"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Showing posts with label တွေးခေါ်မြော်မြင်. Show all posts
Showing posts with label တွေးခေါ်မြော်မြင်. Show all posts

Saturday, April 27, 2013

မပြောမပြီး… မတီးမမည်



၁၃၇၅ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက်။



ဆိုရေးရှိက၊ ဆိုအပ်လှ၏’ဆိုသည့် မြန်မာအဆုံးအမ စကားတစ်ရပ်ရှိပါသည်။

ယင်းဆုံးမစကားကို အများနားလည်အောင်ပြောရသော် ‘ပြောစရာအကြောင်းရှိက ပြောဖြစ်အောင်ကို ပြော သင့်သည်’ ဟူ ဖြစ်ပါလေ၏။ အဘယ်ကြောင့်ဆိုသော် ပြောသင့်ပြောထိုက်သည်များကို သိသူများက မ ပြောပါလျင် မသိကြသူအများစုအဖို့ အမှားများကို အမှန်ဟုထင်နေတတ်သည်။ အမှန်ကို သိခွင့်မရပဲ ရှိနိုင် သည်။  

ပြောသည်ဟုဆိုရာတွင် စကားဖြင့် ပြောနိုင်သည်။ စာဖြင့်လည်း ရေးသားဖော်ပြနိုင်သည်။

အမှန်က မိမိတို့တွင် ပြောချင်သည့်စကားများ အနည်းနှင့်အများ ရှိနေတတ်ကြပါသည်။ သို့တစေ အ ကြောင်းကြောင်းကိုတွေးဆလျက် လုံးဝမပြောဖြစ်သည်များရှိခဲ့သလို နည်းနည်းပါးပါးလောက်သာ ပြော ဖြစ်ခဲ့ခြင်းများလည်း ရှိခဲ့ဖူးကြသည်။

သို့မို့ကြောင့် မိမိသည် မိမိ၏ရင်ထဲမှ ပြောချင်ရာရာများကို ဤနေရာမှတဆင့် ရိုးသားပွင့်လင်းစွာ တင်ပြ ဆွေးနွေးသွားပါမည်။ 



ကျောနံပတ်






ယခင်က ဒီအသုံးအနှုံး ရှိမရှိ သေသေချာချာကြီးတော့ မမှတ်မိတော့ဘူး။ သိရသလောက်တော့ ဟိုတုန်းက ဘောလုံးသမားများရဲ့ အမည်နဲ့ သူတို့ဝတ်တဲ့အားကစားအင်္ကျီဂျာစီကို မြန်မာတွေက “နံပါတ်”လို့ပဲ ပြောလေ့ ရှိကြတာရယ်ပါ။ 

“ကျောနံပါတ်”ရယ်လို့ “ကျော”ကြီးထည့်ပြီး မပြောကြပါဘူး။ 

အပေါ်က ဓာတ်ပုံရဲ့ ပုံစာကို ဖတ်ကြည့်ကြပါ။ 'နံပါတ် ၇ ခရစ္စတီယာနို ရိုနားဒိုး' လို့ ရေးထားတာပါ။ အင်္ဂလိပ်လိုမှာလည်း 'ကျော'ဆို တဲ့စာလုံး မပါပါဘူး။

အခုတော့ဗျာ .. “ကျောနံပါတ်” တဲ့။ 

ဖတ်လို့လည်း မကောင်းဘူး။ မြင်လို့လည်း ကြည့်မရဘူး။ မှားတယ် မှန်တယ် ပြောချင်တာ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်ဘာသာစကား မဟုတ်သလိုပဲ။ ထောင့်ထောင့်ကြီး ဘာသာပြန်ထားသလို ခံစားမိတယ်။ မြန်မာပြည်မှာ ရုပ်မြင်သံကြားစက်တွေ မရှိခင်တုန်းက ဘောလုံးပြိုင်ပွဲတွေကို မြန်မာ့အသံ ရေဒီယိုကနေ တိုက်ရိုက်ကြေညာပေးတာ။ ကြေညာပေးတဲ့သူတွေက ပြောတာကောင်းလွန်းလို့ ဒီကနေ့အထိ နားထဲမှာ မနေ့တနေ့က ကြားရသလိုပဲ ‘စွဲ’နေရတုန်းပါ။

