"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။
Showing posts with label စာအုပ်စာပေ သတင်းများ. Show all posts
Showing posts with label စာအုပ်စာပေ သတင်းများ. Show all posts
Sunday, November 2, 2014
၂၀၁၃ ခုနှစ်အတွက် အမျိုးသားစာပေဆုများနှင့် စာပေဗိမာန်စာမူဆုများ
၁၃၇၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၁ ရက်၊
၂၀၁၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုများ၊ စာပေဆုများနှင့် စာပေဗိမာန်စာမူဆုများ ကို အောက်တိုဘာလ ၃၀ ရက်နေ့ က အောက်ပါအတိုင်း ထုတ်ပြန်ကြေညာသွားခဲ့ပြီဖြစ်ပါတယ်။
အမျိုးသားစာပေတစ်သက်တာဆုကို ယခင်အခါများက တစ်နှစ်မှာ တစ်ဦးကျသာချီးမြှင့်ခဲ့ရာက ၂၀၁၂ ခုနှစ်ကစလို့ တစ်နှစ်မှာ စာရေးဆရာ ၃ ဦးကျစီ ပြောင်းလဲချီးမြှင့်ခဲ့ပါတယ်။ အတော်လေး ၀မ်းသာအားရ စရာကောင်းပါတယ်။
ယခုနှစ် ဆုရရှိသူများအထဲမှာ ဆရာကြီး စည်သူဦးတင်လှိုင် (လယ်တွင်းသားစောချစ်) ကလွဲလို့ ကျန်တဲ့ ဆရာကြီးနှစ်ဦးကို ကလောင်အမည်နှင့်သူတို့၏စာများကို သိဖူး ဖတ်ဖူးသည်ကလွဲပြီး လူချင်းမတွေ့ဘူးပါ။
ဆရာကြီး ဒေါက်တာဦးခင်အေး (မောင်ခင်မင် - ဓနုဖြူ) ၏ မြန်မာစာရေးဖွဲ့သုံးနှုန်းပုံနဲ့သက်ဆိုင်သော သတင်းစာပါဆောင်းပါးများကိုမူ ကျွန်းသာယာဘလော့မှာ မကြာမကြာ တစ်ဆင့်ပြန်လည်ဖော်ပြပေးနေခဲ့ ပါတယ်။
ဆရာလယ်တွင်းသားစောချစ်ကို စင်ကာပူက စာပေဟောပြောပွဲမှာ လွန်ခဲ့တဲ့ ၄ နှစ်ခန့်ကမှ ပထမဆုံး စပြီး တွေ့ဖူးခဲ့တာပါ။ အဲဒီတုန်းက ဆရာက "ကျနော် ရထားနဲ့ခရီးသွားလို့ ဆရာတို့ကန့်ဘလူဘူတာကို ဖြတ်သွား တိုင်း ခင်ဗျားကို သတိရမိတယ်" ဟု မိမိအားပြောခဲ့ပါတယ်။
Saturday, September 15, 2012
အမျိုးသားစာကြည့်တိုက် စာအုပ်အဟောင်းရောင်းပွဲတော်
စင်ကာပူနိုင်ငံ အမျိုးသားစာကြည့်တိုက်ရဲ့  Singapore Expo မှာ ပြုလုပ်တဲ့ စာကြည့်တိုက်က အသုံးပြုပြီး စာအုပ်အဟောင်းတွေ ရောင်းချတဲ့ပွဲတော် (National Library Book Sale 2012) ကို ဒီကနေ့ မနက်က အိမ်ရှင်မနဲ့အတူ သွားဖြစ်ခဲ့ကြတယ်။ နံနက် ၉ နာရီခွဲကနေ ည ၇ နာရီအထိ ဒီကနေ့နဲ့ မနက်ဖန် ၂ ရက် ပဲ ရောင်းမှာဖြစ်လို့ ၀ီရိယစိုက်ပြီး အိမ်က စောစောလေး ထွက်သွားခဲ့ကြတယ်။ စနေနေ့ နေ့ဝက် အလုပ် ဆင်းချိန်ကို ရောက်ရင်တော့ လူတွေက အရမ်းများလာကြမှာ။
