"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Showing posts with label Physiotherapy. Show all posts
Showing posts with label Physiotherapy. Show all posts

Tuesday, October 25, 2011

Physiotherapists Contribute in Global Health

ယခုနှစ် 'ကမ္ဘာ့အကြောအဆစ်ကုပညာရပ်နေ့' (World Physical Therapy Day)ကို ယခင်နှစ်များက အတိုင်းစက်တင်ဘာလ ၈ ရက်နေ့က နိုင်ငံအသီးသီးတွင် သိုက်သိုက်ဝန်းဝန်း ကျင်းပခဲ့ကြသည်။ ယင်း သို့ကျင်းပရာ၌ လူများ၏ကျန်းမာရေး လှုပ်ရှားသွားလာရေးနှင့်အမှီအခိုကင်းရေးတို့အတွက် အကြောအ ဆစ်ကုပညာရှင်များ အနေဖြင့် မည်သို့ပညာပေးလမ်းညွန်လျက်ရှိကြောင်းနှင့် မည်သို့ကုသပေးလျက်ရှိ ကြောင်းများကို အသိပေးရန် အခွင့်အလမ်းရလေသည်။ 

အောက်တွင်ဖော်ပြထားသည့် သတင်းမှာအောက်တိုဘာလထုတ် WCPT News တွင်ပါရှိသည့် ဆွစ်ဇာ လန်နိုင်ငံမှ အကြောအဆစ်ကုပညာရှင်များ၏ 'ကမ္ဘာ့အကြောအဆစ်ကုပညာရပ်နေ့'ဆိုင်ရာ ပညာပေး လှုပ်ရှားမှုတစ်ရပ်ဖြစ်လေသည်။ တစ်နည်းဆိုရသော် အကြောအဆစ်ကုပညာရှင်များ၏ ကျန်းမာရေးဆိုင် ရာ လူထုလှုပ်ရှားမှုအသွင်တစ်ရပ်ပင် ဖြစ်ပါလေ၏။




 

 

 

 

 

 

From helplines to walkathons... world day draws massive support

Swiss physical therapists provide back care to passers-by in their Physiobus, which began a tour through Switzerland on World Physical Therapy Day.

Hundreds of physical therapists (physiotherapist) raised awareness of the contribution they make to global health on World Physical Therapy Day, 8th September. They organised everything from roadshows to seminars, from quizzes to helplines, from walkathons to public demonstrations, taking up WCPT’s “Movement for Health” theme and showing the world how to combat disease through exercise.

Some WCPT member organisations report massive participation. In the UK, physical therapists organised activities in 150 workplaces, urging employees to “workout at work”. 

The Legitimerade Sjukgymnasters Riksförbund reports around 450 World PT Day activities occuring in Sweden, and in Nigeria, 25 out of 36 state chapters of the Nigeria Society of Physiotherapy organised events.

This year WCPT encouraged member organisations to highlight non-communicable diseases such as cardiovascular disease, diabetes and cancer in the light of the high level meeting about these diseases held at the United Nations General Assembly in mid-September.

There are full reports on the high level meeting and World PT Day activities in this issue of WCPT News.

Saturday, June 18, 2011

ကမ္ဘာ့ကြောအဆစ်ကုညီလာခံခရီး

WCPT Congress

ကမ္ဘာ့အကြောအဆစ်ကုညီလာခံဆိုတာ World Confederation for Physical Therapy Congress (WCPT Congress) ကို ပြောတာပါ။

Physical Therapy နဲ့ Physiotherapy ဆိုတဲ့ ဝေါဟာရနှစ်လုံးဟာ စာလုံးပေါင်းကွဲနေပေမယ့် အဓိပ္ပါယ် က အတူတူပဲဖြစ်တယ်။ "အကြောအဆစ်ကုပညာရပ်"လို့ အဓိပ္ပါယ်ထွက်ပါတယ်။  WCPTဟာ တစ်ကမ္ဘာ့ လုံးက နိုင်ငံအသီးသီးမှာရှိကြတဲ့ အကြောအဆစ်ကုပညာရှင် (Physiotherapist/Physical Therapist) များကို ကိုယ်စားပြုထားတဲ့ တစ်ခုတည်းသော အဖွဲ့အစည်းကြီးဖြစ်တယ်။ ဒီအဖွဲ့အစည်းကြီးကို ၁၉၅၁ ခု နှစ်က စတင်ဖွဲ့စည်းခဲ့ပြီး အင်္ဂလန်မှာရုံးစိုက်ထားခဲ့တယ်။ အသင်းဝင်နိုင်ငံပေါင်း ၁၀၆နိုင်ငံမှ အသင်းသား အကြောအဆစ်ကုပညာရှင် သုံးသိန်းကျော်ရှိပါတယ်။
 
အကြောအဆစ်ကုညီလာခံကြီးကို WCPTက ဦးစီးဦးရွက်ပြုလို့ လေးနှစ်မှာတစ်ကြိမ် ကျင်းပပေးပါတယ်။
နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့မှာ ယခုတစ်ကြိမ်ကျင်းပမယ့် ညီလာခံက (၁၆)ကြိမ်မြောက်ဖြစ်တယ်။ ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့မှာ ၂၀၀၇ ခုနှစ်ကကျင်းပခဲ့တဲ့ (၁၅)ကြိမ်မြောက်ညီလာခံကမှစပြီး စာရေးသူ တက်ရောက်ဖူးတာပါ။ အဲဒီလိုတက်ဖြစ်ရတဲ့အကြောင်းကတော့ ဖင်လန်နိုင်ငံရှိ HURကုမ္ပဏီကြီးမှချီးမြှင့် တဲ့ ပညာသင်ဆု(Scholarship)ကို ရခဲ့တာကြောင့်ဖြစ်တယ်။

ဒါကြောင့် ယခုနှစ်မှာကျင်းပမယ့်ညီလာခံကို တက်ဖြစ်အောင်တက်ဖို့ ဗန်ကူးဗားမြို့မှပြန်လာတဲ့နေ့ကစ လို့ အားခဲထားခဲ့မိတယ်။ ဘာ့ကြောင့်လဲဆိုရင် ညီလာခံမှာတင်သွင်းခဲ့တဲ့သုတေသနစာတမ်းများဟာ အ လွန်အဆင့်အတန်းမြင့်ရုံမက အသိပညာတိုးပွားလျက် မိမိရဲ့အလုပ်မှာ လက်တွေ့အသုံးချနိုင်တာဖြစ်လို့ ပါ။  လာမယ့်အပတ်မှာပဲ ညီလာခံစတင်တော့မယ်ဖြစ်လို့ စာရေးသူအနေနဲ့ ဒီအပတ်ထဲမှာ ကိစ္စအားလုံး အဆင်သင့်ဖြစ်အောင် လုပ်နေရပါတယ်။ အလုပ်မှခွင့်ယူထားတာကြောင့် မိမိရဲ့လက်ရှိအလုပ်တွေကို ရှင်း ထားခဲ့ရသေးတယ်။ ဟိုဖက်က ကိစ္စတွေကိုတော့ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလကတည်းက စပြီးလုပ်ခဲ့ရတာဖြစ် တယ်။ လေယဉ်လက်မှတ်နဲ့ဟိုတယ်ကိစ္စတွေကိုတော့ ပြီးခဲ့တဲ့သုံးလက စီစဉ်ခဲ့ရတယ်။

