"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Wednesday, June 26, 2024

ဟို မနေ့တနေ့က ကျနော်

 





















အသက်ကြီးလာတယ်ဆိုတာက သက်ရှိတွေရဲ့ သဘာဝဖြစ်စဉ် (natural process) ပဲလေ။

တားလို့ဆီးလို့ ရပ်တံ့လို့ ရစကောင်းသောကိစ္စမျိုးမှ မဟုတ်တာ။


ကိုယ် လုံးဝ တားလို့ဆီးလို့ ရှောင်လို့ရှားလို့မရတာကြီးကို မကြိုက်နှစ်သက်တာ ကြောက်

လန့်တာတို့ဖြစ်နေမည့်အစား အရှိအတိုင်း ဖြစ်လာသည့်အတိုင်း ရဲရဲရင့်ရင့်လက်ခံပွေ့ပိုက်

ထားနိုင်ရင် မကောင်းပေဘူးလား။

နောက်ပြီးတော့ အသက်အရွယ်ကြီးအိုမင်းလာခြင်းနဲ့အတူ မိမိ၏ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာ

ပြောင်းလဲလာတာတွေ ယခင်နဲ့မတူတဲ့ ကြုံတွေ့ခံစားလာရတာတွေကို စိတ်ဝင်တစားလေ့

လာကြည့်လို့လဲရနိုင်ပါသေးတယ်။ 

ပြောင်းလဲမှုတွေမှာ မကောင်းတာတွေချည်း တစုတပြုံကြီးပါလာတတ်တာကြတာ မဟုတ်

ဘူး။

ဒီအထဲမှာ ကောင်းတာတွေ အကျိုးရှိတာတွေလဲ ပါလာကြသေးတာကို မေ့မထားသင့်ပါဘူး။


ကဲ ကြည့်ကြည့်ကြရအောင်ဗျာ။



 
 















ဒီအကြောင်းကို မိမိ လက်ရှိဖတ်လက်စစာအုပ်ဖြစ်သည့် 'ဒေါက်တာမတ်(ခ)ဟိုင်းမဲန်'၏ "Young 
Forever"(The Secrets To Living Your Longest, Healthiest Life) မှာ ဆက်လက်ဖတ်ရှုကြ
စေလိုပါတယ်။









ဆက်ပြီးရေးပါဦးမည်။





No comments:

Post a Comment