"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, February 22, 2014

ရှေးဟောင်းနှောင်းဖြစ်



၁၃၇၅ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက်။ 22 February 2014





မိတ်ဆွေဦးလွင်သိန်း (ယာ)နှင့်စာရေးသူ။ ၂၂ ရက် ဖေဖော်ဝါရီ 



ဦးလွင်သိန်း၏ဇနီး ဒေါ်တင်အေး (ယာ)နှင့် ဒေါ်စိုးစိုးအေး။



ရင်းနှီးတဲ့မိတ်ဆွေဇနီးမောင်နှံနှစ်ဦးက တစ်နေ့က မိမိတို့ဆီကို ဖုန်းဆက်လာခဲ့တယ်။
သူတို့နှစ်ဦးလုံး သားနှင့်သမီးဆီ အလည်လာကြရင်း စင်ကာပူကို ရောက်နေကြတယ်ဆိုတဲ့အ ကြောင်းပါ။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက မိမိတို့ဇနီးမောင်နှံ မြန်မာပြည်ကိုအလည်ပြန်တုန်းက ခင် ပွန်းဖြင်သူ ကိုလွင်သိန်းအား ဖုန်းနဲ့ပဲစကားပြောနိုင်ခဲ့ပြီး အရင်အခေါက်တွေတုန်းကလို လူချင်းမ တွေ့ဖြစ်ခဲ့လို့ တွေ့ချင်နေတာနဲ့ အတော်ဘဲဖြစ်ရတယ်။ နောက်ပြီး ရင်းနှီးကြတဲ့မိတ်ဟောင်းဆွေ ဟောင်းများပီပီ ရှေးဟောင်းနှေင်းဖြစ်တွေလည်း တ၀ကြီး ပြောချင်သေးတယ်လေ။
တကယ်က မိမိတို့ဇနီးမောင်နှံ မြန်မာပြည်ကိုပြန်တဲ့အခေါက်တိုင်းလိုလို သူတို့ဇနီးမောင်နှံနဲ့ရန်ကုန် မှာ အမြဲတွေ့လေ့ရှိကြတာရယ်ပါ။ ကိုလွင်သိန်းကိုတော့ အမြဲလိုတွေ့ရတတ်ပြီး သူ့ဇနီးဒေါ်အေးက အလုပ်နဲ့ခရီးသွားရတာကြောင့် တစ်ခါတရံမှတွေ့ရပါတယ်။ သူတို့လင်မယားနှစ်ဦးလုံးရှိရင် မိမိတို့ ကို ရန်ကုန်က စားသောက်ဆိုင်ကောင်းကောင်းမှာ သွားပြီးကျွေးတတ်ကြပါတယ်။ ဒါကြောင့်မို့ ရန် ကုန်အစားအစာကောင်းများနဲ့ မစိမ်းလှပါဘူး။ 


စင်ကာပူက မြန်မာအိမ်ထမင်းအိမ်ဟင်းများ စားကြရင်း .....။


နောက်ပြီး ကိုလွင်သိန်းက သူ့လုပ်ငန်းအရ စာရေးဆရာတွေ အယ်ဒီတာတွေနဲ့ ဆက်ဆံရင်းနှီးနေတာဖြစ်လို့ စာသမားဖြစ်တဲ့မိမိ၏မိတ်ဆွေအချို့ နဲ့လည်း သိကျွမ်းရင်းနှီးမှုရှိတာဖြစ်ပါတယ်။ ဥပမာ စာရေးဆရာမကြီး ဒေါ် ကလျာ၊ ရွှေကူဒေါ်မေနှင်း၊ ဂုဏ်ထူးစာပေတိုက် စသဖြင့်။   



မကြာသေးခင်ကဘဲ ဒီကျွန်းသာယာဘလော့မှာ “မှတ်မိပါသေးတယ် မော်လမြိုင်ဆေးရုံကြီးကိုကွယ်" ရေးနေ တုန်းကတောင် ကိုလွင်သိန်းကို မှတ်မှတ်ရရကြီး သတိရခဲ့သေးတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ သူ့ကို မိမိ စပြီး သိကျွမ်းရင်းနှီးခဲ့တာက မော်လမြိုင်မြို့ မှာဖြစ်လို့ပါ။ တွေ့ကြတာလည်း ပြည်သူ့ဆေးရုံကြီးမှာ။ မိမိတို့ ဆေးရုံအ သိုင်းအ၀န်းမှာ ကျန်းမာရေးဝန်ထမ်းမဟုတ်ပါဘဲ အပေါင်းအသင်းလာဖြစ်နေတဲ့သူ့ကို မိမိတို့က 'ကျောင်းဆ ရာ'လို့ တစ်ရင်းတနှီးခေါ်ခဲ့ကြတာ။ အဲဒီအချိန်က ကိုလွင်သိန်းသည် ကတိုးကောနှပ်ဖက်မှာ ကျောင်းဆရာလုပ် နေခဲ့တယ်။



မိမိတို့ဆေးရုံအသိုင်အ၀န်းဆိုတာက ဆရာဝန်ကြီးကြီးငယ်ငယ်တွေ၊ သူနာပြုဆရာဆရာမကြီးကြီးငယ်ငယ် တွေ၊ ဆေးဘက်ပညာရှင်များဖြစ်ကြတဲ့ အကြောအဆစ်ကုပညာရှင် (Physiotherapist)၊ ဓာတ်မှန်ဘက် ဆိုင်ရာပညာရှင် (Radiographer)၊ ရောဂါရှာဖွေရေးပညာရှင် (Medical Technologist) နဲ့ ဆေးဝါးဗေဒပ ညာရှင် (Phamacist) များ ဖြစ်ကြတယ်။ ဒါ့ အပြင် အလုပ်သင်ဆရာဝန် လေးတွေလည်း ရှိကြသေးတာ။ မွန်ပြည်နယ် ပြည်သူ့ဆေးရုံကြီးမှာ ကျန်းမာရေးဝန်ထမ်းအားလုံး ရင်းရင်းနှီးနှီးနဲ့ ချစ်ချစ်ခင်ခင်ရှိကြတာမို့ တကယ့်ကို ပျော်စရာကြီးပါ။ 

မိမိ၏ဆေးဝန်ထမ်းသက် ၁၉ နှစ်၊ အနှစ် ၂၀ ကာလအတွင်းမှာ ရန်ကုန်ကနေ နယ်ကို ၆ နှစ်တာမျှ တစ်ကြိမ် သာ ရောက်သွားဖူးပေမယ့် မော်လမြိုင်မှာ ပျော်လိုက်ခဲ့မိတာ ဒီသူတွေအားလုံးကြောင့်ပါ။ 
မော်လမြိုင်မှာ ကောင်းကောင်မွန်မွန်နဲ့ အိမ်ထောင်ရက်သားကျခဲ့တာလည်း ဒီလုပ်ဖော်ကိုင်ဖက်များ၏ ကျေးဇူး နဲ့ကင်းတာမှ မဟုတ်တာပဲလေ။

ဒါကြောင့် မော်လမြိုင်မှာ အကြာကြီးအတူနေခဲ့ကြတဲ့ ကိုလွင်သိန်းနဲ့ ပြောစရာရှေးဟောင်းနှေင်းဖြစ်တွေက တစ်ပုံတစ်ခေါင်းကြီး။

ဒီကနေ့ နံနက် ၁၀ နာရီခွဲမှာ ကိုလွင်သိန်းတို့ကို ဂျူရောင်းအိစ်က ဘတ်စ်ကားင်္ကြီးဂိတ် (Jurong East Inter- change) မှာ သွားကြိုခဲ့တယ်။ ယခင်အခါက မိမိတို့အိမ်ကို ရောက်ဖူးပေမယ့် မမှတ်မိမှာစိုးတာနဲ့ သွားကြို လိုက်တယ်။ စာရေးသူတို့ကားမှတ်တိုင်ရဲ့ ကျောဖက်မှာ တိုက်အသစ်ဆောက်နေတာဖြစ်လို့ ယခင်အခေါက် တွေကနဲ့ မြင်ကွင်းက အများကြီးကို ပြောင်းနေတော့တာ။ သူတို့ ဆင်းရမယ့်မှတ်တိုင်ကို အရင်ကလို အဝေး ကနေ မတွေ့ရတော့ဘူး။ ဟိုတုန်းကဆို မှတ်တိုင်မရောက်ခင်လေးမှာ မှတ်တိုင်ရဲ့ အနောက်ဖက်မှာရှိတဲ့ မျက် ခင်းစိမ်းစိမ်း နဲ့ကွင်းကို အတိုင်သား မြင်ရတယ်။ နောက်ပြီး ဟိုလှမ်းလှမ်းက စီစီရီရီ အုန်းပင်တန်းလေးကို လည်း တွေ့နိုင်သေးတယ်။ တစ်ခါ တိုက်တွေရဲ့ ဘေးမှာ ရေးထားတဲ့တိုက် နံပတ်တွေကိုလည်း ထင်ထင်ရှား ရှားကြီးမြင်ရတယ်။  


အခုတော့ ဒါတွေကို မှတ်တိုင်မရောက်ခင်မှာ ကြိုပြီးမမြင်ရတော့ဘူး။ မှတ်တိုင်ရောက်တော့ တိုက်တွေ အောက်ဖက်မှာ ဟိုကာဒီကာလုပ်ထားတဲ့နေရာတွကို ၀င်္ကဘာလိုရှောင်ရှားပြီး အိမ်ကိုခေါ်ခဲ့ရတယ်။ တိုက် အောက်တစ်နေရာမှာ “နေပါဦးဗျ၊ ခင်ဗျား တခါကပြပေးတဲ့ အုန်းပင်ကလးတွေက ဘယ်မှာလဲ”လို့ ကိုလွင် သိန်းက မေးတာနဲ့ အိမ်ပေါ်ကို မတက်ကြခင် သူတို့ကို တိုက်ရဲ့ အနောက် ဖက်ဆီခေါ်သွားပြီး နောက်လုပ် ထားတဲ့ ကားရပ်နေရာ (car park) အသစ်ကို ပြပေးရတယ်။ ဒီကားရပ်နေရာလုပ်ဖို့အတွက် အုန်းပင်တွေ ကို ခုတ်ပစ်လိုက်တာ။






အိမ်ထဲကိုဝင်တော့ ဒေါ်အေးက ဧည့်ခန်းဖက်က ပန်းခြံ လေး ကိုမြင်ရတာနဲ့ “ကျမက ဘယ်အိမ်ကိုပဲ ရောက်ရောက် သစ် ပင်တို့ ပန်းပင်တို့ဆိုရင် သိပ်ကြိုက်တာ ကြည့်ချင်တာ” လို့ ပြောတာနဲ့ ဇနီးက အိမ်ရှေ့ ဖက်က ပန်း ခြံဆီခေါ်သွားပြီး သူ စိုက်ထားတဲ့အပင်တွေကို ပြပေးတယ်။ 





ကိုလွင်သိန်းကတော့
အရင်တစ်ခေါက်က သူ တွေ့ ထားတဲ့ လိပ်ကလေးတွေကို သံယောဇဉ်ရှိစွာ ကြည့်တော့တာ။ “ဟိုတစ်ခါ ကျနော် လာတုန်းက ငယ်ငယ်လေး တွေ။ အခု အတော်လေး ကြီးကုန်ကြပြီ” လို့ ပြော ပါတယ်။ 









