"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, June 2, 2024

မစဉ်းစားပဲ တွေးမိခြင်း

 



'Physical Intelligence' ဆိုသည့်ထူးခြားတဲ့အမည်လေးနဲ့အကြောင်းအရာကို  စိတ်ဝင်စားမိတာကြောင့် 

ဒီစာအုပ်ကို စာကြည့်တိုက်ကငှားခဲ့တာပါ။

Physical နှင့် Intelligence တို့ကို ဘယ်လိုတွဲဖက်ဆက်နွယ်ပြီးပြောပြမှာလဲပေါ့။ 

လူမှာက စိတ်ရှိတယ်။ ရုပ်ရှိတယ်။ 

ဒီရုပ်နဲ့စိတ်တို့ရဲ့ တည်ရှိနေမှု အပြန်အလှန်အမှီသဟဲပြုနေမှု ကြိုးကြောင်းဆက်နွယ်နေမှုတွေကို ယေဘု

ယျအားဖြင့် မိမိတို့သိထားကြပါတယ်။

ဒါပေမယ့် အခုဟာက ရုပ်နဲ့ဥာဏ်ဆိုတော့ စိတ်ထဲမှာထောင့်တောင့်ကြီးဖြစ်ပြီး အဆင်မပြေသလိုပဲလေ။

ဒီကြားထဲမှာ မိမိတို့၏မြန်မာပြည်မှာ အင်္ဂလိပ်စာသင်ကြားရေးက 'at' အေတီ'အက်' " ၌-မှာ-တွင်-၀ယ် "

လို့ အသေရွတ် အသေမှတ် အသေသိခဲ့ကြရတဲ့ နှုတ်ကျက်-စိတ်မှတ်စနစ်ဆိုတော့ physicalလို့ဆိုလိုက်

တာနဲ့ 'ရုပ်ပိုင်းဆိုင်ရာ'ပဲ။ တခြားဘာမှမသိတော့ဘူး။ တွေးလဲမတွေးတတ်တော့ဘူး။ 

ဒီလိုပါပဲ။ intelligence လို့မြင်တွေ့လိုက်တာနဲ့ 'မှတ်ဥာဏ်ဆိုင်ရာ'ဆိုတာကြီးက ဒိုင်းကနဲခေါင်းထဲရောက်

လာတော့တာ။ တခြားဘာမှမသိတော့ဘူး။ တွေးလဲမတွေးတတ်တော့ဘူး။ 

ဒီတော့ စကားလုံးတွေမှာ အနက်ပွားလို့ရနိုင်တာ ဆီလျှော်အောင်အဓိပ္ပာယ်ကောက်ယူနိုင်တာတွေကို
သိနိုင်စွမ်း အတော်လေးအားနည်းကြတာ မဆန်းပါဘူး။

မိမိကိုယ်တိုင်ကလဲ အင်္ဂလိပ်ဘာသာကနေ မြန်မာဘာသာကိုပြန်ဆိုရေးသားတဲ့အခါတိုင်း အဲဒီလိုမျိုးအ
ခက်အခဲကို အမြဲကြုံတွေ့ရတတ်ပါတယ်။
ဥပမာ intelligence ကို မှတ်ဥာဏ်ဆိုတာအပြင် 'သိနိုင်စွမ်း' ဒါမှမဟုတ် 'အကင်းပါးခြင်း'လို့ပြောနိုင်သေး
တာပဲလေ။

၁၉၈၁-၈၆ ခုနှစ်တွေတုန်းက စာအုပ်ကိုအရင်ပုံနှိပ်ပြီးကာမှ စာပေစိစစ်ရေးဌာနမှာတင်ပြီးခွင့်ပြုချက်ယူ
ထုတ်သည့် 'တင်-ထုတ်'သုတစာအုပ်တွေများလို့ ဆူလွယ်နပ်လွယ်ဖြစ်တဲ့ဘာသာပြန်ရေးတဲ့အလုပ်က
မိမိအနေဖြင့် လက်မလည်အောင်ပါပဲ။ 



အခုလဲပဲကြည့်ပါ။

Think ဆိုတာနဲ့ စဉ်းစားတာနဲ့တွေးတောတာလို့ပဲ ပုံသေချည်းကို မှတ်ထား သိထားကြလေ့ရှိတာ။ 

မိမိလဲ အပါအ၀င်ပါနော်။

ဒီစာအုပ်နဲ့ပတ်သက်ပြီး ဦးနှောက်နှင့်အာရုံကြောဆိုင်ရာသိပ္ပံပညာရှင်တဦးလဲဖြစ် လေ့လာသိမှတ်
ခြင်းဆိုင်ရာစိတ်ပညာရှင်(cognitive psychologist)လည်းဖြစ်သည့် 'ဒယ်နီယယ် ဂျေ လယ်ဗစ်တင်' 
က ..