ညီလာခံက လေးရက်ကြာမှာဖြစ်ပြီး သုတေသနစာတမ်းဖတ်ကြားတင်သွင်းခြင်း၊ ပိုစတာပြသတင်ဆက် ခြင်း၊ အတွေ့အကြုံဆွေးနွေးဖလှယ်ခြင်းနှင့် ပညာပေးသင်တန်းများ စုစုပေါင်း ၁၄၀ (140 sessions)ရှိ တဲ့အပြင် တက်ရောက်ကြသူပေါင်း ၅၀၀၀ ရှိပါမယ်တဲ့။ ပြီးခဲ့တဲ့  ဗန်ကူးဗားမြို့မှာတုန်းက ညီလာခံတက် ရောက်ကြသူပေါင်း ၃၅၀၀ ကျော်ပဲရှိခဲ့တာပါ။ ဒါကိုတောင် စာရေးသူက များလှပြီလို့ အောက်မေ့ခဲ့မိသေး တယ်။   

အဖေ ခရီးသွားမယ်ဆိုတော့ လွန်ခဲ့တဲ့သုံးလေးလလောက်ကတည်းက  သမီးဖြစ်သူက အဖေအတွက် သားရေလက်ဆွဲအိတ်ကောင်းကောင်းကို သူ့ဝင်ငွေနဲ့ ၀ယ်ပေးပြီး သားဖြစ်သူကလဲ သူရဲ့အနုပညာလုပ် ငန်းကရတဲ့ငွေနဲ့ သားရေပိုက်ဆံအိတ်လှလှလေး ၀ယ်ပေးခဲ့ပါတယ်။  ဇနီးဖြစ်သူကတော့ခင်ပွန်းဖြစ်သူ ခရီးသွားတိုင်း လိုတဲ့ပစ္စည်းတွေအမြဲဝယ်ပေးနေရတာမို့ အ၀တ်အစား၊ ခရီးသွားအိတ်ကအစ သွားတိုက် ဆေးအဆုံး လိုလေသေးမရှိအောင် ပြင်ဆင်ပေးနေကြပါ။   

ဆက်ပြီးရေးပါဦးမယ်။ 

၂၆ ဇွန်
မနေ့မနက် (ဇွန်လ ၂၅ ရက် (စနေနေ့) ၉ နာရီခွဲမှာ နယ်သာလန်မှစင်ကာပူသို့ ပြန်ရောက်ခဲ့ပြီမို့ ညီလာခံ ခရီးအတွေ့အကြုံတွေကို ဆက်ပြီးရေးသွားပါမယ်။

ခရီးအစ

ချန်ဂီလေဆိပ်တွင် အမှတ်တရ။


ဇွန်လ ၁၉ ရက် (တနင်္ဂနွေ)နေ့ ညနေ ၇ နာရီလောက်မှာ အိမ်ကနေ ချန်ဂီလေဆိပ်ကို တက္ကစီနဲ့သွားခဲ့ကြ တယ်။ ဇနီးနဲ့သမီးက လိုက်ပို့ကြတာဖြစ်တယ်။ လေဆိပ်ကိုရောက်တော့ အိမ်ကဘာမှမစားလာခဲ့ရတာမို့ check-in စောစောလုပ်ပြီး ပရာနာကန်(Peranakan)စားသောက်ဆိုင်မှာ မိသားစုညစာစားကြတယ်။ ပြီး တော့ အဖေနဲ့အမေကိုသမီးက အမှတ်တရဓါတ်ပုံလေးရိုက်ပေးတယ်။  

လေယဉ်က ည ၉ နာရီ ၁၅ မိနစ်မှာမှ ထွက်မှာဖြစ်ပေမယ့် ဇနီးနဲ့သမီးတို့ အိမ်ပြန်တာ မိုးမချုပ်ရအောင်  လေဆိပ်ထဲကို ခပ်စောစောပဲ ၀င်ခဲ့တယ်။ အထဲရောက်တဲ့အခါ အချိန်စောနေသေးတာမို့ ကျောပိုးအိတ်နဲ့ လက်ဆွဲအိတ်ကို တွန်းလှည်းလေးပေါ်တင်ပြီး ဈေးဆိုင်တွေလျောက်ကြည့်ရင်း အချိန်ဖြုံးရတယ်။ ခဏ ကြာတော့ ခြေညောင်းလာလို့ လေယဉ်ခရီးသွားခန်းမ(departure room/boarding lounge)ထဲ ၀င်ထိုင် ရင်းနားလိုက်တယ်။ စင်ကာပူကနေကွာလာလန်ပူကို လေယဉ်ကတစ်နာရီအပြည့်တောင် မမောင်းလိုက် ရပါဘူး။ တစ်အောင့်လေးနဲ့ရောက်သွားခဲ့တာ။  ကွာလာလန်ပူမှာလေယဉ်ပြောင်းစီးပြီး ၁၂နာရီကြာတော့ အမ်စတာဒမ်ကို ဒေသစံတော်ချိန်နံနက် ၇ နာရီ (စင်ကာပူစံတော်ချိန် နေ့ခင်း ၁ နာရီ)တွင် ရောက်သွား ခဲ့တယ်။ လေယာဉ်မှူးက အပူချိန် ၁၄ ဒီဂရီစင်တီဂရိတ်ရှိကြောင်း ကျေညာပါတယ်။

အမ်စတာဒမ်ကိုရောက်တဲ့နေ့မနက်က Schiphol လေဆိပ်မှာအမှတ်တရ။

Schiphol လေဆိပ်က အတော်လေးကိုကြီးပေမယ့် ခရီးသွားတွေနဲ့ အပြည့်ပါပဲ။ ဟိုမေးဒီမေးလုပ်ရင်း ရထားလက်မှတ်ရောင်းတဲ့နေရာကို ရောက်သွားခဲ့တယ်။ လက်မှတ်ဝယ်ပြီးတော့ လေဆိပ်အောက်ထပ် မှာရှိတဲ့ ဘူတာရုံကို စက်လှေကားနဲ့ဆင်းရတယ်။ Central Stationဘူတာကြီးကိုသွားမယ့် နှစ်ထပ်ရ ထားကြီးဆိုက်လာတဲ့အခါ အထဲကခရီးသည်တွေ ထွက်လာလိုက်ကြတာ ကုန်ပဲကုန်ပါဦးမလား အောက် မေ့ရတယ်။ 


အမ်စတာဒမ်မြို့ဟာ တူးမြောင်းများနဲ့အလွန်လှပတဲ့မြို့အဖြစ် ထင်ရှားပါတယ်။ (Photo - WCPT Congress News)
 
Amstel Botel အမည်ရှိ ရေပေါ်ဟိုတယ်။

အမ်စတာဒမ် Schipholလေဆိပ်ကနေ အမ်စတာဒမ်Central Stationဘူတာကြီးကို မိနစ် ၂၀ လောက် နှစ်ထပ်ရထားကြီးစီးသွားပြီး၊ အဲဒီကနေမှတစ်ဆင့် မိမိတည်းခိုမယ့် Amstel Botel ဟိုတယ်ကို "ကြိုပို့ ရေယဉ်" (ferry)စီးပြီး သွားရပြန်တယ်။ ၁၀ မိနစ်လောက်ပဲကြာတာပါ။      


Central Stationဘူတာကြီးနဲ့ ဟိုတယ်ကို ပြေးဆွဲပေးနေတဲ့ ကြိုပို့ရေယဉ်။

ဟိုတယ်မှာ ပစ္စည်းတွေနေရာချ ရေမိုးချိုးပြီး ညီလာခံကျင်းပတဲ့ Amsterdam RAI Exhibition and Convention Centre ကို ferryနဲ့ရထား အဆင့်ဆင့်စီးပြီး သွားခဲ့ရတယ်။ ညီလာခံကိုရောက်တော့ မှတ်ပုံ တင်ကောင်တာသွားလို့ ညီလာခံအစီအစဉ်စာအုပ်(Programme)နဲ့ အမည်ကဒ်ပြားတွေ ထုတ်ယူရတယ်။ ကမ္ဘာ္ဘ့နိုင်ငံအသီးသီးက ညီလာခံကိုယ်စားလှယ်အတော်များများ ရောက်နှင့်နေကြပါပြီ။