ဟုတ်ပါတယ်။ 
ဒီလိပ်ကလေး လေးကောင်ကို လွန်ခဲ့တဲ့ ၁၃ နှစ်လောက်က အိမ်ကသားလေး ဈေးမှ ၀ယ်လာခဲ့ တုန်းက သေးသေးလေးတွေ။ လက်မလောက်ပဲရှိသေးတာ။ တစ်ထွာလောက် ရှည်ပြီး၊ ၈ လက်မ လောက်အမြင့်ရှိ တဲ့ပလတ်စတစ်ဘူးလေးထဲမှာ ရေစပ်စပ်နဲ့ထည့်ပြီးယူလာခဲ့တာ။ အခုဆို အဲဒီအရွယ်ဘူးထဲမှာ တစ်ကောင် တောင် မဆံ့တော့ဘူး။ 
သူတို့နေတဲ့လိပ်ကန်လေးကို အိမ်ရှင်မက တစ်ပတ် ၂ ကြိမ် ရေလဲပေးရတယ်။ တစ်နေ့ ၂ ခါ အစာကျွေးရ တယ်။ အချိန်တန်လို့ အစာမကျွေးလို့ကတော့ သူတို့ရဲ့ လက်သည်းတွေနဲ့ လိပ်ကန်ကိုကုတ် ခြစ်ပြီး အသံ ပေးတတ်ကြတာ။ 

ပန်းခြံထဲမှာ အမှတ်တရ ဓာတ်ပုံရိုက်ပြီးတဲ့အခါ ယခင်ကလို သားရေးသမီးရေးတွေအပြင် မြေးကလေးတွေ ရဲ့ အကြောင်းကိုပါ ထည့်ပြီးမေးကြရပြီ။ အရင်နောက်ဆုံးအခေါက် တွေ့ကြတုန်းက ဘယ်သူမှ မြေးမရှိကြ သေးဘူး။ အဲ ယခုတစ်ခေါက်မယ်တော့ မြေးကလေးတွေ ဘယ်တုန်းကမွေးတယ်၊ ဘယ်အရွယ်ရောက်ကုန် ကြပြီ။ ချစ်စရာလေးတွေ တတ်တတ်လေးတွေ စသဖြင့်ပြောပြီး တယ်လီဖုန်းနဲ့ရိုက်ထားတဲ့ ဓာတ်ပုံလေး တွေကို အချင်းချင်းဖလှယ်လို့ပြကြရတယ်။ 



သြော် ဘာလိုလိုနဲ့ မိမိတို့သည် သားသမီးများရှိသော အမိအဖဘ၀မှ မြေးငယ်လေးများရှိလာသော ဖိုးဖိုးဖွားဖွားတို့ ဖြစ်လာကြရပေပြီ။ အချိန်ကား အကုန်မြန်လွန်းလှပေစွ။ မိမိတို့သည် နောက်ထပ် နှစ်တွေဘယ်လောက်ကြာကြာ အသက်ရှည်နေဦးမလဲဟု မသိတတ်နိုင်ပါ။ ကျန်းကျန်းမာမာဖြင့် နေလို့ရသလောက်တော့ နေသွားချင်ပါသေးတယ်။ သားသမီးတွေအလှည့်ပြီးတော့ မြေး၊ မြေးတွေ အရွယ်ရောက်တော့ မြစ်ဆိုတာရှိလာပါဦးမယ်။ 

ယခုလို မိမိတို့မပိုင်သော အနာဂတ်ကို မ၀ံ့မရဲလေးလှမ်းကြည့်ရင်းက မိမိတို့ဖြတ်သန်းခဲ့ပြီးသော အတိတ်ကို တွေ့တုန်းတွေ့ခိုက်မှာ လွမ်းမောကြရပြန်ပါတယ်။ ငယ်ပေါင်းသူငယ်ချင်းများရယ်၊ ကြီး မှရလာသော သူငယ်ချင်းများရယ် မိတ်ဟောင်းဆွေဟောင်းများရယ်နဲ့ တွေ့ကြတဲ့အခါ ဟိုသူငယ် ချင်းအကြောင်းမေးရ ဒီသူငယ်ချင်းအကြောင်းမေးရနဲ့။ ဟိုလုပ်ဖော်ကိုဖက်အကြောင်းမေးရ ဒီလုပ် ဖော်ကိုင်ဖက်အကြောင်းမေးရနဲ့။ တချို့ လည်း မတွေ့ကြတာ ကြာလှပြီ။ တစ်ချို့ ကျတော့လည်း မ ရှိကြတော့ဘူး။ အနည်းစုလောက်ကိုပဲ တွေ့ကြရတော့တာ။ 


မိမိတို့နဲ့ မော်လမြိုင်ဆေးရုံဝင်းထဲမှာ အတူနေခဲ့ကြတဲ့ ကိုရှုအောင်၏ဓာတ်ပုံကို ကိုလွင်သိန်းက တယ်လီဖုန်းမှာပြလို့ တွေ့ရတယ်။ သူနဲ့သူ့ဇနီးမနွဲ့တို့ ဆွမ်းလောင်းနေကြတဲ့ပုံ။ ကျန်းကျန်းမာမာနဲ့ ဘာသာရေးကို လင်ကိုယ်မယားနှစ်ဦး စိတ်တူကိုယ်တူ လုပ်နေကြတာတွေ့ရတော့ ၀မ်းသာရသလို အားလည်းကျမိပါရဲ့ ။ ကိုရှုအောင်က မျက်မှန်ကျွမ်းကျင်ပညာရှင် (Refractionist) ပါ။ ဟိုလွန်ခဲ့တဲ့ ၁၀ နှစ် ၁၅ နှစ်လောက်တုန်းက မြန်မာပြည်ကိုပြန်တဲ့အခါ သူဆေးခန်းထိုင်တဲ့ ပန်းဆိုးတန်းသမ၀ါ ယမဆေးခန်းမှာ မိမိမျက်မှန်သွားလုပ်ခဲ့ဖူးတယ်။ မြန်မာပြည်ရောက်တဲ့အခါ မျက်မှန်လုပ်စရာမရှိလဲ သူ့ဆီကို မိမိ သက်သက်သွားလည်လေ့ရှိပါတယ်။ 

သူက မိမိတို့အညာဖက်က ဇာတိ။ တန့်ဆည်မြို့ သား။ အညာသားဆိုပေမယ့် မိမိလို အသားမညိုဘူး။ ဖွေး နုနေအောင်ကို ဖြူတာ။ စကားပြောတဲ့အခါ အညာလေးသံလေးနဲ့။ ခပ်ညက်ညက်လေး။ 

မော်လမြိုင်မှာနေကြတုန်းက ထားဝယ်စုဈေးက ကိုယ်လုံးကောင်းကောင်းနဲ့ ၀က်သားသည်အမကြီးဆီမှာ သုံးထပ်သားဝယ်ကြတဲ့အကြောင်း၊ ၀က်ဆီဖတ်ကနေ မီးကင်းနဲ့ဆီထုတ်ပြီး အဲဒီဆီနဲ့ပဲ ထမင်းကျော်စားကြ တဲ့အကြောင်းတွေ၊ ကိုလွင်သိန်းက ကြေးအိုးချက်ကျွေးတဲ့အကြောင်းတွေ၊ စိတ်ထားသဘောထားကောင်း ပြီး ခင်မင်စရာကောင်းသလောက် အရက်ဝင်သွားတဲ့အခါ ထိန်းမနိုင် သိမ်းမနိုင်အောင် သွေးဆိုးတတ်တဲ့ မိတ်ဆွေကို..….အကြောင်း၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးသွားကြတဲ့ ဓာတ်မှန်ဘက်ဆိုင်ရာပညာရှင် ကိုကြင်ဝမ်းနဲ့ ကိုရွှေဌေးတို့အကြောင်း၊ စုံလို့စုံလို့ပါပဲ။   

သတိတရဖြစ်ကြရတာတွေလေ။



ကိုလွင်သိန်းတို့ကို မိမိ၏ဇနီးက မြန်မာပြည်ကနေ ဒီကိုအလည်ရောက်နေတဲ့ မုဒုံက သူ့ညီမနှစ်ဦးနဲ့ မိတ် ဆက်ပေးတော့ ဒေါ်အေးက သူက သံဖြူဇရပ်ကဖြစ်ကြောင်းပြောပါတယ်။ ကိုလွင်သိန်းက ကျိုက္ခမီဇာတိပါ။ နောက် ဒေါ်အေးက မွန်စကားတတ်ကြောင်းပြောပြတော့ မိမိက မော်လမြိုင်မှာနေခဲ့စဉ်တုန်းက မွန်စာပေ သင်တန်းတက်ခဲ့ဘူးတဲ့အကြောင်း ပြောပြဖြစ်ပါတယ်။ မှတ်မှတ်ရရ ပြောရမယ်ဆိုရင် မိမိနဲ့မွန်စာပေသင် တန်း အတူတူတက်တဲ့သူတွေထဲမှာ အဲဒီအချိန်က မွန်ပြည်နယ် ကောင်စီရုံးတွင် ရုံးအဖွဲ့မှူးလုပ်နေသော မွန်တိုင်းရင်းသား ဦးကျင်ဖေပါပါတယ်။ သူနဲ့က ရင်းနှီးတာ မို့ မှတ်မိတာပါ။ ကျန်တဲ့သူတွေကိုတော့ တစ် ယောက်မှကို မမှတ်မိတော့ပါဘူး။ စာသင်သား ၁၅ ယောက်၊ အယောက် ၂၀ လေက်ရှိလိမ့်မယ်လို့ ထင်ပါ တယ်။ ဦးကျင်ဖေက အခုအခါမှာ မွန်ပြည်နယ်လွတ်တော်ဥက္ကဌအ ဖြစ်တာဝန်ယူထားကြောင်း မနှစ်က သတင်းစာမှာ ဖတ်လိုက်ရပါတယ်။ 

ကိုလွင်သိန်းနဲ့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြရာမှာ ထိုစဉ်က မိမိတို့ထက် အသက်များစွာကြီးတဲ့ ဒေ သခံလုပ်ဖော်ကိုင်ဖက်များအကြောင်းလည်း ပါရှိပါတယ်။ သူတို့တတွေ ရှိမှကောရှိကြသေးရဲ့ လားလို့ စိုးရိမ် စိတ်နဲ့ မေးမိကြတယ်။ လျှပ်စစ်နဲ့စက်ပိုင်းဆိုင်ရာကျွမ်းကျင်သူ ဦးမောင်ဝမ်း၊ စားဖိုမှူးကြီး ဦးမောင်မောင် စသဖြင့်။ မိမိ စင်ကာပူကိုရောက်ပြီးနောက် မြန်မာပြည်ကို အလည်ပြန်တဲ့ ပထမ ၂ ခေါက်လေက်မှာ သူတို့ ကို ဆေးရုံမှာသွားတွေ့ပြီးနောက် လုံးဝကို ပြန်မတွေ့ဖြစ်တော့ပါဘူး။


ရန်ကုန်ကနေ ဒီကိုလာတော့ စားစရာသောက်စရာတွေယူလာတဲ့အကြောင်း ကိုလွင်သိန်းက ပြောပြပါတယ်။ ကဒတ်ရွက်ကစပြီး ပါတာ။ လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်က ကားနဲ့ထိခိုက်မှုဖြစ်ပြီး ခါး နာဝေဒနာ ရှိနေတာ ကြောင့် သူက အလေးချိန်များများကို လူနဲ့မသယ်နိုင်ပါဘူး။ အစားအသောက်တွေကို စီစဉ်ထည့် လိုက်၊ ပြီး အလေးချိန် ချိန်ကြည့်လိုက်။ အလေးချိန် မကိုက်သေးရင် တစ်ခါပြန် ပြောင်းထည့်ကြည့်လိုက် အခါအခါလုပ် ခဲ့ရတဲ့အကြောင်းပြောပြလို့ “သြော် မိဖဆိုတာမျိုးဟာ သားသမီးတွေအတွက်ဆို ဒီလိုပဲ လုပ်တတ်ကြပါလား” လို့ စာနာတွေးလေး တွေးမိခဲ့ပါတယ်။ ဒါတောင် ခါးနာဝေဒနာကာကွယ်ပေး တဲ့ခါးပတ် (Ortho-Back Belt) ကို လိုရမည်ရ ၀တ်ခဲ့ရသေးတာတဲ့။    







