"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Showing posts with label ရယ်ကြမယ်လေ. Show all posts
Showing posts with label ရယ်ကြမယ်လေ. Show all posts

Thursday, October 24, 2013

ဆရာဝန်ပေါက်စ



၁၃၇၅ ခုနှစ်၊ သတင်းကျွတ်လဆုတ် ၅ ရက်။


မနေ့တစ်နေ့က မိတ်ဆွေတစ်ဦးမှ အီးမေးနဲ့ပို့ပေးလိုက်တဲ့ ရယ်စရာပုံတိုပတ်စလေးတစ်ပုဒ်ကို အောက်မှာ ဘာသာပြန်ပြီး ဟာသဒါနလုပ်လိုက်ပါတယ်။

ဖတ်ပြီး တွေးကြည့် ရယ်ကြပါဘိ။



                                                                  ********



ပင်စင်ယူတော့မည့် သက်ကြီးဆရာဝန်တစ်ဦး၏နေရာတွင် အစားထိုးရန် ဆရာဝန်ပေါက်စတစ်ဦးအား ကျေး ရွာတစ်ရွာသို့ ပြောင်းရွေ ပို့ပေးလိုက်သည်။

ပင်စင်ယူခါနီးဖြစ်သော သက်ကြီးဆရာဝန်က လူမမာအိမ်များသို့ သွားရောက်ကြည့်ရှုရန်ရှိသဖြင့် ဆရာဝန် ပေါက်စအား ရွာမှလူနာများနှင့်ထိတွေ့ရင်းနှီးမှုရှိစေဖို့ သူနှင့်အတူ တစ်လက်စတည်း ခေါ်သွား၏။

ပထမလူနာအိမ်သို့ရောက်သောအခါ လူနာအမျိုးသမီးက ..

"ကျမ ဗိုက်ထဲက နဲနဲမကောင်းဘူး ဆရာ" ဟုပြောပါသည်။

ထိုအခါ သက်ကြီးဆရာဝန်က ..

"လတ်လတ်ဆတ်ဆတ်အသီးတွေ စားတာ များသွားလို့ ဖြစ်မှာပါကွယ်။ လောလောဆယ် စားနေတာထက် နည်းနည်းလျော့စားလိုက်မယ်ဆိုရင် သက်သာသွား မသွား ကြည့်ကြသေးတာပေါ့" ဟု ပြောလိုက်၏။

လူနာအိမ်မှထွက်လာကြသည့်အခါ ဆရာဝန်ပေါက်စက ..

"လူမမာကို စမ်းသပ်တောင်မကြည့်ပဲနဲ့ ဆရာက ဘယ်လိုလုပ်ပြီး ဝေဒနာရဲ့  အကြောင်းရင်းကို ချက်ချင်းသိ နိုင်ရတာပါလဲ ခင်ဗျာ" ဟု မေးလေသည်။

ဒီအခါတွင် သက်ကြီးဆရာဝန်က ..

"စမ်းသပ်ဖို့ မလိုပါဘူးကွာ။ မင်း တွေ့လိုက်တယ် မဟုတ်လား။ နားကြပ်ကို ကြမ်းပေါ် ငါ တမင်ပစ်ချတာလေ။ အဲ အဲဒီနားကြပ်ကို ငါ ကုန်းပြီးကောက်တော့ အမှိုက်ခြင်းထဲမှာ ငှက်ပျောခွံတွေ အများကြီးတွေ့ရတယ်ကွ။ ဒါနဲ့ ဒီမိန်းမ ဒါတွေ နင်းကန်စားထားလို့ ဗိုက်မကောင်းတာဖြစ်ရမယ်ဆိုတာ တွေးမိလိုက်တာ" ဟု ပြောလိုက်သည်။

"ဟုတ်လိုက်တာဆရာရယ်၊ တကယ်ကို ရွှေဉာဏ်တော် စူးရှပါပေတယ်ဗျာ။ ဒါနဲ့ .. ဆရာကသာ ခွင့်ပြုမယ် ဆိုလို့ရှိရင် နောက်သွားမယ့်လူမမာအိမ်မှာ ဆရာ့နည်းလေးကို ကျနော်ကိုယ်တိုင် လက်တွေ့ စမ်းပြီးကြည့် ချင်ပါတယ်"

ဤသို့ဖြင့် နောက်လူမမာအိမ်သို့ ရောက်သောအခါ လူနာအမျိုးသမီးငယ်နှင့် မိနစ်အတန်ကြာ စကားစမြည် ပြောဖြစ်ကြသည်။

"ဆရာရယ်၊ ကျမလေ အခုတလောမှာ အားအင်တွေ ကုန်ခမ်းပြီး အရင်ကလို အားမရှိဘူး ဖြစ်နေ ပါတယ်။ အရမ်းကို မသယ်ချင် မလုပ်ချင်နဲ့ ခြေကုန်လက်ပမ်းတွေ ကျနေတော့တာပဲရှင်"


ဒီတော့ ဆရာဝန်ပေါက်စက ..

