"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Friday, June 28, 2024

ရွှေဧည့်သည်တချို့  အပြီးပြန်သွားကြပြီ - ၎

 







အခုအချိန်မှာ မျက်စိရောဂါအထူးကုပါရဂူ ဆရာဒေါက်တာရဲနိုင်သာ
မကွယ်လွန်သေးဘူးဆိုရင်
အကူအညီတခု အရေးတကြီးတောင်းမိမှာသေချာပါတယ်။

ဆရာရေ ဆရာ့စာအုပ်ရဲ့ အမည်လေးက 'မျက်စိမှာ အချစ်ရှိမှမြင်သည်' လို့ 
ဆရာက ဆိုထားလေတော့ 
"ကျနော်ရဲ့ မျက်စိထဲကအချစ်ကို မြန်မြန်လေးဖယ်ရှားပေးပါလားဗျာ"





          


ဒေါက်တာရဲနိုင်၏'အီကွေတာပိတောက်နှင့်အခြားဝတ္တုတိုများ'စာအုပ်မှာ
ဆရာဆေးစက်ချသွားခဲ့တဲ့
မိမိ၏အမှတ်တရ လျှပ်တစ်ပြက်ပုံရိပ်လေးပါ။



ဆက်ပြီးရေးပါဦးမည်။





No comments:

Post a Comment