၁။ တစ်ပုံတစ်ခေါင်း (အသံထွက် - ဒဗုန်တခေါင်း) = အများကြီး
၂။ လိုရမည်ရ (အသံထွက် - လိုယာ့မယ်ယာ့) = လိုသည့်အခါ ရရှိစေရန်။










၆၆ နှစ်မြောက် ချင်းအမျိုးသားနေ့




၁၃၇၅ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက်။ 22 February 2014




























Sunday, February 16, 2014

မြန်မာစာသည် ဒို့စာ၊ မြန်မာစကားသည် ဒို့စကား (၃)




၁၃၇၅ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၂ ရက်။ 16 February 2014 (Sunday)




စာရေးဆရာကြီး မောင်ခင်မင် (ဓနုဖြူ) က ကာရန်၊ အရေး၊ အသံနှင့် မှားတတ်တာလေးများကို စာဖတ်သူ များ သတိပြုမိကြစေရန် ပညာပေးရေးထားသည့် အောက်ပါဆောင်းပါးကို ကူးယူဖော်ပြပေးလိုက်ပါသည်။

မြန်မာစာ မြန်မာစကားကို ချစ်မြတ်နိုးကြသူတိုင်း ဖတ်ရှုမှတ်သားကြလိမ့်မည်ဟု ယုံကြည်ပါ၏။



မြန်မာ့အလင်းသတင်းစာ - စာမျက်နှာ ၁၀ (၁၆ ရက် ဖေဖော်ဝါရီ ၂၀၁၄)






၁၃၇၅ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉  ရက်။ 23 February 2014 (Sunday)



ဒီကနေ့ထုတ် မြန်မာ့အလင်းသတင်းစာထဲက စာရေးဆရာကြီး မောင်ခင်မင်(ဓနုဖြူ)၏ ဆောင်းပါးကတော့ မြန်မာ စာအရေးအသား၊ ၀ါကျ အဖြတ်အတောက်၊ အသံအလေးအပေါ့နှင့် စာဖတ်သည့်အခါမှာ ရေးသူ၏မူ လဆိုလိုရင်းကို မှန်မှန်ကန်ကန် သိရှိဖို့ သတိပြုစရာလေးတွေကို "ပညာလည်းရ? ရယ်လည်းရယ်ရ"တာမို့ ကျွန်းသာယာစာဖတ်ပရိသတ်များ ဖတ်ဖြစ်အောင်ကို ဖတ်ကြည့်ကြပါလို့ တိုက်တွန်းလိုပါသည်။





မြန်မာ့အလင်းသတင်းစာ - စာမျက်နှာ ၆ (၂၃ ရက် ဖေဖော်ဝါရီ ၂၀၁၄)


















Saturday, February 8, 2014

မြန်မာသတင်းတိုများ (ဖေဖော်ဝါရီ၊ ၂၀၁၄)




၁၃၇၅ ခုနှစ်၊ တပို့တွဲလဆန်း ၉  ရက်။ (8 February, 2014 Saturday)


  • မန်မာနိုင်ငံရှိ ဟိုတယ်များ 


မြန်မာနိုင်ငံတွင် ဟိုတယ်စုစုပေါင်း ၉၂၃ လုံးရှိရာ၊ 
၁။ ကြယ်ငါးပွင့်အဆင့် - ၆ လုံး
၂။ ကြယ်လေးပွင့်အဆင့် - ၁၇ လုံး
၃။ ကြယ်သုံးပွင့်အဆင့် - ၈၃ လုံး
၎။ ကြယ်နှစ်ပွင့်အဆင့် - ၁၁၆ လုံး
၅။ ကြယ်တစ်ပွင့်အဆင့် - ၁၀၂ လုံး
၆။ ကြယ်ပွင့်အဆင့် မသတ်မှတ် - ၅၉၉ လုံး ရှိကြောင်း သိရှိရသည်။



  • မန္တလေးရောက် နိုင်ငံတကာမီးပုံးပျံပွဲတော်


ဓာတ်ပုံ - မြန်မာ့အလင်း ၈ ရက် ဖေဖော်ဝါရီ ၂၀၁၄။


၁၆ ကြိမ်မြောက် နိုင်ငံတကာမီးပုံးပျံပွဲတော်ကို အမရပူရမြို့ နယ် တောင်သမန်အင်းရှိ ဦးပိန်တံတားအနီး တွင်လည်းကောင်း၊ ချမ်းအေးသာစံမြိုနယ် ယခင်ရဲသိပ္ပံကွင်းတွင်လည်းကောင်း တစ်လုံးစီ လွှတ်တင်စီးနင်း ခဲ့ကြကြောင်း ကြားသိရသည်။





  • ရွှေတိဂုံအထက်ပစ္စယံသို့ တက်ရောက်ဖူးနိုင်


ဓာတ်ပုံ - ဖိုးတာ (၃၀ နိုဝင်ဘာ၊ ၂၀၁၃ နံနက် ၉ နာရီ ၁၀ မိနစ်)


အသက် ၁၈ နှစ်ပြည့်ပြီးသော ဗုဒ္ဓဘာသာဝင်မြန်မာနိုင်ငံသားများသည် ယင်းသို့တက်ရောက်ဖူးခွင့် ရရန် ဂေါပကအဖွဲ့သို့ လျှောက်လွှာပုံစံနှင့် စည်းကမ်းချက်တစ်စုံ ငွေကျပ် ၃၀၀ ဖြင့်လည်းကောင်း၊ ဘုရားသို့အ လှူငွေ ကျပ် ၁၂၀၀ ပေးသွင်းပြီး တက်ရောက်ခွင့်ကတ်ပြားလျှောက်ထားရယူနိုင်ကြောင်း သိရှိရသည်။  




  • ရေရှားပါးသည့် ကျေးရွာများသို့ အ၀ီစိတွင်းတူးရန် ငွေလှူဒါန်းနိုင်


မြန်မာ့အလင်းသတင်းစာ (၁၂ ရက် ဖေဖော်ဝါရီ ၂၀၁၄)


မြင်းခြံခရိုင် တောင်သာမြို့ နယ် ဆင်တဲဝအနောက်ဖက်ခြမ်းရှိ သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေသော ကျေးရွာများတွင် သန့်ရှင်းသောသောက်သုံးရေ ရရှိရေးအတွက် စက်ရေတွင်းရေမြှုပ်ပန့်၊ ရေတင်စက်ထိန်း ချုပ်အဆောက်အအုံနှင့် ဂါလံ ၅၀၀၀ ဆံ့ ရေကန်တို့ပါဝင်သည့် စက်ရေတွင်းတစ်တွင်းလျှင် ကျပ်သိန်း ၂၀၀ ဖြင့်တူးဖော်ပေးလျက်ရှိရာ စေတနာအလှူရှင်များအနေဖြင့် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းအလိုက် ဖြစ်စေ လှူဒါန်းလိုပါက ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာန ညွှန်ကြားရေးမှူး(စီမံ) ဖုန်း-၀၆၇-၄၃၁၂၂၄၊ ၀၆၇- ၄၃၁၃၁၂ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်းသိရသည်။  





  • တောင်ငူ မြို့ မဈေးကြီး မီးလိုင်းပြုပြင်ရာမှ မီးလောင်မှုဖြစ်

တောင်ငူမြို့ တွင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ညနေ ၆ နာရီ ၂၀ မိနစ်ခန့်က မြို့ မဈေးကြီး မီးလောင်မှုဖြစ်သ ဖြင့် ဈေးရုံ ၃၈ ရုံနှင့်ဆိုင်ခန်းပေါင်း ၁၁၉၉ ခန်း လောင်ကျွမ်းခဲ့ကာ ငွေကျပ်သိန်းပေါင်း ၁၅၉၈၀ ဆုံးရှုံးပြီး လူ သေဆုံးမှုမရှိကြောင်း ကြားသိရသည်။  




  • ရွှေကျောင်းတော်ကြီး အမေရိကန်-မြန်မာပူးပေါင်း ပြုပြင်ထိန်းသိမ်း


သီပေါမင်း တည်ဆောက်လှူဒါန်းခဲ့သော သက်တမ်း ၁၃၅ နှစ်ရှိ ရွှေကျောင်းတော်ကြီး။ (ဓာတ်ပုံ - အင်တာနက်)

မန္တလေးရှိ သစ်သားဖြင့်ဆောက်လုပ်ထားသော ရွှေကျောင်းတော်ကြီးကို အမေရိကန်-မြန်မာနှစ်နိုင်ငံပူး ပေါင်းလျက် ဒေါ်လာငါးသိန်းကျခံကာ ပြုပြင်ထိန်းသိမ်းသွားမည်ဟု သိရသည်။ 






၁၃၇၅ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက်။ (19 February, 2014 Wednesday)



  • ဘောလုံးဒိုင်လူကြီး ပါးရိုက်ခံရ


မြန်မာနေရှင်နယ်လိဂ် (Myanmar National League) ပွဲစဉ်သမိုင်းမှာ ဘောလုံးဒိုင်ကို ပထမဆုံး ပါးရိုက်ခဲ့ သောအမှုတစ်ခု ယခုလ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့သည်။ ဇွဲကပင်ယူနိုက်တက်အသင်းနှင့် ရတနာပုံအသင်း တို့၏ပွဲစဉ်တွင် ရတနာပုံအသင်းအား ပင်နယ်လ်တီကန်သွင်းခွင့် ၂ ကြိမ်ပေးခြင်းနှင့်အခြားသောယုံမှားဖွယ် ဆုံးဖြတ်ချက်များ ချခဲ့သဖြင့် ဇွဲကပင်ယူနိုက်တက်အသင်းပိုင်ရှင်ဦးလှဌေးက ပွဲအပြီးမှာ ဒိုင်လူကြီး ဦးလှမင်း အား ပါးရိုက်ခဲ့ကြောင်း ကြားသိရသည်။ 





  • ကင်တားနား အလိုမရှိ  Get Out  Get Out


ဓာတ်ပုံ - Yangon Media Group.


