"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Sunday, November 23, 2014

စာဆိုတော်နေ့



၁၃၇၆ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ 



ဒီကနေ့ထုတ် မြန်မာသတင်းစာ ၂ စောင်မှ စာဆိုတော်နေ့နှင့်သက်ဆိုင်သော ဖတ်စရာ မှတ်စရာဆောင်းပါး ၂ ပုဒ်ကို ကူးယူဖော်ပြပေးလိုက်ပါသည်။




ကြေးမုံသတင်းစာ (၂၂ ရက် နိုဝင်ဘာလ၊ ၂၀၁၄)










မြန်မာ့အလင်းသတင်းစာ (၂၂ ရက် နိုဝင်ဘာလ၊ ၂၀၁၄)






















Saturday, May 10, 2014

ဘာသာပြန်စာအုပ်များ





၁၃၇၆ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်။



စာရေးဆရာကြီးမောင်ထင်၏
မိုပါဆွန်း ၀တ္တုတိုများ။  



မြန်မာလူမျိုးအတော်များများသည် စာဖတ်သည်ကို ၀ါသနာပါကြ၏။ စာဖတ်ရန်နှစ်သက်ကြ၏။ 
ဘုန်းကြီးကျောင်းစာနှင့် သေစာရှင်စာလောက်သာ တတ်ကြသူများကော ကျောင်းစာကောင်းကောင်းတတ်ကြသူများပါ စာအုပ်စာစောင်တစ်ခုခုကိုတွေ့က ကောက်ပြီးယူဖတ်ကြလေ့ရှိ၏။
သတင်းစာကို ဖတ်သည်။ ဘုရားစာကို ဖတ်သည်။ သင်္ကြန်စာနှင့်ဗေဒင်ဟောစတမ်းများလည်း ဖတ်ကြသည်။ ကဗျာဖတ်သည်။ ၀တ္တုတို ၀တ္တုရှည်ဖတ်သည်။ ဆောင်းပါး ပြဇတ်များလည်း ဖတ်ကြသည်။ 

သည့်အပြင် ဘာသာပြန်စာအုပ်များကိုလည်း နှစ်သက်စွဲလန်းစွာ ဖတ်တတ်ကြပါသေးသည်။

မြန်မာပြည်တွင် အကြောင်းကြောင်းကြောင့် အင်္ဂလိပ်လိုမဖတ်နိုင်သော မဖတ်ဖြစ်သော မြန်မာစာဖတ်ပရိသတ် များအတွက် ဘာသာပြန်စာအုပ်များအများအပြားရှိသည်ဟုဆိုနိုင်ပါသည်။ မူလက မည်သည့်ဘာသာစကားဖြင့် ပင် ရေးသားထားစေကာမူ မြန်မာဘာသာပြန်စာရေးဆရာအများစု(အားလုံးလိုလို)က အင်္ဂလိပ်ဘာသာမှသာပြန် ဆိုကြလေ့ရှိသည်။

မြန်မာပြည်လွတ်လပ်ရေးမရခင်ကာလကတည်းကပင် ဘာသာပြန်စာအုပ်များရှိခဲ့ကာ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင်မူ ဘာသာပြန်စာအုပ်များ အများအပြား ထွက်ရှိလာခဲ့လေသည်။ အမျိုးသားခေါင်းဆောင် ကြီးဗိုလ်ချုပ်
အောင်ဆန်းသည် ၁၉၄၇ ခုနှစ် ဇွန်လ ၆ ရက်နေ့က ရန်ကုန်မြို့  ပြည်လမ်းရှိ ဆိုရန်တိုဗီလာအဆောက်အဦတွင်
ပြုလုပ်ခဲ့သော မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအစည်းအဝေး၏ အဖွင့်မိန့်ခွန်းမှာ ..

