"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Showing posts with label စာအုပ်စာပေ. Show all posts
Showing posts with label စာအုပ်စာပေ. Show all posts

Sunday, September 13, 2015

ဒီစာအုပ်



၁၃၇၇ ခုနှစ်၊ ၀ါခေါင်လကွယ်၊ တနင်္ဂနွေနေ့



ဒီစာအုပ်







မနေ့နံနက်က ဂျူရော်န်ပွိုင့်ကုန်တိုက်ကြီးမှာ တစ်ပတ်စာဈေးဝယ်ကြရင်း ဇနီးဖြစ်သူက ဂျပန်ဆိုင်မှာဝင်ပြီး ပစ္စည်းအချို့ ဝယ်နေတုန်း မိမိက Popula စာအုပ်ဆိုင်ထဲကို မယောင်မလည်နဲ့ရောက်သွားခဲ့တယ်။

ဆိုင်အဆင်အပြင်တွေပြောင်းထားတာဖြစ်လို့ ဂျပန်ဆိုင်ကဇနီးကို သွားခေါ် ပြီးပြမိသေးတယ်။ ဆိုင်ထဲကို ရောက်တော့ သူက အခုမှတိုးချဲ့ ဖွင့်ထားသော ကလေးအရုပ်တွေရှိတဲ့ကောင်တာကိုသွားပြီး ထုံးစံအတိုင်း သူ့မြေးအတွက် ကြည့်တော့တာပါပဲ။

မိမိကတော့ နိုင်ငံရေးစာအုပ်နဲ့အတ္တုပ္ပတ္တိစာအုပ်တွေတင်ထားတဲ့စာအုပ်စင်ရှိရာကို သွားလိုက်တယ်။ 

စာအုပ်ကောင်းတွေအတော်များများထဲက မိမိလေးစားတဲ့ ပါမောက္ခတော်မီကိုး၏ “the Tommy Koh reader” ဆိုတဲ့ အဖုံးဖြူဖြူမှာ အရေးအသားဆန်းဆန်းလေးနဲ့ ခေါင်းစဉ်တပ်ထားသော စာအုပ်ခပ်ထူထူ လေးကို ဆွဲထုတ်ပြီးဖတ်ကြည့်မိတယ်။

တကယ်က ကြည့်မယ့်သာကြည့်တာပါ။ 

သူ့စာအုပ်အဖုံးပေါ်မှာ Favourite Essays and Lectures ဆိုတာကိုတွေ့ကတည်းကိုက ၀ယ်ဖတ်မယ်ဆို တဲ့စိတ်က အရင်ဖြစ်နေပြီးသား။

ဘာ့ကြောင့်လဲဆိုတော့ သူက အပြောကောင်း အရေးကောင်း။

သူရေးတဲ့စာအတော်များများကို ဖတ်ဖူးခဲ့သလို သူပြောတာအတော်များများကိုလည်း နားထောင်ခဲ့ဖူးပြီးသား။ ရေးတာကော ပြောတာကော ကြိုက်တယ်။

တစ်ချို့ က အပြောကောင်းပြီး အရေးမကောင်းကြတာရှိတယ်။
တစ်ချို့ ကြပြန်တော့လည်း အပြောက ဟုတ်တိပတ်တိကြီးမကောင်းလှပေမယ့် စာရေးတာမှာ ကောင်းနေ တတ်ပြန်ကော။

အဲ တစ်ချို့ သောပါရမီရှိသူတွေများမှာတော့ ဘာပြောကောင်းမလဲဗျာ။ 
အပြောလည်းကောင်း အရေးလည်းကောင်းတတ်ကြတယ်။

ဒီအမျိုးအစားလူပုဂ္ဂိုလ်တွေအထဲမှာ ပါမောက္ခတော်မီကိုး ပါနေပါတယ်။

ဥပဒေပညာရှင်ကြီးပီပီ၊ တက္ကသိုလ်က ဆရာကြီးပီပီ၊ နောက်ပြီး သံကြီးတမန်ကြီးပီပီ အပြောကတော့ အိအိစက်စက်လေးနဲ့ ဘာညက်သလဲမမေးနဲ့ ဆိုတဲ့အထဲကပါပဲ။ 
စင်ကာပူက ရွှေမန်း။

