"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Tuesday, November 25, 2014

မြန်မာပြည်မှ သတင်းများ (နိုဝင်ဘာ - ၂)




၁၃၇၆ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက်၊ 




  •  သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲ








ဓာတ်ပုံများ (ကြေးမုံသတင်းစာ၊ ၂၄ ရက် နိုဝင်ဘာ၊ ၂၀၁၄)



သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲကို ၁၉၈၀ ခုနှစ်ကတည်းက ပြုလုပ်လာခဲ့သည်။ 

ယခုနှစ်တွင် နိုဝင်ဘာလ ၂၃ ရက်နေ့က ၄၄ ကြိမ်ပြည့်မြောက်ခဲ့ပေပြီ။




  • ဘန်ကီမွန်းကို ရခိုင်ပြည်နယ် မြို့ ၅ မြို့မှာ တစ်ပြိုင်တည်းဆန္ဒပြကြပြီ




မစ္စတာဘန်ကီမွန်း (ဓာတ်ပုံ - အင်တာနက်)



ယခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့က နေပြည်တော်တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ကုလ သမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများကို ‘ရိုဟင်ဂျာ’ ဟု ပြောဆို သုံးစွဲခဲ့ခြင်း အပေါ် မကျေနပ်သဖြင့် စစ်တွေ၊ ကျောက်တော်၊ ပေါက်တော၊ မင်းပြားနှင့်မောင်းတောမြို့များတွင် ယခုကဲ့သို့ ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချ ဆန္ဒပြရခြင်းဖြစ်ကြောင်း၊ ရိုဟင်ဂျာအမည်လိမ်ကို ကုလသမဂ္ဂ ၏ တရားဝင် ရုံးသုံးအဖြစ်မှ ပယ်ဖျက်ပေးရန်၊ ARU နှင့် ARNO စသော မျက်နှာဖုံးစွပ်ထားသည့် RSO အကြမ်းဖက်သမား များကို ကုလသမဂ္ဂလူ့အခွင့်အရေးညီလာခံများ သို့တက်ရောက်ခွင့်မပြုရန်၊ တစ်ဖက်နိုင်ငံတွင် လူဦးရေသန်း ၁၆ဝ ခန့်ရှိနေသဖြင့် ကျူးကျော်ဘင်္ဂါလီများကို လူနည်းစုဟူ၍ သတ်မှတ်ခြင်းမပြုရန်နှင့် ကျူးကျော်ဘင်္ဂါလီများ ကို ဒုက္ခသည်အဖြစ် တစ်ဖက်သတ် သတ်မှတ်ကူညီထောက်ပံ့နေသကဲ့ သို့ ဆင်းရဲသောဒေသခံ ရခိုင်တိုင်းရင်း သားများကိုလည်း လုံးဝခွဲခြားမှုမပြုဘဲ မျှတစွာ ကူညီထောက်ပံ့ပေး ရန် စသည့်အချက်များကိုတောင်းဆိုထား သည့် အိတ်ဖွင့်ပေးစာတစ်စောင်ကိုလည်း စစ်တွေလူထုက မစ္စတာဘန်ကီမွန်းထံ ယနေ့ပေးပို့လိုက်ကြောင်း လည်း သိရသည်။






  •  အလှူရေစက် လက်နှင့်မကွာ ဒို့တိုင်းမြန်မာ



 (ကြေးမုံသတင်းစာ၊ ၂၃ ရက် နိုဝင်ဘာ၊ ၂၀၁၄)






  •  ယနေ့ ကုန်ဈေးနှုန်းများ 


 (ကြေးမုံသတင်းစာ၊ ၂၂ ရက် နိုဝင်ဘာ၊ ၂၀၁၄)












Sunday, November 23, 2014

စာဆိုတော်နေ့



၁၃၇၆ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ 



ဒီကနေ့ထုတ် မြန်မာသတင်းစာ ၂ စောင်မှ စာဆိုတော်နေ့နှင့်သက်ဆိုင်သော ဖတ်စရာ မှတ်စရာဆောင်းပါး ၂ ပုဒ်ကို ကူးယူဖော်ပြပေးလိုက်ပါသည်။