နယ်သာလန်နိုင်ငံရဲ့ အမျိုးသားအရောင်ဖြစ်တဲ့ လိမ်မော်ရောင်လွယ်အိတ်ကလေးတွေကိုယ်စီ လွယ်ကြ ဆွဲကြလို့ ဟိုတစ်စု ဒီတစ်စု ရှိနေကြလေရဲ့။ အားလုံးရဲ့မျက်နှာတွေပေါ်မှာ ပျော်ရွင်မှုနဲ့ တက်ကြွနိုးကြားမှု များ ပေါ်ပေါ်လွင်လွင်ထင်ဟပ်လို့ နေပါတယ်။ 

တစ်ဦးနဲ့တစ်ဦး ပြုံးပြကြ၊ လက်ဆွဲနှုတ်ဆက်ကြ၊ မိတ်ဖွဲ့လားမိတ်ဖွဲ့ကြနဲ့ ... ကြည်နူးစရာမြင်ကွင်းများ။ 



ညီလာခံခမ်းမအ၀င်က မုဒ်ဦးမှာ ကိုယ်စားလှယ်များ အမှတ်တရဓါတ်ပုံရိုက်နေကြစဉ်။



ပြူတာရီကို (Puerto Rico)နိုင်ငံမှ ညီလာခံကိုယ်စားလှယ်နှစ်ဦးနှင့် အမှတ်အရ။

အချို့က အချင်းချင်း ရယ်ရယ်မောမောနဲ့ စကားတွေဖောင်ကြလို့။ မိတ်ဟောင်းဆွေဟောင်းတွေ ပြန်တွေ့ ကြတာဖြစ်မှာပါ။ အချို့ကတော့ ညီလာခံအစီအစဉ်စာအုပ်ကိုလှန်လှော်ဖတ်ရှုနေကြလေရဲ့။ အချို့ကတော့ "ဒတ်(ခ်ျ)ကျေးရွာ"လို့ ချစ်စနိုးအမည်ပေးထားတဲ့ခန်းမကြီးထဲမှာ အင်တာနက်သုံးသူသုံး၊ သုတေသနစာ တမ်းအနှစ်ချုပ် ဖတ်သူဖတ်၊ အေးအေးလူလူ စကားစမြီပြောသူတွေပြောကြလို့ ရှိနေကြတယ်။ 


စာရေးသူဟာ ကျယ်ကျယ်ဝန်းဝန်းနဲ့ တိတ်တိတ်ဆိတ်ဆိတ်ရှိတဲ့ "ဒတ်(ခ်ျ)ကျေးရွာ"ထဲမှာ တစ်ခါတစ်ခါ သွားပြီးထိုင်ရင်း အနားယူပါတယ်။ လှလှပပပြင်ဆင်ထားတဲ့ ရောင်စုံကျူးလစ်ပန်းလေးတွေကိုကြည့်ရင်း စိတ်လက်ကြည်နူးခြင်း ဖြစ်ရတယ်။ 


 "ဒတ်(ခ်ျ)ကျေးရွာ"ခန်းမအ၀င်။






ညီလာခံမှတ်ပုံတင်ကောင်တာ
ပိုစတာပြခန်းဆောင်။

ပိုစတာပြခန်းဆောင်ထဲမှာ ပြထားတဲ့ပိုစတာတွေက အရေအတွက်အားဖြင့် ရာဂဏန်းအထိရှိပါမယ်။ ပုံ တွေ၊ ဇယားကွက်တွေ၊ ဂရပ်တွေ၊ ရှင်းလင်းချက်တွေ ရေးထား ပြထားတဲ့အပြင် လူကိုယ်တိုင်ပါ ပြောပြ ပါတယ်၊ မေးခွန်းလဲမေးလို့ရတယ်၊ ဆွေးနွေးလို့လဲရတာမို့ စိတ်ဝင်စားစရာလေ့လာမှတ်သားစရာကောင်း ပါတယ်။ ဒါပေမဲ့ စာရေးသူအနေနဲ့ ပိုစတာပြခန်းဆောင်(Poster and Exhibition)ထဲကို ညီလာခံကျင်းပ တဲ့ ၄ ရက်အတွင်းမှာ တစ်ခေါက်ပဲ ရောက်နိုင်ခဲ့ပါတယ်။ သုတေသနစာတမ်းဖတ်ကြားတင်သွင်းတဲ့ ဒါမှမ ဟုတ် ဆွေးနွေးတင်ပြတဲ့နေရာတွေဖြစ်တဲ့ Platform abstracts, Focused symposia နဲ့ Networking sessions တွေကိုပဲ ဦးစားပေးတက်နိုင်ခဲ့တာဖြစ်ပါတယ်။    

 "ဒတ်(ခ်ျ)ကျေးရွာ"ခန်းမအတွင်းက မြင်ကွင်း။

 တစ်ကျောင်းတည်းကထွက်ပြီး နိုင်ငံအသီးသီးမှာရောက်နေကြတဲ့
ငယ်သူငယ်ချင်းတွေလည်း ပြန်ဆုံကြသတဲ့။
  (Photo - WCPT Congress News)



     
"ဒတ်(ခ်ျ)ကျေးရွာ"ခန်းမက ကျူးလစ်ပန်းပင်
အနားမှာ အေးအေးလူလူစာဖတ်နေတဲ့ 
အာဖရိကမှ ကိုယ်စားလှယ်တစ်ဦး။ 
(Photo - WCPT Congress News)
        



ယခုညီလာခံကြီးရဲ့ ထူးခြားချက်အချို့ကတော့၊ 

၁။ ညီလာခံဖွင့်ပွဲအခမ်းအနားကို နယ်သာလန်နိုင်ငံရဲ့ သမီးတော်မာဂရက် (Princess Margriet) ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ချီးမြှင့်ပေးခြင်း၊

သမီးတော်မာဂရက်မှာ လွန်ခဲ့တဲ့ ၄၁ နှစ် (၁၉၇၀)ကလည်း
ဒီညီလာခံကို အမ်စတာဒမ်မြို့မှာပဲ ဖွင့်လှစ်ပေးခဲ့သေးတာဖြစ်တယ်။
 (Photo - WCPT Congress News)


နယ်သာလန်နိုင်ငံရဲ့ သမီးတော်မာဂရက် (Princess Margriet)အား ကမ္ဘာ့အကြောအဆစ်ကုအဖွဲ့အစည်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမာရီလင်းမော့ဖတ်(ယာအစွန်)နှင့်အတူ ညီလာခံဖွင့်ပွဲနေ့က တွေ့ရစဉ်။ (Photo - WCPT Congress News)




သမီးတော်မာဂရက်က ကျူလစ်ပန်းပင်ကို  ရေလောင်းပေးသည့် အမှတ်လက္ခဏာဖြင့် 
ညီလာခံအား ဖွင့်လှစ်ပေးစဉ်။ (Photo - WCPT Congress News)
စနစ်တကျမြေတောင်မြှောက် ရေလောင်းပေးတော့ လှလှပပနဲ့ဝေေ၀ဆာဆာ ကြီးထွားဖူးပွင့်လာတဲ့ ကျူးလစ်ပန်းဟာ ဒီကနေ့ဖွံ့ဖြိုးတိုးတက်နေတဲ့အကြောအဆစ်ကုဆေးပညာရပ်(Physiotherapy)ကို ဖော်ကျူးရည်ညွှန်းတာပဲ ဖြစ်တယ်။ အကြောအဆစ်ကုဆေးပညာရပ်ရဲ့ အဆင့်အတန်းမြင့်မားလာမှု နဲ့အတူ ဆေးပညာနယ်ပယ်မှာ အကြောအဆစ်ကုပညာရှင်များရဲ့အရေးပါမှုကို တစ်နေ့တစ်ခြား အသိ အမှတ်ပြုခံနေရပြီဖြစ်တယ်။  