ဥပမာ၊

“ဧရာဝတီတိုင်းက ဘယ်တောင်ပံ .. နံပတ် ၅ .. တင်ထွန်း ၊ ကွင်းလယ်က နံပတ် ၇.. စိုးသိမ်း..ဖြတ်ပို့ပေး လိုက်တဲ့ဘောလုံးကို ညာခြေနဲ့ အသာလေးဖမ်းထိန်းပြီး ဂိုးဆီကို သုတ်ခြေတင် သယ် သွားတယ်ခင်ဗျ .. ” 






Saturday, October 13, 2012

မွေးနေ့



ပြီးခဲ့သောအင်္ဂါနေ့ (၉ ရက် အောက်တိုဘာ)သည် အနောက်တိုင်းပြက္ခဒိန်အရ မိမိ၏ မွေးနေ့ ဖြစ်သည်။ 

 

သမီးနှင့်သားတို့က မွေးနေ့ကိတ်ဝယ်ခဲ့ပြီး ဓာတ်ပုံရိုက်တော့မည်ဖြစ်သဖြင့် အမေကြီးက အဖေကြီး၏ ဆံပင်များကို သေသပ်အောင် ယခုလို လုပ်ပေးခဲ့သည်။ (9 October 2012)

 

မြန်မာပြက္ခဒိန်အရမူ မိမိ၏မွေးနေ့မှာ သီတင်းကျွတ်လဆန်း ၇ ရက်ဖြစ်လေရာ အနောက်တိုင်း ပြက္ခဒိန်နှင့် ဆိုက ယခုလ ၂၂ ရက်(တနင်္လာနေ့)တွင်မှ မွေးနေ့ရောက်ပါမည်။ မည်သည့်နေ့ ရက်ပင် ဖြစ်နေပါစေ သီ တင်းကျွတ်လနှင့်အောက်တိုဘာလတို့သည် တစ်လတည်းကျနေကြသည့် မိမိ၏မွေးလများပင် ဖြစ်နေကြပါ ၏။   

တပည့်မလေး တင်စန္ဒာဝင်းက စာရေးသူ၏မွေးနေ့အတွက် မြန်မာပြည်မှ sms လှမ်းပြီးပေးပို့ ရာတွင် Happy Birthday Sayar ဟု အစချီလျက် အောက်ပါစာသားလေးကို ထည့်ရေးထားပါသည်။

You are older today than yesterday, but younger than tomorrow. ပါတဲ့။

မှန်ပါသည်။

လူ့အသက်အား နေ့ ရက် ကိန်းဂဏန်းများအရ ရေတွက်ပါက ကိန်းဂဏန်းများ၏နှိုင်းရှည့်တန်ဖိုးဖြစ်သော ကြီးသည် ငယ်သည် များသည် နည်းသည် စသည်တို့ကို ရမည်ဖြစ်သည်။တကယ်က လူ့အသက် ငယ်ခြင်း ကြီးခြင်းဟူသည် ကိန်းဂဏန်းအပိုင်းအခြားထက် ရင့်ကျက်မှု အတွေ့အကြုံစသည့်လူ့အရည်အသွေးများက ပို၍အရေးကြီးသည်ဖြစ်၏။ အသက်အရွယ်ကြီးလာသည်နှင့်အမျှ မိမိတို့၌ ဘ၀အတွေ့အကြုံများ စုံလာ များ လာခဲ့သည်။

ထွေလီကာလီကြုံတွေ့လာရသည့် အတွေ့အကြုံများမှ ဘ၀အသိများ ဘ၀သင်ခန်းစာများ ရလာခဲ့သည်။ ယင်း ဘ၀အသိများ ဘ၀သင်ခန်းစာများမှ ယူတတ်သူများအဖို့ ရင့်ကျက်မှုနှင့် အသိအလိမ္မာများ တိုးပွားလာလေ သည်။ မယူတတ်ကြသူများအဖို့ကား ကိန်းဂဏန်းကြီးရုံသက်သက်သာဖြစ်လျက် ဘ၀အသိနှင့်ရင့်ကျက်မှု သိမ်ငယ်နေဆဲပင်ဖြစ်လေသည်။

