ဒီကနေ့မနက် ၁၁ နာရီမှာအိမ်ကနေ ဘတ်စ်ကားတတန် ရထားတတန်နဲ့သွားလိုက်တာ နိုဗီးနားဘူ
တာကို ၁၂ နာရီမခွဲခင်လေးမှာ ရောက်သွားခဲ့ပါတယ်။
အဲဒီကနေ Thomson လမ်းရှိရာကို ဘူတာအောက်ကနေ စက်လှေကားနဲ့တက်ခဲ့ပါတယ်။ အပေါ်ကို
ရောက်တာနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ မြင်ကွင်းသည်အတော်လေးရှုပ်ထွေးနေပါတယ်။
လမ်းတဖက်ရှေ့ တည့်တည့်မှာရှိသည့်အခွန်ရုံး(IRAS- Inland Revenue Authority of Singapore
နဲ့လက်ဝဲဖက်မလှမ်းမကမ်းမှာလှမ်းမြင်နိုင်သော ယူနိုက်တက်စကွဲယားကုန်တိုက်ကြီး(United Square
Shopping Mall)များကို အတော်လေးသတိပြုရှာဖွေကြည့်မိပါတယ်။
IRAS ကို မိမိ၏၀င်ငွေခွန်ကိစ္စနဲ့ ၂ ကြိမ်လောက်ရောက်ခဲ့ဖူးပါတယ်။
မိမိတို့စင်ကာပူနိုင်ငံရောက်စ အိမ်ငှားနေတုန်းက အိမ်ရှင်ရဲ့ အလုပ်က ယူနိုက်တက်စကွဲယားကုန်
တိုက်ကြီးမှာရှိတာကြောင့် အိမ်လခပေးရင်း တလတကြိမ်ရောက်ခဲ့တာ။
အဲဒီအခါက သားက တနှစ်သား နှစ်နှစ်သားပဲရှိသေးလို့ ကုန်တိုက်ကြီးရဲ့ မြေအောက်ထပ်မှာရှိတဲ့အ
ရုပ်ဆိုင်ရှေ့ မှာ လျှပ်စစ်နဲ့သွားတဲ့မော်တော်ဆိုက်ကယ်လေးတွေစီးတာကို အမှတ်ရမိသေးတော့။
ဒါတွေအားလုံး ၁၉၉၁-၉၃ နှစ်များကဖြစ်လို့ မေ့မေ့ပျောက်ပျောက်ရှိနေခဲ့ပါပြီ။
ဒီနောက်မှာတော့ ဆေးပညာဘာသာရပ်ပေါင်းစုံစာအုပ်များရောင်းသည့် ၃ ထပ်က ResearchBooks
Asia စာအုပ်ဆိုင်မှာ တခါတလေ Physiotherapy စာအုပ်တွေလာရှာရင်းရောက်တတ်ပါသေးတယ်။
အဲဒီမှာ မိမိတို့အတွက်အသုံးချနိုင်မည့် အရိုးစုများ(skeletons)၊ အဆစ်ကွေးဆန့်လှုပ်ရှားမှုတိုင်းသည့်
ဂိုနီယိုမီတာ(Goniometer)နှင့်ကိုယ်ခန္ဓာရုပ်လုံးပုံများ ၀ယ်ယူနိုင်ပါတယ်။
တခါမှာ မိမိဇာတိဖြစ်သည့် ကန့်ဘလူမြို့ တွင် Community-based Physiotherapy လုပ်ငန်းအတွက်
(၃)ရက်တာလုပ်အားလာပေးခဲ့ကြသည့်မြန်မာပြည်တနံတလျှားမှPhysiotherapists(PTs)များအား
ယခုဆိုင်မှဂိုနီယိုမီတာများဝယ်သွားကာ အမှတ်တရလက်ဆောင်ပေးခဲ့ဖူးပါသည်။
နိုဗီးနားဘူတာတ၀ိုက်နဲ့ပတ်သက်ပြီး မိမိ၏အတိတ်ကအတွေးများက မိမိအား တခဏထိန်းချုပ်လွမ်း
မောစေပြီးနောက်တွင် ဘူတာဖက်အခြမ်းက ပလက်ဖောင်းအတိုင်း ညာဖက်ကိုဆက်သွားခဲ့ရာ ပထမ
ဆုံးတွေ့ရသည့် ဧရာဝတီလမ်း(Irrawaddy Road)ကိုကျော်လိုက်သည်နှင့် အောက်စဖိုဒ့်ဗုဒ္ဓ၀ိဟာရဘုန်း
ကြီးကျောင်းရှိရာ Novena Terrace လမ်းကိုရောက်တော့၏။
နိုဗီးနားဘူတာတ၀ိုက်မှာ အပြောင်းအလဲတွေအတော်လေးရှိခဲ့ပေမယ့် Novena Terrace လမ်းလေး
ရယ်၊ အိမ်လေးတွေရယ်ဟာ အရင်တုန်းကအတိုင်းပါပဲ။
အေးအေးဆေးဆေး တိတ်တိတ်ဆိတ်ဆိတ်ရှိနေဆဲပါ။
လမ်းထိပ်အ၀င်ကနေ ကားလမ်းကုန်းမြင့်လေးအတိုင်း လက်ဝဲဖက်အခြမ်းမှာလျှောက်တက်သွားပြီး
၃ ၄ မိနစ်ဆို အမှတ်(၁၉) ဆိုတဲ့ခြံနံပတ်ကြီးကို အထင်အရှားတွေ့ရတော့တာ။
အသင့်ဖွင့်ထားတဲ့ခြံတခါးကနေ၀င်လိုက်တော့ တိုက်အောက်ထပ်က ဘုရားခန်းမှာ ဘုန်တော်ကြီးတ
ပါးနဲ့ မြန်မာမိသားစုကိုတွေ့ရပါတယ်။ မိဖနှစ်ဦးနဲ့ သားယောက်ျားလေး ၂ ယောက်ပါ။
ဘုန်းဘုန်းက သက်တော်မကြီးလှသေးပါဘူး။
မိသားစုကို အင်္ဂလိပ်ဘာသာဖြင့် တရားပေးရှင်းပြနေတာကြောင့် မိမိတို့နှစ်ဦးက အနောက်ဖက်မှာခပ်
ဆိတ်ဆိတ်လေးနေရာယူပြီး ၀င်ထိုင်လိုက်ကြပါတယ်။
ကျောင်းခန်းထဲမှာထိုင်ရင်း ဟိုဒီဝဲယာကိုလျှောက်ကြည့်တဲ့အခါ အရင်နှစ်ခေါက်ရောက်ခဲ့တုန်းကတွေ့
ခဲ့မြင်ခဲ့ စားခဲ့သောက်ခဲ့ မိတ်ဆွေအချို့ နဲ့စကားစမြည်ပြောဆိုခဲ့တာတွေကို ပြန်ပြီးအမှတ်ရမိတော့တာ။
ဓာတ်ပုံတွေရှိပါတယ်။
တွေ့တဲ့အခါ ပြန်တင်းပေးပါမယ်။
ဆက်ပြီးရေးပါဦးမည်။
No comments:
Post a Comment