လူသားတို့၏စွမ်းအား၊ ချိန်ဆထိန်းကြောင်းနိုင်စွမ်းနှင့်၊ သွယ်ပြောင်းညွှတ်တိမ်းလှုပ်ရှားနိုင်မှုအလှကို ဖော်ကျူးသည့် အံ့မခမ်း ပြကွက်။ (Photo - WCPT Congress News)

"အမ်စတာဒမ်ရွိုင်းစင်တာ"(The Amsterdam RAI Exhibition and Convention Centre)မှာရှိတဲ့ခန်းမ ကြီး(Auditorium)တွင်ကျင်းပတဲ့ ညီလာခံဖွင့်လှစ်တဲ့နေ့က ညီလာခံတက်ရောက်သူတွေများလွန်းလို့ နေ ရာမပေးနိုင်တာကြောင့် အချို့သောကိုယ်စားလှယ်များ မတက်ရောက်နိုင်ပဲ ဖြစ်ခဲ့ရတယ်။ စာရေးသူတက် ရောက်ခဲ့ဖူးတဲ့ကမ္ဘာ့ညီလာခံကြီးတွေမှာ တက်ရောက်သူတွေများလွန်းလို့ နေရာမပေးနိုင်လို့ ဖွင့်ပွဲအခမ်း အနားကို ကိုယ်စားလှယ်အချို့ မတက်ရောက်နိုင်ဘူးဆိုတာ ဒီတစ်ခါပဲကြုံဖူးပါသေးတယ်။ 
ဘာ့ကြောင့်ပါလဲ။

၂။ နိုင်ငံတကာမှ ညီလာခံတက်ရောက်လာကြသူပေါင်း ၅၂၇၄ ဦးရှိခြင်း၊

အိမ်ရှင်နယ်သာလန်နိုင်ငံနဲ့ အင်္ဂလန်နိုင်ငံတွေက ကိုယ်စားလှယ်ဦးရေ ရာဂဏန်းနဲ့ချီပြီး တက်ခဲ့ကြတာ ဖြစ်တယ်။ အာရှကနိုင်ငံတွေထဲမယ်တော့ ဂျပန်က အများဆုံးလို့ ဆိုပါတယ်။ 

၃။ ကမ္ဘာ့အကြောအဆစ်ကုပညာရပ်ဆိုင်ရာအဖွဲ့ကြီးသို့ နောက်ထပ်အသင်းဝင်(၈)နိုင်ငံ ပါဝင်လာခြင်း။ အဲဒီနိုင်ငံတွေကတော့ အာဂျင်တီးနား၊ မကာအို၊ မောရစ်ရှပ်၊ ပါကစ္စတန်၊ ပါရာဂွိုင်း၊ ယူကရိန်း၊ အိုမန်နဲ့ စလိုဗားကီးယားတို့ ဖြစ်ကြတယ်။  

အသင်းဝင်နိုင်ငံအသစ်မှ ကိုယ်စားလှယ်များကို WCPT ဥက္ကဋ္ဌ ဒေါက်တာမာရီလင်မော့ဖတ်နှင့်အတူ တွေ့ရစဉ်။

ဒေါက်တာမာရီလင်းမော့ဖတ်
အမ်စတာဒမ်မြို့မှာ ယခုကျင်းပပြီးစီးသွားခဲ့တဲ့ (၁၆)ကြိမ်မြောက်ညီလာခံနဲ့ ပတ်သက်လို့ ကမ္ဘာ့အကြော အဆစ်ကုအဖွဲ့အစည်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမာရီလင်းမော့ဖတ်က "အခုတက်ရောက်လာကြတဲ့ကိုယ် စားလှယ်တော်တွေထဲက အတော်များများဟာ ဒီညီလာခံကိုပထမဆုံးအကြိမ်တက်ရောက်လာကြတာဖြစ် သလို၊ အချို့ကတော့ ၁၉၇၀ခုနှစ်က အမ်စတာဒမ်မှာ ပထမအကြိမ်ကျင်းပခဲ့တုံးက တက်ရောက်ခဲ့ဖူးသူ တွေဖြစ်ကြတယ်။ ကမ္ဘာ့အကြောအဆစ်ကုညီလာခံကြီးဟာ လေးနှစ်မှာမှတစ်ကြိမ်ပဲကျင်းပတာဖြစ်လို့ တစ်ကမ္ဘာလုံးကအကြောအဆစ်ကုပညာရှင်များ တစ်နေရာထဲမှာ အခုလိုတစ်စုတစ်ဝေးကြီးဆုံတွေ့နိုင် ကြတာမို့ အလွန်ထူးခြားတဲ့အခန်းအနားကြီးဖြစ်ပါတယ်။ ဒီညီလာခံကိုလာကြတယ်ဆိုကတည်းက ကိုယ် စားလှယ်များအနေနဲ့ မိမိတို့အတတ်ပညာနဲ့သက်ဆိုင်ပြီး သိချင်တာတွေ လေ့လာမှတ်သားချင်တာတွေ မေးချင်တာတွေ ဆွေးနွေးတင်ပြချင်တာတွေ ရှိကြမှာ သေချာပါတယ်။ ဒါ့အပြင် မိတ်ဆွေဟောင်းများ မိတ်ဆွေအသစ်များနဲ့လည်း အချိန်ပေးတွေ့ဆုံပြီး အဆက်အသွယ်တွေလုပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါ တယ်"လို့ ပြောကြားတိုက်တွန်းခဲ့တာဖြစ်တယ်။ 


ဆက်ပြီးရေးပါဦးမယ်။

၂၈ ဇူလိုင်



ယခုလထုတ် WCPT Newsသတင်းလွှာမှာ နိုင်ငံအလိုက် အများဆုံးတက်ရောက်ကြတဲ့ ညီလာခံကိုယ် စား လှယ်စာရင်းပါရှိခဲ့တယ်။  နိုင်ငံပေါင်း ၁၀၀ ကျော်မှ အကြောအဆစ်ပညာရှင်ပေါင်း ၅၂၇၄ ဦးတက် ရောက်ခဲ့ ကြတယ် ဆိုပါတယ်။

၁။ အိမ်ရှင် နယ်သာလန်နိုင်ငံမှ ၁၁၅၄ ဦး၊
၂။  ဗြိတိန်မှ ၃၇၀ ဦး၊
၃။ အမေရိကန်မှ ၃၅၅ ဦး၊
၎။ ဂျပန်မှ ၂၈၅ ဦး၊
၅။ ဂျာမဏီမှ ၂၇၇ ဦး၊ 
၆။ ဘရာဇီးမှ ၂၅၉ ဦး၊
၇။ ကနေဒါမှ ၂၄၆ ဦး၊
၈။ ဆွစ်ဇာလန်မှ ၂၁၃ ဦး
၉။ သြစတေးလျမှ ၂၁၁ ဦး
၁၀။ ဒိန်းမတ်မှ ၁၈၀ဦး။



Sunday, May 8, 2011

နယူးဇီလန်မှ အကြောအဆစ်ကုပညာရှင်များ သင်တန်းပို့ချမည်

၂၀၁၁ ခုနှစ် မေလ ၅ ရက်မှ ၇ ရက်နေ့အထိ ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာရိပ်မြုံတွင် ယခုခေတ် အကြောအဆစ်ကုဆေးပညာရပ်(Physiotherapy)ဆိုင်ရာ တိုးတက်ပြောင်းလဲမှုများအကြောင်းကို နယူးဇီလန်နိုင်ငံမှ အကြောအဆစ်ကုပညာရှင်များ(Physiotherapist)က သင်တန်းပို့ချကြမည်ဖြစ်သည်။

သင်တန်းတက်ရောက်လိုသူများသည် သင်တန်းမှတ်ပုံတင်ကြေးနှင့် စာရွက်စာတမ်းကြေးများကိုသာ ပေးသွင်းရမည်ဖြစ်ပြီး သင်တန်းသား၃၀ဦးကိုသာ လက်ခံမည်ဖြစ်ရာ ကြိုတင်စာရင်းပေးသွင်းနိုင်ပြီ ဖြစ်သည်။