ကြေးမုံသတင်းစာ (၂၂ ရက် နိုဝင်ဘာလ၊ ၂၀၁၄)










မြန်မာ့အလင်းသတင်းစာ (၂၂ ရက် နိုဝင်ဘာလ၊ ၂၀၁၄)






















Sunday, November 16, 2014

အမျိုးသားအောင်ပွဲနေ့





၁၃၇၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊




ယနေ့ ၁၃၇၆ ခု တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် (၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်) သည် မိမိတို့ ထာဝရအမှတ်တရရှိနေမည့် မြန်မာနိုင်ငံ၏ (၉၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကြီး ဖြစ်ပါသည်။





 ရွှေတိဂုံဘုရားရင်ပြင်တော် စနေထောင့်အနီးရှိ ၁၉၂၀ ပထမကျောင်းသားသပိတ်ကြီး စတင်မွေး ဖွားခဲ့ရာ ကျောက်တိုင်။
(ဓာတ်ပုံ - အင်တာနက်)




မြန်မာ့အလင်းသတင်းစာ  (နိုဝင်ဘာလ ၁၆ ရက်၊ ၂၀၁၄ ခုနှစ်)











မြန်မာစာသည် ဒို့စာ၊ မြန်မာစကားသည် ဒို့စကား (၁၀)



၁၃၇၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊




မျိုးပြစကားများ - ၂  

သတင်းစာတွင်ပါရှိသော ဆရာမောင်ခင်မင်၏ မျိုးပြစကားများ - ၁ ကို ပြီးခဲ့သောအပတ်က ယခုဘလော့ မှာ ကူးယူဖော်ပြခဲ့ပါသည်။ 
ယနေ့ထုတ်သတင်းစာတွင်ပါရှိသော ဆရာ၏မျိုးပြစကားများ - ၂ ကို ဒီကနေ့ ဆက်လက်ဖော်ပြလိုက်ပါ၏။


အမှတ် ၁ တွင်ရေးသားခဲ့သည့် မျိုးပြစကားများသည် သက်ရှိသက်မဲ့များ၏အကောင်အထည်မရှိသော ဂုဏ် အရည်အသွေးများကို ပြခဲ့ပြီး၊ ယခုအမှတ် ၂ တွင်မူ သက်ရှိသက်မဲ့များ၏ အလေးချိန်များ၊ အတိုအရှည်များ၊ အရွယ်ပမာဏများနှင့် အစိတ်အပိုင်းတို့ကို ဖော်ပြထားသည်မှာ စိတ်ဝင်စား မှတ်သားစရာ ကောင်းလှပေ သည်။  













တိုက်ပုံအင်္ကျီ လုံချည်နှင့် ရှူးဖိနပ်




၁၃၇၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်




(အင်တာနက်မှတစ်ဆင့် ကူးယူဖ်ာပြပါသည်။)





အမေရိကန်သမ္မတ အိုဘားမားကို ဒေါက်တာသန့်မြင့်ဦးက ရန်ကုန်မြို့ ရှိ အတွင်းဝန်ရုံးဟောင်းလိုက်ပြပေးစဉ် မှာ သူက တိုက်ပုံအင်္ကျီနှင့်လုံချည်ကို ၀တ်ထားသည်။ ပြီး ရှူးဖိနပ်စီးထားခဲ့သည်။

ယင်းဝတ်စားဆင်ယင်မှုနှင့်ပတ်သက်ပြီး မနေ့က ဖေ့စ်ဘွတ်မှာ လူငယ်အချို့ က ဒေါက်တာသန့်မြင့်ဦးအား  ဆဲထားကြကြောင်း သိရှိရသည်။


မဖြစ်သင့် မလုပ်သင့်သော ကိစ္စဖြစ်သည်။ 

မြန်မာ့ကိုလိုနီခေတ်သမိုင်းကြောင်းအခြေအနေမှန်ကို မသိကြသဖြင့် အထင်အမြင်မှားခြင်းဟု ယူဆနားလည် မိပါသည်။ 



(အင်တာနက်မှတစ်ဆင့် ကူးယူဖ်ာပြပါသည်။)



