"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, June 8, 2024

ပျဉ်းမနားမောင်နီသင်းနှင့်ကျနော်

 

SOURCE: 


ဒီကနေ့ညနေ ဖေ့စ်ဘွတ်ကြည့်တော့ စာရေးဆရာတင်ညွန့်က ကိုနီသင်း(ပျဉ်းမနားမောင်နီသင်း)အ

ကြောင်း အမှတ်တရတင်ထားတာလေးတွေ့ရတော့ အခုလိုလေး စိတ်ထဲကပြောလိုက်မိတယ်။


ကိုနီသင်းရေ သတိရတယ်ဗျာ။

ကျနော်တို့တတွေ ကမာရွတ်မြို့ နယ် ပြည်လမ်းဘေးက ၀ဂ္ဂီရပ်ကွက်လေးမှာ အတူတကွနေခဲ့ကြတာ

ကို လွမ်းမိသေးတယ်။  


ဟုတ်ပါတယ်။

ဝဂ္ဂီရပ်ကွက်ဆိုတာ မိမိ အိမ်ထောင်မကျမီက(၁၉၇၅)နဲ့ အိမ်ထောင်ကျပြီးမော်လမြိုင်ကပြန်ပြောင်းလာ

တဲ့နှစ်များ(၁၉၈၁-၁၉၈၉)မှာပါ နှစ်ကြိမ်နေခဲ့ဖူးတာ။ 


အဲဒီအချိန်က လှည်းတန်းမှတ်တိုင်(အင်းစိန်ဖက်ကအလာ)နဲ့ မြန်မာ့အသံအကြားမှာရှိပြီး ပြည်လမ်းရဲ့ 

အနောက်ဖက်မှာရှိသည့် ဒီရပ်ကွက်လေးကို သတိမပြုမိကြတာများပါတယ်။ ၀ဂ္ဂီရိပ်သာလမ်းထိပ်မှာ

ရွှေထီးတော်စေတီနဲ့သိပ္ပံကျောင်းကို ပြည်လမ်းပေါ်ကနေ ထင်ထင်ရှားရှားတွေ့နေရတာ။ 

နောက်ပြီး ရန်ကုန်မြို့ ရဲ့ နာမည်ကြီး ကြန်တောသင်္ချိုင်းနဲ့ဒီရပ်ကွက်က နာနတ်တောလမ်းတခုပဲခြားနေ

တာရယ်။ ဖုံထူတဲ့မြေနီလမ်းကြမ်းလေးပါ။

ကမာရွတ်မြို့ နယ်ထဲက အထင်ကရဖြစ်တဲ့ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်(RASU)၊ တီတီစီကျောင်း၊

ပညာရေးတက္ကသိုလ်၊ ပညာရေးသုတေသနဌာန၊ ဆေးတက္ကသိုလ်(၁) လိပ်ခုံး၊ အခြေခံပညာဦးစီးဌာန၊

မြန်မာ့ရုပ်သံဌာနတွေနဲ့နီးနီးလေးမှာရှိနေတာ။


















အဲဒီအရပ်မှာ ကဗျာဆရာ ကိုနီသင်းမိသားစုနေတယ်။ ကဗျာဆရာမောင်စွမ်းရည်မိသားစုနေတယ်။ 

စာရေးဆရာမ ရွှေကူမေနှင်းမိသားစုနေတယ်။ စာရေးဆရာ ရွှေမြိတ်သောင်းတင်နှင့်ခင်မောင်တိုး(မိုး

မိတ်)တို့မိသားစုများနေတယ်။၊ ကဗျာဆရာဇော်နောင်မိသားစုရယ် စာရေးဆရာမောင်အောင်မွန်ရဲ့ မိ

သားစု(နောင်တွင် VOA သတင်းတင်ဆက်သူ)ရယ်၊ အားကစားဆောင်းပါးရှင်အောင်ကျော်ကျော်ရဲ့ မိ

သားစုရယ် မိမိ၏မိသားစုရယ် အတူတကွနေခဲ့ကြပါတယ်။

ဒီစာရေးဆရာအားလုံးထဲမှာ မိမိက ကိုနီသင်း၊ ကိုအောင်မွန်၊ ကိုဇော်နောင်တို့ ၃ ဦးနဲ့ များစွာရင်းနှီးခဲ့

