"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Showing posts with label ဟိုနားဒီနား ခရီးသွား. Show all posts
Showing posts with label ဟိုနားဒီနား ခရီးသွား. Show all posts

Saturday, August 24, 2019

လျှပ်တစ်ပြက် ဂျူအဲလေဆိပ်


  


မနေ့နေ့ခင်းက အစီအစဉ်မရှိပဲ စင်ကာပူနိုင်ငံရဲ့ လေဆိပ်အသစ်စက်စက်ဖြစ်တဲ့ ဂျူးအဲ(Jewel) ကို တမြန်နေ့က ခဏရောက်သွားခဲ့ပါတယ်။

တမြန်နေ့က မိမိအလုပ်လုပ်နေတဲ့ဌာနမှ ဌာနမှူးက နေ့ခင်းမှာ အပြင်သွားပြီးစားကြဖို့ ကြိုပြောထားခဲ့ပါတယ်။ 
ဒါကြောင့် အိမ်ရှင်မကို အဲဒီနေ့ နေ့လည်စာထည့်မပေးဖို့မှာထားခဲ့တယ်။

ဒါပေမယ့် ဆေးရုံအနီးအနားက ကုန်တိုက်တစ်ခုခုမှာသွားစားလိမ့်မယ်လို့ပဲ ထင်မိခဲ့ပါတယ်။ 
နောက်ပြီး တခြားလုပ်ဖော်ကိုင်ဖက်အချို့ လဲပါမယ်လို့မျှော်လင့်ထားခဲ့တာ။

တကယ်တော့ မိမိတို့နှစ်ဦးထဲပဲ သူ့ကားလေးနဲ့ထွက်လာဖြစ်တယ်။ 
အသွားကော အပြန်ပါ စကားလေးတပြောပြောနဲ့။
သူ့အကြောင်းပြောပြတာကများပါတယ်။ 

သူငယ်စဉ်ကထဲက ကားမောင်းတာဝါသနာပါခဲ့တဲ့အကြောင်း၊ Physiotherapy ကျောင်းဆင်းပြီးစမှာ ကားမောင်းသင်ခဲ့တဲ့အကြောင်း၊ သြစတေးလျနိုင်ငံမှာ Musculoskeletal (Manipulation) ဘွဲ့လွန်တက်နေစဉ်က သူငယ်ချင်းတေါစုပြီး ကားဝယ်စီးခဲ့ကြတဲ့အကြောင်း၊ ကားက သြစတေးလျဒေါ်လာ ၁၀၀၀ ပဲပေးရကြောင်း၊လက်ရှိမောင်းနေတဲ့ကားကို ၀ယ်ဖြစ်တဲ့အကြောင်းနဲ့ သူ့မိဖတွေနဲ့သူ့အကြောင်းပါ။

ဒါးလ် (Dahl) ဆိုတဲ့အိန္ဒိယအစားအစာပဲဟင်းကို မိမိကြိုက်တယ်ဆိုလို့ 'အသားနဲ့စားမလား၊ သက်သတ်လွတ်စားမလား' မေးပါတယ်။ မိမိက ဘာမဆိုစားကြောင်းပြောပါတယ်။ 
ဒါဆို လေဆိပ်မှာသွားစားကြရအောင်ဆိုပြီး မိမိတစ်ခါမှမရောက်ဖူးသေးတဲ့ ဂျူးအဲလေဆိပ်ကိုရောက်ခဲ့ရတော့တာ။

ကားကို လေဆိပ်အောက်ကကားထားတဲ့နေရာမှာထားပြီး အပေါ်ကစားသောက်ဆိုင်တွေဆီကို စက်လှေကားနဲ့တက်လာခဲ့ကြတယ်။ 






တစ်နေရာရောက်တော့ လာဗင်ဒါ (Lavender) အမည်ရှိ တရုတ်မုန့်မျိုးစုံရောင်းတဲ့ဆိုင်ကိုလက်ညှိုးထိုးပြပြီး 'ဟိုနေ့က မစ္စတာအေးတို့အိမ်ကိုယူလာတဲ့ တရုတ်လမုန့် (moon cake) က ဒီဆိုင်က၀ယ်ခဲ့တာ' လို့ပြောပါတယ်။ 

အဲဒီဆိုင်နဲ့မနီးမဝေးက သူနဲ့သူ့ဇနီးတို့ လာစားလေ့ရှိတဲ့အိန္ဒိယစားသောက်ဆိုင်မှာပဲ မိမိတို့စားခဲ့ကြတာဖြစ်တယ်။
ထမင်းရယ်၊ ဒါးလ် အပါအ၀င် ဟင်းခွက် ၇ ခွက်၊ ဒိန်ချဉ်နဲ့စမိုင် အချိုအချဉ်တဲစရာတွေလဲပါသေးတယ်။

မြန်မာပြည်က ကုလားဆိုင်တွေမှာ ငှက်ပျောရွက်ပေါ်ထည့်စားတဲ့ အစားအစာ (South Indian Meals) ပါ။ သက်သတ်လွတ်အစားအစာပေါ့။

မိမိနဲ့ဇနီးကတော့ ဆီရန်ဂွန်းအရပ်မှာရှိတဲ့ ကိုမားလားဆိုင်ကို သွားစားလေ့ရှိပါတယ်။