ဟိုတစ်ချိန်က ကောလိပ်ကျောင်းသားအချို့  ယင်းသို့ဝတ်စားဆင်ယင်ခဲ့ကြကြောင်း သိရှိရသည်။ ထင်ရှား သောသာဓကအဖြစ် ၁၉၃၅ ခုနှစ်က ထုတ်ဝေခဲ့သော”ကောလိပ်ကျောင်းသား” ဝတ္ထုစာအုပ်မျက်နှာဖုံးကို ကြည့်ခြင်းဖြင့် သိရှိနိုင်လေသည်။ 

မျက်နှာဖုံးပုံထဲမှ ကောလိပ်ကျောင်းသား ၂ ဦးလုံး လုံချည်ဝတ်လျက် ရှူးဖိနပ်ကိုယ်စီ စီးထားကြလေသည်။ 




(အင်တာနက်မှတစ်ဆင့် ကူးယူဖ်ာပြပါသည်။)




အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပင်လျင် ကာလဒေသကိုလိုက်ပြီး ယင်းသို့ဝတ်ခဲ့ဖူးသည်။ 

မိမိငယ်စဉ်က လေ့ကျင့်ခန်းစာအုပ်(Exercise Book) ရှေ့ အဖုံးမှာ ဘိုကေကို ကျော့နေအောင်ဖီးထားလျက် တိုက်ပုံအင်္ကျီနှင့်ဘန်ကောက်လုံချည်တို့ကို ၀တ်ထားပြီး ရှူးဖိနပ်စီးထားသည့်ကောလိပ်ကျောင်းသားပုံအား မျက်စိထဲ ယနေ့တိုင်မှတ်မှတ်ရရ ရှိနေပါသေးသည်။ 

ပုံ၏အောက်မှာ ကောလိပ်ကျောင်းသားဟုပင် ရေးထား၏။


ဒေါက်တာသန့်မြင့်ဦးကိုဆဲခဲ့ကြသောလူငယ်အချို့ သည် ဒေါက်တာသန့်မြင့်ဦး မည်သူဖြစ်သည်ကို သေသေ ချာချာမသိကြသောကြောင့်သာ ယင်းသို့ပြုမူမိသည်ဟု ယူဆရပါသည်။

သူတို့အနေဖြင့် အလွန်ဆုံးသိနိုင်သည်မှာ ဒေါက်တာသန့်မြင့်ဦးသည် ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှုးချုပ်  (၁၉၆၁ မှ ၁၉၇၁ အထိ)ဟောင်း မြန်မာနိုင်ငံသား ဦးသန့်၏မြေးဟူ၍။ 




(အင်တာနက်မှတစ်ဆင့် ကူးယူဖ်ာပြပါသည်။)



သည့်ထက်ပိုပြီး ဒေါက်တာသန့်မြင့်ဦးသည် ၂၀၁၄ ခုနှစ်အတွက် အရွေးခြယ်ခံကမ္ဘာ့ထိပ်တန်းတွေးခေါ်ပ ညာရှင်အဖြစ်လည်းကောင်း၊ ထင်ရှားသော သမိုင်းပညာရှင်အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံ(အထူးသဖြင့် ရန်ကုန်မြို့ ရှိ) ရှေးဟောင်းအမွေအနှစ်အဆောက်အဦများ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဌ အစရှိ သည်တို့အား သိရှိထားကြဟန်မတူပေ။

ကြီးမားသောမြန်မာချစ်စိတ်အပြည့်အ၀ဖြင့် မြန်မာ့အရေးအရာများအား ကိုယ်စွမ်းဥာဏ်စွမ်းရှိသ၍ ကိုယ် ကျိုးမဖက် ဆောင်ရွက်နေသူတစ်ဦးအဖြစ် ထိုက်သင့်စွာလေးစားသောအားဖြင့် ၀ဇီကံကျူးလွန်မိခဲ့ကြသော လူငယ်များအနေဖြင့် မိမိတို့၏အမှားကို သတ္တိရှိရှိ ၀န်ခံတောင်းပန်သင့်ကြပါသည်။   













Wednesday, November 12, 2014

မသန်စွမ်းသူများအတွက် အထူးပညာရေးညီလာခံ



၁၃၇၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊




ညီလာခံကျင်းပသည့် စင်တိုစာကျွန်းပေါ်ရှိ Resorts World Convention Centre ၏ ခန်းမကြီး။