အကြောအဆစ်ကုဆေးပညာရပ်နှင့်ပတ်သက်သောသင်တန်းများကို ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာ ရိပ်မြုံတွင် ၂၀၀၂ ခုနှစ်မှစတင်ပြီး ဖွင့်လှစ်သင်ကြားပေခဲ့ရာ (၉)ကြိမ်ရှိပြီ ဖြစ်သည်။

ရည်ညွှန်း - Weekly Eleven ၂၇ ဧပြီ ၂၀၁၁။

Tuesday, April 5, 2011

မသန်စွမ်းမှုဆိုင်ရာ သုတ ရသမဂ္ဂဇင်း Physiotherapy and Rehabilitation Magazine

Eden Centre for Disabled Children မှာ Managing Director တာဝန်ယူထားသူ ကိုထာအုပ်က သူတို့ရဲ့Centreမှ ထုတ်ဝေတဲ့ မသန်စွမ်းမှုဆိုင်ရာ သုတရသမဂ္ဂဇင်းစာအုပ်များကို စာရေးသူထံသို့
လူကြုံနဲ့ တကူးတကပို့ပေးလို့ ဖတ်ခဲ့ရတာ ကျေးဇူးတင်မဆုံးပါဘူး။ နောက်ပြီး သူက စာရေးသူထံမှ စာမူများတောင်းရင်း သူ့မဂ္ဂဇင်းတွေနဲ့ပတ်သက်တဲ့ အကြံပြုချက်များလည်း တောင်းလိုက်သေးတယ်။

မြန်မာပြည်မှာ အထွေထွေကျန်းမာရေးနဲ့သက်ဆိုင်တဲ့ လစဉ်ထုတ်မဂ္ဂဇင်းဂျာနယ်တွေရှိပေမယ့် မသန်စွမ်းမှု နဲ့ ပြန်လည်ထူထောင်ရေးဆိုင်ရာ (Disability and Rehabilitation) စာအုပ်တွေကတော့ မရှိသလောက်ကို နည်းပါးလှတာ ဖြစ်ပါတယ်။


ဟော အခုတော့၊ "အလင်းသစ်"မဂ္ဂဇင်းက အဲဒီကွက်လပ်ကလေးကို တစ်ခန်းတစ်ကဏ္ဍ ဖြည့်ဆည်း ပေးလိုက်ပါပြီ။ အားလုံးသိကြပြီးဖြစ်တဲ့အတိုင်းပါပဲ၊ မသန်စွမ်းမှုကို ယေဘုယျအားဖြင့် နှစ်မျိုးနှစ်စား ခွဲခြားပြောနိုင်ပါတယ်။ ပထမတစ်မျိုးက ရုပ်ပိုင်းမသန်စွမ်းမှု(Physical disability)ဖြစ်ပြီး ဒုတိယ
အမျိုးအစားကတော့ စိတ်ပိုင်း(Mental) သို့မဟုတ် ဉာဏ်ရည်ပိုင်း(Intellectual) ချွတ်ယွင်းမှု (မသန်စွမ်းမှု) ဖြစ်ကြတယ်။

မြန်မာစာဖတ်ပရိသတ်များဟာ များသောအားဖြင့် ရုပ်ပိုင်းမသန်စွမ်းမှုများကိုသာ သိရှိမှုများပြီး၊ စိတ်ပိုင်း (Mental) သို့မဟုတ် ဉာဏ်ရည်ပိုင်း(Intellectual) ချွတ်ယွင်းမှု (မသန်စွမ်းမှု)များအကြောင်းကိုမူ
နားလည်သိရှိမှု နည်းပါးကြတာဖြစ်တယ်။ သို့အတွက် စာရေးသူက မိမိရဲ့အနှစ်(၂၀)ကျော် ဉာဏ်ရည်နိမ့်မသန်စွမ်းကုသမှု အတွေ့အကြုံများအပေါ် အခြေခံလျက် အလင်းသစ်မဂ္ဂဇင်းတွင် ဉာဏ်ရည်နိမ့်မသန်စွမ်းမှုဆိုင်ရာဆောင်းပါးများ ရေးသားပေးပို့သွားမှာဖြစ်တယ်။
 


Monday, April 4, 2011

အကြောအဆစ်ကုဆေးပညာရပ်ဆိုင်ရာ မြန်မာ့ရှေ့ဆောင်လမ်းပြများ

နောက်တန်း (၀ဲမှ)ဦးဝင်းထိန်(အမေရိကန်နိုင်ငံ)၊ ဦးသာဇံ၊ ဦးစိုးလွင်၊ ဦးမြင့်လွင်၊ ဦးအောင်ချိန်(စင်ကာပူနိုင်ငံ)၊ 
ဦးဇော်ဝင်း၊ ဦးထွန်းအောင်ဇံ၊ ဦးငွေလှိုင်၊ ဦးခင်မောင်လွင်၊ ဦးထွန်းမြင့်၊ ဦးစောကယ်(လ်)ဗင်(စင်ကာပူနိုင်ငံ)၊ 
ဦးသိန်းလွင်၊ ဦးမောင်မောင်(သြစတေးလျနိုင်ငံ)။၊
အလယ်တန်း (၀ဲမှ)မစ္စတာပိ(တ်)၏သမီး၊ ဒေါ်မြင့်ပြုံးဦး၊ မစ္စတာပိ(တ်)၏ဇနီး၊ မစ္စတာပိ(တ်)- ကနေဒါနိုင်ငံ၊ 
ဒေါ်ခင်ခင်ထွေး(အမေရိကန်နိုင်ငံ)၊ ဒေါ်လဲ့လဲ့ဆွေ(စင်ကာပူနိုင်ငံ)၊ ဒေါ်သွယ်သွယ်အေး(သြစတေးလျနိုင်ငံ)။ 
ရှေ့တန်း(၀ဲမှ)ဦးဂျဲရယ်စ၀်(သြစတေးလျနိုင်ငံ)၊ ဦးတင်အောင်။
 
အထက်ကဓါတ်ပုံလေးကို ဆရာဦးစောကယ်(လ်)ဗင်ထံမှ စာရေးသူ မနေ့က ရရှိခဲ့တာဖြစ်တယ်။ သူက အီးမေးဖြင့် 
ပို့ပေးလိုက်တာ။ သူ့ဆီကိုတော့ အမေရိကန်မှာရောက်နေတဲ့ ဆရာဦးဝင်းထိန်က ပို့ပေးခဲ့တာလို့ ပြောပါတယ်။ 
 
ဒီဓါတ်ပုံလေးက ရှားပါးဓါတ်ပုံတစ်ပုံလို့ ပြောရပါမယ်။ အင်္ဂလန်ကနေပြီး ကနေဒါနိုင်ငံကိုပြောင်းသွားခဲ့တဲ့ 
အကြောအဆစ်ကုပါရဂူ ဒေါက်တာပိ(တ်)ကို သူရဲ့မြန်မာတပည့်များ အတော်လေးစုံစုံညီညီနဲ့ ရိုက်ထားတဲ့ဓါတ်ပုံကို 
ဒီတစ်ခါပဲ တွေ့ဖူးသေးတာပါ။ ဒါကြောင့်မို့လို့ မျိုးဆက်သစ်မြန်မာအကြောအဆစ်ကုပညာရှင်များ(Physiotherapist)
မြင်သိကြားဖူးစေရန် ဖေါ်ပြပေးလိုက်ရတာဖြစ်တယ်။ 

