"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Monday, June 10, 2024

သောင်းပြောင်းထွေလာမဂ္ဂဇင်းနှင့်ကျနော်

 



စာရေးဆရာကျော်မျိုးခိုင်က အထက်က 'သောင်းပြောင်းထွေလာမဂ္ဂဇင်း' စာအုပ် ၄ အုပ်ကို မြန်မာ

ငွေ ၁၂၀၀၀/ ကျပ်နဲ့ရောင်းမည့်အကြောင်း သူ၏ဖေ့စ်ဘွတ်မှာ ဒီကနေ့ကြော်ငြာတာတွေ့ရလို့ မိမိ

စိတ်စားမိပါတယ်။

သူ့ကြော်ငြာတင်ပြီးတဲ့ ၅ မိနစ်အကြာမှာပဲ မိမိက ဒီမဂ္ဂဇင်းများကိုဝယ်ယူလိုကြောင်း ကော်မင့်မှအ

ကြောင်းပြန်ခဲ့ပါတယ်။ 

သူက 'ဟုတ်ကဲ့ပါဆရာ'ဆိုလို့ ရန်ကုန်ကတူမလေးကို သူ့ဖုန်းနံပတ်ပေးပြီး ၀ယ်ခိုင်းထားပါတယ်။


အဲဒီမဂ္ဂဇင်းတွေက ၁၉၈၅ ခုနှစ် ဇန်န၀ါရီ၊ ဖေဖော်ဝါရီ၊ မေနဲ့ ဇွန်လထုတ်တွေပါ။

ထိုအချိန်ကာလ၀န်းကျင်က 'သောင်းပြောင်းထွေလာမဂ္ဂဇင်း'မှာ မိမိ ဆောင်းပါးများ ပုံမှန်ရေးနေတာ

လို့ ခန့်မှန်မှတ်မိနေပါတယ်။ 


သိမ်ဖြူလမ်းရှိကျန်းမာရေးဦးစီးဌာနနဲ့သိပ်မဝေးလှတဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က အဲဒီမဂ္ဂဇင်း

တိုက်ကို မိမိအရောက်အပေါက်များခဲ့ပါတယ်။ ရောက်ဖြစ်နေတာက အကြောအဆစ်ရောဂါဝေဒနာ

များဆိုင်ရာအကြောင်း စာဖတ်သူများနှင့်အမေးအဖြေဆောင်းပါးများ ရေးနေတာကြောင့်ဖြစ်ပါတယ်။


စင်ကာပူကိုမထွက်လာခင်ကတော့ မိမိရေးတဲ့စာများ (ဆောင်းပါး၊ ၀တ္တု)ပါရှိသည့် မဂ္ဂဇင်း၊ ဂျာနယ်၊

သုတစာအုပ်များအားလုံး မိမိမှာရှိခဲ့ပါတယ်။ ဒီကိုမထွက်လာခင်မှာ မိမိ၏စာအုပ်အားလုံးကို သာစည်

ကညီအရင်းဆီမှာအပ်ခဲ့တာ အကုန်ပျက်စီးသွားခဲ့ပါတယ်။

မိမိဘ၀မှာ ကြုံဖူးလိုက်ရသည့် ပြန်မရနိုင်တော့တဲ့ တခုတည်းသောဆုံးရှုံးခဲ့ရမှုကြီးဖြစ်ပါတယ်။

















ဆက်ပြီးရေးပါဦးမည်။





No comments:

Post a Comment