မသန်စွမ်းသူများအား ပညာသင်ကြားပေးသည့်ကျောင်းကို အထူးပညာရေးကျောင်း (Special Education School) ဟုခေါ်ပါသည်။ ထိုကျောင်းများ၏ဖွဲ့စည်းပုံမှာ ယေဘုယျအားဖြင့် ပုံမှန်ကျောင်းများနှင့်တူသော်လည်း မတူညီသည့်အချက်များစွာရှိလေသည်။ 

ဥပမာ သင်ရိုးညွှန်းတမ်းကို ရုပ်ပိုင်းစိတ်ပိုင်းမသန်စွမ်းမှုအခြေအနေများနှင့်ကိုက်ညီအောင် ပြုပြင်ရေးဆွဲရ သည်။ ကျောင်းအဆောက်အဦကိုလည်း မသန်စွမ်းသူများ သွားလာအသုံးချမှုလွယ်ကူစေရန် စီမံဆောက် လုပ်ရသည်။ ဆရာဆရာမများအပြင် စိတ်ပညာရှင်(Psychologist)၊ လူမှုရေးပညာရှင်(Social Worker)၊ အကြောအဆစ်ကုပညာရှင် (Physiotherapist)၊ အလုပ်ပေးကုထုံးပညာရှင် (Occupational Therapist)၊ စကားပြောကုထုံးပညာရှင် (Speech Therapist) များပါ ရှိဖို့လိုလေသည်။  








စင်ကာပူအစိုးရသည် မသန်စွမ်းသူများနှင့်သူတို့၏မိဖများအား တစ်နှစ်ထက်တစ်နှစ် ပိုမိုထောက်ပံ့မှုများ ပေးလျက်ရှိသည်။ ငွေကြေးထောက်ပံ့သည်။ လိုအပ်သောပညာရေးအထောက်အကူပြုပစ္စည်းများ ထောက် ပံ့သည်။ မသန်စွမ်းသူများကို လေ့ကျင့်သင်တန်းပေးနေသည့် အစိုးရမဟုတ်သောအဖွဲ့အစည်းများအားလည်း ထောက်ပံ့ကူညီမှုများ ပိုမိုပေးလျက်ရှိသည်။ ထိုအဖွဲ့အစည်းများမှဝန်ထမ်းများ၏ပညာအရည်အချင်းနှင့်လုပ် ရည်ကိုင်ရည်များ တိုးတက်စေရန် သင်တန်းပေးခြင်း ပြည်ပနိုင်ငံများသို့လေ့လာရေးခရီးစေလွှတ်ခြင်းများ ပြုလုပ်ပေးသည်။ 

ယနေ့ကျင်းပပြီးစီးသွားသည့် အထူးပညာရေးညီလာခံ (Special Education Conference 2014) မှာ အထင်ရှားဆုံးသာဓကဖြစ်သည်။ အထူးပညာရေးကျောင်း ၂၀ တို့မှ ကျောင်းအုပ်ကြီးများ၊ဆရာဆရာမများ နှင့်အတူ စိတ်ပညာရှင်များ၊ လူမှုရေးပညာရှင်များ၊ အကြောအဆစ်ကုပညာရှင်များ၊ အလုပ်ပေးကုထုံးပညာ ရှင်များနှင့်စကားပြောကုထုံးပညာရှင်များ တက်ရောက်ကြသည်။








မိမိသည် ၂ နှစ်တစ်ကြိမ်ကျင်းပလေ့ရှိသော ဤညီလာခံကို တက်ဖြစ်ခဲ့သည်မှာကြာပြီဖြစ်၏။ ညီလာခံတွင် အထူးပညာရေးဆိုင်ရာ အသိပညာအတတ်ပညာအသစ်အဆန်းများနှင့် သင်ကြားနည်းစနစ်များအကြောင်း ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးကြ၏။ အတွေ့အကြုံချင်း ဖလှယ်ကြ၏။ တစ်ချိန်တည်းမှာ ရေတိုရေရှည်ရှေ့  လုပ်ငန်းစဉ်များကို ချမှတ်ကြသည်။ သည့်အပြင် ပြည်တွင်း ပြည်ပမှ ပညာရှင်ကြီးများက ဟောပြောပို့ချခြင်း များ ပြုလုပ်ပါသေးသည်။