Monday, March 21, 2011

မြန်မာအကြောအဆစ်ကုပညာရှင်များ သင်တန်းဆင်း

ယခုနှစ် ဇန်န၀ါရီလ(၂၇)နေ့ နံနက်က စင်ကာပူအထွေထွေရောဂါကုဆေးရုံကြီး(Singapore General Hospital - SGH)မှာ သင်တန်းဆင်းပွဲတစ်ခုရှိပြီး ဖိတ်ကြားထားလို့ ရောက်သွားခဲ့တယ်။ Advanced Certificate in Physiotherapy နဲ့ Advanced Diploma in Physiotherapy သင်တန်းသားတွေကို အောင်လက်မှတ်ပေးတာ ဖြစ်တယ်။ Advanced Diploma in Physiotherapy က သင်တန်းသား တွေကို စာရေးသူဆီမှာ Clinical attachment ပို့ပေးလေ့ရှိတယ်။

ဘွဲ့လွန်ဆေးဘက်ပညာသိပ္ပံကျောင်း(Postgraduate Allied Health Institute - PGAHI)မှ သင်တန်းညွှန်ကြားရေးမှုး ဒေါက်တာဝေါန်နဲ့ ဓါတ်လှေကားထဲမှာ တွေ့လို့ နူတ်ဆက်ခဲ့ရသေးတယ်။ ရောက်တာ နည်းနည်းလေးစောနေလို့ ကိုယ့်လိုစောစောရောက်လာတဲ့ အငြိမ်းစားဆေးဝါးဗေဒပါမောက္ခ တစ်ဦးနဲ့ လက်ဖက်ရည်သောက်ယင်း စကားစမြည်ပြောဖြစ်ကြတယ်။ မကြာခင်မှာ သင်တန်းဆင်းပွဲ စတော့ အလယ်ခုံတမ်းမှာထိုင်ရန် အသွားမှာ အငြိမ်းစားပါမောက္ခက သူနဲ့အတူ ရှေ့တန်းမှာလာထိုင်ဖို့ ပြောတာနဲ့ ရှေ့မှာပဲ ထိုင်လိုက်ဖြစ်တယ်။ ဓါတ်ပုံတွေရိုက်ဖို့ ကင်မရာယူလာတာ ရှေ့တန်းမှာ ထိုင်နေရလို့ တစ်ပုံမှ မရိုက်ဖြစ်ခဲ့တော့ဘူး။ မနှစ်တုန်းကတော့ အများကြီးရိုက်ဖြစ်ခဲ့တာ။

သင်တန်းဆင်းကြတဲ့အထဲမှာ မြန်မာအကြောအဆစ်ကုပညာရှင်လေးတွေ (Physiotherapist) အတော်များများ အောင်လက်မှတ် တက်ယူကြတာ ၀မ်းမြောက်ဖွယ် တွေ့ခဲ့ရတယ်။ ယခင်က မြန်မာတစ်ယောက်မှ မပါခဲ့ဘူး။

မြန်မာပြည်က စိတ်ဝင်စားတဲ့သူတွေ သိရှိနိုင်အောင် အောက်မှာ အမည်တွေဖော်ပြပေးလိုက်တယ်။

Advanced Diploma in Physiotherapy သင်တန်း
၁။ မလဲ့ယဉ်စိုးမြင့်

့်

Advanced Certificate in Physiotherapy သင်တန်း
၁။ မအေးမြမြအောင်
၂။ မခင်စန္ဒာအောင်
၃။ မမေယုမွန်
၎။ မဖြိုးအိခင်
၅။ မအေးမြတ်စု
၆။ မောင်ဇော်လင်းထွန်း

ဒီသင်တန်းတွေတက်ဖို့ စိတ်ဝင်စားပါက ယခုဘလော့မှာ ဖော်ပြထားသည့်အတိုင်း ဆက်သွယ် လျောက်ထား နိုင်ကြတယ်။ သင်တန်းအတွေ့အကြုံတွေက အကြောအဆစ်ကုဆေးပညာဆိုင်ရာ အသိပညာ အတတ်ပညာတွေကို ခိုင်ခိုင်မာမာရရှိစေမယ့်အပြင်  စင်ကာပူနိုင်ငံ ကျန်းမာရေးဝန်ကြီး ဋ္ဌာနက စစ်ဆးတဲ့ အရည်အချင်းစစ်စာမေးပွဲ (Qualifying Examination - QE) အတွက်လဲ အများကြီး အထောက်အကူပြု့မှာဖြစ်လို့  မကြာခဏဆိုသလို အားပေးတိုက်တွန်းနေရတာဖြစ်တယ်။
   

Thursday, March 17, 2011

ကမ္ဘာ့အကြောအဆစ်ကုညီလာခံ ၂၀၁၁

လေးနှစ်ဆိုတဲ့ ကာလဟာ မကြာလိုက်သလိုပဲ။


အမ်စတာဒမ်မြို့







လာမဲ့ ဇွန်လဆိုယင် ၁၆ကြိမ်မြောက် ကမ္ဘာ့အကြောအဆစ်ကုညီလာခံ(16th World Confederation for Physical Therapy Congress)ကို နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့မှာ ကျင်းပတော့မှာဖြစ်တယ်။ ဒီညီလာခံက လေးနှစ်ကြာမှ တစ်ကြိမ်ပဲ ကျင်းပလေ့ရှိတာ။



၂၀၁၁ ခှုနှစ်အတွက် ကြိုတင်ကျေညာခဲ့။
မိမိအနေဖြင့် ၂၀၀၇ခုနှစ်က ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့မှာ ကျင်းပခဲ့တဲ့ ၁၅ကြိမ်မြောက် ကမ္ဘာ့အကြော အဆစ်ကု ညီလာခံကို တက်ခဲ့တာဖြစ်လို့ နောက်တစ်ကြိမ် ပြန်ရောက်လာတာ မြန်သလို ထင်မိတယ်။ အဲဒီတုန်းက အတွေ့အကြုံတွေဟာ မကြာမတင်ကလို့ ထင်နေရတုံးပဲ။ ပြန်ပြောင်းတွေးမိတိုင်း ကြည်နူး အမှတ်ရဆဲပါ။


ဖင်လန်နိုင်ငံရှိ HUR ကုမ္ပဏီကြီးရဲ့ ပညာသင်ဆု (scholarship) ကို ကံကောင်းထောက်မပြီး ရလို့သာ ဗန်ကူးဗား က ညီလာခံကို မိမိ သွားနိုင်ခဲ့တာဖြစ်တယ်။ HUR ကုမ္ပဏီကြီးဆိုတာ ကျန်းမာရေး၊ ပြန်လည်သန်စွမ်းရေးနဲ့ ကိုယ်လက်ကြံ့ခိုင်ရေးဆိုင်ရာ လေ့ကျင့် ပစ္စည်းများကို စနစ်တကျ သုတေသန ပြုပြီး ထုတ်လုပ်လုပ်ပေးနေတဲ့ ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီးဖြစ် ပါတယ်။ HUR ကုမ္ပဏီက အင်္ဂလန်မှာ ရှိတဲ့ ကမ္ဘာ့အကြောအဆစ်ကုပညာရပ် ဆိုင်ရာအဖွဲ့ကြီး (World Confederation for Physical Therapy - WCPT)နဲ့ ညှိနိုင်းတိုင်ပင်ပြီး ပညာသင်ဆု (၂) ဆု ချီးမြှင့်ခဲ့ တာဖြစ်တယ်။ ဒီပညာသင်ဆုကြောင့်သာ မိမိဟာ လေယာဉ်ခ၊ ဟိုတယ်ခ၊ ညီလာခံကြေးနဲ့ နေ့စဉ် ကုန် ကျစရိတ်များအတွက် မပူမပင်ရပဲသွားနိုင်ခဲ့ တာဖြစ်လို့ HUR ကုမ္ပဏီကြီးနဲ့ WCPT တို့ကို ကျေးဇူးတင် မဆုံးပါဘူး။ ရခဲလှတဲ့ဆု ပဲပေါ့လေ။

၂၀၀၇ခုနှစ်က ဗန်ကူးဗားမြို့မှာ ကျင်းပခဲ့တဲ့ ၁၅ကြိမ်မြောက်အကြောအဆစ်ကုညီလာခံဖွင့်ပွဲည။


ညီလာခံနောက်ဆုံးနေ့ကထွက်လာတဲ့ WCPT Congress News စာစောင်က ညီလာခံကိုယ်စားလှယ် များကို သတိပေးလိုက်တာလေးတစ်ခု ရှိပါတယ်။ အဲဒါကတော့ ...