"ခင်ဗျားကိုကြည့်ရတာ ဘုရားကျောင်း (Church) လုပ်တာတွေနဲ့ အတော်လေး ၀န်ပိနေပုံရတယ်။ အဲဒီ ဘုရား ကျောင်း (Church)နဲ့ ပတ်သက်ပြီး တရကြမ်းလုပ်ကိုင်နေတာတွေကို နည်းနည်းလေးလျော့ပြီး လုပ်မယ်ဆိုရင် ကောင်းလာမလားဆိုတာ ကြည့်ကြတာပေါ့ဗျာ"

ဒီလိုနဲ့ လူနာအိမ်က အပြန်မှာ သက်ကြီးဆရာဝန်က ..

"ဒီမိန်းကလေးကို ငါ ကောင်းကောင်းသိတာပေါ့ကွာ။ ဟုတ်တယ် မင်း ပြောတာ ဖြစ်နိုင်တယ်။ သူ က ဘုရား ကျောင်း (Church) အလုပ်တွေကို အားကြိုးမာန်တက်နဲ့ တက်တက်ကြွကြွ လုပ်နေတာ။ ဒါနဲ့ နေပါ ဦး၊ မင်းက ဘယ်လိုလုပ်ပြီး ဒီအကြောင်းတွေကို သိနေရတာလဲကွ" ဟုမေးရာ ..

"ဘယ်ရပါ့မလဲ ဆရာရယ်၊ ပထမလူနာအိမ်မှာတုန်းက ဆရာလုပ်သလို ကျနော်လုပ်တာပေါ့။ နား ကြပ်ကို ကြမ်းပေါ် တမင်လွှတ်ချလိုက်ပြီး ပြန်ကုန်းကောက်တော့ ကုတင်အောက်မှာ ဘာသာရေး ဆရာ (Pastor) ရှိနေလေရဲ့ "



တစ်လက်စတည်း (အသံထွက် - တလက် စာ့ဒဲ) - တစ်ဆက်တည်း။ တောက်လျှောက်။
တရကြမ်း (အသံထွက် - ဒလဂျန်း) - ပြင်းထန်စွာ။



အထက်က မြန်မာပြန်ထားတဲ့စာလေးရဲ့  မူရင်းအင်္ဂလိပ်ဘာသာနဲ့စာကို အောက်မှာဖတ်ကြည့်နိုင်ပါတယ်။  



New Country Doctor


A young doctor had moved out to a small community to replace a doctor who was retiring.

The older doctor suggested that the young one accompany him on his rounds, so the community could become use to a new doctor.

At the first house a woman complains, "I've been a little sick to my stomach."

The older doctor says, "Well, you've probably been overdoing the fresh fruit. Cut back on the amount you've been eating and see if that does the trick?"

As they left, the younger man said, "You didn't even examine that woman?
How'd you come to the diagnosis so quickly?"

"I didn't have to. You noticed I dropped my stethoscope on the floor in there? When I bent over to pick it up, I noticed a half dozen banana peels in the trash. That was what probably was making her sick."

The younger doctor said "Pretty clever. If you don't mind, I think I'll try that at the next house."

Arriving at the next house, they spent several minutes talking with a younger woman.

She said that she just didn't have the energy she once did and said, "I'm feeling terribly run down lately."

"You've probably been doing too much for the Church," the younger doctor told her. "Perhaps you should cut back a bit and see if that helps."

As they left, the elder doctor said, "I know that woman well. Your diagnosis is almost certainly correct, she's very active in the church, but how did you arrive at it?"

"I did what you did at the last house. I dropped my stethoscope and, when I bent down to retrieve it, I noticed the pastor under the bed.






