"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Showing posts with label တွေ့ကြုံခံစား အမှတ်တရလေးများ. Show all posts
Showing posts with label တွေ့ကြုံခံစား အမှတ်တရလေးများ. Show all posts

Saturday, June 13, 2015

ရန်ကုန်မှ မုဒုံသို့


၁၃၇၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်၊ သောကြာနေ့၊



FB

From Yangon to Mudon


ရန်ကုန်အဝေးပြေးကားကြီးဂိတ်မှာ ..


ရန်ကုန်-မုဒုံအဝေးပြေးဘတ်စ်ကားကြီးပေါ်တွင် ...
သန့်ရှင်းသပ်ရပ်မှုရှိပြီး လေအေးစက်လည်း ကောင်း၊ ကားမောင်းလည်း မကြမ်းပါ။
စိတ်အေးချမ်းသာစွာ ခရီးသွားခဲ့ရသဖြင့် ကားဆရာကြီးနှင့်အဖွဲ့ကို ကျေးဇူးတင်မိပါတယ်။


 ရန်ကုန်မှမုဒုံအသွားမှာ သထုံရွှေစာရံဘုရားကို ဘတ်စ်ကားပေါ်မှ ဖူးခဲ့ရသည်။


မိမိနှင့်ဇနီးတို့ ပထမဦးဆုံးစပြီးတွေ့ခဲ့ကြသည့် ငုပင်ကြီးမရှိတော့သဖြင့် အနီးအနားရှိ မျိုးဆက်သစ်ငုပင်လေးအောက်မှာ အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။



မိမိတို့နှစ်ဦး စတင်တွေ့ဆုံခဲ့ကြသည့် မုဒုံမြို့ ၏ကျက်သရေဆောင် ကန်ကြီးစေတီဘုရားမှာ ...



နှစ်စဉ်သင်္ကြန်အကျပ်နေ့ တိုင်း ဇနီး၏မိသားစုက ဇီးသီးနှင့်ပဲလက်သုတ်
ကျွေးလေ့ရှိသော ဒီကန်ကြီးဘုရားအရှေ့ဘက်ဆောင်းတန်းတွင်...








မျက်လုံးချင်းဆုံ ရင်တွေခုန်ခဲ့ရစဉ်က ..


၁၃၇၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်၊ သောကြာနေ့၊



FB


မျက်လုံးချင်းဆုံ ရင်တွေခုန်ခဲ့ရစဉ်က ..
.
.
နံနက်စောစောဖြစ်သဖြင့် ကုန်တိုက်ကြီးအတွင်း လူများများစားစား မရှိလှသေး။
.
မိမိက ဆိုင်အတွင်းသို့ ဖြတ်ကနဲတစ်ချက်လှမ်းအကြည့်မှာ တောက်ပ၀ိုင်းစက်သော သူ့မျက်လုံး လေးများနှင့် အမှတ်မထင်စွာ ထိခိုက်ဆုံဆည်းသွားကြ၏။
.
သူက မိမိအား နှစ်လိုဖွယ်အပြုံးတစ်ခုပေးလျက် မျှော်လင့်ခြင်းတစ်ရပ် ထားရှိနေပုံရသည်။
.
ဘာရယ်မဟုတ်၊ မိမိက စူးစူးစိုက်စိုက်လေး နောက်တစ်ကြိမ် သူ့ကို ထပ်ပြီးကြည့်မိလိုက်ပြန်ပါ သည်။
.
သည်အခါမှာ သူ့အပြုံးတွင် မျှော်လင့်ခြင်းဒီဂရီမြင့်လာပြီး ဆွဲဆောင်အားရှိလှသဖြင့် ရင်မှာ သိသိ သာသာကြီးခံစားရကာ မလုံမလဲလေးဖြစ်မိလျက် မစ္စတာဘီးန်(Mr Bean) ၏အိုက်တင်ဖြင့် ရှက်ကိုး ရှက်ကန်း မျက်နှာလွှဲလိုက်သောအခါမှာ စောစောကမမြင်ခဲ့မိသော ဆိုင်ထဲကဆိုင်းဘုတ်ကြီးကို ’ဘွား’ကနဲ တွေ့ရပြီးသကာလ တစ်ရှက်က နှစ်ရှက်ဖြစ်ရလေတော့၏။
Customised hair treatments for various hair loss problems.
.
.
သတိ၊ နောက်ပြောင်ခြင်း ထိပ်ပြောင်ခြင်း သည်းခံကြပါ ဗျာတို့။