ဒါတောင် စာရေးသူတို့ ရောက်သွားတာ နံနက် ၁၁ နာရီ မထိုးသေးဘူး၊ စာအုပ်လာဝယ်တဲ့သူ တွေက Expo ခန်းမကြီးနဲ့အပြည့် ရှိနေနှင့်ကြပြီ။ ပုံမှန်က စနေနေ့တွေဆိုလို့ရှိရင် နံနက်စာကို လင်ကိုယ်မယားနှစ်ယောက် အပြင်ထွက်ပြီး စားကြလေ့ရှိတာ။ အဲဒီကမှ NTUC ဆိုင်ကို ဆက်သွားကြပြီး တစ်ပတ်စာ ဈေးဝယ်ကြတာ။ ဒီကနေ့တော့ အိမ်မှာ ပဲပြုတ်နဲ့ထမင်းကြော်စား လက်ဖက်ရည်သောက်ပြီး ကားတစ်တန် ရထားတစ်တန်စီး လို့ Expo ကို သွားခဲ့ကြတယ်။
| စာမြည်းရင်း စာအုပ်ရွေးနေကြသူများ။ (ဓါတ်ပုံ - ဖိုးတာ) |
| မွှေနှောက်ကြည့်ရှုထားကြသည့် စာအုပ်များ၊ (ဓါတ်ပုံ - ဖိုးတာ) |
| ကြမ်းပြင်မှာ ဖင်ထိုင်ချလျက် စိမ်ပြေနပြေ စာအုပ်ရွေးနေကြတယ်။ |
ရောင်းတဲ့စာအုပ်တွေက အမျိုးစုံလို့ပါပဲ။ ကျန်းမာရေး၊ ပညာရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ ခရီးသွား၊ ယဉ်ကျေး မှု၊ အနုပညာ၊ ကွန်ပြူတာ၊ အင်တာနက် စသဖြင့် တွေ့ရပါတယ်။ အဓိကအားဖြင့်တော့ လူကြီး၊ လူလတ်၊ လူ ငယ်များအတွက်၊ ၀တ္တုနဲ့ ၀တ္တုမဟုတ်တဲ့စာအုပ်များဆိုပြီး ခွဲခြားထားပါတယ်။
အမျိုးသားစာကြည့်တိုက်က နှစစ်ဉ်နှစ်တိုင်းပြုလုပ်လေ့ရှိတဲ့ စာအုပ်အဟောင်းရောင်းပွဲတော်ကို စာရေးသူနဲ့ ဇနီးတို့ နှစ်တိုင်းရောက်အောင် သွားလေ့ရှိကြပါတယ်။ စင်ကာပူနိုင်ငံမှာ Expo အဆောက်အဦကြီး မဆောက် ရသေးခင် လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကဆိုရင် အမျိုးသားစာ ကြည့်တိုက်ရဲ့  စာအုပ်အဟောင်းရောင်းပွဲတော် ကို ဟိုတုန်းက World Trade Centre လို့ခေါ် တဲ့ (ယခု HarbourFront Centre) နေရာမှာ လုပ်ခဲ့ တာ။ အဲဒီကိုလည်း စာရေးသူတို့ ရောက်ခဲ့ကြတာပါပဲ။ အဲဒီတုန်းကခန်းမတွေ (hall) က ယခု Expo က ခန်း မတွေလောက် ကျယ်လည်း မကျယ်ဘူး။ ခမ်းနားမှုလည်း မရှိကြဘူး။ ဂိုထောင်ကြီးတွေနဲ့ ပိုပြီးတူပါတယ်။
ဒါနဲ့ စာအုပ်အဟောင်းတွေကို ဘယ်လိုရောင်းတယ်ဆိုတာ နည်းနည်းပြောပြဦးမယ်။