ယခုလ ၁၄ ရက်နေ့က စစ်တွေလေဆိပ်ကို ရောက်လာသော ကင်နားတား (Tomás Ojea Quintana (Special Rapporteur on the Situation of Human Rights) ကို ဒေသခံ ၃၀ ဦးတို့က “ကင်နားတား အလိုမရှိ  အလိုမရှိ။ Get Out   Get Out  ထွက်သွား  ထွက်သွား ... ” လို့ ကန့်ကွက်ရှုတ်ချခဲ့ကြကြောင်း ကြားသိရသည်။




  • ကန့်ဘလူမြို့ က စာပေဟောပြောပွဲဆက်များ


ပြီးခဲ့သောနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် စာရေးဆရာ တင်မောင်အေး(ကန့်ဘလူ)၊ နောက်တစ်ခါ စာရေး ဆရာနေ၀င်းမြင့်နှင့်ဆရာမခင်ခင်ထူး ဇနီးမောင်နှံတို့က ကန့်ဘလူစာပေဟောပြောပွဲများကို ဟောပြောသွား ခဲ့ကြသည်။




သတင်းဓာတ်ပုံ - ဦးစန်းအောင် (စာရေးဆရာ မောင်လူဒေါင်း-ကန့်ဘလူ)



ယခုလာမည့် မတ်လ ၅ ရက်၊ ၆ ရက်နေ့များတွင် ကန့်ဘလူ GTC ကျောင်းသူကျောင်းသားများ၏စီစဉ်မှုဖြင့် စာရေးဆရာချစ်ဦးညို၊ ဆရာညီမင်းညို၊ ဆရာဆောင်းဝင်းလတ်၊ ၈၈ မျိုးဆက်သစ်ခေါင်းဆောင် မင်းကိုနိုင်၊ ဆရာငြိမ်းသစ် (D.Wave အယ်ဒီတာ) နှင့် ဆရာမ နိုက်တင်ဂေးလ်တို့က ဟောပြောကြမည်ဟု ကြားသိရ သည်။






  • ဦးပိန်တံတားကြီးကို ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းမည်



ဓာတ်ပုံ - ကြေးမုံသတင်းစာ (၂၀ ရက် ၂၀၁၄)



အရှည် ၃၉၇၆ ပေ၊ တိုင် ၉၈၄ တိုင်၊အခန်းပေါင်း ၄၈၂ ခန်း၊ဖောင်ကြောင်းကိုးခုနှင့် နားနေဇရပ်လေးဆောင် တို့ဖြင့် အသီးသီးဖွဲ့စည်းထားသည့် မန္တလေးတိုင်း အမရပူရမြို့ နယ်ရှိ တောင်သမန်အင်းပေါ်မှ သက်တမ်း ၁၅၀ ကျော် ကျွန်းသစ်သားတံတားကြီးဖြစ်သော ဦးပိန်တံတား ကြီးကို ရှေးဟောင်းသုတေသနနှင့်အလှူ ရှင်များ အသင်းအဖွဲ့များ စုပေါင်းပြုပြင်ထိန်းသိမ်းကြမည်ဟု သိရှိရသည်။




  • စစ်တွေက MSFရုံးရှေ့တွင် ထိုင်သပိတ်ဆင်နွှဲ


ရခိုင်တိုင်းရင်းသားများကို ခွဲခွဲခြားခြားဆက်ဆံခြင်း၊ ဘင်္ဂါလီများကိုသာ ဆေးဝါးကုသပေးခြင်းနှင့်ထောက်ပံ့ ကူညီခြင်း၊ ဘင်္ဂါလီများကို ရိုဟင်ဂျာတိုင်းရင်းသားအဖြစ် သတ်မှတ်ပေးရန် နိုင်ငံတကာကို ဖိအားပေးခြင်း၊ ဒု  ချီးရားတန်းကျေးရွာအကြမ်းဖက်မှုတွင်လည်း သတင်းမှားများကို တမင်ထုတ်ပြန်ခဲ့ခြင်းတို့ကြောင့် နယ်စည်း မထား ဆရာဝန်များအဖွဲ့ (MSF)အား ရခိုင်ပြည်နယ်မှ အပြီးအပိုင် ထွက်ခွာသွားရန် စစ်တွေမြို့ရှိ MSFရုံးရှေ့ တွင် ဒေသခံ ၂၀ က ဖေ ဖော်ဝါရီလ ၂၂ ရက်နေ့မှစတင်ကာ နှစ်ရက်ကြာ ထိုင်သပိတ်ဆင်နွှဲကြမည်ဖြစ် ကြောင်း ကြားသိရသည်။ 



  • မန္တလေးတိုင်းဒေသကြီးတွင် တရုတ်ဦးရေများလှ 

နောက်ဆုံးကောက်ယူခဲ့သည့် သန်းခေါင်စာရင်းကို အခြေခံတွက်ချက်ထားသည့် ခန့်မှန်းလူဦးရေစာရင်း အရ မန္တလေးတိုင်းဒေသကြီးအတွင်းမှာ တရုတ်လူမျိုး ၇၄၄၀၀ ဦးကျော် နေ ထိုင်လျက်ရှိသည်ဟု လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရှိရသည်။ ၎င်းမှာ တိုင်းဒေသကြီးအတွင်းနေထိုင်သော လူဦးရေ ၇ သန်းကျော်၏ ၁၀ ရာ ခိုင်နှုန်းဖြစ်ပြီး ဗမာ၊ အိန္ဒိယ၊ ရှမ်းလူမျိုးစုများပြီးလျှင် စတုတ္ထအများဆုံး နေထိုင်ကြသူများ လည်းဖြစ်ကြောင်း ကြားသိရသည်။














Friday, February 7, 2014

အနိုင်မခံ အရှုံမပေး




၁၃၇၅ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက်။ (7 February, 2014 Friday)





'တားမနိုင် ဆီးမရသော ယုံကြည်စိတ်စွမ်းအား' စာအုပ်။



တစ်ခါတုန်းက ရန်ကုန်မြို့  မရမ်းကုန်းမြို့ နယ်အတွင်းမှာရှိတဲ့ သမိုင်းမသန်မစွမ်းလူနာများဆေးရုံမှာ ဖိုးတူး နဲ့ဖိုးကံဆိုတဲ့ ကိုယ်လက်အင်္ဂါမပြည့်မစုံနဲ့မွေးဖွားလာသော မသန်စွမ်းလူနာလေး ၂ ယောက်ရှိခဲ့ကြဖူးတယ်။ သူတို့ရဲ့ နာမည်နဲ့လူကို မိမိ တွဲပြီးမှတ်မိတာ မှန်တယ်ဆိုရင် ဖိုးတူးဆိုတဲ့ ကလေးက အသားညိုပြီး ဖိုးကံလေး က အသားအတော်လေးကိုဖြူပါတယ်။ ဖိုးတူးလေးက အခုတွေ့ရတဲ့ပုံထဲကအတိုင်း လက် ၂ ဖက်စလုံး လက် မောင်း အရင်းကနေ မပါလာတာမို့ တုန်းတိတိနဲ့လုံး ချောလေးဖြစ်နေရှာတယ်။ ဒါပေမယ့် သူ့ခြေထောက်တစ် ဖက်ကတော့ ၈ လက်မလောက်ရှည်ပြီး ကိုယ်လုံးအောက်ဖက်မှာ အတက်ကလေးထွက်နေသလို ရှိနေတယ်။ အဲဒီခြေထောက်လေးက သူ့ အဖို့ အတော်လေးကို အသုံးကျပါတယ်။ လက်ကလေးလို အတိုင်းအတာတစ် ခုအထိ တစ်နည်းတဖုံ သုံးနိုင်တယ်။သွားလာလှုပ်ရှားတဲ့အခါမှာလည်း အထိုက်အလျောက် ယက်လို့ရတယ်။ 


ဖိုးကံလေးခမျာမယ်တော့ သူ့နာမည်မှာ ‘ကံ’ ပါရှိနေသလို သူ့မှာက ၁၀ လက်မလောက်ရှည်လိမ့်မယ်လို့ထင် ရတဲ့ လက်အတက်လေး ၂ ဖက်ပါတယ်။ လက်တွေရဲ့ ထိပ်က တုန်းတိတိလေးဖြစ်ပြီး လက်ချောင်းလေးတွေ မပါလာဘူး။ ဒါပေမယ် အဲဒီလက် ၂ ဖက်နဲ့ညှပ်ပြီး သိပ်ပြီးမလေးတဲ့ပစ္စည်း တွေကို ယူလို့ ကိုင်လို့ရတယ်။ ခဲ တံကိုင်ပြီး စာရေးလို့ရတယ်။

အဲဒီတုန်းက ဖိုးတူးနဲ့ဖိုးကံတို့ဟာ ၉ နှစ် ၁၀နှစ်လာက်ပဲ ရှိကြဦးမှာ။ ဆေးရုံကိုလာကြတဲ့လူတွနဲ့ လူနာအဖော် တွေက သူတို့ကို ချစ်ကြတာ။ ဖိုးကံလေးက အနေအေးသလောက် ဖိုးတူးလေးက နောက်တတ် ဆော့တတ် တယ်။ တစ်ခါတစ်ခါကျ သူက ဂျစ်ကပ်ကပ်နဲ့ ဆိုးလိုက်ချင်သေးတယ်။ 

အထက်ကပြောခဲ့တွေတာကို သတိရမိသည်မှာ ပြီးခဲ့တဲ့နှစ်ပတ်လောက်က နစ်ခ်ဗူးယီချစ် (Nick Vujicic)ရဲ့  စာအုပ် ၂ အုပ်ကို ပေါ် ပြူလာစာအုပ်ဆိုင်ကနေ ၀ယ်လာခဲ့အပြီးဖြစ်တယ်။ နစ်ခ်ဗူးယီချစ်သည် သူကိုယ်တိုင် က ကိုယ်လက်အင်္ဂါမပြည့်မစုံနဲ့မွေးဖွားလာခဲ့သူ။ သူ့စာအုပ်ရဲ့ အဖုံးတွေမှာ မြင်ကြရတဲ့အတိုင်းပဲလေ။ သူရေး တဲ့ သူ၏ဒုတိယစာအုပ်က အင်္ကျီချွတ်နဲ့သူ့ပုံသည် ဖိုးတူးနဲ့ ချွတ်စွပ်ကြီးကို တူတာ။ ကိုယ်လုံးကြီးတာနဲ့သေးတာ ပဲကွာပါတယ်။


'ကန့်သတ်ခြင်းမဲ့ လူ့ဘ၀' စာအုပ်။



ဒီစာအုပ် ၂ အုပ်ကို အစကနေအဆုံးတော့ မဖတ်ရသေးပါဘူး။ ဟိုလှန်ဒီလှန်လောက်ပဲ ဖတ်မိသေးတာပါ။ မိမိစိတ်ဝင်စားတဲ့ သိပ်ပြီးသိချင်နေတဲ့ဟာတွေလောက်ပဲ ကွက်တိကွက်ကျားဖတ်ရသေးတယ်။ ဒါ့ကြောင့် ဖတ်မိတာလေးထဲကကို ပြောချင်နေပြီ။ ကျွန်းသာယာစာဖတ်ပရိသတ်ကြီးကို မျှဝေချင်လို့ပါ။


နစ်ခ်ဗူးယီချစ်သည် မွေးကတည်းက ခြေလက်များမပါရှိခဲ့သော်လည်း ထိုမသန်စွမ်းမှုများကို ရင်ဆိုင်ကျော် လွှားနိုင်ပြီး အမှီအခိုကင်းစွာဖြင့် ခြေလက်အင်္ဂါအစုံပါရှိကြသူများနှင့်မခြား သူ့ဘ၀ကို လူတန်းစေ့နေထိုင် ခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် မသန်စွမ်းသူများကော သန်စွမ်းသူများကပါ အားကျ အတုယူရသူတစ်ဦးလည်း ဖြစ်လို့နေပါသေးတယ်။ တစ်ချိန်တည်းမှာ သူ့ဘ၀ရဲ့  ပျော်ရွှင်မှုကိုလည်း ရယူနိုင်ခဲ့သူပါ။ သူဟာ နိုင်ငံတ ကာဟောပြောပွဲများကို အဖိတ်ကြားခံရပြီး ဘ၀ရဲ့  ကြီးပွားတိုးတက် ရေးနဲ့ အားကျအတုယူဖွယ်ရာစကား များကို ဟောပြောပို့ချပေးနေတဲ့ အောင်မြင်ကျော်ကြားသည့် ဟောပြောပို့ချသူတစ်ဦးလည်း ဖြစ်နေပါသေး တယ်။ 


သူ၏ဟောပြောပွဲများမှာ သူ အဓိကပြောလေ့ရှိတဲ့ မှတ်သားစရာ အဖိုးတန်စကားတစ်ရပ်ကတော့ ....