Sunday, March 29, 2015

မစ္စတာလီကွမ်းယူ သို့မဟုတ် လောကနိဗ္ဗာန်နိုင်ငံကို တည်ဆောက်ခဲ့သူ



၁၃၇၆ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက်၊




မစ္စတာလီကွမ်းယူ သို့မဟုတ် လောကနိဗ္ဗာန်နိုင်ငံကို တည်ဆောက်ခဲ့သူ






၁၉၉၀ ခုနှစ်မှာ စင်ကာပူနိုင်ငံသို့ မိမိနေဖြင့် ပထမဦးဆုံးရောက်လာခဲ့ရာ လေဆိပ်ကစပြီး လမ်းများ၊ ကား များ၊ mrt ရထားများနှင့်ဘူတာရုံများ၊ တိုက်တာများ၊ ဈေးများ၊ ကုန်တိုက်ကြီးများ၊ လ၀က စာတိုက် ဘဏ် နှင့်ရုံးဌာနများကို တွေ့ရမြင်ရသည့်အပြင် စည်းစနစ်ကျမှု၊ သန့်ရှင်းစိမ်းစိုမှု၊ လျင်မြန်တိကျသေသပ်စွာလုပ် ကိုင်မှု အစရှိသည်များကို မယုံကြည်လောက်အောင် ကိုယ်တိုင် ဆက်ဆံကြုံတွေ့ရသောအခါ တတိယကမ္ဘာမှရောက်လာခဲ့သူတစ်ဦးအနေဖြင့် ရင်သပ်ရှုမောဖြစ်ခဲ့ရ၏။

မိမိ စင်ကာပူနိုင်ငံကိုရောက်သည့် ပထမတစ်နှစ်မပြည့်မီလေးတွင် စင်ကာပူနိုင်ငံ၏ပထမဦးဆုံးဝန်ကြီးချုပ် ဖြစ်သူ မစ္စတာလီကွမ်းယူ ရာထူးမှအနားယူလေသည်။ သို့သော် ထိုနှစ်က  ၀န်ကြီးချုပ်အနေဖြင့် သူ၏ နောက်ဆုံးအမျိုးသားနေ့မိန့်ခွန်း (National Day Rally Speech) အား နားထောင်ခွင့်ရလိုက်ပါသည်။ 

သူ၏ ယင်းမိန့်ခွန်းကို နားထောင်ရသောအခါ နိုင်ငံခေါင်းဆောင်ကောင်းတစ်ဦး၏ အနှစ်သာရရှိပြီး လက် တွေ့ကျသော နိုင်ငံ့အရေးသုံးသပ်ပြောဟောမှုကို များစွာလေးစားခဲ့မိ၏။ သူ၏ အားမာန်ရှိပြီး ပြတ်သား သော စကားလုံးများ (no-nonsense, pragmatic attitude and approach) ကို နှစ်သက်ခဲ့မိ၏။ 

၁၉၆၅ ခုနှစ်မှ ၁၉၉၀ ခုနှစ်အထိ ၀န်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့သော မစ္စတာလီကွမ်းယူသည် ကမ္ဘာ့ သက်တမ်းအရှည်ဆုံး ၀န်ကြီးချုပ်ဖြစ်ခဲ့ပါသည်။ 