အထက်ကဓါတ်ပုံတွေထဲမှာ တွေ့ကြရတဲ့အတိုင်းပါပဲ။ စာအုပ်တွေကို လေးထောင့်သံပန်းခွက်ကြီးတွေမှာ အနှောင့်တွေကို အပေါ်ဖက်ထောင်ပြီး စီထားတယ်။ စာအုပ်အမည်ကို အလွယ်တကူ တွေ့မြင်ရအောင်လို့ ပါ။ နောက်ပြီး စာအုပ်များများလည်း ထည့်ထားလို့ ရပါတယ်။ သို့ပေမယ့် ခဏကြာတဲ့အခါ လူတွေက စာ အုပ်တွေကို တစ်အုပ်ပြီးတစ်အုပ် လှန်လှောကြည့်ပြီး နေရာတကျ ပြန်မထားကြတာကြောင့် စနစ်တကျ စီ ထားတဲ့စာအုပ်တွေက တောင်ပုံရာပုံဖြစ်သွားပါတော့တယ် (ပုံ ၃)။
ခန်းမအ၀င်ဝမှာ ပလတ်စတစ်ခြင်းလေးတွေ ထားပေးထားလို့ စာအုပ်ကြည့်ရင်း ကြိုက်တာတွေ့တဲ့အခါ တခါ တည်းထည့်ပြီးယူသွားလို့ ရပါတယ်။ တချို့ ကတော့ အိမ်က ခရီးသွားတွန်းလှည်းအိတ်လေးတွေ ယူလာခဲ့ကြ တာ။ စာအုပ်က လေးတာမို့ လက်နဲ့ဆွဲဖို့ မလိုတော့ဘူးပေါ့။ စာရေးသူကတော့ ခြင်းနဲ့ စာအုပ်တွေသယ်ရင်း များလာတာနဲ့ အိမ်ရှင်မက သူရွေးထားတဲ့ စာအုပ်အချို့ ကို ကြမ်းပြင်မှာထိုင်ဖတ်ရင်း စောင့်နေတဲ့နေရာကို သွားကာ စာအုပ်တွေချထားခဲ့ပြီး ခြင်းအလွတ်ကို ပြန်ယူလာခဲ့တာ။
လူတွေကများပြီး ကျပ်ညပ်နေတာမို့ စာအုပ်စင်မှာကြာကြာရပ်ပြီး စာမြည်းဖို့ မလွယ်ဘူး။ ဒါကြောင့် ကိုယ်စိတ် ၀င်စားတဲ့စာအုပ်တွေ့တာနဲ့ ခြင်းထဲကို တခါတည်းကောက်ပြီး ထည့်လိုက်တယ်။ ကြည့်တဲ့အလုပ် ပဏာမရွေး တဲ့အလုပ်တွေပြီးတော့မှ စောစောကအိမ်ရှင်မစောင့်နေတဲ့နေရာကို အပြီးပြန်သွားကာ ရွေးထာတဲ့စာအုပ်အား လုံးကို တစ်အုပ်ချင်း စိမ်ပြေနပြေ ဖင်လှန်ခေါင်းလှန် စာမြည်းပြီး နောက်ဆုံး စကာတင်ရွေးရတာ။ ဒီအခါမှာ ၀ယ်မယ်လို့ ရွေးတဲ့စာအုပ်အရေအတွက်နဲ့ မ၀ယ်တော့ဘူး ထားခဲ့တော့မယ်ဆိုတဲ့ စာအုပ်အရေအတွက်က အ တူတူလောက် ရှိကြတယ်။ ပြီးတာနဲ့ ငွေပေးချေဖို့ တုံကင်နံပတ်ကို ကြိုပြီးသွားယူရတယ်။ ကိုယ့်နံပတ်ခေါ်တဲ့ အခါ ငွေချေကာင်တာမှာ တန်းစီပြီး ရွေးထားတဲ့စာအုပ် ၂၃ အုပ်အတွက် ပိုက်ဆံပေးလိုက်ရုံပါပဲ။
| ၀ယ်ခဲ့တဲ့ စာအုပ်တွေပါ။ |
အိမ်အပြန် ရထားနဲ့ ဘတ်စ်ကားတွေပေါ်မှာတော့ လေအေးစက်ရဲ့ အရသာကို ခံစားရင်း ဟိုစာအုပ်လေးလှန် ကြည့် ဒီစာအုပ်လေးလှန်ကြည့်နဲ့ စောစောက ၂ နာရီလောက် ခြေထောက်သွေးတောင့်အောင် တမတ်တတ် ရပ်ရပ်နဲ့ ရှိခဲ့ရတာတွေကို မေ့သွားပြီး ပီတိလေးတွေ ဖြစ်မိရပါတော့တယ်။