The most important goal is to find your life's purpose and to never give up, despite whatever difficulties or seemingly impossible odds stand in your way.


“ဘ၀မှာ လူတိုင်းလူတိုင်ရဲ့  အရေးကြီးဆုံးပန်းတိုင်ဆိုတာ သင့်ဘ၀ရဲ့ ရည်ရွယ်ချက်ကို သိရှိဖို့နဲ့ ဘယ်လိုအ ခက်အခဲတွေကိုပဲတွေ့တွေ့၊ အဲဒီအခက်အခဲဟာဖြင့် သင့်ဘ၀မှာ လုံးဝဖြေရှင်းလို့မရနိုင်ဘူးလို့ပဲ ထင်ရထင်ရ ဘယ်သောအခါမှ လက်မြောက်အရှုံးမပေးကြဖို့ပဲ ဖြစ်ပါတယ်။”  

ဒါဟာ အနိုင်မခံ အရှုံးမပေးတဲ့ စိတ်ဓာတ်ပါ။ တစ်နည်းပြောရရင် 'အောင်စိတ်' ပဲပေါ့။



အသက် ၂၁ နှစ်အရွယ်မှာ (၂၀၀၃ ခုနှစ်) ဘွဲ့ရခဲ့သော နစ်ခ်ဗူးယီချစ်။



နစ်ခ်ဗူးယီချစ်ကို သြစတေးလျနိုင်ငံမှာ မိခင် ဒူးရှ်ကာနဲ့ ဖခင် ဘောရစ်တို့မှ မွေးဖွားခဲ့ပါတယ်။ ထိုစဉ်က ငယ်ရွယ်သူများဖြစ်ကြတဲ့ သူ၏မိခင်နဲ့ဖခင်တို့သည် သူတို့ရဲ့ မိဖများနဲ့အတူ ယခုအခါမှာ ဆားဗီးယားနိုင် ငံလို့သိကြတဲ့ ယခင် ယူဂိုစလားဗီးယားနိုင်ငံမှ သြစတေးလျနိုင်ငံကို ပြောင်းရွေ့ လာခဲ့ကြတာဖြစ်တယ်။ သူ့အဖေနဲ့အမေဟာ မဲလ်ဘုန်းမြို့ က ခရစ်ယန်ဘုရားကျောင်းမှာ တွေ့ဆုံလျက် အကြောင်းပါခဲ့ကြပြီး သူ တို့ညီအကိုမောင်နှမ ၃ ယောက်ကို မွေးဖွားခဲ့တယ်။




မိဖများနှင့်အတူ ပျော်ရွှင်စွာတွေ့ရသော နစ်ခ်ဗူးယီချစ်။


သူ့အသက် ၇ နှစ်ရောက်တော့ သူ့မိဖများက အမေရိကန်နိုင်ငံကို ပြောင်းရွေ့ နေထိုင်ဖို့ စိတ်ကူးမိကြပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ သူ့အတွက် ခြေတုလက်တုကောင်းကောင်း ရနိုင်ကောင်းတာရယ်၊ သူ၏မသန် စွမ်းမှုအတွက် ခေတ်မီကောင်းမွန်တဲ့ကုသမှုတွေ ရဖို့လို့ဆိုပါတယ်။ သို့ပေမယ့် အမေရိကန်ကို ရောက်လာပြီး နောက် ၃ လအကြာမှာတော့ သူ့မှာက ကျောင်းအသစ်မှာ စာမလိုက်နိုင်တာရယ်၊ မသန်စွမ်းမှုအတွက် ကျန်း မာရေးအာမခံ မရနိုင်တာရယ်၊ အထွေထွေစရိတ်စက ကြီးမြင့်တာတွေရယ်ကြောင့် သြစတေးလျနိုင်ငံကို ပြန် ပြီးပြောင်းလာခဲ့ကြပြန်ပါတယ်။ 







ချွတ်စွပ် - တထေရာတည်းတူသည်။










Saturday, February 1, 2014

စင်တိုစာကျွန်းပေါ်မှာ တစ်နေ့တာ




၁၃၇၅ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက်။ (1 February, 2014 Saturday)



စင်တိုစာကျွန်းအလှနှင့် အမှတ်တရ။ ဓာတ်ပုံ - ဖိုးတာ။ (၃၁ ရက် ဇန်န၀ါရီ၊ ၂၀၁၄) 




မနေ့က စင်တိုစာကျွန်းသို့ တစ်ခေါက်ရောက်သွားခဲ့ရပြန်၏။

စင်တိုစာကျွန်းသို့ နောက်ဆုံးအခေါက်ရောက်ခဲ့သည်မှာ ပြီးခဲ့သောနှစ်ကမှဖြစ်သည်။ 

တကယ်က မကြာလှသေး။ 

မိမိတို့အလုပ်က လူမှုရေးအသင်း၏စည်းရုံးပို့ဆောင်ပေးမှု ကြောင့် Universal Studios သို့ အပျော်ခရီးသွား ကြရင်း မရည်ရွယ်ဘဲ ရောက်သွားရခြင်း ဖြစ်ပါလေ၏။ သို့သော်ထိုစဉ်က Universal Studios မှ ပြခန်းတွေ ကိုသာကြည့်ခဲ့ပြီး စင်တိုစာရှိ အခြားသောကြည့်စရာ ရှုစရာနေရာများသို့ မသွားဖြစ်သဖြင့် စင်တိုစာကျွန်း ပေါ်က တိုးချဲ့ လုပ်ဆောင်ထားမှုအသစ် အသစ်တို့ကို မမြင်တွေ့ မသိရှိခဲ့ရပါချေ။








စင်တိုစာကျွန်းပေါ်မှမြင်ရသည့် ပင်လယ်ကမ်းအလှပန်းချီရှုခင်းတစ်ကွက်။
ဓာတ်ပုံ - ဖိုးတာ။ (၃၁ ရက် ဇန်န၀ါရီ၊ ၂၀၁၄) 







ခြင်္သေ့ဦးခေါင်းပေါ်မှာ စာရေးသူတို့အမှတ်တရ။



ယခုတစ်ကြိမ်လည်း အလည်သက်သက်သွားရန် ရည်ရွယ်မထားပါဘဲ စင်ကာပူသို့ ခဏတစ်ဖြုတ်ရောက် နေသော ဇနီး၏ညီမနှစ်ဦးကို လိုက်ပို့ပေးရင်း ရောက်သွားခဲ့ရသည်။ သည်တော့မှ စင်တိုစာကျွန်း၏ တိုး တက်ဆန်းသစ်မှုများကို တအံ့တသြတွေ့ရပါသည်။ လုပ်ထားတာတွေ ချဲ့ ထွင်ထားတာတွေ ပြသထားတာ တွေအားလုံး ကောင်းလိုက်တာ။ အမျိုးအစားအသစ်တွေ ထပ်ပြီးတိုးထားသလို လှလှပပသေသေသပ်သပ် နှင့် အဆင့်အတန်းမြင့်မြင့် ခင်းကျင်းပြင်ဆင်ပြသထားသည်များကား ကြည့်မ၀ရှုမ၀ဟု ဆိုရလောက်ပါပေ၏။





၁၃၇၅ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက်။ (3 February, 2014 Monday)



(၀ဲဘက်ထိပ်မှ လက်ယာရစ်) ပုံ ၁၊ ဟားဘားဖရန့် (HarbourFront)သို့သွားသည့် ကားလမ်းကျော်တံတားပေါ်မှာ။
ပုံ ၂၊ မိုးပျံကြိုးဆွဲကား(Cable car)လက်မှတ်တန်းစီနေသည့် လူတန်းရှည်ကြီး။ ပုံ ၃၊ လက်မှတ်ရောင်းကေင်တာသို့အ၀င်။
ပုံ ၄၊ မိုးပျံကြိုးဆွဲကားများကို တန်းစီသည့်နေရာက မြင်ကြရပုံ။ 



ဇနီး၏ညီအမနှစ်ဦးသည်လွန်ခဲ့သောတစ်ခေါက်က မိမိတို့သမီးဖြစ်သူ ကလေးမီးဖွားရန်အတွက် လာရောက်အ ကူအညီပေးရင်း စင်ကာပူတွင် ၂ လ နေသွားခဲ့ကြသေးသည်။ ကလေးမမွေးခင်တစ်လနှင့် မွေးပြီးတစ်လသာ နေခွင့်ရသောကြောင့်ဖြစ်သည်။ ကလေးငယ်နေသဖြင့် သူတို့အား ဆက်ပြီးနေစေချင်သော်လည်း စင်ကာပူ လူ ၀င်မှုကြီးကြပ်ရေးဌာန(Immigration)မှ ခွင့်ပြုချက်မရသဖြင့်သာ ပြန်သွားခဲ့ကြရသည်။ ယခုတစ်ခါလည်း သူ တို့၏တူမနှင့်မြေးအား အကူအညီပေးရန် ဒုတိယအကြိမ်ရောက်လာခြင်းဖြစ်သည်။ စင်ကာပူ လူဝင်မှုကြီးကြပ် ရေးဌာန(Immigration)မှ မည်မျှကြာကြာနေခွင့်ရမည်ကား မသိနိုင်ပါ ပြီ။ ပြီးခဲ့သောအခေါက်ကလို အနည်း ဆုံး ၂ လတော့ နေခွင့်ရရန် ဆုတောင်းမိသည်။ 



သို့ဖြစ်ရာ သူတို့နောက်ထပ်တစ်လနေခွင့်မရပါက ရှေ့ အပတ်ထဲတွင် မြန်မာပြည်သို့ ပြန်ကြ ရမည်ဖြစ်သဖြင့် ကြည့်စရာရှုစရာများသော စင်တိုစာသို့ လိုက်ပို့ပေးရခြင်းဖြစ်သည်။
ဇန်န၀ါရီလ ၃၁ ရက်နေ့ သောကြာနေ့နံနက် ၁၀ နာရီတွင် အိမ်နားက စားနေကျ မလေးလူ မျိုးဆိုင်တွင် ပလာတာစား၊လက်ဘက်ရည်နှင့်အအေးသောက်ပြီး အမှတ် ၁၉ဂ ဘတ်စ်ကား ကို ၇ မိနစ်ခန့်စီးပြီး ဂျူရောင်းအိစ်စာကြည့်တိုက်ရှေ့ တွင် ဆင်းရသည်။ ထို့နောက် အမှတ် ၉၇ ဘတ်စ်ကားကို ပြောင်းစီးကာ ဟားဘားဖရန့်သို့ ခရီးဆက်ကြရ၏။ နံနက် ၁၁ နာရီခွဲမှာ ဟားဘားဖရန့်သို့ ရောက်သည်။ ကားလမ်းကျော်တံတားပေါ်မှ မိုးပျံကြိုးဆွဲကားလက်မှတ် ရောင်းသောနေရာသို့ သွားကြ၏။