“စာအုပ်များ ထုတ်ဝေရေးကိစ္စတွင် ကျယ်ပြန့်သောလူထုလက်သို့ ပေါက်ရောက်နိုင်သောဘာသာပြန်စာပေများ ထုတ်ဝေရေးကို အာရုံပြုသင့်ကြသည်။ ဘာသာပြန်ဌာနကြီးတခုကို ကျွန်ပ်တို့ဖွင့်လှစ်သင့်ကြသည်။“ ဟု တိတိ လင်းလင်း မိန့်မှာကြားပါသည်။ ဗိုလ်ချုပ်အောင်ဆန်းမိန့်မှာခဲ့ပြီး ၃ လခန့်အကြာဖြစ်သော ၁၉၄၇ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့တွင် မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်း (စာပေဗိမာန်) ကို စတင်တည်ထောင်နိုင်ခဲ့ပါတော့
သည်။ နောင်တွင် စာပေဗိမာန်မှ ဦးစီးဦးရွက်ပြုကာ ဘာသာပြန်စာပေစာတမ်းဖတ်ပွဲများကျင်းပလျက် “ဘာသာ
ပြန်စာပေစာတမ်းများ”စာအုပ်များကို အတွဲများစွာ ပုံနှိပ်ထုတ်ဝေပေးခဲ့ပါသည်။

ထိုစဉ်က နဂါးနီစာပေမှ ဘာသာပြန်ထုတ်ဝေသော အိုင်းရစ်သူပုန်များဖြစ်ကြသည့် ‘မိုက်ကယ်ကောလင်း'၊ ‘ဒင်ဘရင်း’၊ ‘ကိုယ်ပျောက်စစ်သား'၊ ‘လက်သီးပုန်း'၊ ‘ဆင်ဖိန်း'၊ 'သင်းထိုက်နှင့်သင်းကံ' အစရှိသောစာအုပ်များကို
ဖတ်ပြီး မြန်မာလူငယ်များတွင် ဗြိတိသျှကိုလိုနီစနစ်ဆန့်ကျင်ရေးစိတ်ဓာတ်များ တစ်ဖွားဖွားပေါ်ပေါက်စေခဲ့ပါ
သည်။ တစ်နည်းဆိုရသော် ဘာသာပြန်စာပေသည် ကိုလိုနီစနစ်ဆန့်ကျင်ရေး၊ အမျိုးသားရေးနှင့်မြန်မာ့လွတ်
လပ်ရေးကြိုးပမ်းမှုများတွင် တစ်တတ်တစ်အားပါဝင်ခဲ့ကြောင်း ထင်ရှားပါသည်။
























တစ်ဖန် ဂျပန်ခေတ်အတွင်းတွင် ဘာသာပြန်ထွက်ရှိခဲ့သော ဆရာသခင်ဘသောင်း၏ 'ပန်းသာ မစာဥ'၊ ဆရာပီမိုးနင်း၏ 'သူရဲကောင်းသုံးယောက်' နှင့် ဆရာရွှေဥဒေါင်း၏ 'အိုင်ဗင်ဟို' စာအုပ်များမှာ မြန်မာစာပေတွင် တော် ၀င်ဘာသာပြန်လက်ရာစာအုပ်ကောင်းများအဖြစ် ကျန်ရှိခဲ့ပါသည်။ ၁၉၇၀ ခုနှစ်က မင်းသုဝဏ်၊ ဇော်ဂျီ၊ မောင်
ထင်၊ ဦးထင်ကြီး၊ ဦးခင်ဇော်၊ သခင်ဘသောင်း၊ ဦးတင်ဧ၊ ဇ၀န၊ ဦးဝင်းဖေ၊ မှူးတင်နှင့် တက်တိုးတို့ ပါဝင်ရေးသားကြသည့် "ဘာသာပြန်စာပေ” အမည်ရှိစာအုပ်ကို စာပေဗိမာန်ကပင် ထုတ်ဝေခဲ့ပါသေးသည်။ 

ဤစာရေးသူကိုယ်တိုင်ပင် ငယ်စဉ်က စာပေများဖတ်ရှုလေ့လာခဲ့စဉ်တွင် အခြားသောစာပေအမျိုးအစားများနှင့်အတူ ဘာသာပြန်စာပေများကို လက်လှမ်းမီသ၍အတော်များများဖတ်ရှုနိုင်ခဲ့ပါသည်။ ဘာသာပြန်စာအုပ်များတွင် ၀တ္တုအတိုအရှည် ကဗျာနှင့်ဆောင်းပါးများကို အဓိကအားဖြင့် ဖတ်ခဲ့ဖြစ်၏။ မြန်မာ့ဆိုရှယ်လစ်
     လမ်းစဉ်ပါတီခေတ်ဖြစ်သဖြင့် ဆိုရှယ်လစ် ကွန်မြူနစ်နိုင်ငံများမှ ဘာသာပြန်စာပေများကို ပိုပြီးဖတ်ခဲ့ဖြစ်၏။ တစ်ဖန် တိုးတက်သော လက်ဝဲယိမ်း လူငယ်စာရေးဆရာများကလည်း ဆိုရှယ်လစ် ကွန်မြူနစ်စာပေများကို ဂ္ဂဇင်းများတွင် စဉ်ဆက်မပြတ် ဘာသာပြန်ရေးသားခဲ့ကြပါသည်။ 