တည်ထွင်ကြံဆသင်ကြားပေးရာတွင် ထူးချွန်သည့်ဆရာဆရာမ ၃ ဦးအား ပညာရေးဝန်ကြီးဌာနနှင့်အမျိုး သားလူမှုရေးကောင်စီတို့က Innovation Award ကို ဂုဏ်ပြုချီးမြင့်ပါသည်။   























Tuesday, November 11, 2014

ထီးထမ်းလမ်းလျောက် စင်ကာပူ (၄)




၁၃၇၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊



{{ “ထီးထမ်းလမ်းလျှောက် စင်ကာပူ"တွင် မိမိသည် အလုပ်တစ်ခု မည်မည်ရရမရှိပါပဲ စင်ကာပူမှာ ဟိုသွား ဒီသွားလုပ်ရင်း ဟိုနေရာရောက် ဒီနေရာရောက်ကာ ဟိုတွေ့ဒီတွေ့  အကြောင်းအရာကလေးများအပေါ် မိမိ တွေးမိ ရင်တွင်းခံစားမိသည်တို့ကို ပြောပါမည်။ }}


မိမိ ယခုလုပ်နေသည့်အလုပ်နှင့်သက်ဆိုင်ပြီး အနှစ် ၂၀ အကြာမှာ သံသရာတစ်ပတ်ပြန်ပြီးလည်သည်ဟု ဆိုရပေမည်။

၁၉၉၀ ခုနှစ် စင်ကာပူမှာ အလုပ်စပြီးလုပ်စက အလုပ်လုပ်ရက် ၅ ရက်မှာ တစ်နေ့ကို တစ်နေရာစီ သွားပြီး အလုပ်လုပ်ခဲ့ရသည်။ အကြောအဆစ်ကုပညာရှင် (Physiotherapist) တစ်ဦးတည်းသာရှိသဖြင့် စင်ကာပူ နေရာအနှံ့မှာရှိသော ဥာဏ်ရည်နိမ့်မသန်စွမ်းမှုဆိုင်ရာပညာရေးကျောင်း (Special Education School) ၄ ကျောင်းကို တစ်နေ့တစ်ကျောင်းစီသွားလျက် အကြောအဆစ်ကုသမှုများကို ပြုလုပ်ပေးခဲ့ရသည်။ ငါးရက် မြောက်ဖြစ်သည့် သောကြာနေ့တွင် အဖွဲ့အစည်းရုံးချုပ်ရှိရာသို့သွားပြီး မိမိ၏ရုံးလုပ်ငန်းများကို လုပ်ခဲ့ရ၏။ 

သို့သော် ၁၉၉၃ တွင် မိမိ၏တိုက်တွန်းချက်အရ နောက်ထပ်အကြောအဆစ်ကုပညာရှင် ၃ ဦးကို ထပ်မံခန့် ထားလိုက်သဖြင့် မိမိမှာ တစ်နေရာတည်းမှာသာ အတည်တကျ ခြေငြိမ်စွာလုပ်နိုင်ခဲ့ရတော့သည်။ 

ယခုတစ်ခါ လွန်ခဲ့သော ၂ နှစ်ခန့်မှစပြီး စင်ကာပူနိုင်ငံတွင် ကျန်းမာရေးဝန်ကြီးဌာန၏ဦးဆောင်မှုဖြင့် ဆေး ဘက်ဆိုင်ရာပညာရပ်များကောင်စီ (Allied Health Professions Council- AHPC) ဖွဲ့စည်းပြီးနောက် မှတ် ပုံတင်လက်မှတ်မရရှိသေးသည့် အကြောအဆစ်ကုပညာရှင်များကို ကြီးကြပ်သင်ကြားလေ့ကျင့်ပေးခြင်း (Clinical Supervision) များလုပ်ကြရသဖြင့် မိမိမှာ နေရာအနှံ့သို့ သွားခဲ့ရပြန်ပါသည်။  


