတ်ပြီး ဒီလောက်ဝင်ငွေလေးပဲရှိတဲ့မိမိအနေနဲ့ကတော့ သူတို့လိုမျိုးရန်ကုန်သူတွေကို 
မကြိုက်ရဲ မမှန်းရဲပေါင်ဗျာ။ 

ပြောချင်တာက ဆရာမကြီးမိသားစုနှင့်မိမိတို့၏ခင်မင်ရင်နှီးမှုကိုပါ။
























အကြောအဆစ်ကုပညာရှင်ဆရာမကြီးဒေါ်လှရီ၏

ပညာအရည်အချင်းနှင့်တာဝန်ထမ်းဆောင်မှုများ

Cert. in Physical Therapy (New York University, USA)
Chief Physiotherapist (
ငြိမ်း)၊ မသန်မစွမ်းလူနာများဆေးရုံ၊ ရန်ကုန်။                                                               လက်ထောက်ကထိက (ငြိမ်း)၊ ဆေးဘက်ပညာသိပ္ပံ၊ ရန်ကုန်။












No comments:

Post a Comment