ကမ္ဘာ့ကျော်ရုရှားစာရေးဆရာကြီးများဖြစ်ကြသော လီယိုတောလ်စတွိုင်း၏ “စစ်နှင့်ငြိမ်းချမ်းရေး”၊ မက္ကဇင်ဂေါ်ကီ၏ “အမေ”၊ ဆရာဇော်ဂျီဘာသာပြန်သည့်နိုင်ငံခြားဝတ္တုတိုများစသဖြင့်။ တစ်ချိန်တည်းမှာ ဆရာမြသန်းတင့်ဘာသာပြန်ရေးသားပြီး အမျိုးသားစာပေဆုရရှိခဲ့သော အမေရိကန်စာရေးဆရာမ မာဂရက်မစ်ချယ်၏
      လေရူး သုန်သုန်၊ ဆရာမောင်ဆုရှင်ဘာသာပြန်ရေးသားပြီး အမျိုးသားစာပေဆုရခဲ့သောကမ္ဘာ့ကျော်စာရေးဆရာကြီး အားနက်စ်ဟဲမင်းဝေး၏ 'ပင်လယ်ပြာနှင့်တံငါအို' စာအုပ်များသည်လည်း ဘာသာပြန်စာဖတ်ပရိသတ်၏စိတ်ကြိုက်ဘာသာပြန်စာအုပ်များဖြစ်ခဲ့ပါသည်။

၁၉၃၇ခုနှစ်မှာ စတင်ထူထောင်ခဲ့သည့် နဂါးနီစာပေတိုက်၏စိန်ရတုပြည့်အခမ်းအနားကို ရန်ကုန်မြို့တွင် စည်စည်ကားကား ကျင်းပခဲ့သည်။    


အမျိုးသားဇာတ်ရုံ၌ပြုလုပ်သော နဂါးနီ ၇၅နှစ်ပြည့်အထိမ်းအမှတ် စာပေဟောပြောပွဲ၊ စာအုပ်ဈေးပွဲတော်နှင့်ကာတွန်းပြပွဲများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦးနှင့်ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှဥက္ကဌ ဦးသုဝေတို့အပြင် စစ်ထာက်လှမ်းရေးအကြီးအကဲဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးခင်ညွန့်လည်း တက်ရောက်ခဲ့၏။


သို့ဖြစ်ပေရာဘာသာပြန်စာအုပ်များကို ပြန်ဆိုရေးသားခဲ့ကြသောစာရေးဆရာကြီးများနှင့် ယင်းဘာသာပြန်စာ
အုပ်များအား ရွေးခြယ်ပုံနှိပ်ထုတ်ဝေပေးခဲ့ကြသည့်ထုတ်ဝေသူများအားလုံးကို ကျေးဇူးအထူးတင်ရှိရပါသည်။























Saturday, September 14, 2013

ကမ္ဘာ့အကြောအဆစ်ကုပညာရပ်နေ့ ဂုဏ်ပြုသတင်းနှင့် ဆောင်းပါး


၁၃၇၅ ခုနှစ်၊ တော်သလင်းလဆန်း ၁၀ ရက်



မြန်မာအကြောအဆစ်ကုပညာရပ်အသင်း၏ 'ကမ္ဘာ့အကြောအဆစ်ကုပညာရပ်နေ့' အခမ်းအနား။ (ဓာတ်ပုံ - ဆရာဦးမောင်မောင်မြင့်မှ ကျေးဇူးပြုသည်။) 




မိမိတို့ အကြောအဆစ်ကုပညာရှင်များမှာ နိုင်ငံအလိုက်ဖွဲ့စည်းထားသော အကြောအဆစ်ကုပညာရှင်များ အသင်းများရယ်လို့ ရှိကြပါတယ်။ ဥပမာ မြန်မာနိုင်ငံအကြောအဆစ်ကုပညာရှင်များအသင်း (Myanmar Physiotherapy Association)။ တစ်ခါ ကမ္ဘာ့ပထ၀ီဝန်းကျင်အလိုက် စုပေါင်းဖွဲ့စည်းထားသော ဒေသဆိုင် ရာအကြောအဆစ်ကုပညာရှင်များအသင်းကြီး ၅ သင်း ဆိုတာလည်း ရှိပြန်ပါသေးတယ်။ ဥပမာ အာရှဒေသ ဆိုင်ရာ အကြောအဆစ်ကုပညာရှင်များအသင်း (Asian Confederation for Physical Therapy)။  