// အခုစာအုပ်ကိုရေးသူ စကော့ ဂရပ်(ဖ)တန်(Scott Grafton)သည် ထင်ရှားသည့် 
ဦးနှောက်နှင့်အာရုံကြောဆိုင်ရာသိပ္ပံပညာရှင်(Neuroscientist)တဦးဖြစ်ပါတယ်။ 

သူ၏တန်ဖိုးရှိလှသည့်ရေးသားမျှဝေမှုများက ဦးနှောက်နှင့်အာရုံကြောဆိုင်ရာပညာ
ရပ်နယ်ပယ်အပေါ်များစွာအကျိုးသက်ရောက်ခြင်းရှိပါတယ်"လို့မှတ်ချက်ပြုခဲ့ပါတယ်။// 




စာအုပ်ရေးသားပြုစုသူ'စကော့ ဂရပ်(ဖ)တန်'က သူ့စာအုပ်မိတ်ဆက်ရဲ့ ပထမဆုံးစာပိုဒ်ကို ဂျင်ဘရစ်
ဝယ်(Gim Bridwell)၏အောက်ပါစာပိုဒ်လေးနဲ့စ,ထားတာကို တွေ့ရပါတယ်။

Danger keeps you on your toes. ပါတဲ့။

လူ့သဘာဝဆိုတာက အန္တရာယ်ရှိနိုင်တယ်(ရှိပြီ)ဆိုရင် သူလုပ်နေတာ(ကြုံတွေ့နေရတာ)အပေါ်ကို 
သူရဲ့ အာရုံစိုက်မှု(attention)နဲ့စွမ်းအား(energy)တွေကို ဦးတည်ထားလေ့ရှိတတ်တာကို ပြောချင်
တာပါ။

တနည်းပြောရရင် အံတုမှုတွေ(challenges)ရှိလာတဲ့အခါတိုင်းမှာ အဖြေရှာရန် တခုတည်းသောနည်း 
လမ်းက အဲဒါအတွက် ..
၁) အချိန်တခုပေးရမယ်
၂) အားထုတ်မှုလုပ်ရမယ်
၃) ရုပ်ပိုင်းထိတွေ့မှုရှိရမယ်

ဥပမာ၊ 
- ကားဘီးချော်တာကိုခံစားသိရှိနိုင်ဖို့ ကားမောင်းသူ၏လက်က စတီယာရင်ပေါ်မှာရှိနေရမှာဖြစ်တယ်။
- လှေကားပေါ်ရပ်နေစဉ် ခေါင်းထဲမူးတူးတူးဖြစ်တာကိုသိဖို့က ခြေထောက်က ခြေနင်းပြားပေါ်မှာချိန်
ဆထားမှုရှိနေရမှာဖြစ်တယ်။

အထက်ဥပမာများထဲကကျွမ်းကျင်မှုများ(skills)ကို physical intelligence က သတင်း(အသိ)ပေးတာ
ဖြစ်တယ်။ 

ဒါကြောင့် physical intelligenceဆိုတာ မစဉ်းစားမတွေးတောရပဲ မိမိခန္ဓာကိုယ်ကို သူ့အလိုလိုနားလည်
ခြင်း(ability to intuitively understanding our body)ပါပဲတဲ့။ 
တနည်းပြောရမယ်ဆိုရင် တွေးဖို့ စဉ်းစားဖို့မလိုတဲ့ သိနိုင်စွမ်းပါ။

အဲဒီအတိုင်း သက်တောင့်သက်တာရှိတာ။ 
အာရုံခံစားထိတွေ့မှုများ(sensory signals)ကို ဖတ်(သိ)နိုင်တာ။ 

နောက်ပြီးတော့ ကြွက်သားတွေကို အသုံးချတတ်တာ(how to engage muscles)။ မပင်မပန်းပဲ မှန်
ကန်သည့်ကိုယ်နေဟန်ထားကိုထိန်းထားနိုင်တာ(effortlessly maintain good posture)။ လှုပ်ရှားမူ
အသစ်အသစ်တွေကို သင်ယူလေ့ကျင့်နိုင်တာ(learn new movements skills)။









No comments:

Post a Comment