"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, June 30, 2024

သင်မသေမီ အသက်ရှည်ကျန်းမာစေရေး - ၁

 























အထက်က 'Young Forever' စာအုပ်၏အမည်ကို စာကြည့်တိုက်ကစာအုပ်စင်မှာ အမှတ်မထင်ရုတ်
တရက်တွေ့ရတော့ မျက်စိက 'You Forever' လို့ Youngနဲ့Youကို လွဲပြီးဖတ်မိတယ်။

ဒါနဲ့ "ငါ့မှာရှိခဲ့ဖူးတဲ့စာအုပ်ပါလား"ဆိုပြီး ၀မ်းသာသွားမိသေးတာ။ 

ဒါပေမယ့် စာအုပ်ရေးသူ၏အမည်ကိုကြည့်လိုက်တဲ့အခါ 'You Forever'စာအုပ်ရေးသူ၏အမည်နဲ့မတူ
တာကိုတွေ့ရတော့မှ စာအုပ်စင်မှာဒေါင်လိုက်ထောင်ထားသည့်စာအုပ်ကို ဆွဲယူကြည့်မိတယ်။

ဒီတော့မှ မိမိမှာရှိခဲ့ဖူးသည့်စာအုပ် 'You Forever'(၁၉၆၅)နဲ့ လုံးဝမတူတာကိုသိရပါတော့တယ်။ 















အဲဒီစာအုပ်ကိုရေးတဲ့သူက ဗိုလ်(အင်္ဂလိပ်)နာမည် မဟုတ်ပါ။ 

သူကိုယ်တိုင်က အာရှတိုက်သားမဟုတ်ပေမယ့် အာရှတိုက်သားအမည်နဲ့ ကလောင်အမည်ယူထား
တာဖြစ်တယ်။ 

'You Forever'စာအုပ်ရေးသူ၏အမည်ကို မိမိက ယနေ့အထိမှတ်မိနေဆဲပါ။ 

မိမိတို့အာရှတိုက်သား တိဘက်လူမျိုးအမည် Lobsang Rampa ဖြစ်ပါတယ်။ 

သူက စာအုပ် (၂၀) ရေးသားခဲ့ပါတယ်။ 

ရန်ကုန် ဆေးဘက်ပညာသိပ္ပံ(Institute of Para-Medical Sciences) မှာ မိမိပညာသင်ယူနေစဉ်
(၁၉၆၆-၇၀) သူ့စာအုပ် ၂ အုပ်ကိုဝယ်ဖတ်ခဲ့ပါတယ်။   
'You Forever'နဲ့ The Third Eye (၁၉၅၆) တို့ဖြစ်ကြတယ်။

အဲဒီအချိန်က ကမာရွတ်က အင်းစိန်လမ်းရယ်၊ ပြည်လမ်းရယ်၊ လှည်းတန်းလမ်းရယ်၊ တက္ကသိုလ်ရိပ်
သာလမ်းရယ်တို့ ပေါင်းဆုံဖြတ်ကျော်သည့်နေရာကို လှည်းတန်းလမ်းဆုံလို့ခေါ်ခဲ့ကြတာ။ 

လမ်းဆုံရဲ့ လှည်တန်းထိပ် ၀ဲဖက်အခြမ်းမှာ အမိုးကလိပ်ပြာတောင်ပုံနဲ့ (အစိုးရ)သမ၀ါယမစာအုပ်ဆိုင်
ရှိပါတယ်။ အဲဒီဆိုင်က စေစောပြောတဲ့စာအုပ် ၂ အုပ်ကို ၀ယ်ခဲ့တာလို့ထင်ပါတယ်။ 

ဆိုဗီယက်ယူနီယံ(Soviet Union) ကထုတ်သည့် စပွတ်နစ်မဂ္ဂဇင်း(Sputnik)ကို ထိုဆိုင်မှာ မိမိလစဉ်
ဝယ်ဖတ်ခဲ့တာပါ။ ဈေးနှုန်း ၁ ကျပ်ခွဲထဲပါ။ 

စာအုပ်အရွယ်ရော စာအုပ်အထူအပါးရော အကြမ်းဖျင်းပြောရရင် Reader's Digest နဲ့တပုံစံထဲလို့
ပြောနိုင်ပါတယ်။ ဒါပေမယ့် တအုပ်လုံးကို ကြွေစက္ကူနဲ့ရိုက်ထားတာဖြစ်လို့ Reader's Digest ထက်
စာမျက်နှာနည်းပါတယ်။  


























