"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, June 16, 2024

ကိုကိုဗစ်နှင့်အီဖေကို

 


အဖွားဇနီး၏ ကိုဗစ်-၁၉ Antigen Rapid Test (ART)result မှာ C နဲ့ T နှစ်နေရာလုံးတွင် လိုင်း ၂ လိုင်း 

သိသိသာသာပ်ါနေဖြင့် "ရောဂါဖြစ်နေပါသည်" အဖြေထွက်ခဲ့သည်။






ပြီးခဲ့သည့်အပတ် အင်္ဂါနေ့တမနက်ခင်းလုံးလူနာကြည့်ပြီးသည်အထိ မိမိနေထိုင်ကောင်းခဲ့ပါသည်။

မနက် ၁၁ နာရီခွဲကျော်ကျော်လောက်မှာ လူနာဆောင်များကနေထွက်လာပြီး Physiotherapy ဌာန

သို့လမ်းလျှောက်ပြန်လာစဉ်ခန္ဓာကိုယ်တွင် ချမ်းစိမ့်ချင်သလိုလို ရုတ်တရက်ခံစားမိသည်။ 

ဖျားများ ဖျားချင်တာလားဟု တွေးမိသေး၏။


သို့နှင့် ဌာနကိုရောက်သောအခါ ဌာနမှူးအား "ငါတော့ ဖျားချင်ပီထင်တယ်"ဟုပြောပြရာ သူက မိမိ

ကို အဖျားတိုင်းပေးသည်။ 

အပူချိန်က ၃၇.၃ ဒီဂရီစင်တီဂရိတ်။ 

"နဲနဲတော့ အမြင့်ဖက်ရောက်တယ်" ဟု သူကမှတ်ချက်ပြုပါသည်။ 

သို့သော်ငြားလည်း သူရော မိမိရော စိုးရိမ်မှုမရှိခဲ့ကြ။ 

ဒီလိုနှင့် အိမ်အပြန်ဘတ်စ်ကားပေါ်ကနေ အိမ်ရှင်မအားဖုန်းခေါ်ပြီး ဆန်ပြုတ်ပြုတ်ထားပေးရန်ပြော

ရ၏။














အိမ်ရောက်တော့ လူက အခါတိုင်းလိုမဟုတ်။ ပင်ပန်းသည်။ နူံးသည်။ မျကိစိမှိတ်ပြီး အိပ်ရာပေါ်မှာ

သာလှဲနေချင်သည်။

ဆန်ပြုတ်က စားကောင်း၏။ အနံ့မပျက် ပါးစပ်မပျက်သဖြင့်ကျေးဇူးတင်ရသည်။

 ပြီးတော့ အိပ်ချင်တာ တ၀အိပ်ပစ်လိုက်သည်။

သို့သော် ထိုညက ပြန်မထချင်တော့။ ပြန်ထနိုင်စွမ်း မရှိလေတော့။

ဆက်ပြီး အိပ်နေခဲ့သည်။ 

ည ၁၀ နာရီခွဲကျော်ခန့်မှာ တရေးနိုးလာသဖြင့် မနက်ဖန်မှာ ဆရာဝန်နှင့်ပြရန် ဂျူရောင်းပိုလီကလင်း

နစ်တွင် Appointment ယူသည့်အခါ မနက် ၁၀ နာရီ ၁၀ မိနစ်တွင်အချိန်ရသည်။ 

မနေ့က တညနေလုံးနှင့်တညလုံးအိပ်နေခဲ့သည့်ကြားက ဗုဒ္ဓဟူးနေ့ မနက်ရောက်သောအခါ ထဖို့မဆို

နဲ့၊ ခေါင်းထူဖို့ နေနေသာသာ၊ မှက်စိများပင် လုံးဝမဖွင့်ချင်ပါလေကုန်။


ရောဂါဝေဒနာကလည်း ဒီတခါအတော်လေးစုံသည်။

အဖျားကြီး၏။ 

ချောင်း ဆက်တိုက်ဆိုး၏။ 

 နှာ ခဏခဏချေပြီး နှာရည် မပြတ်ယို၏။ 

ကံကောင်းထောက်မစွာ လည်ချောင်းတော့ မနာပါ။ 

၁ ရက်ခွဲ ၂ ရက် ကောင်းကောင်းခံလိုက်ရသည်။

သို့သော် ဆေးခွင့် (၃)ရက်နှင့် အလုပ်ပိတ်ရက် (၃) ရက်၊ စုစုပေါင်း(၆)ရက် အိမ်မှာ အနားယူလိုက်ရ

သည်။ 




မိမိ၏ကိုဗစ်-၁၉ Antigen Rapid Test (ART)result ကို ဆရာဝန်အား ဒုတိယအကြိမ်ပြန်မတွေ့ရခင်မှာ 

အထက်ကအတိုင်း မိမိ၏တယ်လီဖုန်းသို့ ဓာတ်ခွဲခန်းမှ သတင်းပေးပို့ခဲ့ပါသည်။





ယခုတကြိမ်မှာ ကိုကိုဗစ်၏အချစ်ကို အီဖေကို ဒုတိယအကြိမ်ရရှိခြင်းဖြစ်ပြီး ကိုကိုဗစ်၏ပထမဆုံးအချစ်

ကိုမူ ၂၀၂၂ မတ်လက ခံစားခဲ့ရပြီးဖြစ်သည်။ ထိုစဉ်က ကိုကိုဗစ်၏အချစ်က အခုလောက်ကြီးမသောင်း

ကြမ်းခဲ့။ တကယ်ကို ထိကပါး ယိကပါးလေးရယ်။

ဒါကြောင့် ဝေဒနာအနည်းအပါးလေးနှင့်ဆေးခွင့်တပတ်ကိုအငြိမ့်လေးခံစားခဲ့ရသည်ကို အခုနေများ မိမိ

လွမ်းမိနေချေသေးတော့။






 

အဖွားဇနီးအတွက် ကိုဗစ်-၁၉ Antigen Rapid Test (ART)ကို ပြုလုပ်ပေးခဲ့။



ဆက်ပြီးရေးပါဦးမည်။






No comments:

Post a Comment