တာပါ။ 

ကိုနီသင်းနဲ့မိမိတို့အကြောင်းပဲ ဆက်ပြောချင်ပါတယ်။

ကိုနီသင်းက မိမိထက်အသက် ၁ နှစ်ပဲကြီးပေမယ့် စာပေ၀ါနဲ့စာပေသြဇာမှာ မိမိထက် ၀ါလဲကြီး သြ

ဇာလဲကြီးသူတဦးဖြစ်ပါတယ်။ စာပေဗိမာန်ဆုနဲ့အမျိုးသားစာပေဆုများရှင်ပါ။ 


ဒါပေမယ့် ကိုနီသင်းသည် ပင်ကိုယ်အားဖြင့်နှိမ့်ချမှုရှိပြီး အလွန်ခင်မင်စရာကောင်းသူတဦးလဲဖြစ်ပါ

တယ်။ 

၁၉၈၇ ခုနှစ်မှာ မိမိ အမျိုးသားစာပေဆုရတော့ ကမာရွတ်မြို့ နယ်စာပေလုပ်သားအဖွဲ့က ပါတီရုံးလား

ကောင်စီရုံးမှာလား အသေအချာမမှတ်မိတော့။ အဲဒီမှာ ဂုဏ်ပြုပွဲလုပ်ပေးဖို့စီစဉ်တော့ ကိုနီသင်းခမျာ 

မိမိနဲ့ပတ်သက်လို့အခက်အခဲတွေ့ရပါတယ်။ မိမိက ထိုစဉ်ကမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဝင်မဟုတ်

တဲ့အတွက်ပါ။ ကိုနီသင်းက ပါတီဝင်ပုံစံစာရွက်တွေယူလာပြီး မိမိကိုတောင်းတောင်းပန်ပန်နဲ့ အသင်း

ဝင်လိုကြောင်း လက်မှတ်ထိုးခိုင်းပါတယ်။

ဒါပေမယ့် မိမိမှာ အနီရောင် မရင့်တရင့်ရှိတယ်ဆိုတာကို သူက သိထားပြီးဖြစ်နေလို့ပါပဲ။ 


















အစမှာတော့ မိမိက အပြတ်ငြင်းပါသေးတယ်။ 

သူ့ကိုခင်မင်တာက တပိုင်းပဲလေ။

ပါတီနဲ့ လုံးဝမပတ်သက်ချင်ဘူးပေါ့။ 

ဒီတော့ သူက"ကျနော့်ကို မြို့ နယ်ကတာဝန်ပေးလို့ပါ ကိုတင်မောင်အေးရာ။ ဒီပုံစံစာရွက်လေးကိုသာ 

လက်မှတ်ထိုးပေးပါ။ ဂုဏ်ပြုပွဲကိုလဲ ခဏလေးလာပေးပါ။ နောက်တော့ ပါတီနဲ့ဘာမှမပတ်သက်လဲ 

ဖြစ်တာပဲဗျာ။ ပါတီကအစည်းအဝေးတွေကိုလာမတက်လဲရပါတယ်။ ဘယ်သူကမှလိုက်မခေါ်ပါဘူး။

ဒါ ကျနော် အာမခံပါတယ်"

ဘာပဲဖြစ်ဖြစ် သူက မိမိအတွက်ကို စေတနာနဲ့ တကူးတကကြီးပြောပေး လုပ်ပေးနေတာဖြစ်လို့ ကိုယ့် 

အတွက်အရေးမကြီးလှတဲ့ပါတီဝင်ပုံစံစာရွက်မှာ လက်မှတ်ထိုးပေးလိုက်သလို မြို့ နယ်ရဲ့ ဂုဏ်ပြုပွဲကို

လဲ သွားခဲ့ပါတယ်။ 

နောက်ပြီးတော့ မိမိ မလုပ်ချင်ဆုံးအလုပ်ကို လုပ်ခဲ့ရပါသေးတယ်။

ကိုနီသင်းက မြို့ နယ်ကပါတီ ကောင်စီလူကြီးတွေနဲ့မိတ်ဆက်ပေးတာ။ စကားစမြည်ပြောခဲ့ရတာ။
















ဆက်ပြီးရေးပါဦးမည်။






No comments:

Post a Comment