"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, June 16, 2024

အောက်စဖိုဒ့်ဗုဒ္ဓ၀ိဟာရကျောင်းသို့ တတိယအကြိမ်ရောက်ရှိ - ၂

 



အောက်စဖိုဒ့်ဗုဒ္ဓ၀ိဟာရကျောင်းသို့ 
ပထမအခေါက်

ပထမအခေါက်က မြန်မာပြည်ကမိတ်ဆွေတဦး၏သမီးမင်္ဂလာဆောင်ပါ။ 

သူတို့ဇနီးမောင်နှံက နောက်ပိုင်းမှာ အမေရိကန်နိုင်ငံကိုပြောင်းသွားခဲ့ပါတယ်။ စိတ်မကောင်းစရာဖြစ်
ရတာက သူတို့အမေရိကန်ကိုရောက်လို့နှစ်များမကြာမီတွင် ခင်ပွန်းဖြစ်သူက ငယ်ငယ်ရွယ်ရွယ်နဲ့ကင်
ဆာဖြစ်ပြီးဆုံးသွားရှာပါတယ်။ 

သူ မကွယ်လွန်မီမှာ ရောဂါသည်းနေသည့်ကြားကဝေဒနာကိုကြိတ်မှိတ်ကာ မြန်မာပြည်ကိုနာရီပေါင်း
များစွာဒုက္ခခံပြီး လေယာဉ်နဲ့အရောက်ပြန်လာခဲ့တာရယ်၊ 

အောင်လံဆရာတော်ဘုရားကြီး၏အနီးကပ်အဆုံးအမများနဲ့ထက်ကြပ်မကွာ ဇွဲနဘဲကြီးကြီးတရားကျင့်
တဲ့ဗွီဒီယိုမှတ်တမ်းလေး (အပေါ်ပုံ) ကိုကြည့်ခဲရသည့်မိမိမှာ ကိုယ့်တူကိုယ့်သားအရင်းတယောက်လို 
နောက်ဆုံးအချိန် ရက်ပိုင်းလေးလောက်မှာ ...

- တရားကို ကိုယ်ရော စိတ်ရောနှစ်ပြီးကျင့်ကြံအားထုတ်ရင်း တရားနဲ့သေတတ်တာကိုလက်တွ့ပြသွား
နိုင်ခဲ့တဲ့သူ့ကိုကြည့်ပြီး ရင်ထဲကြည်နူးလိုက်ရတာ။

- သူ့မိသားစု (နှစ်ဖက်မိဖဆွေမျိုးများအပါအ၀င်)၏ဆုံးရှုံးမှုကြီးအတွက် ရင်နဲ့မဆံ့ခံစားမိလိုက်ရတာ။












ယခုအခါမှာ သူ့ဇနီး(ကိုယ့်မိတ်ဆွေ၏သမီးဆိုတော့ ကိုယ့်တူမပဲပေါ့)နဲ့ အရွယ်ရောက်လာသည့်သမီး
ငယ်လေးက အမေရိကန်နိုင်ငံမှာနေထိုင်ရင်း ခင်ပွန်းနဲ့ဖခင်၏ဓမ္မလမ်းကြောင်းပေါ်မှာ မဆုတ်မနင့်ပဲ 
ရဲရဲဆက်လျှောက်လှမ်းလျက်ဓမ္မကိုတိုက်ပွဲဝင်နေတာတွေ့ရလို့ သူသိပါစေ ပျော်ပါစေလို့ ဆန္ဒပြု
မိပါတယ်။





ဆက်ပြီးရေးပါဦးမည်။








No comments:

Post a Comment