"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Tuesday, June 18, 2024

ရွှေဧည့်သည်တချို့  အပြီးပြန်သွားကြပြီ - ၂

 

















ရွှေဧည့်သည်တချို့  အပြီးပြန်သွားကြပြီ အမှတ်(၁)မှာတုန်းက မိမိတို့မြန်မာအကြောအဆစ်ကုပညာ
ရှင်(Physiotherapist)များထဲက ဒေါ်တင်တင်ချစ်နှင့်ဦးမြင့်ညွန့်တို့မရှိရှာကြတော့ဘူးလို့ပြောခဲ့ပါတယ်။

ဟုတ်ပါတယ်။
ကျနော့်ကျောင်းနေဖက်သူငယ်ချင်း ကိုမြင့်ညွန့် မရှိရှာတော့ပါဘူး။

သူ မကွယ်လွန်မီနောက်ဆုံးတွေ့လိုက်ရတာက စစ်ကိုင်းတောင်မှာ ရဟန်းဝတ်နဲ့ပါ။ 
သူငယ်ချင်းက ကြည်ညိုစရာကောင်းပြီး အေးချမ်းစွာရှိနေပါတယ်။

၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ မြန်မာပြည်ပြန်လည်စဉ်က မန္တလေးမှာနေသည့် PTနန်းမိုခမ်းက သူ့ကား
လေးနဲ့ စစ်ကိုင်းတောင်ရိုး အကြိုအကြားတွေမှာ တကူးတကကြိုးစားရှာဖွေပြီး လိုက်ပို့ပေးလို့တွေ့ခဲ့ရ
တာကို ကျေးဇူးတင်ရပါတယ်။


 
ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှာ ဆေးဘက်ပညာပထမနှစ်ကိုစပြီးတက်ခဲ့ကြကတည်းက ကိုမြင့်ညွန်
နဲ့မိမိတို့ ခင်မင်ရင်နှီးကြတာ။ ပြောမနာဆိုမနာခင်ခဲ့ကြတာ။ 

မိမိတို့အညာသားမြို့ နားနီးချင်း(ကန့်ဘလူ၊ ကောလင်း)ဖြစ်သည့် ကိုဝင်းမောင်Ortho ရန်ကုန်၊ကိုလင်း
မောင်(မန္တလေးဆေးရုံကြီး)တို့ကလွဲလို့ မိမိ၏အောက်ပြည်အောက်ရွာသား သူငယ်ချင်းပါ။ 
သထုံက ပအိုဝ်းတိုင်းရင်းသား လူရိုးလူဖြောင့်ကြီး။



မိမိတို့မိသားစု မြန်မာပြည်ကိုအလည်ပြန်လို့ မန္တလေးကိုရောက်တာသိတာနဲ့ မိမိတို့တည်းခိုနေကျ ဘူ
တာကြီးနားက ပစိဖစ်ဟိုတယ်ကို မနက်စောစောစီးစီးချမ်ချမ်းအေးအေးမှာ ကိုမြင့်ညွန့်က စက်ဘီးနဲ့အ
မြဲရောက်ချလာတတ်တာ အမှတ်ရမဆုံးနိုင်ပါ။



























ဆက်ပြီးရေးပါဦးမည်။








No comments:

Post a Comment