နောက်တစ်ခါ နိုင်ငံတကာအတိုင်းအတာအနေဖြင့် အကြောအဆစ်ကုပညာရှင်များအသင်း (၁၀၆)သင်းနှင့် အသင်းသားများ စုစုပါင်း ၃၅၀,၀၀၀ ဦး ရှိသော ကမ္ဘာ့အကြောအဆစ်ကုပညာရပ်ဆိုင်ရာအသင်းချုပ်ကြီး (World Confederation for Physical Therapy – WCPT) ဆိုတာကို ဖွဲ့စည်းခဲ့ပြီး အင်္ဂလန်နိုင်ငံတွင် ရုံး စိုက်ထားရှိခဲ့ပါတယ်။ ဒီအဖွဲ့ချုပ်ကြီး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဒေသဆိုင်ရာနှင့်ကမ္ဘာ့ညီလာခံများကို ပုံ မှန်ကျင်းပလေ့ရှိပါတယ်။ ဒါ့အပြင် နိုင်ငံတစ်နိုင်ငံချင်းအလိုက်လည်း အကြောအဆစ်ကုပညာရပ်ဆိုင်ရာအ မျိုးသားညီလာခံ (National Physiotherapy Congress)များကို နှစ်စဉ်ကျင်းပကြပါတယ်။ 

သို့ဖြစ်ရာ မိမိသည် ယခုလ ၈ ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့အကြောအဆစ်ကုပညာရပ်နေ့နဲ့ ပတ် သက်ပြီး သ၀ဏ်လွှာတစ်ပုဒ်နှင့်ဆောင်းပါးတစ်ပုဒ်တို့ကို ကြေးမုံသတင်းစာတိုက်သို့ လှမ်းပြီးပေးပို့ခဲ့ပါတယ်။အဓိကရည်ရွယ်ချက်ကတော့ အကြောအဆစ်ကုပညာရပ်နှင့်အကြောအဆစ်ကုပညာရှင်များ၏အခန်းကဏ္ဍ ကို ပြည်သူများသိရှိနားလည်ကြရန်ဖြစ်ပါတယ်။

အသေးစိတ်အကြောင်းအရာများကိုတော့ အောက်မှာ ဖတ်ရှုကြည့်နိုင်ကြပါတယ်။  


ကြေးမုံသတင်းစာ - ၃ ရက် စက်တင်ဘာလ။





ကြေးမုံသတင်းစာ - ၈ ရက် စက်တင်ဘာလ။



ကမ္ဘာ့အကြောအဆစ်ကုပညာရပ်နေ့နှင့် သမိုင်းကြောင်း


စက်တင်ဘာလ () ရက်နေ့သည် ကမ္ဘာ့အကြောအဆစ်ကုပညာရပ်နေ့ (World Physiotherapy Day) ဖြစ်သည်။

ဤနေ့တွင် တစ်ကမ္ဘာလုံးရှိ နိုင်ငံအသီးသီးမှ အကြောအဆစ်ကုပညာရပ်အဖွဲ့အစည်းများသည် အကြော အဆစ်ကုပညာရပ်အကြောင်း ပညာပေးဟောပြောပို့ချခြင်း၊ အကြောအဆစ်လူနာများအား အခမဲ့စမ်းသပ် ကြည့်ရှုပေးခြင်း၊ ကျန်းမာကြံ့ ခိုင်ရေးကိုဖြစ်စေသည့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်မှုများကို လက်တွေ့သင် ကြားပြသပေးခြင်းနှင့် အကြောအဆစ်ဝေဒနာများမှ ကင်းဝေးရာကင်းဝေးကြောင်း နေနည်း ထိုင်နည်း လုပ် နည်း ကိုင်နည်း အစရှိသောနည်းလမ်းကောင်များကို လမ်းညွှန်ကြလေ့ရှိပါသည်။