နံနက် ၁၁ နာရီ မိနစ် ၄၀ ကျော်မှာ မိုးပျံကြိုးဆွဲကားစီးရန် လက်မှတ်ရောင်းကောင်တာတွင် တန်းစီတော့ လူတန်းက အရှည်ကြီး။ မိမိတို့ရှေ့ မှာ လူ ၄၀ ကျော်ခန့်ရှိမည်ထင်၏။ လတ် မှတ်ဝယ်ပြီးသောအခါ မိုးပျံကြိုးဆွဲကားရှိရာ ၁၅ ထပ်သို့ ဓာတ်လှေကားစီးပြီး သွားကြရ၏။ 




(အပေါ်ပုံ) ၀ဲ -  ကြိုးဆွဲကား စထွက်ပြီ။ ယာ -  ကြိုးဆွဲကားပေါ်မှ အောက်ဖက်ရှုခင်းများကို ကြည့်ရှုခံစားကြစဉ်။
(အလယ်ပုံ) ၀ဲ - မျက်နှာတစ်ကွက် ဖြည့်ထည့်ပြီး အမှတ်တရ ဓာတ်ပုံရိုက်ကြ။ ယာ - ခြင်္သေ့ရုပ်တုကြီးပေါ် တက်ရန်အသွား။
(အောက်ပုံ) ၀ဲ - ကျွန်းပေါ်က အပျော်စီးရထားထဲသို့အ၀င်။ ယာ - ရွှေခြင်္သေရုပ်တုငယ်နှင့်အမှတ်တရ။  




မိမိတို့ လက်မှတ်ဝယ်စဉ်က စင်တိုစာကျွန်းအပြင် တောင်ထိပ်ဥယျာဉ် (Hilltop Park) ရှိရာ Mount Faber ဘက်ကိုခရီးကိုပါ ထည့်ပြီးဝယ်ခဲ့ပါသည်။ သို့သော် မိုးပျံကြိုးဆွဲကား စထွက် သောအခါ Mount Faber ဘက်ကို အရင်မသွားဘဲ စင်တိုစာကျွန်းဘက်သို့သာ ဦးတည်ပြီး သွားလေသည်။ မိမိတို့ လက်မှတ်ဝယ် စဉ်က စင်တိုစာကျွန်းအပြင် တောင်ထိပ်ဥယျာဉ် (Hilltop Park) ရှိရာ Mount Faber ဘက်ခရီးကိုပါ ထည့် ပြီးဝယ်ခဲ့ပါသည်။ သို့သော် မိုးပျံကြိုးဆွဲကား စထွက် သောအခါ Mount Faber ဘက်ကို အရင်မသွားဘဲ စင်တိုစာကျွန်းဘက်သို့သာ ဦးတည်ပြီး သွားလေသည်။ ကြိုးဆွဲကားများမှာ ယခင် မိမိ စင်တိုစာမှာ နောက် ဆုံးအခေါက်စီးခဲ့တုန်းကနှင့် မတူသည်ကိုတွေ့ရ၏။ ကိုယ်ထည်မှာ ပိုကြီးပြီး အ၀င်အထွက်လုပ်ရန် ခြေနင်း ပြား ပါ၏။ နောက်ပြီး သွားနေစဉ် ယခင်ကားအဟောင်းများကဲ့သို့ ဘေးတိုက်ဖြစ်စေ ရှေ့ နောက် ဖြစ်စေ များစွာလှုပ်ခါခြင်း မဖြစ်ပါချေ။ ကားပေါ်မှ ဟိုနေရာ ဒီနေရာ ပြောင်းရွေ့ သော်မှ သိသိသာသာ ခါရမ်းခြင်း မရှိချေ။




ကောင်းကင်ကြိုးဆွဲကားပေါ်မှတွေ့ရသည့် အနီးအဝေးရှုခင်းများ။ (ဓာတ်ပုံ - ဖိုးတာ ၃၁ ရက် ဇန်န၀ါရီ၊ ၂၀၁၄)




ကောင်းကင်ကြိုးတန်းပေါ်က အနီးအဝေး အနိမ့်အမြင့် မျက်စိတဆုံးမြင်ရသည့်တောတောင် များ၊ တိုက်တာအိမ်ခြေများ၊ နှစ်ထပ်လမ်းများ၊ အပျော်စီးကမ်းရိုးတန်းသွားနှင့် ပင်လယ်ကူး သင်္ဘောများ၊ လှေများကား ကြည့်လို့ကောင်းနေသည်။ ယခင်က မိမိတွေ့မြင်ခဲ့ဖူးသည့် မြင် ကွင်းများနှင့် များစွာပင်ခြားနားသွားပေပြီ။


မိုးပျံကြိုးဆွဲကားပေါ်မှဆင်းပြီးသောအခါတွင်ကား စင်တိုစာကျွန်းပေါ်တွင် ကြည့်စရာရှုစရာတွေက များ လှဘိတောင်း။  

Universal Studios မှ ပြခန်းများကို မကြည့်တော့ပဲ ငါးမျိုးစုံပြသထားသော ပင်လယ်ရေ အောက်ပြခန်း (S.E.A. Aquarium) သို့ ဦးစွာသွားကြပါသည်။ နောက်မှဆောက်လာသော အဆောက်အဦ အသစ်များ ကြောင့် ဒီနေရာကို အတော်လေးရှာယူရသည်။ ယခင်အခါက Underwater World ဟုသာ မိမိတို့သိထားခဲ့ သော S.E.A. Aquarium မှာ များစွာမှပြောင်း လဲတိုးတက်နေသည်ကို တွေ့ရ၏။ ယခင်က မတွေ့ရသည့် ကြည့်စရာတွေကို တွေ့ရပြီး အ ချိန်ပေးပင် မကြည့်နိုင်ခဲ့ပေ။ အရောင်အသွေးမျိုးစုံရှိသော ထူးထူးဆန်းဆန်း ရေသတ္တ၀ါများကို စိတ်ဝင်စားဖွယ်ကြည့်ရင်း ဓာတ်ပုံအများကြီး ရိုက်ဖြစ်ခဲ့၏။ ပင်လယ်အောက်ကို ရောက်နေ သည့်အလား ခံစားရ၏။ 



ဓာတ်ပုံ - ဖိုးတာ (၃၁ ရက် ဇန်န၀ါရီ၊ ၂၀၁၄)



သို့မို့ကြောင့် ပင်လယ်ပြာပြာ၏ ဆုံးစမရှိသော အံ့ဖွယ်ဘနန်းတို့ကို လာလှည့် ရှုကြပါကုန် (Discover and unfold the endless wonders of our blue planet at S.E.A. Aquarium) ဟု ဆိုထားခြင်းဖြစ်ပါမည်။











Sunday, January 26, 2014

မြန်မာသတင်းတိုများ (ဇန်န၀ါရီ၊ ၂၀၁၄)




၁၃၇၅ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက်။ ( 26 January, 2014 Sunday)




  • စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးခန့်အပ် 

ဦးဌေးအောင်အား စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်ခန့်အပ်ကြောင်းကို ဇန်န၀ါရီလ ၂၅ ရက်နေ့ထုတ်မြန်မာသတင်းစာများတွင် ဖော်ပြထားသည်။


  • ရုပ်ရှင်မင်းသမီးကြီး အကယ်ဒမီ ဒေါ်ခင်ယုမေ ကွယ်လွန်




ရုပ်ရှင်မင်းသမီးကြီး ဒေါ်ခင်ယုမေ၏ သဘာဝအချောအလှ ငယ်ရုပ်လွှာ။
(ဓာတ်ပုံ - burmese.dvb)



မြန်မာ့ရုပ်ရှင်လောကတွင် အောင်မြင်ကျော်ကြား ပရိသတ်အကြိုက်များခဲ့သော ရုပ်ရှင်မင်းသမီးကြီး ထပ်ဆင့်အကယ်ဒမီ ဒေါ်ခင်ယုမေ ၊၇၈ နှစ်၊ သည် ဇန်န၀ါရီလ ၂၄ ရက်နေ့က ကွယ်လွန်သွားကြောင်း သိရှိရသည်။ 




  • ပုဂံသို့ ပြည်ပခရီးသည် ၀င်ရောက်မှုများလာ 

ယခုနှစ် ဇန်န၀ါရီလအတွင်း ပုဂံဒေသသို့ ပြည်ပခရီးသည်လာရောက်မှုသည် ယခင်နှစ်ဇန်န၀ါရီလ ကထက် ၃၅ ရာခိုင်နှုန်း ပိုမိုများပြားလာခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ခန်းဝန်ကြီးဌာန  မှ ပြောကြားသည်။ 
၂၀၁၃ ခုနှစ် တစ်နှစ်လုံးမှာ မြန်မာနိုင်ငံသို့ ပြည်ပခရီးသည် ၁ ဒသမ ၉  သန်းကျော် လာရောက်ခဲ့ပြီး ယခုနှစ် တွင် ၃ သန်းခန့် လာရောက်မည်ဟု မျှော်မှန်ထားကြောင်း သိရှိရသည်။  


  • ဗန်ကောက်နှင့်အန်ကောဝပ်သို့ မြန်မာပြည်မှ ကားနှင့်သွားနိုင်ပြီ 


ယခုနှစ် ဇန်န၀ါရီလမှစပြီး ရန်ကုန်၊ မော်လမြိုင်နှင့်ဘားအံမြို့ များမှ ဗန်ကောက်နှင့်အန်ကောဝပ်ဘုရား ကျောင်း တို့သို့ မော်တော်ယာဉ်များဖြင့် ၀န်ဆောင်မှုလျေက်ရှိနေသည်။ ကားခမှာ ခရီးစဉ်ကို လိုက်ပြီး ကျပ် ၄၅၀၀၀ မှ ကျပ် ၆၀၀၀၀ အထိ ရှိသည်ဆို၏။ 


  • ပညာရေးမူဝါဒဆွေးနွေးပွဲကိုတက္ကသိုလ်ဆရာ၊ ဆရာမများအသင်းသပိတ်မှောက် 

မြန်မာနိုင်ငံ၏ပညာရေး တိုးတက်လာစေရန် သမ္မတဦးသိန်းစိန်က လမ်းညွှန်ဖွဲ့စည်းထားသည့် အခြေခံပ ညာကဏ္ဍမူဝါဒ ဆွေးနွေးပွဲသို့ အသင်းကို တိုက်ရိုက်လေးလေးစားစား မဖိတ်ခြင်း၊ ဆွေးနွေးပွဲတက်ရောက် မည့်ဆရာ ဆရာမများအား တာဝန်မလစ်ဟင်းစေရန် စီစဉ်မပေးခြင်းတို့ကြောင့် တက္ကသိုလ်ဆရာ၊ ဆရာမ များအသင်းက မတက်ရောက်ပဲ သပိတ်မှောက်ခဲ့ကြသည်။



  • ရန်ကုန်စက်မှုတက္ကသိုလ်မှ ရန်ကုန်နည်းပညာတက္ကသိုလ်သို့

တစ်ချိန်က အရှေ့ တောင်အာရှဒေသရှိကျောင်းများအနက် အကောင်းဆုံးကျောင်းတစ်ကျောင်းအဖြစ်ထင် ရှားခဲ့သော ရန်ကုန်စက်မှုတက္ကသိုလ် (RIT) ကို ရန်ကုန်နည်းပညာတက္ကသိုလ် (YTU) အဖြစ်အသွင်ပြောင်း ပြီး အစိုးရမှစိုက်ထုတ်ကျခံသောငွေအပြင် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းဟောင်းများ၏လှူဒါန်းငွေများ ဖြင့် နိုင်ငံတကာအဆင့်မီပညာရှင်များမွေးထုတ်ပေးရန် တစ်ကျော့ပြန်အသက်သွင်းလျက်ရှိကြောင်း ကြားသိ ရသည်။