သို့ဖြစ်ပေရာ မိမိသည် မွေးနေ့ရောက်လေတိုင်း အသက်တစ်နှစ်ကြီးလာလေတိုင်း မိမိ၏ဘ၀အတွေ့အကြုံ များမှ ဘ၀အသိများနှင့်ဘ၀သင်ခန်းစာများ ရယူနိုင်ရန် အားထုတ်မှု ပြုပါသည်။

ထို့အပြင် မိမိသည် ပင်စင်ယူပြီးသော်လည်း ယနေ့တိုင် အချိန်ပြည့် အလုပ်လုပ်လျက်ရှိနေပေသေးရာ မိမိ တတ်ကျွမ်းသည့်အကြောအဆစ်ကုဆေးပညာ (physiotherapy) ဖြင့် လူများအား ရောဂါဝေဒနာတို့မှ သက် သာပျောက်ကင်းစေရေးအတွက်လည်းကောင်း၊ စာရေးဆရာတစ်ဦးအနေဖြင့် မိမိ၏စာဖတ်ပရိသတ်အတွက် အသိပညာပေးသော အင်အားသတ္တိပေးသောစာများ ရေးသားလျက်လည်းကောင်း မွေးနေ့များစွာကို ဆက် လက်ဖြတ်သန်းရပေဦးမည်ဟု ယုံကြည်ထားပါသည်။  

   

Sunday, August 21, 2011

ဘယ်လမ်းကို ရွေးမှာလဲ

ဒီကနေ့ညနေမှာ အိမ်မှာပဲ အိန္ဒိယရုပ်ရှင်ကားလေးတစ်ကား ကြည့်ဖြစ်ခဲ့တယ်။

စင်ကာပူ Media Corp တီဗီအစီအစဉ်တစ်ခုဖြစ်တဲ့ Vasantham မှပြသတဲ့ "Luck by Chance"ဆိုတဲ့ ရုပ်ရှင်ဇာတ်လမ်းလေးဖြစ်တယ်။ ရုပ်ရှင်သရုပ်ဆောင်လောကသားတွေရဲ့ သဘောသဘာဝကိုဇာတ်လမ်း ပြုပြီးရိုက်ထားတာ။ ရုပ်ရှင်ကားလေးကော သရုပ်ဆောင်တွေကော ကြည့်ကောင်းရုံလေးပါပဲ။ 

အထူးသတိပြုနှစ်ခြိုက်မိတာက ရုပ်ရှင်ရဲ့အစပိုင်းမှာပြောတဲ့ စကားတစ်ခွန်းနဲ့ ရုပ်ရှင်ဇာတ်သိမ်းခန်းမှာ ထိုးပြသွားတဲ့ စာသားလေးပဲဖြစ်တယ်။

ဇာတ်ကားရဲ့အစပိုင်းကို သရုပ်ဆောင်သင်တန်းကျောင်းအုပ်ဆရာကြီးက သင်တန်းသူသင်တန်းသားတွေ အား ဆုံးမစကားပြောကြားရာမှာ အောင်မြင်မှုရဖို့က အချိန်မှန် နေရာမှန်ဖြစ်ဖို့နဲ့ ကံကောင်းဖို့(luck) ဆို တာတွေလိုကြောင်း ထည့်ပြောသွားပါတယ်။ ဒီနေရာမှာ ကြိုးစားမှု လုံ့လ၀ီရိယအားထုတ်မှုတွေနဲ့ တိုက် ရိုက်မသက်ဆိုင်ပဲ လူတွေအပေါ်ကောင်းကျိုး မကောင်းကျိုးဖြစ်စေနိုင်တဲ့ 'ကံ'ဆိုတဲ့အကြောင်းကို စာရေး သူက ကိုယ်တွေ့နဲ့ယှဉ်ပြီး နားလည်ခံစားလိုက်မိတယ်။ လူ့လောကမှာ နှစ်ပေါင်းခြောက်ဆယ်ကျော် ကျင် လည်ခဲ့ရတဲ့အတွေ့အကြုံများအရ ယုံသည်ဖြစ်စေ မယုံသည်ပဲဖြစ်စေ ကံကို အတိုင်းအတာတစ်ခုအထိ လက်ခံရမယ်ဆိုတာ အသက်ကြီးလာတာနဲ့အမျှ သဘောပေါက်လာရခဲ့ရတယ်။ ဒါကို လူငယ်တွေသိထား ကြစေချင်တယ်။ ကံကို အားကိုးဖို့ မျှော်လင့်ချက်ကြီးထားဖို့ဆိုလိုတာ မဟုတ်သော်လည်း တစ်ခါတရံမှာ "ဉာဏ်ချင်းယှဉ်နိုင်ပေမယ့် ကံချင်းမယှဉ်နိုင်ဘူး"ဆိုတာ ရှိတတ်တယ်လို့ပေါ့။         