Friday, August 5, 2011

ဆိတ်ကွယ်ရာ မရှိ

အချို့ငှက်တွေက အမှန်တရားကိုသာ ပြောပါတယ်။
အမှန်တရားကလွဲလို့ ဘာကိုမှ မပြောတတ်ကြဘူး။


တစ်ခါတုန်းက ...
အမျိုးသမီးတစ်ဦး တိရစ္ဆာန်အရောင်းဆိုင်တစ်ဆိုင်ကို သွားပါတယ်။
ဆိုင်ကို ရောက်ရောက်ချင်းဆိုသလိုပဲ အလွန်လှပတဲ့ ကြက်တူရွေးကြီးတစ်ကောင်ကို သတိပြုလိုက် မိတယ်။   
လှောင်ချိုင့်မှာတော့ ဒေါ်လာ ၅၀ ဆိုတဲ့ဈေးနူန်းကာဒ်ပြားလေး ချိတ်ဆွဲထားတာ တွေ့ရတယ်။

"ဈေးက ဘာလို့ နည်းရတာပါလဲ"လို့ သူမက ဆိုင်ရှင်ကို မေးလိုက်တော့ ဆိုင်ရှင်က သူမရဲ့မျက်နှာ ကိုကြည့်တဲ့ပြီး၊
"ဒီလိုရှိတယ်လေ၊ ရှင့်ကို ကျမ ပထမဆုံးပြောချင်တာကတော့ ဒီကြက်တူရွေးဟာ အရင်တုန်းက ပြည့်တံဆာတန်းမှာ နေခဲ့တယ်ဆိုတာရယ်၊ နောက်ပြီး တစ်ခါတစ်ခါမှာ ရုန့်ရင်းကြမ်းတမ်းတဲ့စကား တွေလဲ ပြောတတ်သေးတယ်ဆိုတာတွေပေါ့။" လို့ ပြောပြတယ်။

ဒါနဲ့ ဈေးဝယ်အမျိုးသမီးက ဆိုင်ရှင်ပြောတာကို စဉ်းစားပြီးနောက် ဘာပဲဖြစ်ဖြစ် ဒီကြက်တူရွေးကို ၀ယ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ အိမ်ပြန်ရောက်တဲ့အခါ ကြက်တူရွေးလှောင်ချိုင့်ကို ဧည့်ခန်းမှာချိပ်ပြီး ကြက်တူရွေး စကားပြောမယ့်အချိန်ကို စောင့်စားနေခဲ့မိတယ်။

ကြက်တူရွေးက အိမ်ကို ဟိုကြည့်ဒီကြည့်လုပ်ပြီးနောက် သူမအားကြည့်လျက်၊
"အိမ်အသစ် ... မာမီကြီးအသစ်..   အိမ်အသစ်.. မာမီကြီးအသစ်."လို့ ပြောပါတယ်။ အမျိုးသမီးက ပထမတော့ ဘာတွေများပြောဦးမှာပါလိမ့်လို့ ရင်ထဲမှာ 'ဒိတ်'ကနဲဖြစ်သွားမိပြီးနောက်"ဘာမှ ဆိုးဆိုး ၀ါးဝါးကြီးမှ မဟုတ်တာ"လို့ တွေးမိပြန်ပါတယ်။ 

သူ့သမီးနှစ်ယောက် ကျောင်းကပြန်လာတာကိုတွေ့ရတော့ ကြက်တူရွေးက ..
"အိမ်အသစ် .. မာမီကြီးအသစ်..  မိန်ကလေးတွေအသစ် .." လို့ ပြောလိုက်တာမို့ အမေကောသမီး များပါ စိတ်ကသိကအောက် အနည်းငယ်ဖြစ်ကြရပေမယ့် ကြက်တူရွေးလေး ကြီးပြင်းလာရတဲ့ ပတ် ၀န်းကျင် အခြေအနေကိုတွေးဆပြီး ငိုအားထက် ရယ်အားသန်ဖြစ်ကြရတယ်။ 

တစ်အောင့်လောက်ကြာတဲ့အခါ အမျိုးသမီးရဲ့ခင်ပွန်းဖြစ်သူ "ကိ(သ)" အလုပ်ကပြန်ရောက်လာခဲ့ပါ တယ်။

ဒီအခါမှာ "ကိ(သ)"ကိုကြည့်ပြီး ကြက်တူရွေးလေးက ပြောလိုက်တာကတော့ ...

"အိမ်အသစ် ...
မာမီကြီးအသစ်.. 
မိန်ကလေးတွေအသစ် ..
လာနေကြဖေါက်သည်ဟောင်းကြီး!.
ဟိုင်း ကိ(သ)!."

