"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, June 23, 2024

စပ်မိစပ်ရာများ(၉)-ဆရာကြီးဒေါက်တာဦးဘညွန့်နှင့်ကျနော်-၃

 



မနေ့က မိမိ၏ကျွန်းသာယာဘလော့က ရေးလက်စဖြစ်သည့်'ရွှေဧည့်သည်တချို့  အပြီးပြန်သွားကြပြီ-၃'

မှာ ဆေးတက္ကသိုလ်(၁) လိပ်ခုံး၊ ပြည်လမ်းတွင် တချိန်တုန်းက မိမိတို့၏ခန္ဓာဗေဒ(လက်တွေ့ခွဲစိတ်လေ့

လာ anatomical dissection)ဆရာဖြစ်ခဲ့ဖူးသည့် ဒေါက်တာဦးမျိုးမြင့်(နောင်တွင် ပါမောက္ခ Ortho)အ

ကြောင်းတွင် အထက်ပါဓာတ်ပုံလေးကို ထပ်ပြီးတင်လိုက်ပါတယ် (၂၁၊၆၊၂၄)။

အဲဒီဓာတ်ပုံကို Myanmar Orthopaedic ၀က်ဆိုက်ကနေ မိမိရရှိထားခဲ့တာ။ ဓာတ်ပုံနဲ့အတူ ဒေါက်တာ

ဦးမျိုးမြင့်အကြောင်း ဆရာကြီးဦးဘညွန့်၏မှတ်ချက်(အောက်ပုံ)ကို နှစ်သက်တာကြောင့်တွဲတင်လိုက်ခဲ့

ခြင်းဖြစ်ပါတယ်။


/ကျနော်ရဲ့ မိတ်ဆွေများနဲ့လုပ်ဖော်ကိုင်ဖက်တဦးဖြစ်တဲ့ပါမောက္ခမျိုးမြင့်လို့သူ့စာကိုအစချီထားပါတယ်။

ဒီဓာတ်ပုံကို ၁၉၈၁ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့က ရန်ကုန်အရိုးရောဂါအထူးကုဆေးရုံကြီးမှာရိုက်ခဲ့တာ။ 

(၀ဲဖက်မှ - ဒေါက်တာမင်းလွင်၊ ဆရာမျိုး<ပါမောက္ခမျိုးမြင့်>၊ ဘညွန့်<အလယ်တွင်ထိုင်နေသူ>၊ ဆရာ

ကျော်<ပါမောက္ခကျော်မြင့်နိုင်>၊ ဒေါက်တာဖါ့ ksy)

အရိုးရောဂါဆိုင်ရာကာကွယ်ကုသရေးနဲ့ သင်ကြားရေးလုပ်ငန်းများကို ကျနော်တို့အားလုံးအတူတကွ

လက်တွဲဆောင်ရွက်ခဲ့ကြပါတယ်။ 

ကျနော်က ရှစ်လေးလုံး(၈၈၈၈)အရေးတော်ပုံအပြီးမှာ မြန်မာနိုင်ငံကနေ အပြီးထွက်ခဲ့ပါတယ်။

ဆရာမျိုး(ပါမောက္ခမျိုးမြင့်)ကတော့ နောက်ဆုံး သူကွယ်လွန်သွားချိန်အထိ အဲဒီတာဝန်များကိုတစိုက်

မတ်မတ် ဆက်လက်ထမ်းရွက်သွားခဲ့သူဖြစ်ပါတယ်။

ဆရာမျိုးသည် ကြီးမြတ်သည့်တကယ့်မျိုးချစ်ပုဂ္ဂိုလ်တဦးဖြစ်သလို ထူးချွန်တဲ့အရိုးရောဂါခွဲစိတ်ဆရာ

ဝန်ကြီးနဲ့ ပညာသင်ကြားဖြန့်ဝေသူဆရာကြီးတဦးလည်းဖြစ်ခဲ့ပါတယ် - ဒေါက်တာဘညွန့်  

    

 
















တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။

ဒီကနေ့ နေ့ခင်း(၂၂၊၆၊၂၄)မှာ ဆရာကြီးဒေါက်တာဦးဘညွန့်က အမှတ်တရပုံလေးနဲ့ မိမိကိုနှုတ်ဆက်

လာပါတယ်။




ဆရာကြီးမိသားစုသည် မြန်မာနိုင်ငံကစပြီးထွက်သွားကတည်းက သြစတေးလျနိုင်ငံ ဒါဝင်မြို့ မှာနေတယ်

လို့ ရန်ကုန်ကိုအလည်ပြန်ရောက်စဉ်က ဒေါက်တာဇော်သန်းပြောပြလို့သိခဲ့ရပါတယ်။









No comments:

Post a Comment