ဤသို့ဖြင့် ပြီးခဲ့သည့်သောကြာနေ့က မိမိ၏အလုပ်ရှိရာ Admiralty ဘူတာမှ ရထားစီးလျက် Ang Mo Kio ဘူတာသို့ရောက်ခဲ့၏။ ဘူတာမှထွက်ပြီး ဘတ်စ်ကားမှတ်တိုင်သို့ လျှောက်လာရင်း ဒီနေရာတစ်ဝိုက်မှ အပြောင်းအလဲများကို သတိပြုမိ၏။ 


 AMK Hub (အင်တာနက်မှပုံ)


ဘူတာနှင့်မျက်နှာချင်းဆိုင်နေရာတွင် ဟိုအခါတုန်းက AMK Hub ခေါ် ကုန်တိုက်ကြီး မရှိသေး။ မြေပေါ်က ဘတ်စ်ကားဂိတ်ဆုံးလေးသာ ရှိ၏။ ယခုလို လေအေးစက်တတ်ထားသော မှန်လုံဘတ်စ်ကားဂိတ်ဆုံးကြီး မရှိသေး။ ဘတ်စ်ကားဂိတ်ဆုံးနှင့်ဘူတာကိုဆက်သွယ်ပေးထားသည့် မြေအောက်ဥမင်လမ်းလည်းမရှိသေး။

၁၉၉၀ - ၉၁ခုနှစ်များက မိမိသည် ဒီဘူတာသို့ စနေနေ့တိုင်းရောက်ခဲ့ပြီး သက်ကြီးရွယ်အိုပြုစုစောင့်ရှောက် ရေးဌာန (Ling Kwang Home For Senior Citizens) သို့သွားကာ ကုသိုလ်ဖြစ်အကြောအဆစ်ကုသမှုများ ပြုလုပ်ပေးခဲ့ပါသည်။


Ling Kwang Home For Senior Citizens (အင်တာနက်မှပုံ)


မြန်မာပြည်တွင်ရှိနေသော မိမိ၏မိဖများနှင့်ကွဲကွာနေရသဖြင့် မိဖများ၏ကိုယ်စား ဤဌာနရှိလေဖြတ်လူနာ ဒူးနာလူနာ စသည့်သက်ကြီးရွယ်အိုများအား တစ်ပတ်လျှင်တစ်ကြိမ်  တစ်နှစ်ခွဲခန့် လာရောက်ကုသပေး ခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်ရာ ဒီနေရာတစ်ဝိုက်ကို ကောင်းစွာရင်းနှီးမှတ်မိနေပါသည်။

ဘူတာမှဘတ်စ်ကားစီးပြီး မိမိ ကြီးကြပ်သင်ကြားလေ့ကျင့်ပေးရမည့်နေရာသို့သွားသည့်ခရီးလမ်းမှာ အခြား သောသက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးဌာနတစ်ခုဖြစ်သည့် Singapore Cheshire Home ကို အဝေးမှ မှန်းမျှော်ကြည့်မိသည်။

လွန်ခဲ့သော၃နှစ်ခန့်က စင်ကာပူနိုင်ငံတွင်ကွယ်လွန်သွားခဲ့သော မိမိ၏ကျောင်းနေဖက်သူငယ်ချင်းဖြစ်သူ ဦးသာထွန်းသည် သူ မကွယ်လွန်မီအထိ ဤ Cheshire Home မှာ အလုပ်လုပ်သွားခဲ့ပါသည်။ မိမိသည် Ling Kwang Home ကိုသွားရင်း တစ်ခါတစ်ရံ သူ့ထံသို့ သွားလည်ပြီး စကားစမြည် ပြောလေ့ရှိပါသည်။











Monday, November 10, 2014

မြန်မာစာသည် ဒို့စာ၊ မြန်မာစကားသည် ဒို့စကား (၉ )



၁၃၇၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊



ဆရာမောင်ခင်မင်(ဓနုဖြူ)၏ မြန်မာသတင်းစာပါ “မျိုးပြစကားများ ၁” အမည်ရှိ အောက်ပါဆောင်းပါးသည် မြန်မာစာ မြန်မာစကားများ၏ ဝေါဟာရ အသုံးအနှုန်းကြွယ်ဝမှုများနှင့်သိမ်မွေ့နက်နဲမှုအား ထင်ထင်ရှားရှား ပြဆိုထားပေသည်။ 