တစ်ခါ ရုပ်ရှင်ဇာတ်လမ်းကို သရုပ်ဆောင်မင်းသမီးလေး တက္ကစီစီးပြီးခရီးသွားတာနဲ့ အဆုံးသပ်ထားပြီး "အိုဘယ့် ... ခရီးသည်" (Oh! Traveller ..) ဆိုတဲ့ စာသားလေးပါတဲ့ နောက်ခံသီချင်းကို အင်္ဂလိပ်လို စာ တမ်းထိုးပြပါတယ်။ အဲဒီစာသားလေးတွေကို လိုက်ဖတ်ရင်း အဓိပ္ပါယ်ဆိုလိုချက်ကို လေးလေးနက်နက် ခံစားမိတယ်။ လုံးစေ့ပတ်စေ့ မမှတ်မိပေမယ့် ဆိုလိုတာကတော့ . . . . .

အိုဘယ့် ... ခရီးသည် 
သင် ဘယ်ခရီးကို သွားမှာမို့လဲ။
အရပ်အဖက်ဖက်ကိုသွားဖို့ ရွေးခြယ်စရာလမ်းတွေက အများကြီးရှိနေကြတယ်။
ဘယ်ခရီး ဘယ်လမ်းကိုသွားမလဲဆိုတာ သင်ပဲရွေးရမှာ။ သင်ကပဲ ဆုံးဖြတ်ရမှာ။

ရုပ်ပိုင်းသက်တောင့်သက်သာရှိမှုက အပြင်ပမ်း(outside)အပေါ်ယံ အပယိကမျှသာ။
တကယ်တမ်းငြိမ်းချမ်းမှု စိတ်ရဲ့လွတ်လပ်မှု(freedom)က အတွင်းအဇ္ဈတ္တ(inside)မှာပဲရှိတာ။

အိုဘယ့် ... ခရီးသည် 
သင် ဘယ်ခရီးကို သွားမှာမို့လဲ။
ဘယ်ခရီး ဘယ်လမ်းကိုသွားမလဲဆိုတာ ...
သင်ပဲရွေးရမှာ။  
သင်ကပဲ ဆုံးဖြတ်ရမှာ။

လူတိုင်းလူတိုင်းရဲ့ဘ၀မှာ 'ရွေးခြယ်မှု'၊ ပိုပြီးတိတိကျကျပြောရရင် မိမိနဲ့အသင့်တော်ဆုံးဖြစ်မယ့်' ရွေး ခြယ်တတ်မှု'ဟာ အလွန်အရေးကြီးပါတယ်။

ဒီအတွက် မိမိတကယ်တမ်းသွားချင်တဲ့ခရီးနဲ့ပန်းတိုင်ကို အသေအချာသိဖို့လိုတာဖြစ်တယ်။
ဒါမှမဟုတ်ရင် ဘယ်လမ်းမှန်ကိုမှ တွေ့မှာမဟုတ်သလို ဘယ်ခရီးပန်းတိုင်ကိုမှလည်း ရောက်မှာမဟုတ် ပါဘူး။

ရွေးခြယ်တဲ့နေရာမှာ လူပြောကောင်းရုံ လူကြားကောင်းရုံ လူအထင်ကြီးခံရရုံသက်သက်ထက် မိမိရဲ့ ဘ၀တစ်လျောက်လုံး မိမိရဲ့အတွင်းစိတ်မှာ နှစ်သက်မြတ်နိုးနေရမယ့် ရွေးခြယ်မှုမျိုးသာဖြစ်ရပါမယ်။