အကြောအဆစ်ကုပညာရပ်၏ သမိုင်းကြောင်းကို တစေ့တစောင်းလေ့လာကြည့်မည်ဆိုက များစွာစိတ်ဝင် စားဖွယ်ကောင်းလှ၏။ ကမ္ဘာ့ဆေးပညာနယ်ပယ်တွင် နေလိုလလိုထင်ရှားကျော်ဇောပြီး ဆေးပညာလောက ၏ ဖခင်ကြီးလည်းဖြစ်သည့် ဂရိသမားတော်ကြီး ဟစ်ပိုးကရပ်တီး()သည် အကြောအဆစ်ကုဆေးပညာကို ကနဦး စတင်အသုံးပြုခဲ့သော သမားတော်များအထဲမှ တစ်ဦးအပါအ၀င်ဖြစ်ခဲ့လေသည်။ သမားတော်ကြီး ဟစ်ပိုးကရပ်တီး() က နှိပ်နယ်ကုသမှုပညာ (massage)၊ အကြောအဆစ်ပြုပြင်ကုသမှုပညာ (manual therapy) နှင့် ရေ၏ဂုဏ်သတ္တိကို အသုံးပြု၍ ကုသပေးသည့်ပညာ(hydrotherapy) တို့ကို အကြောအဆစ် ရောဂါဝေဒနာများကုသရာတွင် အသုံးပြုကြရန် ဘီစီ ၄၆၀ ၀န်းကျင်ကာလကတည်းက တိုက်တွန်းအားပေး ခဲ့ပါသည်။

သို့ဖြစ်ပေရာ အကြောအဆစ်ကုပညာရပ်၏ အချို့ သောအစိတ်အပိုင်းများသည် ဆေးသိပ္ပံပညာရပ်ကဲ့သို့ပင် သက်တမ်း ကြာမြင့်သည် (Some aspects of physiotherapy are as old as medicine.) ဟု ပြောစမှတ် ပြုကြခြင်းဖြစ်၏။ ဒီမှာဖက်ပိုင်းဖြစ်သော မျက်မှောက်ခေတ်အကြောအဆစ်ကုဆေးပညာရပ်သမိုင်းကား ၁၉ ရာစု အကုန်ပိုင်းလောက်မှ အင်္ဂလန်နိုင်ငံတွင် အခြေပြုခဲ့ခြင်းဖြစ်၏။ ၁၉၁၆ ခုနှစ်၌ အန္တလန်းတိတ်အလယ် ပိုင်းနှင့် နယူးအင်္ဂလန်ပြည်နယ်များတွင် ပိုလီယိုအကြောသေ ရောဂန္တရကပ်ဆိုးကြီး ကျရောက်သောအခါ အကြောအဆစ်ကုဆေးပညာရပ်ဆိုင်ရာကုထုံးများ (physiotherapy techniques) ကို ပို၍တွင်တွင်ကျယ် ကျယ် အသုံးပြုလာခဲ့ကြရ၏။

အကြောအဆစ်ကုပညာရပ်သမိုင်း၏ အဓိကအချိုးအကွေ့ကြီးကား ပထမကမ္ဘာစစ်ကြီးအတွင်း၌ ဖြစ်ခဲ့ရ သည်ဆို၏။ စစ်ပွဲတွင်ဒဏ်ရာရရှိသည့် စစ်သည်တော်အမြောက်အများကို နေ့ညမအားကုသပေးနေရသော အရိုးခွဲစိတ်အထူးကုဆရာဝန်ကြီးများအနေဖြင့် လူနာများ၏ ကာကွယ်ရေးနှင့်ပြန်လည်ထူထောင်ကုသရေး အပိုင်းတို့အတွက် အကြောအဆစ်ကုပညာရှင်များကို များစွာအားကိုးအားထားပြုခဲ့ကြရလေသည်။ ဤသို့ ဖြင့် ၁၉၁၈ ခုနှစ်တွင် အမေရိကန်စစ်တပ် ဆေးဘက်ဋ္ဌာနကြီးသည် အထူးဆေးရုံတပ်မများနှင့်ပြန်လည် ထူထောင်ရေးဋ္ဌာနများ ဖွင့်လှစ်ပြီး အကြောအဆစ်ကုပညာရှင်များကို တာဝန်ထမ်းဆောင်စေခဲ့သည်။ ဒါ့အ ပြင် အမေရိကန်နိုင်ငံ၏ပထမဦးဆုံး အကြောအဆစ်ကုပညာရပ်သိပ္ပံကျောင်း (School of Physical Therapy) ကို ‘၀ါရှင်တန်ဒီစီ’ ၌ရှိသော ‘ဝေါလ်တာရိဒ်’ စစ်ဆေးရုံကြီး၌ ဖွင့်လှစ်ခဲ့သည်။