Monday, March 28, 2011
ပုဂံလမ်းညွှန်ရုပ်စုံစာအုပ်နှင့် ရှေးဟောင်းအဆောက်အအုံများမှတ်တမ်း အမှတ်(၁)စာအုပ်များ ထုတ်ဝေ
Pictorial Guide to Bagan(yk*Hvrf;ñTef½kyfpHkpmtkyf)onf 1955ckESpfrS pwifyHkESdyfxkwfa0cJhNyD; pmtkyfta&twGufrsm;pGmudk tBudrfBudrfyHkESdyfxkwfa0cJhNyD; jzpfonf/ ,ckpmtkyfonf yk*HapwDykxdk;rsm;\ vuf&Sdtajctaetwdkif; jyKjyifNyD; rSwfwrf;"mwfyHkrsm;xnfhoGif;azmfjyí toHk;tEIef;rsm;ESifh "mwfyHkrsm;udk acwfESifhtnD jyifqif½dkufESdyfxm;jcif;jzpfonf/
rEÅav;a'o a&S;a[mif;taqmufttHkrSwfwrf; trSwf(1)pmtkyfonf rEÅav;a'o&Sd ordkif;0if ,Ofaus;rItarGtESpfrsm;jzpfonfh apwD? ykxdk;? odrf? opfom;bkef;BuD;ausmif;rsm;? rEÅav;eef;awmf NrdKU½dk;wdYk\wnfae&m? ukodkvf&Sif? acwfumv? ordkif;tusOf;ESifh vuf&Sdxdef;odrf;xm;onfh tajctaersm;udk a&mifpHk"mwfyHkrsm;? yEéufyHkrsm;jzifh jyKpka&;om;xm;onf/
a&mif;aps;rSm Pictorial Guide to Bagan (yk*Hvrf;ñTef ½kyfpHkpmtkyf)udk aiGusyf 3000 jzifhvnf;aumif;? rEÅav;a'o a&S;a[mif;taqmufttHk rSwfwrf; trSwf(1) pmtkyfudk wpftkyfvQif aiGusyf 4000 jzifhvnf;aumif; 0,f,lEdkifaMumif; od&Sd&onf/ (ကြေးမုံသတင်းစာ၊ ၂၈ မတ်လ၊ ၂၀၁၁)
Friday, March 18, 2011
ခေတ်ရေစီးထဲက ပုဂ္ဂိုလ်များ စာအုပ်
acwfa&pD;xJuyk*¾dKvfrsm;pmtkyfü jrefrmEdkifiH\ EdkifiHa&;? ppfa&;? oHwrefa&;? pD;yGm;a&;? vlrIa&;e,fy,f toD;oD;wGif acwftqufquf xif&Sm;ausmfMum;onhf yk*¾dKvfrsm;\ udk,fa&;tcsuftvufrsm;udk wdkwdkESihf vdk&if;a&mufatmif udk,fa&;ordkif;tusOf;yHkpHjzihf jyKpka&;om;xm;onf/
acwfopfpepfopfwGif ycHk;ajymif;wm0ef,lyJhudkifrnhfolrsm;ESihf rsKd;qufopfvli,frsm; avhvmrSwfom; Edkif&ef jyKpkjcif;jzpfonf/ ordkif;okawoeOD;pD;Xmeu jzefYcsdí &efukefNrdKU jynfvrf; trsKd;om;jywdkuf&Sd ordkif;okawoeOD;pD;Xme\ pmtkyfta&mif;qdkifESifh aejynfawmf ,Ofaus;rI0efBuD;Xme ordkif;okawoe OD;pD;Xme ½Hk;trSwf(35)wdkYwGif wpftkyfvQif aiGusyf5200 EIef;jzihf 0,f,lEdkifaMumif; od&Sd&onf/
