// "သုတေသနအကြောင်းအမှတ်(၄) ကိုရေးတင်ပြီးနောက်အမှတ်(၅)အားဆက်တိုက်
ရေးမတင်ဖြစ်သေးပဲ တစ်ခြားအကြောင်းအရာလေးတွေကို ကြားဖြတ်တင်ခဲ့ပါတယ်။
မိမိရဲ့ လေ့လာမှုအတွေ့အကြုံလေးတွေကိုမျိုးဆက်သစ်PT အချို့ကစိတ်ဝင်စားကြတာ
ကြောင့်အခုဆက်ပြီးဝေမျှသွားပါ့မယ်။
မေ့နေမှာစိုးလို့သုတေသနစာတမ်းရဲ့ ခေါင်းစဉ်ကိုပြန်ပြောပြပါမယ်။
“Comparative Study of Physical Disabilities between two different age groups
– Preschoolers and Final Year Students” ဖြစ်ပါတယ်။
အထက်ကလေ့လာမှုကို မိမိအနေဖြင့်ပထမဆုံးလုပ်တာဖြစ်လို့ အခက်အခဲတွေအများ
ကြီးတွေ့ခဲ့ရသလို တန်ဖိုးရှိတဲ့အတွေ့အကြုံတွေလဲ အတော်လေးကိုရခဲ့ပါတယ်။
အဓိကအခက်အခဲတစ်ခုကတော့ Literature Review အတွက် မိမိလေ့လာချင်တဲ့
ဥာဏ်ရည်နိမ့်မသန်စွမ်းမှုနဲ့သက်ဆိုင်တဲ့ရုပ်ပိုင်းမသန်စွမ်းဖြစ်မှုဆိုင်ရာအထောက်အထား
များသုတေသနစာတမ်းများ(Scholarly paper) ကို ရှာဖွေရဖတ်ရတာဖြစ်ပါတယ်။
အလုပ်ကစာကြည့်တိုက်မှာက နောက်ဆုံးထုတ်စာအုပ်ကောင်းတွေမရှိပဲကျင်းပပြီးညီလာ
ခံအချို့မှာ တင်သွင်းခဲ့တဲ့စာတမ်းတွေကိုပုံနှိပ်ထားတဲ့ Proceedings ၃ ၄ အုပ်လောက်သာ
ရှိတာပါ။
ဒါကြောင့် စင်ကာပူအမျိုးသားတက္ကသိုလ်(National University of Singapore – NUS) မှာ
ရှိတဲ့ တက္ကသိုလ်ဗဟိုစာကြည့်တိုက်ကြီးနဲ့ဆေးကျောင်းစာကြည့်တိုက်တွေကို ညနေပိုင်းအ
လုပ်ပြီးတဲ့ချိန်များမှာသွားကာ စာအုပ်နဲ့ဂျာနယ်တွေကို ရှာဖွေဖတ်ခဲ့ရပါတယ်။
အမှန်အတိုင်းပြောရရင် Intellectual Disability နဲ့တိုက်ရိုက်သက်ဆိုင်တဲ့ Physical Disa-
bilities အကြောင်းစာတွေ(chapters, research papers) ကို သတ်သတ်မှတ်မှတ်ပြည့်ပြည့်
စုံစုံရှာမတွေ့ခဲ့ပါဘူး။
ဆေးပညာရှင်သုတေသီများ(medical specialists, physiotherapists အစရှိသဖြင့်) ရဲ့ စာ
တွေထက် စိတ်ပညာရှင်နဲ့တစ်ခြားသောသုတေသီများရဲ့စာတွေကို ပိုပြီးတွေ့ရပါတယ်။
ဟိုနားနည်းနည်း ဒီနားနည်းနည်းနဲ့ရတတ်သမျှအချက်အလက်တွေကို စုစောင်းခဲ့ရတာပဲ
ဖြစ်တယ်။
ဘာပဲဖြစ်ဖြစ် အလုပ်က စာကြည့်တိုက်အသင်းဝင်ကတ်လုပ်ပေးထားလို့ NUS ကစာကြည့်
တိုက်တွေကိုအသုံးပြုရတာကတော့ အဆင်ပြေပါတယ်။
.
နောက်အခက်အခဲတစ်ခုကတော့ သုတေသနစာတမ်း(Abstract and Full paper) ရေး
တာဖြစ်တယ်။
ကျောင်းမှာတုန်းက သုတေသနပြုစုနည်းဘာသာရပ်(Research Methodology)ကို မသင်
ခဲ့ရသလို အလုပ်ထဲရောက်ပြန်တော့လဲ သုတေသနနဲ့သက်ဆိုင်တဲ့သင်တန်းများမတက်ခဲ့
ရပါဘူး။
၁၉၉၃ခုနှစ်နောက်ပိုင်းမှာမှ စင်ကာပူအကြောအဆစ်ကုပညာရပ်အသင်း(Singapore Phy-
siotherapy Association - SPA) ကပို့ချတဲ့သုတေသနသင်တန်းကို စပြီးတက်ဖူးခဲ့တာပါ။
လက်လှမ်းမီရာသုတေသနစာတမ်းများကို မိမိဖာသာဖတ်ရှုလေ့လာပြီး အတုယူရေးသား
ပြုစုခဲ့ရပါတယ်။ အကြမ်းရေးထားတာတွေကိုအထပ်ထပ်ဖတ်ပြီး ပြင်ဆင်ခြင်း၊ ဖြုတ်ပစ်ခြင်း၊
ဖြည့်စွက်ခြင်း၊ ပြန်ပြီးအချောရေးခြင်းများလဲ အကြိမ်များစွာပြုလုပ်ခဲ့ရပါတယ်။
.
အဲဒီအချိန်ကအလုပ်မှာကွန်ပြူတာမသုံးကြသေးလို့ လက်နှိပ်စက်၊ မိတ္တုကူးစက်၊ slides နဲ့
transparency တွေကိုသုံးပြီးတော့မှ ပြင်ဆင်ခဲ့ရတာဖြစ်တယ်။
ပြီးခဲ့တဲ့အမှတ်(၄) မှာပါတဲ့စာတမ်းတင်သွင်းနေတဲ့ပုံတွေအထဲမှာOverhead projector အ
သုံးပြုတာကိုတွေ့နိုင်ပါတယ်။
ကိုရီးယားနိုင်ငံလိုတိုးတက်တဲ့နိုင်ငံမှာပင် အဲဒီအချိန်တုန်းက နိုင်ငံတကာအဆင့်ညီလာခံမှာ
တောင် ကွန်ပြူတာတွေ၊ PowerPoint presentation တွေကိုမသုံးကြသေးတာ မိမိကိုယ်တိုင်
ကြုံတွေ့ခဲ့ရသေးတာ။(၁၉၉၃ ခုနှစ်ကပါ)" //
ဆက်ပြီးရေးပါဦးမည်။
No comments:
Post a Comment