  


Saturday, July 23, 2011

ခိုင်းတတ်ရင် ရတယ်

တစ်ခါက အမေရိကန်နိုင်ငံ နယူးဂျာစီမြို့မှာ အီတလီနွယ်ဖွား အဖိုးကြီးတစ်ဦး ရှိသတဲ့။
သူက နှစ်စဉ်နှစ်တိုင်း ခြံထဲမှာ ခရမ်းချဉ်ပင် စိုက်လေ့ရှိတယ်။ တစ်နှစ်မှာ အသက်ကလဲကြီးလာ ခြံမြေက လဲမာတာကြောင့် သူတစ်ယောက်ထဲ မလုပ်ကိုင်နိုင်တာနဲ့ ထောင်ထဲမှာရောက်နေတဲ့ သူ့သားထံ ယခုလို စာရေးလိုက်တယ်။

 


ချစ်တဲ့ သားကြီးဗင်းဆဲန့်

အဖေတော့ ဒီနှစ် ခြံထဲမှာ ခရမ်းချဉ်ပင် စိုက်နိုင်မယ်မထင်တော့လို့ စိတ်မကောင်းဖြစ်မိတယ် လူလေးရယ်။ အဖေက အိုမင်းလာပြီမို့ ခြံမြေကို အရင်လို မတူးဆွနိုင်တော့ဘူးကွယ်။ မင်း အိမ်မှာရှိနေလို့ကတော့ ဒါက ဘာအရေးဟုတ်မှာလဲကွာ။ အခါတိုင်းနှစ်တွေလို အဖေ့ကို မင်း ကူလုပ်ပေးမှာ အသေအချာပဲပေါ့။

ချစ်တဲ့ အဖေကြီး။

ဒီလိုနဲ့ ရက်အနည်းငယ်ကြာတဲ့အခါ အဖိုးကြီးထံ စာတစ်စောင်ရောက်လာခဲ့တယ်။


ချစ်တဲ့ အဖေကြီး

ခြံထဲကမြေတွေကို မတူးဆွလိုက်ပါနဲ့။
အဲဒီမှာ သား လူသေအလောင်းတွေ မြှုပ်ထားလို့ပါ။ 

ချစ်တဲ့သားမောင် ဗင်းဆဲန့်။

ဒါနဲ့ နောက်တစ်နေ့မနက် ၄ နာရီမှာ အက်ဖ်ဘီအိုင်(FBI)က ထောက်လှမ်းရေးတွေရောက်လာပြီး ခြံကိုမြေလှန်ပြီး ရှာကြပါတော့သတဲ့။ ဘာအလောင်းမှ မတွေ့ရတာမို့ အဖိုးကြီးကို တောင်းပန်ပြီးပဲ ပြန်သွားခဲ့ကြတယ်။

အဲဒီနေ့မှာပဲ အဖိုးကြီးထံ နောက်ထပ်စာတစ်စောင် ရောက်လာခဲ့ပြန်ပါတယ်။

ချစ်ရပါတဲ့ အဖေကြီးရေ

အဖေကြီးစိုက်ချင်လှတဲ့ ခရမ်းချဉ်ပင်တွေကို အခု စိတ်ချလက်ချသာ စိုက်ပေတော့။
လက်ရှိအခြေအနေမှာ အဖေ့ကို သား ဒီလောက်ပဲ အကောင်းဆုံး ကူညီနိုင်ပါတယ်။

ချစ်တဲ့သားမောင် ဗင်းဆဲန့်။

စာကိုး။ ။ မိတ်ဆွေတစ်ဦး မနေ့က Forward လုပ်လိုက်တဲ့ အီးမေးမှ "Learn to think outside the box"ကို မြန်မာလိုဆီလျော်အောင်ပြန်ပြီး ဖော်ပြပေးရတာပါ။

အခါတိုင်းလို တွေးရိုးတွေးစဉ် လုပ်ရိုးလုပ်စဉ်မဟုတ်ပဲ ကြံဆတည်ထွင်ပြီး အမြင်သစ်နဲ့ စဉ်းစားကြည့်ဖို့ လုပ်ကိုင်ကြည့်ကြဖို့ ပြောပြတိုက်တွန်းတာရယ်ပါ။ 

စာရေးသူတို့ အားလုံးလိုလို သမရိုးကျ လွယ်လွယ်ပဲတွေးပြီး အလွယ်လေးပဲလုပ်ကိုင်ချင်တတ်ကြတယ်။ နည်းနည်းလေး ဥာဏ်ကွန့်ပြီး မတွေးချင်ကြဘူး။ အဲဒီလိုလုပ်ဖို့ မလိုဘူးလို့တောင် ထင်ထားတတ်ကြ တာ။