And some final business before you go...

Got a taste for learning more about international physiotherapy issues? Then do put the WCPT website in your bookmarks. www.wcpt.org

If you’ve enjoyed World Physical Therapy 2007, then why not start planning for 2011 in Amsterdam?
The dates for your diary are 17-22 June.

Congress doesn’t end when you take the journey home. Keep on talking, and reflect on what you’ve learned and how you can use your new knowledge.

And most important of all, have a safe journey home.
Thanks for coming and looking forward to the next time... ပါတဲ့။

ဟုတ်ပါတယ်။ 
ညီလခံကရရှိလာခဲ့တဲ့ ပညာရပ်တွေနဲ့ အတွေ့အကြုံတွေကတော့ အလွန်များပြား အသုံးဝင် လှပါတယ်။ ဒီကိုပြန်ရောက်တော့ လုပ်ဖော်ကိုင်ဖက်တွေကို PowerPoint presentation နဲ့ ပြန်လည်ပြောပြ ဝေငှခဲ့ပါတယ်။ 
ညီလခံကရရှိလာခဲ့တဲ့ ပညာရပ်တွေကိုလည်း မိမိရဲ့လုပ်ငန်းမှာ လက်တွေ့အသုံးချနိုင်ခဲ့ပါ တယ်။

ညီလာခံမှ အတွေ့အကြုံတွေကို ပြန်ပြောပြရတာ ပြန်ပြောင်းတွေးတောနေမိရတာတွေဟာ မိမိအဖို့ များစွာနှစ်သက်ရွှင် လန်းစရာတွေချည်းပါပဲ။

ဒါကြောင့်လဲ မှာလိုက်တဲ့ အဲဒီရက်စွဲလေးကို ခေါင်းထဲမှာ စွဲနေအောင် မှတ်ထားဖြစ်ခဲ့ပါတယ်။ 


မေလ ၁၅ ရက် (တနင်္ဂနွေ)မှာ ဆက်ပြီးရေးပါတယ်။
မေလ ၁၁ ရက်နေ့က စင်ကာပူနိုင်ငံအကြောအဆစ်ကုပညာရှင်များအသင်း (Singapore Physiotherapy Association) မှ ၀မ်းသာစရာသတင်းကောင်းတစ်ပုဒ်ကို စာရေးသူထံ အီးမေးဖြင့် အကြောင်းကြားပေးပို့ ခဲ့ပါတယ်။ အဲဒီသတင်းအတိုချုပ်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ 

SINGAPORE TO HOST NEXT WCPT CONGRESS IN 2015

The results are out and we are delighted to announce that we have won the bid to host the WCPT Congress in Singapore in 2011!

ဒီသတင်းကောင်းက စင်ကာပူမှာရှိနေတဲ့ အကြောအဆစ်ကုပညာရှင်များအားလုံးအတွက်သာမဟုတ်မူပဲ အာဆီယံနဲ့ အာရှနိုင်ငံများမှာရှိကြတဲ့ အကြောအဆစ်ကုပညာရှင်များအားလုံးအတွက်ကယ့်မင်္ဂလာ သတင်းကြီးပါ။ ဘာကြောင့်လဲ ဆိုရင် အာရှတိုက်မှာကျင်းပမှာဖြစ်လို့ အားလုံး အကုန်အကျ နည်းနည်းနဲ့ ကမ္ဘာ့အကြောအဆစ်ကုညီလာခံကြီးကို လူများများတက်ရောက်နိုင်ကြတော့မှာ ဖြစ်လို့ပါ။ အထူးသဖြင့် ငွေကြေးအင်အားမတောင့်တင်းတဲ့နိုင်ငံများက အကြောအဆစ်ကုပညာရှင်များအဖို့ ပညာရပ်ဆိုင်ရာ သိန်းဆုကြီပေါက်သလိုပါပဲ။


Sunday, March 13, 2011

အကြောအဆစ်ကုပညာရှင်များ၏ မြတ်ဆရာပူဇော်ပွဲ

 သက်ကြီးပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီ - (၀ဲမှ..) ဦးသန်းစိုး၊ ဦးကြီးမောင်၊ ဦးတင်မြင့်၊ ဦးကိုကိုလေး၊ ဒေါ်အေးအေးအောင်။

          အငြိမ်းစားအကြောအဆစ်ကုပညာရှင်ကြီးများအား ကန်တော့ပစ္စည်းများ ပေးအပ်ကြစဉ်။


အငြိမ်းစားဆရာကြီးများ ပြန်လည်ဆုံတွေ့ကြပြီး စားရင်းသောက်ရင်း ရှေးဟောင်းနှောင်းဖြစ်များ ပြောကြလို့...။
(၀ဲမှ ...  ဦးသိန်းလွင်၊ ဦးဇ်ာဝင်း၊ [ဦးတင်လှိုင်စိုး - ဧည့်ခံနေသူ]၊ ဦးထွန်းအောင်ဇံ၊ ဦးခင်မောင်စိုး)


မြန်မာပြည်မှ အကြောအဆစ်ကုပညာရှင်များက နှစ်စဉ်နှစ်တိုင်း သက်ကြီးပူဇော်ပွဲကျင်းပလေ့ ရှိပါတယ်။
တစ်နှစ်တစ်နှစ် သက်ကြီးပူဇော်ပွဲကျင်းပနိုင်ဖို့ စည်းရုံးဆော်သြရတာ တကယ်က လွယ်ကူလှတာတော့ မ ဟုတ်ပါဘူး။ လူအင်အား လိုတယ်။ ငွေအင်အား လိုတယ်။ နောက်ပြီး ကျင်းပရေးကော်မတီဝင်များအနေဖြင့် စည်းစည်းလုံးလုံး တက်ညီလက်ညီနဲ့ လုပ်ကိုင်ကြဖို့ အရေးကြီးတာ ဖြစ်တယ်။ 

ဒါကြောင့် သက်ကြီးပူဇော်ပွဲကို အောင်မြင်စွာ နှစ်စဉ်ကျင်းပနိုင်အောင် ဦးစီးဦးရွက်ပြု့ ဆောင်ရွက်ကြတဲ့ ကော်မတီဝင်များနဲ့ ၀ိုင်းဝန်းပံ့ပိုးအားပေးကြတဲ့ အကြောအဆစ်ကုပညာရှင်များအားလုံးကို ကျေးဇူးတင် 
လေးစားရပါတယ်။ ဒီအတွက် မိမိအနေဖြင့် တတ်အားသ၍ အဝေးမှ ကူညီပံ့ပိုးပေးနေရခြင်းဖြစ်တယ်။