တစ်ဖန် ၁၉၂၁ ခုနှစ်သို့ရောက်သောအခါ အကြောအဆစ်ကုပညာရှင် ၂၄၅ ဦးဖြင့် အမေရိကန်အကြောအ ဆစ်ကုပညာရပ်အသင်း (American Physiotherapy Association) ကို ဖွဲ့စည်းခဲ့တော့၏။ တစ်ချိန်တည်း မှာ အင်္ဂလန်၊ သြစတေးလျ၊ နယူးဇီလန်၊ ကနေဒါ၊ ဟော်လန်အစရှိသော တိုးတက်သည့်နိုင်ငံကြီးများတွင် အကြောအဆစ်ကုပညာရှင်များကို တက္ကသိုလ်များမှ ပညာရည်အဆင့်အတန်းမြင့်စွာ မွေးထုတ်လာခဲ့ကြ၏။ အကြောအဆစ်ကုပညာရပ်ကို အမေရိကန်နိုင်ငံက Physical Therapy ဟုခေါ်ဝေါ်သုံးစွဲပြီး မြန်မာနိုင်ငံအ ပါအ၀င် အင်္ဂလန်၊ ကနေဒါနှင့် သြစတေးလျနိုင်ငံများကမူ Physiotherapy ဟုသာ ခေါ်ဝေါ်သုံးစွဲကြလေ သည်။

အကြောအဆစ်ကုပညာရှင်များ၏ ပညာရေးအဆင့်အတန်းသည် ယခုအခါ များစွာမြင့်မားလာသည်ဖြစ်ရာ မဟာသိပ္ပံဘွဲ့နှင့်ပါရဂူဘွဲ့ရများကို ထင်ရှားသည့်တက္ကသိုလ်များမှ သင်ကြား မွေးထုတ်ပေးလျက်ရှိသည်မှာ ဆယ်စုနှစ် ၂ ခုနီးပါး ရှိခဲ့ပြီဖြစ်သည်။ ပီအိတ်ခ်ျဒီ(Ph.D) ခေါ် ပါရဂူဘွဲ့အမျိုးအစားအပြင် အကြောအဆစ် ကုဆရာဝန်ဘွဲ့ (Doctor of Physiotherapy) ကိုလည်း သင်ကြားချီမြင့်နေပြီဖြစ်သည်။ ထို့ကြောင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီး (WHO) က ISCO Code 2264 (International Standard Classification of Occupation - ISCO Code 2264) ဖြင့် အကြောအဆစ်ကုပညာရှင်များသည် အကြောအဆစ်လူနာများကို လွတ်လပ်စွာ စမ်းသပ်စစ်ဆေးကုသမှုပေးနိုင်သည့်ပညာရှင် (Medical professional) အဖြစ် သတ်မှတ်ခဲ့ သည်။

မြန်မာနိုင်ငံတွင်လည်း ယခင်က အကြောအဆစ်ကုပညာရှင်များကို ဒီပလိုမာအဆင့်သာ မွေးထုတ်ပေးနိုင်ခဲ့ ပြီး ယခုနောက်ပိုင်းတွင် နိုင်ငံတော်အစိုးရက အမြော်အမြင်ကြီးစွာဖြင့် ဆေးဘက်ဆိုင်ရာနည်းပညာတက္က သိုလ်များ ဖွင့်လှစ်ပေးလျက် ဘွဲ့ရအကြောအဆစ်ကုပညာရှင်များကို နှစ်စဉ် မွေးထုတ်ပေးခဲ့ပါသည်။ တစ်ခါ အကြောအဆစ်ကုပညာရပ်ကို မဟာသိပ္ပံအဆင့်ထိ ဆက်လက်မြှင့်တင်ပေးခဲ့ပြန်ပါသည်။ မကြာမီကာလ တွင် နိုင်ငံတော်၏ပညာရေးရည်မှန်းချက်များနှင်အညီ အကြောအဆစ်ကုပညာရပ်ကို နိုင်ငံတကာအဆင့်မီ ပါရဂူဘွဲ့အထိ တိုးတက်သင်ကြားချီးမြှင့်နိုင်တော့မည်ဟုလည်း ယုံကြည်ထားမိ၏။