အဲဒါပြောတာပေါ့၊

"လူချင်းတူပေမယ့် အသက်ရှူတာချင်းကွဲတယ်"လို့။





Friday, March 11, 2011

ဒါတွေရှိတယ် သတိသာ ထားကြ

အညာဒေသ မြို့နယ်လေးတစ်ခုအတွင်းရှိ ကျောင်းဘောလုံးအသင်းများ အချင်းချင်းယှဉ်ပြိုင်ကြသည့် မြို့နယ် ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ တစ်ပွဲတွင် ဖြစ်သည်။

ကစားကြသည့်ကျောင်းသားများက သူနိုင်ငါနိုင် အပြိုင်ကြဲကြယင်း အကြမ်းပတမ်းကစားခြင်းနှင့် လူလုပ်ခြင်း များ ရှိလာကြသဖြင့် ကွင်းလယ်ဒိုင်လူကြီးမှ မကြာခဏဆိုသလို သတိပေးနေရသည်။

တစ်ကြိမ်တွင် မတတ်သာတော့သည့်အဆုံး ဒိုင်လူကြီးက ဘောလုံးသမားတစ်ယောက်အား အပြစ်ဒဏ်ပေး ရန် ရှိလာသဖြင့် သူ၏ ယာဖက်ဘောင်းဘီအိတ်ထောင်ထဲမှ ကဒ်တစ်ကဒ် ထုတ်လိုက်သည်။ လာရောက်အား ပေးကြသည့် ပွဲကြည့်ပရိသတ်များ ရင်ထိပ်သွားကြရ၏။ အ၀ါကဒ်တော့ အပြခံရတော့မည်။

သို့သော် ဒိုင်လူကြီး၏လက်ထဲမှ ကဒ်သည် မျှော်လင့်ထားသည့်အတိုင်း အ၀ါရောင် မဟုတ်ပါဘဲ အနီရောင် ဖြစ်နေ၏။ တစ်ယောက်တော့ ထွက်ရမှာ သေချာပေပြီ။ ထိုအသင်းကိုအားပေးသည့် ပရိတ်သတ်များ စိတ် ပျက်သွားကြသည်။ ဒိုင်လူကြီးက အနီကဒ်ကို မပြသေးဘဲ ဘာဖြစ်မှန်းမသိ၊ ငြိမ်နေသဖြင့် အပြစ်ပေးခံရမည့် ဘောလုံးသမားနှင့် ပွဲကြည့်သူများ တွေးမရ ဖြစ်နေကြ၏။

တစ်ဖန် ဒိုင်လူကြီးက သူ၏၀ဲဖက်ဘောင်းဘီအိတ်ထောင်ထဲမှ နောက်ကဒ်တစ်ကဒ်ကို ရုတ်တရက် ထုတ် လိုက်ပြန်ရာ ပို၍ပင် နားမလည်နိုင် ဖြစ်ကြရ၏။ ဒိုင်လူကြီး၏လက်ထဲတွင် အနီကဒ်ကော အ၀ါကဒ်ပါ ရှိနေကြ ပြီ။ အားလုံး ရှုပ်ကုန်တော့သည်။ ဖြစ်ရသည့်အကြောင်းကား အ၀ါကဒ်အစား အနီကဒ်ကို မှားယွင်းထုတ်ယူမိ ၍ ဖြစ်ရလေသည်။ ပထမထွက်လာသည့် အနီကဒ်ကို ပြရလောက်အောင် ကျူးလွန်သည့်အပြစ်က မကြီးလှ။

သို့ဖြစ်ရာ ဒိုင်လူကြီးက ကဒ်(၂)ကဒ်အား သူ့လက်ဝါးပေါ်တင်လျက် သူ့အနားတွင်ရှိနေကြသည့် ဘောလုံးသ မားများအားပြကာ မယောင်မလည်ဖြင့် အရှက်ပြေ ပြောလိုက်သည်မှာ "မင်းတို့ ကောင်းကောင်းမွန်မွန် ကစားကြ။ မညစ်ကြနဲ့ မကြမ်းကြနဲ့။ မင်းတို့အားလုံး သိထားရမှာက ငါ့မှာ ဒါတွေရှိတယ်ဆိုတာပဲ"ဟူသတတ်။ 

ဝန်ခံချက် ။  ။ ကန့်ဘလူမြို့မှ တကယ့်အဖြစ်အပျက်ဖြစ်ပြီး ကွင်းလယ်ဒိုင်လူကြီးမှာ မူလတန်းပြဆရာတစ်ဦး ဖြစ်၏။