Saturday, March 5, 2011
ငါတို့ခေတ်က တက္ကသိုလ် (ရွှေကူမေနှင်း)
အမကြီး'ရွှေကူမေနှင်း'ရဲ့ "ငါတို့ခေတ်က တက္ကသိုလ်"စာအုပ်ကြော်ငြာကို ဂျာနယ်တစ်စောင်မှာ တွေ့ရသဖြင့် ရန်ကုန်မှ မိတ်ဆွေကြီး ကိုလွင်သိန်း(နေလ စာပေဖြန့်ချိရေး)ဆီ ချက်ချင်း ဖုန်းဆက်ပြီး အမကြီးထံမှ မေတ္တာ လက်ဆောင် တောင်းပေးရန် အကူအညီ တောင်းရတယ်။ တိုက်ဆိုင်ချင်တော့ ကိုလွင်သိန်းတို့ ဆိုင်နားက လက်ဖက်ရည်ဆိုင်ကို အမကြီးရောက်လာတာနဲ့ ကိုလွင်သိန်းက ပြောပြလိုက်တော့ ဒေါ်မေနှင်းက အသင့်ပါ လာတဲ့ သူ့စာအုပ်မှာ အမှတ်တရ စာရေးပြီး တခါတည်းပေးခဲ့တာပဲတဲ့။
ကျေးဇူးကမ္ဘာပါ အမကြီးရေ။
စာရေးဆရာမကြီး ဒေါ်မေနှင်းကို ရန်ကုန်မှာ သိခဲ့ ရင်းနှီးခဲ့တာက ကြာခဲ့ပါပြီ။ နောက်ပြီး တစ်ရပ်ကွက်ထဲမှာ အတူ နေခဲ့ကြတာ။ ဒါကြောင့် အမကြီးက " ကိုတင်မောင်အေးရေ ...... ရှင်က ၀ဂ္ဂီက အစောကြီး ထွက်သွား တော့ ကိုယ်တို့ဒုက္ခတွေ မခံရဘူးပေါ့။ ကိုယ်က အစောကြီး ထွက်သွားတဲ့ ရှင့်ကို သတိရပါတယ်။ သိတယ် ဟုတ်လား။ အခု စာအုပ်ပေးခွင့်ရတာ ၀မ်းသာတယ်။ ကြိုက်ရင် Eng: လိုပြန်ပြီး ကမ္ဘာဈေးကွက်ထဲ ပို့ပါလား။ ဒီက လူတွေ မတတ်နိုင်ဘူးလေ။" လို့ သူ့စာအုပ်ထဲမှာ လက်ရေးနဲ့ ရေးပေးလိုက်သေးတာ။ '၀ဂ္ဂီ'ဆိုတာ လှည်း တန်းလမ်းဆုံနဲ့ မြန်မာ့အသံကြားမှာရှိတဲ့ ၀ဂ္ဂီရပ်ကွက်ကို ပြောတာပါ။
ဒါနဲ့ အမကြီးရေးပေးလိုက်တဲ့ သူ့ဖုန်းနံပတ်ကိုဆက်ပြီး စကားပြောဖြစ်ခဲ့ကြတယ်။ ပေးလိုက်တဲ့ စာအုပ်ကို ကို လွင်သိန်းရဲ့သားက မြန်မာပြည်မှ ယူလာပေးကြောင်း၊ ကျေးဇူး သိပ်တင်ကြောင်းနဲ့ အမှတ်တရရှိနေကြောင်း တွေပေါ့။
စာအုပ်ရရချင်း အိမ်အပြန် ဘတ်စ်ကားပေါ်မှာ ဖတ်ခဲ့ဖြစ်တယ်။ မဖတ်ရတာ ကြာပြီဖြစ်တဲ့ အမကြီးရဲ့ လှပ ညက်ညောတဲ့ အရေးအသား၊ ပီပြင်တဲ့ ဇာတ်ကောင် စရိုက်လက္ခဏာတွေ၊ သိမ်မွေ့တဲ့ ခံစားမှု အဖွဲ့အနွဲ့တွေ၊ နောက်ပြီး စာအုပ်ခေါင်းစဉ်ထဲမှာပါတဲ့အတိုင်း ဒေါ်မေနှင်းတို့ခေတ်က ရန်ကုန်တက္ကသိုလ်ကြီးရဲ့ ပျိုမြစ်နုနယ် ပြီး တက်ကြွ နိုးကြားလှတဲ့ လူငယ့်အားမာန် နောက်ခံပန်းချီကားချပ် တစ်ချပ်။