ကိုယ်ဖတ်ထား တွေ့ထားတဲ့စာအုပ်တွေအကြောင်းများပြောပြရမယ် မျှဝေပေးရမယ်ဆိုရင် မိမိက
အဲ့သလိုပဲ မူလပြောနေတဲ့အကြောင်းကနေ ချော်တော်ကိုငဲ့တတ်လေ့ရှိတာ။

အခုလဲကြည့်လေ။

'Young Forever' စာအုပ်အကြောင်းကို စပြောကာစပဲရှိသေးတယ်၊ တိဘက်အကြောင်းဖြစ်တဲ့'You 
Forever'နဲ့ ဟို ဆိုဗီယက်ယူနီယံက စပွတ်နစ်မဂ္ဂဇင်း(Sputnik)အကြောင်းကို မဆီမဆိုင်ကြီးရောက်
သွားတော့တာ။ 

အကြောအဆစ်ဆရာပီပီ လေကြောကိုရှည်တာရယ်။














'Young Forever' စာအုပ်က 'ထာဝရနုပျိုကျန်းမာပြီး အရွယ်တင်စေရမယ်'လို့ အမည်ပေးထားသည့်
အတိုင်း ..

- ရောဂါတွေကို နောက်ကြောင်းပြန်လှည့်စေဖို့
- နာကျင်မှုဝေဒနာများကနေ သက်သာပျောက်ကင်းစေဖို့နဲ့
- ခွန်အားအသစ်များတိုးပွားလာစေဖို့အတွက် .. 

မည်သို့မည်ပုံ တဆင့်ပြီးတဆင့်လုပ်ကိုင်ပေးနိုင်တယ်ဆိုတာကို လမ်းညွှန်အကြံပေးထားတာပါ။

// အသက်အရွယ်အိုမင်းရင့်ရော်ခြင်းသည် သဘာဝပုံမှန်ဖြစ်စဉ်တရပ်(normal process)ဟု 
ရှေးပဝေသဏီကတည်းက မိမိတို့နားလည်လက်ခံထားခဲ့ကြပါသည်။


အသက်ကြီးလာသည့်အခါတွင် ရောဂါဖြစ်ခြင်း၊ အားအင်ကုန်ခန်းခြင်းနှင့် တဖြည်းဖြည်းအ
ရွယ်ကျလာခြင်းတို့သည် လူတိုင်းလူတိုင်းမလွဲမရှောင်သာကြုံတွေ့ရင်ဆိုင်ကြရမည့် ဘ၀၏
အနိစ္စလက္ခဏာများဖြစ်ကြသည်ဟု ထင်မြင်ယူဆခဲ့ကြသည်။

သို့သော် သို့သော် ..

ထိုကဲ့သို့ ဖြစ်ကိုဖြစ်ကြရမည်ဟူ၍ကား ပုံသေကားကျမဟုတ်ပါချေ။

အသက်အရွယ်အိုမင်းရင့်ရော်ခြင်း(aging)သည် ကုသ၍ရနိုင်ကောင်းသောရောဂါတမျိုး(treat-
able disease)ဟု ဒီကနေ့သိပ္ပံပညာရပ်နယ်ပယ်က ဆိုလာပေပြီ။ 

အသက်အရွယ်အိုမင်းရင့်ရော်လာစေခြင်း၏အဓိကကြောင်းရင်းဇစ်မြစ်များ(root causes)ကို ကိုင်
တွယ်ဖြေရှင်းခြင်းဖြင့် မိမိတို့၏လူ့ကျန်းမာရေးသက်တမ်း(တနည်း)ကျန်းမာစွာနေထိုင်ရေးကာလ
အပိုင်းအခြား(health span)ကို တိုးမြှင့်ပြီး အသက်ရှည်စွာနေနိုင်ရုံသာမကသေးပဲ နှလုံးရောဂါ၊ ကင်
ဆာရောဂါ၊ ဆီးချိုရောဂါနှင့် ဒီမဲန်းရှားရောဂါ(dementia)များမှ ကာကွယ်ခြင်းနှင့်တွန်းလှန်ခြင်းများ
ကိုလည်းပြုလုပ်နိုင်ကြမည်ဖြစ်သည် // (စာအုပ်ရေးသူ)


ဆက်ပြီးလေ့လာကြည့်ကြပါဦးစို့။






 


  

   












သင်မသေမီ အသက်ရှည်ကျန်းမာစေရေး - ၂ ကို ဆက်ဖတ်ကြပါရန်








No comments:

Post a Comment