၁၉၇၀ ခုနှစ် နှစ်ကုန်လောက်မှာ ဆေးဘက်ပညာနောက်ဆုံးနှစ်ပြီးတဲ့အခါ မိဖများရှိရာ မိမိ၏မွေးဇာ
တိဖြစ်သည့်ကန့်ဘလူမြို့ ကိုပြန်သွားခဲ့ပါတယ်။
အဲဒီအချိန်က မိမိတို့ဆေးဘက်ပညာသိပ္ပံ(Institute of Para-Medical Sciences)ကျောင်းဆင်းများ
အနေနဲ့က ကျောင်းပြီးတဲ့အခါ ကိုယ့်ပညာနဲ့ဆိုင်တဲ့အလုပ်တွေ (Physiotherapist, Radiographer,
Medical Technologist, Pharmacist) ကို လိုက်ရှာပြီးလျှောက်ဖို့မလိုပါဘူး။
အချိန်ကျရင် အလုပ်က ကိုယ့်ဆီကို ခန့်စာချွန်လွှာနဲ့အတူ သူ့အလိုလိုရောက်လာတတ်တာမျိုးပါ။
မိမိ၏ကံကောင်းကံဆိုးအပေါ်မူတည်ပြီး တနှစ်ကျော် နှစ်နှစ်စောင့်ရသူရှိတယ်။ တချို့ တွေများဆို
ရင် နှစ်နှစ်ကျော် သုံးနှစ်နီးပါးအထိတောင် စောင့်ခဲ့ရတာမျိုးရှိခဲ့သေးတာ။
မိမိက အလုပ်ကံကောင်တယ်လို့ဆိုရမှာပါ။
၁၉၇၀ မှာကျောင်းပြီး။
၁၉၇၁ မှာ တနှစ်ကြာအလုပ်စောင့်ရ။
၁၉၇၂ ခုနှစ်ဇန်န၀ါရီမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးအကြောအဆစ်ကုဌာန(ထိုစဉ်ကအခေါ် 'ရူပဗေဒ
ဆေးကုဌာန') တွင် အလုပ်စ၀င်ခဲ့ရပါတယ်။
ဒါပေမယ့် မိမိအဖို့က အိမ်မှာအငြိမ့်သားတနှစ်တာထိုင်ပြီး အလုပ်ကိုစောင့်နေရမည့် ၁၉၇၁ ခုနှစ် မ
ကုန်မီ (နှစ်ဝက်အကျော်လောက်ဟုထင်ပါတယ်) မှာ နိုင်ငံရေးနဲ့ပတ်သက်လို့ မိမိကို ရဲကဖမ်းမယ့်သ
တင်းရတာကြောင့် ရန်ကုန်ကိုထွက်ပြေးခဲ့ရပါတယ်။
ကျောင်း(RASU)မှာတုန်းက အစိုးရက တက္ကသိုလ်ကျောင်းသားကျောင်းသူတွေကိုရောင်းပေးတဲ့ဖော့
တစ်(Fortis)နာရီလေးကို ၂၀၀ ကျပ်နဲ့ရောင်းချပြီး ရန်ကုန်ကိုရှောင်လာခဲ့တာ။
အလုပ်မရှိလို့အားနေတာနဲ့ မိမိစိတ်ဝင်စားတဲ့ ရုရှားဘာသာသင်ချင်တာ အတော်ပဲဖြစ်သွားခဲ့တယ်။
မိမိ၏ရုရှားမိတ်ဆွေများအား ယေဘုယျအားဖြင့် အမျိုးအစား ၃ မျိုးခွဲခြားပြောပြနိုင်မည်ထင်ပါတယ်။
- ပထမအမျိုးအစားက နိင်ငံခြားဘာသာသိပ္ပံ(IFL)ကျောင်းက မိမိ၏ရုရှားဘာသာသင်ဆရာ/ဆရာမ
များဖြစ်ကြပါတယ်။
- ဒုတိယအမျိုးအစားက မိမိနှင့်ခင်မင်ရင်းနှီးခဲ့သည့် ရုရှားသံတမန်ဝန်ထမ်းတချို့ ပါ။
- တတိယအမျိုးအစားကတော့ ၁၉၇၁ ခုနှစ်က ရန်ကုန်မြို့  အင်ဗွိုင်းခန်းမမှာကျင်းပသွားခဲ့သည့်ဆိုဗီ
ယက်ကုန်သွယ်ရေးနှင့်စက်မှုလက်မှုပြပွဲ(Soviet Trade and Industrial Exhibition)မှာ မိမိ ရုရှားဘာ
သာစကားပြန်လုပ်ခဲ့စဉ်က သိကျွမ်းခင်မင်ခဲ့သည့် မြန်မာစာ မြန်မာစကားတတ်သောရုရှားလူမျိုးများ
ဖြစ်ကြပါတယ်။
"လီနင်ဂရက်က ရုရှားတို့ရဲ့ ဘ၀သံသရာ"ဆောင်းပါးတွင် လီနင်ဂရက်မြို့ မှမြန်မာစာသင်ကြားနေကြ
သည့်ရုရှားများအကြောင်းရေးကို စာရေးဆရာကြီးဇေယျ၏ 'ယဉ်ကျေးမှုခရီးသည်စာစု'အား ကိုးကား
ရေးသားရင်း မိမိ၏ 'ကျနော် Russian စကားပြန်'ဆောင်းပါးမှ အောက်ပါစာတပုဒ်ကိုထည့်သွင်းဖော်
ပြထားတာတွေ့ရပါတယ်။
ဆက်ပြီးရေးပါဦးမည်။
No comments:
Post a Comment