"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Tuesday, June 4, 2024

ရွှေဧည့်သည်တချို့  အပြီးပြန်သွားကြပြီ - ၁

 




လွန်ခဲ့တဲ့ ၇ နှစ်အကြာဖြစ်သည့် ဇွန်လ ၄ ရက်နေ့က 'အိမ်ကိုလာတဲ့ ရွှေဧည့်သည်များ (၁)' ခေါင်း
စဉ်နဲ့ ၁၉၉၁ ခုနှစ်ကစပြီး မိမိတို့ထံအလည်လာသွားကြတဲ့အသိမိတ်ဆွေတချို့ အကြောင်းကို ဖေ့စ်
ဘွတ်မှာရေးတင်ခဲ့ပါတယ်။

အမှတ်စဉ် (၁)ကနေ အမှတ်စဉ်ဘယ်လောက်အထိ ရေးဖြစ်ခဲ့မှန်းတော့ မမှတ်မိတော့ပါ။

ရေးတဲ့အထဲမှာ ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ အဲဒီတုန်းက မိမိတို့မိသားစု ၆ နှစ်လောက်နေထိုင်ခဲ့
သော ဂျူရောင်းဝက်(စ) ၅၂ လမ်း တိုက်အမှတ် ၅၁၈ ကို အလည်လာကြတဲ့အသိမိတ်ဆွေအတော်
များပါတယ်။ ကိုယ်တိုင်က ဒီမှာအလုပ်လုပ်နေတာဖြစ်လို့ လိုက်ပို့လိုက်ပြတာအပြင် တချို့ ကိစ္စလေး
တွေမှာ အကူအညီပေးရတာရှိပါတယ်။  

မိမိတို့မြန်မာ (PT) တွေက အများစုဖြစ်ကြပြီး ရင်းနှီးတဲ့အထူးကုဆရာဝန်ကြီးများလဲ ပါရှိကြတာဖြစ်
တယ်။ 

ဥပမာ၊ ရွှေဘို ဒေါ်ဖွားသိုက်ကျောင်းနမှာ မူလတန်းအတူတက်ခဲ့တဲ့ ငယ်သူငယ်ချင်းဒေါက်တာကျော်
ဌေး(လက်ပိုင်းခွဲစိတ်ဆရာဝန်ကြီး Ortho ကြည့်မြင်တိုင်)။ မွန်ပြည်နယ် မော်လမြိုင်ပြည်သူ့ဆေးရုံကြီး
မှာ အလုပ်သင်ဆရာဝန်ဆင်းစဉ်က မိမိနဲ့ရင်းနှီးခဲ့သည့်မေ့ဆေးဆရာဝန်ကြီးဒေါက်တာဟန်ဌေး(ပြည်
သူ့ဆေးရုံကြီး မန္တလေး)။ မျက်စိအထူးကုဆရာဝန်ကြီးများဖြစ်ကြတဲ့ ဒေါက်တာရဲနိုင်(စာရေးဆရာ)၊
 ဒေါက်တာရဲလွင်(မန္တလေးမြို့ တော်ဝန်)၊ ဒေါက်တာဦးကိုကိုတင်။ စာရေးဆရာ လင်း-ဆေး ၁ (နာမည်
ရင်းနေမေ့နေ)။ ဆေးဘက်ပညာ တိယနှစ်တုန်းက ဆေး(၁) ပြည်လမ်းမှာ ခန္ဓာဗေဒသင်ပေးခဲ့သည့် 
လက်ပိုင်းခွဲစိတ်ဆရာဝန်ကြီးဒေါက်တာဦးမျိုးမြင့်(ပါမောက္ခချုပ်၊ ဆေးတက္ကသိုလ်-၁)၊ ရန်ကုန်၊ကျောက်
တံတားသမဆေးခန်းမှာ မိမိဆေးခန်းထိုင်စဉ်က ခင်မင်ရင်နှီးခဲ့သောဒေါက်တာညိုသင်းလဲ့။ စာရေးဆ
ရာလူမျိုးနော်(ဒေါက်တာသောင်းတင်၊ ယခု US ရောက်နေ) စသဖြင့်မှတ်မိသလောက်လေးပါ။

မိမိနှင့်ခင်မင်ရင်းနှီးတဲ့ အသိမိတ်ဆွေဆရာဝန်ကြီးများထဲက မိမိ၏ဆရာဒေါက်တာဦးမျိုးမြင့်နဲ့ဒေါက်
တာညိုသင်းလဲ့တို့ ကွယ်လွန်သွားကြပါပြီ။ 

ဆရာဦးမျိုးမြင့်(ဆရာကြီး ပါမောက္ခ ဒေါက်တာဦးမျိုးမြင့်ကို မိမိတို့ တပည့်များက အဲဒီလိုချစ်ခင်ရင်းနှီး
စွာခေါ်လေ့ရှိကြတာ)က စင်ကာပူကိုရောက်တိုင်း ဖုန်းဆက်အကြောင်းကြားတာဖြစ်လို့ မိမိအိမ်ကို ဆ
ရာကြီးလာတတ်သလို မိမိတို့ဇနီးမောင်နှံကလဲ ဆရာကြီးတို့ဇနီးမောင်နှံ တည်းခိုသည့်နေရာကို သွား
ရောက်တွေ့ဆုံတာမျိုးရှိပါတယ်။ ဆရာကြီး၏ဇနီးမပါလာသည့်အခါများမှာ ဆရာဦးကယ်(လ)ဗင် (PT)
နဲ့ မိမိတို့သွားတွေ့ကြတာများပါတယ်။ ဆရာကြီးက တဦးထဲလာရင် Bukit Batok က သူ့ညီဦးရဲမြင့်အိမ်
မှာတည်းတတ်တာ။ 

ဦးရဲမြင့်က ရဲမြင့်(စက်မှုတက္ကသိုလ်)ကလောင်အမည်နဲ့ မြန်မာပြည်မှာတုန်းက မိမိပင်တိုင်ရေးခဲ့သည့်
သိပ္ပံမဂ္ဂဇင်းမှာ ရေးဖော်ရေးဖက်တွေဖြစ်ခဲ့ကြပါတယ်။ မျက်စိအထူးကုဆရာဝန်ကြီးဒေါက်တာရဲနိုင်လဲ
ဒီမဂ္ဂဇင်းမှာ ပုံမှန်ရေးခဲ့တာပါ။
 
 
 

 






ပုံထဲမှာ မြင်တွေ့နေရတဲ့ရွှေဧည့်သည်များအားလုံး မိမိတို့မိသားစုထံအလည်လာသွားကြစဉ်က အ
ခုနေထိုင်လျက်ရှိတဲ့ ဂျူရောင်းဝက်(စ) ၄၂ လမ်းကအိမ်မှာမဟုတ်ပါဘူး။

မိမိတို့ PR ရပြီးပြီးခြင်း ပထမဆုံးဝယ်ခဲ့တဲ့ Lakeside ဘူတာနဲ့မျက်နှာချင်းဆိုင်မှာရှိသည့်အိမ်ဖြစ်ပါ
တယ်။ 









မိမိတို့မြန်မာအကြောအဆစ်ကုပညာရှင်(Physiotherapist)များထဲက ဒေါ်တင်တင်ချစ်နှင့်ဦးမြင့်
ညွန့်တို့ မရှိရှာကြတော့ပါဘူး။




  

























































ဆက်ပြီးရေးပါဦးမည်








No comments:

Post a Comment