  • မန္တလေးစာရေးဆရာနှင့်ကာတွန်ဆရာများဧရာဝတီစာပေပွဲတော်မှနုတ်ထွက်ကြ

မန္တလေးမြို့မှနာမည်ကျော်ကာတွန်းဆရာ ၃၀ ကျော်နှင့်စာရေးဆရာအတော်များများသည် ဒုတိယ အကြိမ်ကျင်းပမည့် ဧရာဝတီစာပေပွဲတော်ဖြစ်မြောက်ရေးကော်မတီမှ စီမံခန့်ခွဲရေးအဖွဲ့ဝင်များအား မနှစ်သက်သောကြောင့် စာပေပွဲတော်က ရုတ်တရက်နုက်ထွက်သွားကြကြောင်း ကြားသိရသည်။  


  • စစ်ကိုင်းကောင်းမှုတော်ဘုရားကြီးကို ထုံးသင်္ကန်းဖြင့်သာ ဖူးမြင်လို

ယခင်အခါများက ထုံးသင်္ကန်းဖွေးဖွေးဖြူစွာဖြင့်သာ တစ်ချိန်လုံး ဖူးတွေ့ကြည်ညိုခဲ့ကြရသော ရာဇာမဏိစူဋ္ဌာ ကောင်းမှုတော်ဘုရားကြီးကို ၂၀၁၀ ခုနှစ်က ရွှေဆေးသုတ်လိမ်းလျက် ရွှေသင်္ကန်းကပ်လှူခဲ့ပါသည်။ သို့ သော် စစ်ကိုင်းမြို့ ခံလူများနှင့် အခြားသောမြို့ များမှလူအများစူကမူ ရှေးယခင်က ဖူးမြင်ခဲ့ကြရသည့်အတိုင်း ကောင်းမှုတော်ဘုရားကြီးသည် ထုံးသင်္ကန်းဖြင့်သာ ပိုပြီးထူးကဲစွာကြည်ညိုစရာကောင်းလှကြောင်းနှင့် ယင်း သို့ထုံးသင်္ကန်းပြန်လည်ကပ်လှူနိုင်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည်ဟု ကြားသိရသည်။ 




  • မိုးမခလစဉ်မဂ္ဂဇင်း ရန်ကုန်မှာ ပုံနှိပ်ထုတ်ဝေမည်




၁၀ စုနှစ် တစ်ခုကြာသည်အထိ“မြန်မာစာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊လွတ်လပ်တဲ့လူ့ဘောင်သစ်”ဆိုသော ဆောင်ပုဒ်ကို ကိုင်ဆွဲပြီး ရပ်တည်လှုပ်ရှားခဲ့သည့် မိုးမခ အွန်လိုင်းမီဒီယာသည် ရန်ကုန်မြို့ တွင် မိုးမခ လစဉ် မဂ္ဂဇင်းတစ်စောင်ကို ပုံနှိပ်ထုတ်ဝေသွားရန် ပြင်ဆင်နေကြောင်း မိုးမခသတင်းအရ ကြားသိရသည်။ 

လက်ရှိ မိုးမခ အွန်လိုင်းစာဖတ်ပရိသတ်များအပြင် ပုံနှိပ်စာဖတ်ပရိသတ်များနှင့်ပါ ပေါင်းကူးတွေ့ဆုံနိုင်ရန် ရည်ရွယ်ကာ စီစဉ်ထားသည်ဆို၏။




  • မြစ်ကြီးနား-မန္တလေးအမြန်ရထား တွဲသစ်များဖြင့်ဆွဲပြီ

အမှတ် ၅၆ အစုန် မြစ်ကြီးနား-မန္တလေးအမြန်ရထားကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှစပြီး တွဲအသစ်များဖြင့် စတင်ပြေးဆွဲကြောင်းကြားသိရသည်။

မြန်မာ့မီးရထားသည် တစ်နိုင်ငံလုံးရှိ ရထားသံလမ်းမိုင်ပေါင်း ၄၈၀၀ ကျော်ကို ပြူပြင်ထိန်းသိမ်းခြင်းနှင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ပြည်တွင်းပြည်ပမှငွေကြေးနှင့်နည်းပညာများရယူလျက် မန္တလေး-မြစ်ကြီးနားလမ်းပိုင်းကို ကိုရီးယားနိုင်ငံနှင့်လည်းကောင်း ရွှေဘို-မြစ်ကြီးနားပြည်ထောင်စုကားလမ်းမ ကြီးကို အိန္ဒိယချေးငွေဖြင့်လည်းကောင်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။





  • ကွန်ဖူးမင်းသား ဂျက်လီး မန္တလေးအထကကျောင်းသားများကိုကွန်ဖူးသင်ပေးမည်


ကွန်ဖူးမင်းသား ဂျက်လီး။

တရုတ်ရုပ်ရှင်လောကနှင့်ဟောလိဝုဒ်ရုပ်ရှင်လောကတို့တွင် နာမည်ကျော်ကြားအောင်မြင်လျက်ရှိသော ကွန်ဖူးမင်းသား ဂျက်လီးသည် မန္တလေးမြို့ ရှိအခြေခံပညာအထက်တန်းကျောင်း၂ကျောင်းမှ ကျောင်းသား များကို ကွန်ဖူးပညာရပ်များကို ကိုယ်တိုင်ကိုယ်ကျ သင်ကြားပေးမည်ဖြစ်ပြီး သဘာဝဘေးဒဏ်ခံခဲ့ရသည့် ဒေသများအတွက် ရန်ပုံငွေများရှာဖွေလှူဒါန်းသွားမည့်ဖြစ်ကြောင်းလည်း သိရှိရသည်။




  • ငြိမ်းချမ်းရေးဗိသုကာ ဦးသန့်အကြောင်း ဟောပြောမည်


ဦးသန့်နေသွားခဲ့သောအိမ်ကိုပြုလုပ်ထားသည့် ဦးသန့်ပြတိုက်။ (ဓာတ်ပုံ - မြန်မာ့အလင်းသတင်းစာ)


"ဗုဒ္ဓ၀ါဒီ ဦးသန့်"(U Thant: Buddhism In Action) စာအုပ်ကို ရေးသားပြုစုခဲ့သူ ကနေဒါနိုင်ငံမှ ပါမောက္ခ ဒေါက်တာဝေါလ်တာဒွန်သည် မြန်မာနိုင်ငံသို့လာရောက်ပြီး ဦးသန့်နေထိုင်သွားခဲ့သည့် ကမာရွတ်မြို့ နယ် ပန်းဝါလမ်း အိမ်အမှတ် ၃၁ ရှိ ဦးသန့်ပြတိုက်တွင်"U Thant, A Man of Peace: His Achievements and Challenges"နှင့် "Saving the World: U Thant's Mediation of the Cuban Missile Crisis" ခေါင်းစဉ် များဖြင့် ဖေဖော်ဝါ ရီလ ၈ ရက်နှင့် ၉  ရက်တို့တွင် ဟောပြောမည်ဖြစ်ကြောင်းကို ဦးသန့်၏သမီးဖြစ်သူ ဒေါ် အေးအေးသန့်က ပြောကြားကြောင်း ကြားသိရသည်။



  • န်းရွှေစက်တော်ရာ ဘုရားပွဲတော် ဖွင့်လှစ်




မန်းရွှေစက်တော်ရာ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကို တပို့တွဲလဆန်း ၅ ရက် (ဖေဖော်ဝါရီလ ၄ ရက်)နေ့ တွင် ရေနံချောင်းဆရာတော်ဘုရားကြီးက ဖွင့်လှစ်ချီးမြင့်တော်မူကြောင်းနှင့် မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိ ကျင်းပသွားမည်ဟု ကြားသိရသည်။    











Saturday, January 25, 2014

မှတ်မိပါသေးတယ် မော်လမြိုင်ဆေးရုံကြီးကိုကွယ်



၁၃၇၅ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက်။ ( 25 January, 2014 Saturday)




တစ်နေ့က မြန်မာသတင်းစာ နာရေးကဏ္ဍမှာ ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာဦးသိန်းညွန့် ၏ဇနီးဖြစ်သူ ဆရာဝန်မကြီးဒေါက်တာဒေါ်စီစီ ကွယ်လွန်သွားကြောင်းတွေ့လိုက်ရတော့ တစ်ချိန်က မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် မိမိ လေးစားသိကျွမ်းခင်မင်ခဲ့ကြသူများဖြစ်လို့ စိတ်မကောင်းမိ ဖြစ်ရပါတယ်။ 

ထိုစဉ်အခါက မိမိသည် ဆေးရုံကြီးရှိ အကြောအဆစ်ကုဌာနတွင် အကြောအဆစ်ကုပညာရှင် (Physiotherapist) အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။ ဆရာကြီးဦးသိန်းညွန့်က မွန်ပြည်နယ်    ခွဲစိတ်အထူးကုဆရာဝန်ကြီးဖြစ်ပြီး ဆရာမကြီးဒေါ်စီစီက ဆေးရုံကြီးသွေးလှူဘဏ်မှာ တာဝန်ခံဖြစ် ပါတယ်။ အကြောအဆစ်ဆေးကုဌာနမှာ အကြောအဆစ်ကုပညာရှင် ၂ ဦးရှိရာ မိမိက အတွေ့အ ကြုံ ပိုပြီးရှိတာဖြစ်လို့ အပြင်လူနာကော အတွင်းလူနာများကိုပါ ကုသမှုပေးရပြီး ကျန်တဲ့တစ်ဦးက အပြင်လူနာတွေကိုပဲ ကုသပေးပါတယ်။ 

ဒါကြောင့် အတွင်းလူနာရှိတဲ့ ဖျားနာဆောင် ခွဲစိတ်ဆောင်တွေကိုသွားပြီး လူနာကြည့်ရင်း မိမိက အဆောင်တာဝန်ခံဆရာဝန်ကြီးများနဲ့ ပိုမိုထိတွေ့ရင်းနှီးမှု ရှိခဲ့ပါတယ်။ အထူးကုဆရာဝန်ကြီးများကလည်း သူတို့ရဲ့ လူနာများ၏ သွားလာလှုပ်ရှားနိုင်မှုတိုးတက်ရေးအတွက် မိမိတို့ကို တကယ်တမ်း ယုံကြည်အားထားကြတာဖြစ်တယ်။ အဲဒီဆရာဝန်ကြီးများအထဲမှာ သမားတော်ကြီးများဖြစ်ကြတဲ့ ဒေါက်တာဦးလှထွန်းနဲ့ဒေါက်တာဦးစိန်ဦး၊ အရိုးခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာဦးမျိုမြင့်တို့နှင့် ပိုပြီးလက်တွဲလုပ်ခဲ့ရပါတယ်။ 

နောက်ပြီး ဆေးရုံအလုပ်သမားအစည်းအရုံးရဲ့ လုပ်ငန်းအချို့ ကို စာရေးသူက တာဝန်ယူထားရတာ ကြောင့် ဒီအစည်းအရုံးကဆရာဝန်ကြီးများဖြစ်တဲ့ မျက်စိခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာဦးစောမက်စ်ဒွေးနဲ့ နားနှာခေါင်းလည်ချောင်းခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာဦးခင်ဌေးတို့နှင့်လည်း ရင်းနှီးမှုရှိရပြန်ပါတယ်။ တစ်ခါ ဆေးရုံက နံရံကပ်စာစောင်အတွက် အယ်ဒီတာတာဝန်ကို ယူထားရလို့ မော်လမြိုင်ဆေးရုံခွဲက ဆေးရုံအုပ်ကြီးဒေါက်တာဦးတင်စိုး (စာရေးဆရာ ဒေါက်တာတင်စိုး- ကလေးခွဲစိတ်အထူးကု)နဲ့လည်း သိကျွမ်းခင်မင်ခဲ့ပါတယ်။ ဒေါက်တာဦးတင်စိုးက မိ မိ၏လုံးချင်းဝတ္တုလက်ရေးစာမူကို ထုတ်ဝေဖို့ စာရေးဆရာနတ်နွယ်ထံ မိတ်ဆက်စာရေးပေးခဲ့ပါ တယ်။