ပြီးခဲ့သော သြဂုတ်လကလည်း အင်္ဂလန်နိုင်ငံမှဝန်ကြီး (Care and Support Minister) ‘နော်မန်လမ်း’ က “အကြောအဆစ်ကုပညာရှင်များသည် အကြောအဆစ်ဆိုင်ရာရောဂါဝေဒနာများအတွက် ဆေးဝါးများကို တိုက်ရိုက်ညွှန်ကြားပေးနိုင်ကြောင်း၊ ယင်းဆေးဝါးများရရှိရန် လူနာများသည် အထွေထွေရောဂါကုဆရာ ၀န်များ (GP) ထံသို့ သွားရောက်ရန် မလိုတော့ကြောင်း၊ လူနာများအနေဖြင့် နှစ်နေရာသွားရန် မလိုတော့ သလို ဆရာဝန်များအနေဖြင့်လည်း အခြားသောလူနာများအတွက် ပိုမိုအချိန်ပေးကာ ကြည့်ရှုကုသနိုင်တော့ မည်ဖြစ်ကြောင်း” ပြောကြားခဲ့လေသည်။

အကြောအဆစ်ရောဂါဝေဒနာများကို မွေးကင်းစ ရက်သားကလေးငယ်မှ သက်ကြီးရွယ်အိုများအထိ မည်သူ မျှမကင်းနိုင်ကြပေ။ ယခုအခါ ယာဉ်တိုက်မှုများ တစ်နေ့တခြား များပြားလာနေခြင်း၊ အသက်ရှည်သူ သက် ကြီးရွယ်အိုများ တိုးပွားလျက်ရှိခြင်း၊ အားကစားနှင့် ဘ၀နေထိုင်မှုဆိုင်ရာ ထိခိုက်ဒဏ်ရာရမှုများ ပိုမိုဖြစ်ပွား လာခြင်းတို့ကြောင့် ခါးနာ ဒူးနာ ဇက်ခိုင် ပေါင်ကိုက် ပခုံးကပ် လေဖြတ် အစရှိသည့် အကြောအဆစ်ရောဂါ ဝေဒနာခံစားကြရသူများ ဆတက်ထမ်းပိုးများပြာလျက်ရှိရာ ကမ္ဘာ့အကြောအဆစ်ကုပညာရပ်နေ့ကြီး၏ “ကိုယ်လက်လှုပ်ရှား ကျန်းမာရေးဆုလာဘ်တစ်ပါး” (Movement for Health) ဟူသောဆောင်ပုဒ်နှင့်အညီ မြန်မာအကြောအဆစ်ကုပညာရှင်များအနေဖြင့် မိမိတို့ အထူးတတ်ကျွမ်းသည့် အကြောအဆစ်ကုပညာရပ် ဖြင့် ဝေဒနာရှင်အားလုံးကို ကိုယ်စွမ်းဥာဏ်စွမ်းရှိသ၍ ပြုစုစောင့်ရှောက်ကြရမည်ဖြစ်သည်။




အထူးကျေးဇူးတင်ရှိခြင်း

ကမ္ဘာ့အကြောအဆစ်ကုပညာရပ်နေ့ကြီးနှင့်သက်ဆိုင်သော ဂုဏ်ပြုသတင်းလွှာနှင့်ဆောင်းပါးများ ပါရှိ သောသတင်းစာများကို ပုံကူးပြီး မိမိထံသို့အီးမေးဖြင့် တကူးတကပို့ပေးခဲ့ကြသော ဆရာဦးမောင်မောင်မြင့်
(Physiotherapist)နှင့် ဆရာမဒေါ်တင်စန္ဒာဝင်း(Physiotherapist)တို့ကို များစွာကျေးဇူးတင်ရှိကြောင်းပါ။


























Friday, March 18, 2011

မြန်မာ့ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများ စောင့်ရှောက်ထိန်းသိမ်းကြပါစို့