ဒီတော့လဲ ၀ယ်လိုက်ပြီ၊ ဖတ်တော့မယ်ပေါ့ဗျာ။

ပါမောက္ခတော်မီကိုး၏ ယခုစာအုပ်ကို အမှာစာရေးပေးတဲ့ စင်ကာပူအမျိုးသားတက္ကသိုလ် (National University of Singapore) မှ တက္ကသိုလ်အဓိပတိ (President, NUS) ပါမောက္ခတန်ချော်ချွန်း က ..
  • ပါမောက္ခတော်မီကိုးအား စင်ကာပူသာမက နိုင်ငံတကာမှပါ သူ၏အပြည်ပြည်ဆိုင်ရာသံတမန် လုပ်ဆောင်ချက်များနှင့်ပတ်သက်ပြီးလည်းကောင်း၊ စင်ကာပူမှာ ယဉ်ကျေးမှုနှင့်အနုပညာဆိုင်ရာ ဆောင်ရွက်မှုများကြောင့်လည်းကောင်း၊

  • NUS တွင် ပညာထူးချွန်သူ ဥပဒေကျောင်းသားအဖြစ်နှင့် ဥပဒေဌာနမှူးကြီးအဖြစ်လည်းကောင်း၊ ကျောင်းဆရာတစ်ဦးအနေဖြင့် ပညာရေးကိစ္စရပ်များကို အထူးအာရုံစိုက်စိတ်ဝင်စားသူတစ်ဦး အဖြစ်လည်းကောင်း၊



၁၉၆၈ ခုနှစ် ဂျူလိုင်လက ကမ္ဘာ့ကုလသမဂ္ဂက၏အထွေထွေအတွင်းရေးမှူးချုပ်ဦးသန့်ထံ စင်ကာပူနိုင်ငံဆိုင်ရာ အမြဲတမ်းကုလသမဂ္ဂကကိုယ်စားလှယ်ခန့်အပ်လွှာ ပေးအပ်စဉ်။


  • သံတမန်အဖြစ် စင်ကာပူနိုင်ငံဆိုင်ရာ အမြဲတမ်းကုလသမဂ္ဂကကိုယ်စားလှယ်အဖြစ်လည်း ကောင်း၊ စင်ကာပူနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ်လည်းကောင်း၊ တစ်ဖန် ကမ္ဘာ့ ကုလသမဂ္ဂက အထွေထွေအတွင်းရေးမှူးချုပ်၏အထူးကိုယ်စားလှယ်သံတမန်ကြီးအဖြစ် ရုရှား၊ အက်စ်တိုနီးယား၊ လတ်ဗီးယားနှင့်လစ်သူအားနီးယားနိုင်ငံများအရေးများတွင် ပါဝင်ဆောင်ရွက် ခဲ့သူတစ်ဦးအဖြစ်လည်းကောင်း ထင်ရှားလူသိများကြောင်း မိတ်ဆက်ရေးသားထားပါသည်။


ဒါ့အပြင် လွန်ခဲ့သောနှစ်အနည်းငယ်ကလည်း ပါမောက္ခတော်မီကိုးအား ကမ္ဘာ့ကုလသမဂ္ဂက၏အထွေထွေ အတွင်းရေးမှူးချုပ်ရာထူးအတွက် ထည့်သွင်းစဉ်းစားခံရကြောင်းကို မိမိ ကြားမိလိုက်သေးသည်။

ဘာပဲဖြစ်ဖြစ် သူ့ဘ၀ သူ့လုပ်ဆောင်ချက်များအကြောင်းကို စာဖြင့် စကားဖြင့် သူကိုယ်တိုင်က ရေးထားပြုစု ထားသည်များကိုဖတ်ပြီး ပို၍လေ့လာသိရှိနားလည်ခွင့်ရမည်အမှန်။