မော်လမြိုင်ဆေးရုံကြီးမှာ အလုပ်လုပ်ခဲ့ရတာဟာ မိမိ၏အလုပ်အတွေ့အကြုံတွင်  အလွန်ပျော်စရာ ကောင်းသောကာလအပိုင်းအခြားလေးဖြစ်ခဲ့ရပါတယ်။ မိတ်သစ်ဆွေသစ်များတိုးပွားလာခဲ့ရသလို မိတ်ကောင်းဆွေကောင်းများလည်း ရရှိခဲ့ပါတယ်။ ဘ၀အတွေ့အကြုံများလည်း ကြွယ်ဝခဲ့ပါတယ်။ 

အလုပ်နဲ့ပတ်သက်လို့လည်း မိမိအပေါ်က လမ်းညွှန်ကြီးကြပ်မည့်သူမရှိပဲ မိမိဖာသာ ဦးဆောင်ဆုံး  ဖြတ်လုပ်ကိုင်ခွင့်များရရှိခဲ့တာဖြစ်လို့မို့ လုပ်ငန်းကျွမ်းကျင်မှုများ ရှိခဲ့ပါတယ်။ အကြောအဆစ်ကုပ ညာရှင်များဟာ မိမိတို့ပညာရပ်နဲ့သက်ဆိုင်တဲ့လူနာများကို အစမှအဆုံးကြည့်ရှုစမ်းသပ်ပြီး တာဝန်ယူကာ ကုသပေးနိုင်တယ်ဆိုတာ ပြသခွင့်ရခဲ့တာဟာ စိတ်အကျေနပ်ဆုံးပါ။ 

ဥပမာပေးရရင် ထိုစဉ်က ပြည်နယ်ဆေးရုံကြီးမှဆရာဝန်ကြီးများဦးဆောင်ပြီး အထူးကုအဖွဲ့တွေ နယ်ကို သွားကြတဲ့အခါ ခွဲစိတ်အထူးကု၊ ဖျားနာအထူးကု၊ အရိုးအထူးကု၊ မျက်စိအထူးကုဆရာဝန်ကြီးများလို မိမိ ကိုလည်း အကြောအဆစ်အထူးကုတစ်နေရာပေးပြီး သီသန့်တာဝန်ယူစေခဲ့ပါတယ်။ ဒါကြောင့် သတင်းစာ များမှာ အထူးကုအဖွဲ့ရဲ့ ခရီးစဉ်သတင်းပါလာတော့ မိမိကိုလည်း အထူးကုဆရာဝန်ကြီးတစ်ဦးလို့ အမှတ် မှားပြီး မြန်မာသတင်းစာများတွင် ဦးနှောက်နှင့်အာရုံကြောအထူးကုဆရာဝန်ကြီးဟုလည်းကောင်း၊ အင်္ဂလိပ်သတင်းစာများတွင် Neurologistဟုလည်းကောင်း မှားယွင်းဖော်ပြတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ တကယ်က မော်လမြိုင်မြို့ ရှိ  ပြည်နယ်ဆေးရုံကြီးမှာဦးနှောက်နှင့်အာရုံကြောအထူးကုဆရာဝန်ကြီး (Neurologist)ရယ်လို့ မရှိခဲ့ဖူးပါဘူး။ အကြောအဆစ်ကုပညာရှင် (Physiotherapist)ပဲ ရှိတာပါ။ 

ကွယ်လွန်သူ သွေးလှူဘဏ်တာဝန်ခံဆရာဝန်မကြီး ဒေါက်တာဒေါ်စီစီနှင့် မိမိသွေးလှူခဲ့သည့် အ ကြောင်းများကို အနည်းငယ်ပြောပြလိုပါတယ်။ ထိုစဉ်က ဆေးရုံတွင် သွေးသွင်းကုသရန်လိုသော လူနာများကို ဆေးရုံအလုပ်သမားအချို့ အပါအ၀င် အရပ်ထဲကလူအချို့ ကပါ သွေးရောင်းစားနေကြ တာကို နေ့တိုင်းလိုတွေ့မြင်နေရပါတယ်။ မိမိတို့အကြောအဆစ်ကုဌာနက သွေးလှူဘဏ်နဲ့နီးနေလို့ ဆေးရုံဟောင်းအဆောက်အဦနဲ့ဆေးရုံသစ်အဆောက်အဦနှစ်ခုအကြားဆက်ထားတဲ့ပလက်ဖောင်းလမ်းလေးမှာ သွေးရောင်းစားသူတွေ တိုးတိုးတိုးတိုးနဲ့ တိုင်ပင်သွားလာနေကြတာ မိမိတို့အကြော ဌာနရဲ့  ပြူတင်းမှန်တခါးကနေ အတိုင်းသားတွေ့မြင်နေရတတ်ပါတယ်။ 

ဒါကြောင့်ဆင်းရဲတဲ့လူနာများအဖို့ သွေးဝယ်သွင်းဖို့ အခက်အခဲတွေ့ကြရပါတယ်။ ဒီအတွက် ဆေး ရုံတက်နေတဲ့သူတစ်ဦးဦး သွေးရဖို့အခက်အခဲတွေ့နေရင် မိမိကို အချိန်မရွေးအကြောင်းကြားပြီး ယူ နိုင်ကြောင်းကို ဆရာဝန်မကြီးဒေါ်စီစီအား မိမိက ကြိုပြီးပြောပြထားခဲ့ပါတယ်။ ဆရာဝန်မကြီးက လူနာအချို့  အိုသွေးလိုတဲ့အခါတိုင်း အလုပ်သမားလေးလွှတ်ပြီး မိမိကိုအကြောင်းကြားပေးတာဖြစ်လို့ အလုပ်ထဲကနေသွားပြီး ၇ ကြိမ် ၈ ကြိမ်လောက် သွေးလှူခဲ့ပါတယ်။   


အဲဒီအချိန်က မြန်မာပြည်မှာ မှောင်ခိုလုပ်ခန်း အတော်လေးကြီးထွားနေတာကြောင့် လက်လုပ်  လက်စားများနဲ့ လခစားဝန်ထမ်းတွေအတော်လေးကို ကသီလင်တဖြစ်ပြီး ဘ၀ရပ်တည်မှုအလွန်တ ရာမှ ခက်ခဲနေတဲ့ခေတ်ဆိုးကြီးပါ။ ဆိုလိုတာက စာရေးသူ မော်လမြိုင်ကို ရောက်သွားခဲ့တဲ့ ၁၉၇၅ ခုနှစ်ကနေ ၁၉၈၁ခုနှစ်ဝန်းကျင်လောက်ဖြစ်တယ်။ ထိုင်းနိုင်ငံကနေ တောတောင်တွေကို ခဲရာခဲဆစ်  ကျော်ဖြတ်သယ်ဆောင်လာကြပြီး တချို့ ကို မော်လမြိုင် ဒေါင်းမင်းဈေးမှာ ချရောင်းတာရောင်းကြလို့ တချို့  ကို ရန်ကုန်ရှိလေဟာပြင်ဈေးအထိ ရထားတစ်တန် ကားတစ်တန်နဲ့ တင်ပို့ကြပါတယ်။ ရထားနဲ့မှောင်ခိုသယ်တဲ့အမျိုးသမီးတွေက သူတို့ကိုယ်မှာကပ်ပြီးရစ်ပတ်ချီကာ ဖွက်ယူလာကြလို့ ကိုယ်လုံးက အာကာသယဉ်မှူးတွေလို ဖောင်းဖောင်းကားကား ပွရောင်းရောင်းကြီးဖြစ်နေတာကြောင့် မြင်ရသူတွေအဖို့ ပြုံးစိပြုံးစိ ဖြစ်ကြရပါတယ်။ 




၁၃၇၅ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက်။ (1 February, 2014 Saturday)


ယခုလို စီးပွားရေးကျပ်တည်းတဲ့အချိန်မျိုးမှာ စာရေးသူကလည်း မော်လမြိုင်လိုကုန်ဈေးနှုန်းကြီးနေတဲ့မြို့ ကိုမှ ကံမကောင်းဆိုးဝါးစွာ ရောက်သွားခဲ့ပါတယ်။ ဒါပေမယ့် တစ်ကိုယ်တည်းသမားလူပျိုလူလွတ်ဖြစ်လို့ မထောင်း သာဘူးလို့ ပြောနိုင်ပါတယ်။ ရတဲ့လစာဝင်ငွေလေးနဲ့ တစ်လပြီးတစ်လ ငွေအပိုလေး မစုဆောင်းမိပေမယ့် အ နည်းဆုံး အလျဉ်မီရုံလေးတော့ နေသွားလို့ရတယ်ပေါ့။ 

စောစောကပြောခဲ့သလိုပါပဲ။ ရန်ကုန်က သမိုင်းအရပ်မှာရှိတဲ့ မသန်မစွမ်းလူနာများဆေးရုံမှ (Hospital for the Disable) မွန်ပြည်နယ် မော်လမြိုင်မြို့ ကပြည်သူ့ဆေးရုံကြီးကို ပြောင်းသွားခဲ့ရတာဟာ မိမိအဖို့ အလွန် တန်ဖိုးရှိတဲ့ ပညာရပ်အတွေ့အကြုံတွေနဲ့လူမှုရေးအတွေ့အကြုံတွေရခဲ့ရတာဖြစ်လို့ မိမိ၏ဘ၀တွင် မော်လမြိုင် မြို့ နဲ့မော်လမြိုင်ဆေးရုံကြီးတို့သည်အမြဲထာဝရ မှတ်မှတ်ရရ ရှိနေမှာဖြစ်ပါတယ်။

ဒါ့ကြောင့်မို့လို့ ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာဦးမြင့်ဆွေ၏ စာအုပ်နာမည်ဖြစ်တဲ့ 'မှတ်မိသေးတယ် ဂျပန်ခေတ် ဆေးရုံကြီးဝယ်' ကို အတုယူပြီး 'မှတ်မိပါသေးတယ် မော်လမြိုင်ဆေးရုံကြီးကိုကွယ်' ခေါင်းစဉ် ပေးလိုက်ရခြင်းပါ။ ဆရာကြီး၏ယင်းစာအုပ်သည် ၁၉၆၇ ခုနှစ်က ပထမအကြိမ် ပုံနှပ်ပြီးနောက် နောက်ထပ် အနည်းဆုံး ၃ ကြိမ်ခန့် ပြန်ပြီးပုံနှိပ်ရတဲ့အထိ အောင်မြင်ကျော်ကြားကာ စာဖတ်သူအကြိုက်များခဲ့ပါတယ်။



ကသီလင်တ (အသံထွက် - ကသီလင်ဒါ့) = ကိုယ်စိတ်ပန်းလျက်။ ဗျာများလျက်။

အလျဉ်မီ = ရှေ့ နောက်ဆက်မိသည်။







ဆက်ပြီးရေးပါဦးမယ်။