အရေအတွက် ၁ ဆိုသည်ကို အဘယ့်ကြောင့် တစ်ဆူ၊ တစ်ပါး၊ တစ်ခု၊ တစ်ကောင်၊ တစ်ယောက် စသဖြင့် အမျိုးမျိုးပြောရ ရေးရသည်၊ နောက်ကွယ်တွင် မည်သို့သောအဓိပ္ပာယ်များ ရှိနေကြသည်တို့မှာ စိတ်ဝင်စား ဖွယ်လည်း ကောင်းလှ၏။

မြန်မာစာ မြန်မာစကားတတ်သူတစ်ဦးအနေဖြင့် ဂုဏ်ယူစရာကောင်းပါသည်။

ဖတ်ကြည့်ကြပါဦးစို့။



































Wednesday, November 5, 2014

နဂိုချောလေးရယ်ပါ




၁၃၇၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက်၊ 







ဒီကနေ့အခါမှာ လူတိုင်းလိုလို၏လက်ထဲမှာ လက်ကိုင်ဖုံးလေးတွေရှိနေကြတာမို့ တစ်ဦးဦးကများ ဓာတ်ပုံ ဒါမှမဟုတ် ဗွီဒီယိုရိုက်ချင်ရင် လွယ်လိုက်တဲ့ဖြစ်ခြင်း။ 

မသိစေရဘူး။ 
ခွင့်မတောင်းဘူး။ 
ကောင်းတာရော ဆိုးတာရော ‘ချက်’ကနဲဆို ပြီးသွားပြီ။ ပါသွားပြီ။  


မယုံမရှိကြပါနဲ့။

ဒီကနေ့မနက်ကပဲ စင်ကာပူက အမ်အာတီ (MRT) ရထားထဲမှာ မိမိကို မိတ်ဆွေတစ်ဦးက မိမိမသိစေပဲ ဓာတ်ပုံရိုက်လိုက်ပြီး WhatsApp နဲ့ မိမိထံ ချက်ချင်းကြီးကို ပို့ပေးခဲ့တယ်။

အဲဒီအချိန်က မိမိသည် လက်ကိုင်ဖုန်းမှာ မြန်မာသတင်းစာဖတ်နေတာ။ 


‘တိန်’ကနဲ ဖုန်းမြည်သံကြောင့် ဖတ်လက်စသတင်းစာကိုရပ်ပြီး ကြည့်လိုက်တော့ WhatsApp မှာ သတင်း ရောက်နေလေရဲ့ ။ နောက်ပြီး ဓာတ်ပုံလေးတစ်ပုံပါ ပါလာသေးတယ်။ 

ဓာတ်ပုံဆိုလို့ ဘယ်သူများ မှတ်လို့တုန်း။ 

မိမိရဲ့ ပုံမှမိမိ အစစ်။ ရထားထဲမှာ ထိုင်နေတာ။ လက်ကိုင်ဖုန်းနဲ့ တစ်ခုခုလုပ်နေတာ။ အသေအချာကြည့် လိုက်တော့ ဒီကနေ့အ၀တ်အစားနဲ့ အခုပုံပါပဲလားဗျ။

အောက်ကရေးထားတဲ့စာလေးကို ဖတ်လိုက်မှ အဖြေက ရှင်းသွားတော့တယ်။

“ခင်ဗျားက လက်ကိုင်ဖုန်းကို တစ်လမ်းလုံး သုံးလာတာပါလား။ ဒါ့ကြောင့် ကျနော်က ခင်ဗျားကို အဝေးကနေ တွေ့နေရပေမယ့် ခင်ဗျားက ကျနော့်ကို မြင်မှမမြင်တာ။ တွေ့ရတာ ၀မ်းသာတယ်ဗျာ။ မင်္ဂလာနံနက်ခင်းပါ။” လို့ မိတ်ဆွေကိုလှဖုန်းမောင်က အင်္ဂလိပ်လို ရေးထားတာ။ 