ခက်လက်ဝေစည် မြန်မာ့ယဉ်ကျေးမှုနှင့်အညီ 
vlrsKd;wpfrsKd;\,Ofaus;rIonf arG;zGm;BuD;jyif;csdefrS aoqkH;csdeftwGif; vlom;wdkY\ ajymqkdaom bmompum;? ,kHMunf ukd;uG,frI? 0wfpm;qif,ifxkH;zGJUrIrsm;rSonf vlrIqufqHa&;? ½kd;&m"avhxkH;pH? tawG;tac:? vufrIynmESifh tEkokckr ynmwdkYtxd vTrf;jcHKzGJUpnf;xm;jcif;jzpfonf/

jrefrmh,Ofaus;rIonf ESpfaygif;axmifcsDí jzpfwnfxGef;um;vmcJhonf/ jrefrmhajr jrefrmha&ay:wGif vlom;rsKd;EG,ftjzpf pwifay:aygufvmonfrS tpjyKí ,Ofaus;rIe,fy,ftoD;oD;ü zGHUNzdK;wkd;wufvmcJhonf/ rdrdEkdifiHESifhvlrsKd; ½kd;&m ,Ofaus;rIudk jrwfEkd;wefzkd;xm; xdef;odrf;&ef wm0ef&Sdonf/ rdrdwdkY ½kd;&m,Ofaus;rI "avhp½kdufukd xdef;odrf;apmifha&Smuf Ekdifjcif;r&Sdygu EkdifiHESifhvlrsKd;yg aysmufuG,foGm;Ekdifonfukd tpOfowdjyKMu&ayrnf/

urÇmhEkdifiHrsm;tMum; qufpyf,SufET,fajymif;vJrIrsm; ay:aygufvmaeonf/ odyÜHESifhenf;ynm&yfrsm; wkd;wufvmrI aMumifh tawG;tac: todtjrifrsm; wkd;wufvmjcif;onf taygif;vu©Pm jzpfonf/ acwfESifhtnD twwfynm A[kokwrsm; jrifhrm;vmjcif;onf aumif;aomvu©Pm&yfjzpfonf/ okdYaomf jynfyEkdifiHrsm;\ ,Ofaus;rIESifh vlaerI "avhp½kdufrsm; pdrfh0ifxkd;azmufysHUESHYvmjcif;ukdrl owdjyKMu&ayrnf/

,cktcg jrefrmhvlrIywf0ef;usifwGif tjrifrwifhw,fonfh aexkdifqufqHrI?0wfpm;qif,ifrIESifhaw;*Dw oDqkdwifquf rIrsm;ukd twk,l usifhokH;vmMujcif;ukdrl 0kdif;0ef;xdef;odrf;oGm;Mu&ef vkdtyfvmNyDjzpfonf/trsm;jynfol oGm;vmaeonfh vlrIywf0ef;usif? trsKd;aumif;om;orD;rsm; pD;eif;vdkufygvmonhf ,mOf? aw;*DwoDqdkwifqufrIrsm;wGif rvHkrjcHK 0wfpm;qif,ifaerIrsm; awGUjrifvm&onf/ [D&dMowåy uif;rJhonhf aexdkifqufqHrIrsm; jyKvkyfvmMuonf/

jynfy,Ofaus;rI? 0wfpm;qif,if aexdkifqufqHrIrsm;udk acwfrDqef;opfonf[k ,lqum twk,l ajymif;vJusifhoHk; vmjcif;rsKd;udk jrefrmh,Ofaus;rI½IaxmifhrS xdef;odrf;Mu&ef wm0ef&Sdonf/

EdkifiHol? EkdifiHom;wdkif; trsKd;udkcspfonhf pdwfxm;? trsKd;apmifhw&m; &ifhoefMuHhcdkif&ef vdktyfonf/ trsKd;udk cspfcif  apmifha&Smufjcif;? ½dk;&m"avhp½dkufESifhtnD 0wfpm;qif,if aexkdifjcif;onf trsKd;orD;wkdY\ odu©m? trsKd;orD;wkdY\ wefzdk;ESifh qufpyf,SufET,frI&Sdonf/

rsKd;qufopfvli,fvl&G,frsm; tygt0if jynfolrsm;tm;vHk;udk toD;wpf&m tn§mwpfck jrefrmh,Ofaus; rIyifpnf cufvufa0jzm wnfwHhcdkifcHhaeapa&; tav;xm;NyD; ,Ofaus;odrfarGUpGm jyKrlaexdkifoGm;Mu&rnf jzpfygonf/ /

မှတ်ချက်။  ။ ဒီကနေ့ထုတ်(၁၈၊၃၊၁၁) ကြေးမုံသတင်းစာရဲ့ ခေါင်းကြီးကို မူရင်းအတိုင်း တစ်ဆင့် ကူးယူ ဖေါ်ပြထားတာ ဖြစ်ပါတယ်။