"ငါတို့ခေတ်က တက္ကသိုလ်"စာအုပ်ထဲက ဇာတ်ကောင်တွေဟာ အပြင်မှာ တကယ်ရှိခဲ့တဲ့ တကယ်ရှိနေဆဲဖြစ် တဲ့ သူတွေ။ တစ်ချို့ ကွယ်လွန်သွားခဲ့ကြပြီ (ဥပမာ - စာရေးဆရာကြီး သော်တာဆွေ။ စာရေးဆရာလည်းဖြစ် မြန်မာစာ ပါမောက္ခလည်းဖြစ်တဲ့ ဦးဖိုးကျော်မြင့်)။ တစ်ချို့က သက်ရှိထင်ရှား ရှိနေကြဆဲ။ အဲဒီအထဲက တစ်ချို့ က မိမိသိတဲ့ ရင်းနှီးတဲ့ စာရေးဆရာများ။
ဒေါ်မေနှင်းထက် (၇)နှစ်လောက် နောက်ကျပြီးမှ တက္ကသိုလ်ကိုရောက် သွားခဲ့တဲ့ စာရေးသူဟာ 'တကသ(ရန် ကုန်တက္ကသိုလ် ကျောင်သားများသမဂ္ဂ) ရွေးကောက်ပွဲ' ဆိုတာကို မမြင်ရ မတွေ့ရတော့ဘူး။ တကသ အ ဆောက်အဦကြီးလည်း မရှိတော့ဘူး။ ကျောင်းသားတပ်ဦးလည်း မြေပေါ်မှာ မရှိတော့ဘူး။ စာတွေထဲမှာပဲ ဖတ်ဖူးခဲ့တာ။
ဆေးဘက်ပညာသိပ္ပံကျောင်းသားအဖြစ် ရန်ကုန်တက္ကသိုလ်မှာ (၂)နှစ် တက်ခဲ့ရတဲ့ မိမိအနေနဲ့ ခန့်ငြားလှတဲ့ ဘွဲ့နှင်းသဘင်ခန်းမရယ်၊ ဖြူဖြူမြင့်မြင့် သစ်ပုပ်ပင်ကြီးရယ်၊ ဘွဲ့နှင်းသဘင်ခန်းမအဆောက်အဦကို ဦးတိုက် ထားတဲ့ အဓိပတိလမ်းရယ်၊ တက္ကသိုလ်ဝန်းထဲက ဦးချစ်လက်ဖက်ရည်ဆိုင်တွေကိုပဲ တွေ့ရတော့တာ။ မှတ် မှတ်ရရ ဖြစ်ခဲ့ရတာ။
ရန်ကုန်တက္ကသိုလ်ဆိုတာ ဟိုခေတ်ဟိုအခါက အာရှမှာ ထင်းရှားခဲ့တဲ့ တက္ကသိုလ်ကြီး။ အလှပဆုံး တက္ကသိုလ် တစ်ခုအဖြစ်လည်း လူသိများခဲ့တာ။ နောင်တစ်ချိန် မြန်မာပြည်ရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် စာပေလောက မှာ ထင်ရှားလာမည့် ပုဂ္ဂိုလ်များကို မွေးထုတ်ပေးခဲ့တဲ့ ဘူမိနက်သန်။ ဒီတက္ကသိုလ်ကြီးမှာ တက်ပြီး ပညာရင်နို့ သောက်စို့ခွင့်ရခဲ့တာ ဂုဏ်ယူမဆုံး ဖြစ်မိတယ်။
အမကြီး ရွှေကူဒေါ်မေနှင်းရဲ့ "ငါတို့ခေတ်က တက္ကသိုလ်"စာအုပ်ကို ဖတ်ရတော့ စာရေးဆရာဖန်တီးလိုက်တဲ့ ဇတ်ကောင်တွေရဲ့ သက်ဝင်လှုပ်ရှားမှုနဲ့အတူ ကျွန်တော်တို့ခေတ်က ရန်ကုန်တက္ကသိုလ်ပုံရိပ်ကို အောက်မေ့ သတိရ လွမ်းဆွတ်လိုက်ရတာ။ ။ တင်မောင်အေး(ကန့်ဘလူ)

Subscribe to:
Posts (Atom)