ဒါနဲ့ မိမိဆင်းမယ့်ဘူတာကိုရောက်ပြီမို့ မတ်တတ်ရပ်ရင်း သူ့ကိုရှာကြည့်လိုက်တဲ့အခါ မိမိနဲ့မျက်စောင်းထိုး မှာထိုင်နေတဲ့ ကိုလှဖုန်းမောင်ကိုတွေ့ရတာနဲ့ “နေကောင်းတယ် မဟုတ်လား။ နောက်မှ တွေ့ကြရအောင်ဗျာ” လို့ နှုတ်ဆက်ပြီး ရထားထဲက ထွက်ခဲ့တယ်။

အလုပ်ကိုရောက်တော့မှ “မင်္ဂလာနံနက်ခင်းပါ ကိုလှဖုန်းမောင်၊ ဓာတ်ပုံလေးက ကောင်းလို့ပဲ။ ပို့ပေးတာ ကျေးဇူးပါပဲဗျာ။ ဒါပေမယ့်ဗျာ ကျနော် စိတ်မကောင်းဖြစ်မိတာတစ်ခုကတော့ ဓာတ်ပုံထဲက ကျနော့်အနားမှာ အမျိုးသမီးငယ်ငယ်ချောချောလေး ထိုင်မနေတာပဲဗျ။” လို့ ရယ်စရာလေး ပြန်ပြီးရေးပို့လိုက်တယ်။

ဒီအခါမှာ သူက “ဟား ဟား ဟား၊ ခင်ဗျားအနားမှာ ကုလားကြီး ထိုင်နေတာလေဗျာ။ ဒီတော့ ခင်ဗျားက ခန့်ချောကြီးဆိုတာ ပိုပြီးပေါ်လွင်သွားတာပေါ့။” လို့ ပြန်ရေးလာပါတယ်။ 

ဘာရမလဲ။ ပြန်ပြောလိုက်တာပေါ့။

“ကုလားကြီးနဲ့ယှဉ်ထိုင်နေလို့ ချောတာ မဟုတ်ရပါဘူးဗျ။ နဂိုကတည်းက ချောနေပြီးသားပါ” လို့။












Tuesday, November 4, 2014

ငယ်စဉ်မှာ ကိုယ့်ကိုယ်ကို မညှာမတာခိုင်းကြပါမှ …



၁၃၇၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက်









မကြာသေးမီက ကွယ်လွန်သွားသော စာရေးဆရာကြီး အောင်သင်း၏ အောက်ပါစကားအား သူ အသက်ရှိ စဉ်က မိမိ မကြားခဲ့ဖူးပါချေ။ 

ဆရာကြီးကွယ်လွန်ပြီးနောက် မနေ့တစ်နေ့ကမှ ဖေ့စ်ဘွတ်မှာ ဖတ်ခဲ့ရ၏။


ငယ်ငယ်မှာ
ကိုယ့်ကိုယ်ကို ခိုင်းရတယ်နော်။

ငယ်ငယ်မှာ
ကိုယ့်ကိုယ်ကို မခိုင်းရင်၊

ကြီးလာရင်
သူများခိုင်းတာ 

ခံရတတ်တယ်။ 



ဆရာကြီး၏ ဆုံးမစကားလေးမှာ ရိုးစင်းလှ၏၊ နားလည်လွယ်၏၊ အပိုအဆာမပါပဲ လိုရင်းကို ဒိုးဒိုးဒေါက်ဒေါက် သိမြင်နိုင်စေ၏။ 

ဖတ်ရ ကြားရသူတို့၏ရင်မှာ စွဲညိလွယ်ပြီး အသိတရားကို ရစေနိုင်၏။

ဆုံမစကားလေးမှာ တိုတိုရှင်းရှင်းရှိသော်လည်း ကျင့်ကြံသူများ ရရှိနိုင်မည့်တန်ဖိုးကား ကြီးမားလှ၏။ 

တစ်သက်စာ ဖူလုံသည်ဟုပင် ဆိုနိုင်၏။ 

သို့ဖြစ်ရာ 
လူငယ်များသာမဟုတ်မူပဲ လူရွယ်လူလတ်များပင် အချိန်ရှိခိုက်မှာ အသိတရားနှင့်သတိတရားတို့အား လက်ဝယ်ပြုလျက် စိုက်လိုက်မတ်တတ် လိုက်နာကျင့်သုံးခြင်း ပြုသင့်ကြပါသည်။