ယခုနှစ် မြန်မာနိုင်ငံဆရာဝန်များအသင်းတိုက်မှာ ကျင်းပခဲ့တဲ့ သက်ကြီးပူဇော်ပွဲဟာ အတော်လေး အောင်မြင်မှု့ရှိတယ်ဆိုတာ သတင်းကောင်းပါးချင်ပါ တယ်။ မူလက တက်ရောက်မည့်ဦးရေကို (၁၂၀)ဦးလောက်ရှိလိမ့်မယ်လို့ မှန်းထားခဲ့ပေမယ့် (၁၈၀)ဦး တက် ရောက်ခဲ့ကြတယ် ဆိုပါတယ်။ ဒါကြောင့် ပြင်ဆင်ထားတဲ့ အစားအစာတွေ မလောက်မင ဖြစ်သွားရပါသတဲ့။ ကံကောင်းချင်တော့ အနီးအနားမှာ စားသောက်ဆိုင်ရှိနေတာကြောင့် အချိန်မီသွားဝယ်ပြီး အဆင်ပြေအောင် လုပ်နိုင်ခဲ့ကြောင်း သိခဲ့ရတယ်။ အရပ်ဖက် တက္ကသိုလ်/ဆေးရုံတွေကကော၊ စစ်တပ်ဖက် တက္ကသိုလ်/ဆေးရုံ တွေကကော၊ ဟိုမန္တလေးမြို့က တက္ကသိုလ်/ဆေးရုံတွေကပါ လာကြတာဖြစ်လို့ တကယ့်ကို သိုက်သိုက်မြိုက် မြိုက် စည်စည်ကားကားမို့ အားလုံး ၀မ်းသာကြည်နူးမဆုံး ဖြစ်ကြရတယ် ဆိုပါတယ်။ 



စင်ကာပူရောက် မြန်မာအကြောအဆစ်ကုပညာရှင်များမှ ရန်ကုန်တွင် ပြီးခဲ့သော ဖေဖေါ်ဝါရီလ ၂၆ရက်နေ့က ကျင်းပခဲ့သည့် မြတ်ဆရာပူဇော်ပွဲသို့ အလှုငွေကောက်ခံ ပေးပို့လှုဒါန်းစာရင်း။

မှတ်စဉ်
လှုဒါန်းကြသည့် Physiotherapist များ
လှုဒါန်းငွေ (S$)
1
ဒေါ်ဘေဘီသန်းမောင်
100.00
2
ဦးစောကယ်လ်ဗင်
30.00
3
ဒေါ်နီနီဆွေ
30.00
4
ဒေါ်ခင်မေထွန်းချစ်
50.00
5
ဦးလေးဦး
50.00
6
ဒေါ်လှလှအောင်
50.00
7
ဦးချစ်ခိုင်
50.00
8
ဒေါ်ခင်မမ
50.00
9
ဒေါ်ခင်စိုးစိုးရီ
20.00
10
ဒေါ်ကြည်ကြည်အုန်း
50.00
11
ဒေါ်အေးအေးမြင့်
100.00
12
ဒေါ်အေးမြမြအောင်
30.00
13
ဒေါ်နှင်းယုယုခင်
30.00
14
ဒေါ်အေးအေးမော်
25.00
15
ဒေါ်ချောချောစု
100.00
16
ဒေါ်အေးယုံ
50.00
17
ဦးလမင်းမောင်
20.00
18
ဦးမျိုးမြင့်
30.00
19
ဦးသိန်းဝင်း
30.00
20
ဒေါ်ဇင်မင်းအိ
100.00
21
ဒေါ်တင်စန္ဒာဝင်း
50.00
22
ဒေါ်ခင်စန္ဒာအောင်
30.00
23
ဒေါ်သန္တာနွယ်
30.00
24
ဒေါ်မေသဲနှင်း
15.00
25
ဦးဥာဏ်နိုင်
15.00
26
ဒေါ်ဇင်လဲ့ဦး
100.00
27
ဦးမန်းခင်မောင်ကြည်
65.00

စုစုပေါင်း လှုဒါန်းငွေ (S$)
1300.00
28
ဦးတင်မောင်အေး- သက်ကြီးပူဇော်ပွဲကျင်းပရေးကော်မတီ၏ မေတ္တာရပ်ခံချက် အရ အကြောအဆစ်ကုပညာဆိုင်ရာ စာအုပ်(၂)အုပ် ၀ယ်ယူပေးပို့လှုဒါန်း၏။
91.70

လှုဒါန်းငွေတန်ဖိုး စုစုပေါင်း (S$)
1391.70

ကောက်ခံရရှိငွေ စင်ကာပူဒေါ်လာ ၁၃၀၀.၀၀ ကို မြန်မာငွေလဲလှယ်နူန်း ၆၈၅ ကျပ်ဖြင့် လွှဲပြောင်းလျက် ကျပ် ၈၉၀,၅၀၀ (ရှစ်သိန်း ကိုးသောင်း ငါးရာကျပ်)တိတိကို ဦးခင်မောင်ကြည်မှ မြတ်ဆရာပူဇော်ပွဲကျင်းပရေးကော်မတီ အတွင်းရေးမှုး ဦးတင်မြင့်ထံ သို့ ပေးပို့ခဲ့ပါသည်။

ဦးတင်မောင်အေးမှ The Physiotherapist’s Pocket Guide to Exercise – Assessment, Prescription and Training စာအုပ်နှင့် Special Tests in Musculoskeletal Examination – An Evidence-Based Guide for Clinicians စာအုပ်(၂) အုပ်တို့ကို ၄ ဘာသာဂုဏ်ထူးရရှိသည့် စာပေထူးချွန်ကျောင်းသား(၂) ဦးတို့အား မြတ်ဆရာပူဇော်ပွဲနေ့ အခန်းအနားတွင် ဆုချီးမြှင့်ရန် ဦးတင်မြင့်ထံသို့ လူကြုံဖြင့် ပေးပို့ခဲ့ပါသည်။



 ဆရာကြီးဦးထွန်းအောင်ဇံ Chartered Physiotherapist - M.C.S.P [Eng], SRP [UK], Dip T.P [London] မှ နူတ်ခွန်းဆက်စကား ပြောကြားနေစဉ်။


       ဆရာမကြီး ဒေါ်အေးအေးအောင်နှင့် တပည့်အကြောအဆစ်ကုပညာရှင်များ အမှတ်တရ။


     ဆရာ/ဆရာမကြီးများနှင့် မျိုးဆက်သစ် Physiotherapist များ မြတ်ဆရာပူဇော်ပွဲမှာ အမှတ်တရ။


                         ဆရာမကြီး ဒေါ်မြင့်ပြုံးဦးမှ နူတ်ခွန်းဆက်စကား ပြောကြားနေစဉ်။


                           မန္တလေးမှ လာပြီးတက်ရောက်ခဲ့သည့် ဆရာမဒေါ်ဝေေ၀ညွန့်။


                    ဆရာကြီးဦးတင်အောင် (M.A.P.A - Australia) မှ ဆုံးမသြ၀ါဒ ချီးမြှင့်နေစဉ်။ 


      (၀ဲမှ..) ဆရာကြီး ဦးတင်အောင်၊ ဆရာကြီး ဦးခင်မောင်စိုး၊ ဆရာကြီး ဦးထွန်းအောင်ဇံ၊
                ဆရာကြီး ဗိုလ်မှုးထွန်းမြင့်။


                              ဆရာဦးတင်မြင့်မှ စာရင်းရှင်းတန်း ဖတ်ကြားနေစဉ်။


                    MRTV အစီအစဉ်မှ ဆရာကြီးဦးထွန်းအောင်ဇံအား တွေ့ဆုံမေးမြန်းနေစဉ်။

 (၀ဲမှ..) ဦးမြတ်သူဝင်း (ဥက္ကဋ္ဌ၊ ရွှေမင်းသားဖောင်ဒေးရှင်း-မြန်မာ)နှင့် ဦးထာအုပ် (Managing Director -
Eden Centre for Disabled Children)။


         ရန်ကုန်အရိုးရောဂါအထူးကုဆေးရုံကြီးမှ အကြောအဆစ်ကုပညာရှင်များရဲ့ အမှတ်တရ။


အကြောအဆစ်ကုဆေးပညာရပ် (Physiotherapy)တွင် ဂုဏ်ထူး ၄ ဘာသာရရှိလျက် ထူးချွန်စွာအောင်မြင်ခဲ့သူတစ်ဦးကို 
MRTV အစီအစဉ်မှ တွေ့ဆုံမေးမြန်းနေစဉ်။