ဤသို့ဖြင့် မိမိသည် စင်ကာပူနိုင်ငံတွင် အလုပ်လုပ်နေထိုင်ရင်း မိမိ ရောက်ခဲ့ဖူး၊ ဖတ်ခဲ့ဖူး၊ ကြားသိခဲ့ဖူးသော နိုင်ငံများဖြင့် ချိန်ထိုးတွေးတောစဉ်းစားမိကာ စင်ကာပူနိုင်ငံသည် အမှန်တော့ ကမ္ဘာမြေပြင်ပေါ်က လောက နိဗ္ဗာန်နိုင်ငံလေးပင်ဖြစ်နေသည်ဟု ယုံကြည်ခံစားတွေးတောမိပါလေသည်။

လောကနိဗ္ဗာန်၏အဓိပ္ပာယ်ကို မြန်မာစာအဖွဲ့ဦးစီးဌာနမှထုတ်ဝေသည့် မြန်မာ-အင်္ဂလိပ်အဘိဓာန် တွင် အင်္ဂလိပ်ဘာသာဖြင့် paradise on earth ဟု အနက်ဖွင့်ထားပါသည်။

ဒါ့အပြင် မစ္စတာလီကွမ်းယူသည် သွက်လက်ချက်ချာပြီး တတ်သိလိမ်မာသော စည်းကမ်းရှိသော တန်ဖိုး မဖြတ်နိုင်သော ပညာတတ်နှင့်ကျွမ်းကျင်သူ လူသားအရင်းအမြစ်အမြောက်အများကိုလည်း မွေးထုတ် ပေးခဲ့ပါသေးသည်။ 

အာရှနိုင်ငံများ၏ အထင်ကရ ကြယ်ကြီးတစ်ပွင့်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံရေးနည်းဗျူဟာဂုရုကြီးလည်းဖြစ်သော မစ္စတာလီကွမ်းယူ ကောင်းရာသုဂတိသို့ ရောက်ပါစေဟု လေးစားစွာဆုတောင်းမိပါသည်။



  • Hsu Hsu Tin အမှန်ပါပဲ အန်ကယ် . သူလိုလူမျိုးနောက်တယောက်ထပ်ပေါ်ဖို့ဆိုတာဘယ်လောက်စောင့်ရဦးမလဇဲမသိဘူး
    20 hrs · Unlike · 1
  • Tin Maung Aye အလွန်ရှားပါတယ်။ တစ်ခါတစ်ခါမှာ သူ့နေရာကနေ၀င်ပြီး တွေးကြည့်မိလို့ ၀မ်းသာပီတိဖြစ်မိရတယ်။ ရွံ့ ညွံထူပြောတဲ့ တံငါသည်နိုင်ငံလေးကနေ နှစ် ၅၀ မကြာလိုက်ပါပဲ ပထမကမ္ဘာအဆင့် (First World Economy)ဖြစ်လာတဲ့အထိ ခုန်ပျံကျော်လွှားတိုးတက်အောင် လုပ်နိုင်ခဲ့တာ အံ့မခန်းပါ။ နောက်ပြီး သူလုပ်ခဲ့တဲ့အသီးအပွင့်တွေကို သူ အသက် ၉၁ နှစ်ရှိတဲ့အထိ စိတ်တိုင်းကျမြင်တွေ့သွား နိုင်ခဲ့တာ။ ကုသိုလ်ထူးလိုက်တာ။ ဘုန်းကြီး ပြီး အသက်ရှည်တာ။ သူ့လိုလူပုဂ္ဂိုလ်မျိုး နောက်တစ်ဦး ကမ္ဘာမှာ ပေါ်လာဖို့ မလွယ်ဘူးလို့ ထင်မိပါတယ်။
    19 hrs · Like · 4
  • Thin Moe ဟုတ်ပဆရာရယ် ကွာပါ့
    19 hrs · Unlike · 1
  • Myat Yu Mon Htay ဒီလိုလူမျိုးတွေ မြန်မာနိုင်ငံမှာဘာကြောင့်ရှိခွင့် မရပါလိမ့်နော် 
    17 hrs · Unlike · 1